29/10/2025
သားသားမီးမီးတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မအောင်ပေမယ့်
သင့်ဘဝကိုအောင်မြင်သော ဘဝဖြစ်အောင် တည်ဆောက်နိုင်ပါသေးတယ်
ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့
Joseph Education College မှာ ပညာလာသင်ခြင်းဖြင့်
သင့်ဘဝကိုလှပတောက်ပအောင် လုပ်နိုင်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်နိုင်ပါတယ်
စုံစမ်းလိုပါက
☎️ 0977776001, 095040477, 09261179341, 09426988746
22/10/2025
🎓၂၀၂၅ခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားအား ၂၀၂၆ ခုနှစ်သို့ ရက်ပြောင်းထားကြောင်း တရားဝင်အသိပေးကြေညာခြင်း
❤️❤️❤️❤️❤️❤️❤️
သတ်မှတ်ထားသောစာသင်နှစ်ကာလအတွင်း ကြိုးစားအားထုတ်ခဲ့ကြသော ကျောင်းသူ၊ ကျောင်းသားများအတွက် အောင်မြင်မှုရရှိခဲ့သော အထိမ်းအမှတ်အနေဖြင့် ၂၀၂၆ ခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
(၁)။ ရန်ကုန်သို့ ကြိုတင်ရောက်လာရန်။
ဇန်နဝါရီလ (၈) ရက် ၂၀၂၆ ခုနှစ်
(၂)။ ကြိုတင်လေ့ကျင်ခြင်း။
ဇန်နဝါရီလ (၉) ရက် ၂၀၂၆ ခုနှစ် (သောကြာနေ့)
📅 ဘွဲ့နှင်းသဘင်ကိုကျင်းပမည့်နေ့
ဇန်နဝါရီလ (၁၀) ရက် ၂၀၂၆ ခုနှစ် (စနေနေ့)
နေ့လည် (၁) နာရီ စပါမည်
🕍နေရာ – Summit Parkview Hotel
ဤဟိုတယ်တွင် ဘွဲနှင်းသဘင်ကို ကျင်းပမှာဖြစ်လို့ ဤဟိုတယ်မှာပဲ( နှစ်ယောက် တစ်ခန်း) စျေးနှုန်းသက်သာစွာဖြင့် တည်းခိုနိုင်ပါသည်။
📌အခမ်းအနားကို အစဥ်အလာနှင့် ဂုဏ်သိက္ခာအပြည့်ဖြင့် ပြုလုပ်နိုင်ရေးအတွက် ဘွဲ့နှင်းသဘင်တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အောက်ပါအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။
🎓🎓ဘွဲ့လက်မှတ်ကြေး – ၁၅၀,၀၀၀ ကျပ်
🎓🎓ဘွဲ့ဝတ်စုံကြေး – ၁၀၀,၀၀၀ ကျပ်
🕍ခန်းမငှားရမ်းကြေး – ကျပ် ၅၀,၀၀၀ ကျပ်
😔 ဘွဲ့နှင်းသဘင်သို့ တက်ရောက်လာကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် နေရာတည်းခိုရန် ဂျိုးဇက်ပညာရေးကောလိပ်မှ စီစဉ်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်းကြိုတင် ပြောကြားလိုပါသည်။
ဘွဲ့နှင်းသဘင်သို့ တက်ရောက်ရန်လာကြမည့် ကျောင်းသူ၊ ကျောင်းသား မိဘများအနေဖြင့် ယာယီနေထိုင်ရာများကို ကိုယ်တိုင်စောစီးစွာ ကြိုတင်ပြင်ဆင်ကြဖို့ရန် ညွှန်ကြားအပ်ပါသည်။
19/10/2025
ကြေညာချက်
❤️❤️❤️❤️❤️❤️❤️❤️
ဂျိုးဇက်ပညာရေးကောလိပ်၌ ကျောင်းပြီးသော်လည်း အခြေအနေအမျိုးမျိုးကြောင့် ဘွဲ့မယူရသေးသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်မယ့်ဘွဲ့နှင်းသဘင်၌ လာရောက်ယူနိုင်ပါသည်။ ကြိုတင်စာရင်းပေးသွင်းပေးကြပါ
၁။ ကျောင်းအဝင်အမှတ်ရေးပါ
၂။ နာမည်ရေးပါ
၃။ မေးမြန်းလိုပါက phone number
☎️ 09777760001, 09426988746 ကိုဆက်သွယ်ပါ
13/10/2025
QR code ဆိုတာ အဖြူအမည်းနဲ့ဆွဲထားတဲ့ လေးထောင့်ကွက်ကလေးပါ။
အဲဒီအကွက်ကလေးကို စားသောက်ဆိုင်ကအစ လေဆိပ်တွေအထိ နေရာတိုင်းမှာ ကျွန်တော်တို့ စကန်ဖတ်ပြီး စာရင်းသွင်းလို့ရတယ်။ အဲဒီကောင်လေးကို ၁၉၉၄ ခုနှစ်မှာ ဂျပန်နိုင်ငံ Denso Wave ကုမ္ပဏီက မာဆာဟီရို ဟာရ Masahiro Hara ဆိုတဲ့သူက တီထွင်ခဲ့တာပါ။ သူ့ရဲ့တီထွင်မှုနဲ့ပတ်သက်ပြီး အလွန့်အလွန်ကို ထူးခြားဆန်းပြားတဲ့အချက်တစ်ခုကတော့ သူဟာ အဲဒီတီထွင်မှုကို မှတ်ပုံတင်ပြီးတော့ တီထွင်မှုကနေ ငွေဖြစ်အောင်ဖန်တီးမယ့်အစား လူတိုင်းကို အခမဲ့သုံးခွင့်ပြုလိုက်တာပါပဲ။
သူ့ရဲ့ဆုံးဖြတ်ချက်ဟာ QR code တွေကို တစ်ကမ္ဘာလုံးပျံ့နှံ့သွားစေခဲ့ပါတယ်။ နည်းပညာခေတ်သစ်မှာ အသုံးအဝင်ဆုံးသော ဒီဂျစ်တယ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့စေပါတယ်။ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကာလကြီးအတွင်းမှာ QR code ဟာ မရေမတွက်နိုင်တဲ့ ငွေပေးချေမှုတွေ၊ နာမည်စာရင်းသွင်းတာတွေ၊ ကျန်းမာရေးရာဇဝင်လိုက်တာတွေအတွက် အသုံးဝင်ဆုံးနဲ့ အရေးအပါဆုံးဖြစ်ခဲ့ပြီး လူအချင်းချင်း ထိတွေ့မှုအနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ခဲ့တဲ့အတွက် လူသန်းပေါင်းများစွာရဲ့အသက်တွေကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်၊
တကယ်လို့သာ ဟာရအနေနဲ့ သူ့ရဲ့တီထွင်မှုကို မှတ်ပုံတင်ပြီး မူပိုင်ခွင့်လုပ်ခဲ့မယ်ဆိုရင် သူဟာ ဒီအချိန်မှာ သမိုင်းကြောင်းတလျှောက် အချမ်းသာဆုံး တီထွင်သူတစ်ယောက်ဖြစ်နေမှာသေချာပါတယ်။
ဒီနေ့မှာဆိုရင် လူတွေဟာ နေ့စဉ်ဈေးဝယ်ရာကနေ အနုပညာပြခန်းတွေမှာအထိ QR code သန်းပေါင်းများစွာကို နေ့စဉ် စကန်ဖတ်နေကြပါပြီ။ လောဘတရားကိုအခြေတည်တဲ့ တီထွင်မှုတွေထက် စိတ်ကောင်းစေနာကောင်းကို အရင်းတည်တဲ့ တီထွင်မှုဟာ ကမ္ဘာကြီးကို ပိုပြီးပြောင်းလဲပေးနိုင်တယ်ဆိုတာကို ဟာရရဲ့ ဇာတ်လမ်းက သက်သေပြနေပါတယ်... ။
ကျေးဇူးတင် လေးစားပါတယ် မစ္စတာဟာရခင်ဗျား... ။
(Translated by )
QR codes—those little black-and-white squares we now scan everywhere from restaurants to boarding gates—were invented in 1994 by Masahiro Hara, an engineer at Denso Wave in Japan. What makes his story extraordinary is that instead of patenting and monetizing the invention, he made it free for everyone to use.
This decision allowed QR codes to spread globally, becoming one of the most useful digital tools of the modern age. During the COVID-19 pandemic, QR codes became essential for contactless payments, check-ins, and health tracking, saving millions of lives through reduced contact.
Had Hara chosen to patent the technology, he could have become one of the richest inventors in history. Instead, his decision reflected a belief that technology should serve humanity, not just profit.
Today, billions of QR codes are scanned daily, from supply chains to art galleries. Hara’s story is a reminder that generosity in innovation can change the world far more than greed ever could.
10/10/2025
ဗင်နီဇွဲလား ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် မစ္စမာချာဒို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ
၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဗင်နီဇွဲလားနိုင်ငံက ပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အတိုက်အခံခေါင်းဆောင် မစ္စ မာရီယာကိုရီနာ မာချာဒိုကို ရွေးချယ်ပေးအပ်လိုက်တယ်လို့ နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ ကြေညာပါတယ်။