21/08/2026
အာရှနိုင်ငံတွေမှာ ကျောင်းသွားတက်မယ်ဆို Budget ဘယ်လောက်အထိ အဆင်သင့်ဖြစ်ထားသင့်လဲ ❓
ကိုယ့်ရဲ့ အနာဂတ်ပညာရေးခရီးအတွက် ပထမဆုံး စဉ်းစားဖြစ်တာ ဘာဖြစ်မလဲ? [100] မှာ [99] ယောက်ကတော့ “Budget” လို့ ဖြေကြမယ်ထင်တယ်။ ဘယ်လိုကျောင်းတွေတက်ရမလဲ၊ ကျောင်းလခက ဘယ်လောက်ကုန်မလဲ၊ စားဝတ်နေရေးကော အဆင်ပြေပါ့မလားဆိုတာ ကြိုသိထားမှ စိတ်အေးလက်အေး ဖြစ်ရမှာလေ
👉🏻 ဒါပေမဲ့ တချို့ကျတော့လဲ ဒီလိုတွေးပြီး သက်ပြင်းချနေကြတုန်းပဲ မဟုတ်လား?
ကိုယ့် Academic Profile နဲ့ တကယ်ပဲ ကိုက်ညီတဲ့ နိုင်ငံက ဘယ်ဟာလဲ ❓
ကိုယ့်ရဲ့ လက်ရှိ Budget နဲ့ တကယ်ရော လက်လှမ်းမီပါ့မလား ❓
Scholarship တွေရော ကိုယ့်အတွက် အခွင့်အလမ်း ရှိရဲ့လား ❓
ဒီလို မေးခွန်းထုတ်စရာတွေနဲ့ တွေဝေနေတဲ့သူတွေအတွက် Hype Think Education ကနေ အာရှနိုင်ငံ [5] နိုင်ငံရဲ့ တစ်နှစ်စာ ကျောင်းလခနဲ့ လစဉ်ကုန်ကျစရိတ်တွေကို ပုံတစ်ပုံချင်းစီအလိုက် အသေးစိတ် တွက်ချက်ဖော်ပြပေးလိုက်ပါတယ်. 📊
❗ [ငွေကြေးအတက်အကျ အခြေအနေများကြောင့် USD ဖြင့်သာ ဖော်ပြပေးထားပါတယ်။]
ဒီ [5] နိုင်ငံထဲမှာ မိတ်ဆွေတို့အိပ်မက်ထဲက နိုင်ငံကရော ဘယ်နိုင်ငံ ဖြစ်မလဲ? 🤔 ပုံတွေထဲမှာ တစ်နိုင်ငံချင်းစီရဲ့ ကုန်ကျစရိတ်တွေကို ဝင်ရောက်ဖတ်ရှုရင်း ကိုယ်သွားချင်တဲ့နိုင်ငံကို Comment မှာ ပြောပြပေးခဲ့ကြပါဦးနော်။
🚨 ဒါပေမဲ့ ဒါက အဆုံးမဟုတ်သေးဘူးနော်။ “ကိုယ့်ဘတ်ဂျက်နဲ့ အကိုက်ညီဆုံး နိုင်ငံကို ဘယ်လိုတိတိကျကျ ရွေးချယ်ရမလဲ?” ဆိုတာနဲ့ “Scholarship တွေ အမှန်တကယ် ရရှိဖို့ ဘယ်လိုပြင်ဆင်ရမလဲ?” ဆိုတဲ့ လျှို့ဝှက်ချက်တွေကို အသေးစိတ် လက်တွေ့ဆွေးနွေးပေးမယ့် Special Webinar တစ်ခုကို Hype Think Academy ကနေ အထူးစီစဉ်ထားတာမို့လို့ Hype Think Education ကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်ဖို့ အခုပဲ Like and Follow လုပ်ထားလိုက်တော့နော်
18/08/2026
📣 Social Media Partnership Announcement 📣
BurmaX Academy က စီစဉ်ကျင်းပမယ့် "The BurmaX Journey: From Classroom to Opportunity" ဆိုတဲ့ ပွဲမှာ Hype Think Education မှလည်း Social Media Partnership အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။ 🤝
ပညာရေးဆိုတာ စာသင်ခန်းထဲမှာတင် ပြီးဆုံးသွားတာမဟုတ်ပါဘူး။ တကယ့်ခရီးက စာသင်ခန်းကနေ ထွက်ပြီးမှ စတင်တာပါ။ အခြေခံပညာရေး ဒါမှမဟုတ် GED ပြီးသွားရင် ဘာဆက်လုပ်ရမလဲ၊ တက္ကသိုလ်လမ်းကြောင်းတွေ ဘယ်လိုသွားရမလဲ၊ အလုပ်ရှင်တွေက လူငယ်တစ်ယောက်ဆီမှာ ဘာတွေကို မျှော်လင့်ထားလဲ စတဲ့ မေးခွန်းတွေအတွက် ခန့်မှန်းချက်တွေနဲ့မဟုတ်ဘဲ လက်တွေ့အတွေ့အကြုံရှိတဲ့ ပညာရှင်တွေဆီကနေ တိုက်ရိုက်နားထောင်နိုင်မယ့် အခွင့်အရေး လာပါပြီ။
ဒီတစ်နေ့တာ ပွဲမှာဆိုရင်...
📌 Guest Talk [1]: "Entrepreneursh*t or Entrepreneurship?"
Serial Entrepreneur တစ်ဦးဖြစ်တဲ့ Ko Bo Bo Min မှ Social media ပေါ်က လွယ်လွယ်ရတဲ့ အောင်မြင်မှုဇာတ်လမ်းတွေနဲ့ တကယ့် လက်တွေ့ Business လောကကြားက ကွာခြားချက်တွေ၊ ကျောင်းသားဘဝကတည်းက စတင်နိုင်တဲ့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးသွားမှာပါ။
📌 Guest Talk [2]: "Would You Hire Yourself?"
MyJobs Myanmar Group ရဲ့ Chairwoman ဖြစ်သူ Ms. Mya Thandar Oo @ Maya မှ လူငယ်တွေအတွက် စာသင်ခန်းကနေ လုပ်ငန်းခွင်ဆီ ကူးပြောင်းရာမှာ လိုအပ်တဲ့ Career Readiness, Youth Development နဲ့ Leadership Skills တွေကို လက်တွေ့ကျကျ မျှဝေပေးသွားမှာပါ။
📌 Panel Discussion: "What's Next?"
GED Pathway ရဲ့ အားသာချက်၊ အားနည်းချက်များ၊ ပြည်တွင်းမှာ ABE, HND, Foundation ကနေ International Degree အထိ ဆက်တက်မယ့် လမ်းကြောင်းများ၊ ဥရောပနိုင်ငံတွေမှာ ပညာသင်ဖို့ လိုအပ်ချက်များနဲ့ မိဘတွေအနေနဲ့ သားသမီးတွေကို ဖိအားမပေးဘဲ ဘယ်လိုပံ့ပိုးပေးနိုင်မလဲ ဆိုတာတွေကို အတွေ့အကြုံရှိ ပညာရှင်များက ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
🤝 Opportunity Booths & Networking
ပညာရေး၊ အလုပ်အကိုင်နဲ့ လူငယ်အဖွဲ့အစည်းတွေရဲ့ Booth တွေကို တစ်နေရာတည်းမှာ လေ့လာနိုင်မယ့်အပြင် အနာဂတ်အတွက် အသုံးဝင်မယ့် ချိတ်ဆက်မှုတွေ [Networking] ပါ တည်ဆောက်နိုင်မှာပါ။
လူငယ်တွေသာမက သားသမီးတွေရဲ့ ပညာရေးလမ်းကြောင်းကို အတူစဉ်းစားနေတဲ့ မိဘတွေအတွက်ပါ အထူးသင့်တော်တဲ့ ဒီပွဲလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
📅 Date: 23 August 2026 [Sunday]
⏰ Time: 9:15 AM ~ 4 PM
📍Location : uab Tower @ Times City [23rd Floor]
🎟️ ဝင်ကြေး : အခမဲ့
နေရာအရေအတွက် ကန့်သတ်ထားတာမို့ အောက်ပါ Google Form ကနေ အခုပဲ ကြိုတင်စာရင်းပေးသွင်းလိုက်ပါ။
✅ Register Here: shorturl.at/tTpgO
15/08/2026
Hype Think Education နှင့် Golden Royal KAC Myanmar Co.,Ltd တို့ Partnership Agreement စာချုပ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုကနေ ဘာတွေရရှိလာမလဲ?
ကျွန်တော်တို့ Hype Think Education ရဲ့ သင်တန်းသူ၊သင်တန်းသားများ၊ Team Member များအတွက် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာပညာရေး အခွင့်အလမ်းများနှင့် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးနိုင်ရန်အတွက် ယခု ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံတကာ ပညာရေးလမ်းကြောင်းများဖြစ်တဲ့ (စင်ကာပူနှင့် မလေးရှား အစီအစဉ်များ အပါအဝင်) တခြားသော နိုင်ငံများအတွက် လမ်းညွှန်မှုများကို ပိုမိုထိရောက်စွာ ပံ့ပိုးပေးနိုင်ခြင်း
Hype Think Education တွင် ပါဝင်ကူညီ လုပ်ကိုင်နေသည့် Team Member များနှင့် ကျောင်းသူ/ကျောင်းသားများအတွက် အပြန်အလှန် အကျိုးရှိစေမည့် အခွင့်အလမ်းများကို ရရှိနိုင်ခြင်း
အနာဂတ်မှာလည်း ပညာရေးဆိုင်ရာ Seminars၊ Events တွေနဲ့ Workshops တွေကို Hype Think Education နဲ့ Golden Royal KAC Myanmar Co.,Ltd တို့ ပူးပေါင်းပြီးတော့ လူငယ်တွေရဲ့ အနာဂတ် ပညာရေးနဲ့အတူ အခွင့်အလမ်းကောင်းတွေ ရရှိသွားနိုင်အောင် ဖန်တီးပေးသွားမှာပါ။
နောက်ထပ် အခွင့်အလမ်းကောင်းအသစ်တွေကို စောင့်ကြည့်ဖို့နဲ့
နိုင်ငံတကာပညာရေးနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် သိရှိနိုင်ဖို့ အခုပဲ Hype Think Education ကို Follow လုပ်ထားဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။
14/08/2026
🥳 Congratulationnnns!! 🥳
"IELTS Reading for Beginners" သင်တန်းကို 100% Scholarship [အခမဲ့] နဲ့ တက်ရောက်ခွင့် ရရှိသွားကြတဲ့ Selected Students စာရင်း ထွက်ရှိလို့ လာပါပြီနော်! 💯
စိတ်အားထက်သန်စွာနဲ့ လျှောက်ထားခဲ့ကြတဲ့ ကျောင်းသား/သူ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်! ❤️ အခုလို 100% Scholarship နဲ့ ရွေးချယ်ခံရသူတွေအနေနဲ့ IELTS Reading Band Score တွေကို အတူတူ အမြင့်ဆုံးအထိ မြှင့်တင်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား? 🎓
📩 Selected List ပါသူများအတွက် အရေးကြီး အသိပေးချက်
စာရင်းထဲမှာ မိမိ နာမည် ပါဝင်သော်လည်း Confirmation Email / Class Access link မရရှိသေးသူများ ရှိခဲ့ရင် Page Messenger မှာ "IELTS Class Email မရသေးပါ" ဆိုပြီး အခုပဲ လာရောက် ပြောပေးပါဦးနော်! 📌
🥺 မပါလိုက်ရတဲ့ သူလေးတွေအတွက်လည်း စိတ်မကောင်း မဖြစ်ပါနဲ့နော်!
အခုအခေါက် မပါလိုက်ရရင်လည်း နောက်အခေါက် 100% Scholarship သင်တန်းတွေမှာ သေချာပေါက် ပြန်ပါဝင်ခွင့်ရပါစေကြောင်း Hype Think Education ကနေ အပြည့်အဝ ဆုတောင်းပေးလိုက်ပါတယ်! 🙏
ဒီလိုမျိုး လူငယ်တွေအတွက် တကယ် အကျိုးရှိမယ့် 100% Scholarship ပညာဒါနသင်တန်းတွေနဲ့ ဘာသာစကားအတန်းတွေကို ဆက်တိုက်ဆိုသလို ဖွင့်လှစ်ပေးသွားမှာမို့လို့ Hype Think Language Academy Page လေးကို Like & Follow လုပ်ထားပြီး See First လေး နှိပ်ထားဖို့ လုံးဝ မမေ့နဲ့နော်! 🔔
ကဲ... 100% Scholarship ရသွားတဲ့ သူငယ်ချင်းတွေကို Comment မှာ Mention ခေါ်ပြီး "Congrats" လို့ သွားရောက် ဂုဏ်ပြုနှုတ်ဆက်လိုက်ကြရအောင်~ 🥳
13/08/2026
[၃] လတည်းနဲ့ N4 စာမေးပွဲကို ယုံကြည်ချက်ရှိရှိဖြေချင်သူများအတွက် သတင်းကောင်း!
လာမယ့် December မှာ ကျင်းပတော့မဲ့ JLPT N4 စာမေးပွဲကတော့ တဖြည်းဖြည်း နီးလာနေပါပြီနော် ⏳
ဒီနှစ်ထဲမှာဖြေချင်လို့ N4 အတွက်စာမေးပွဲ Form တင်လိုက်ပေမယ့်အခုထိ “Self-study ပဲလုပ်ရမလား သင်တန်းပဲတက်ရမလား” ဆိုပြီး တွေဝေနေတုန်းပဲမလား? 🤔
အဲ့လိုတွေဝေနေတာတွေကို အခုရပ်လိုက်ပါတော့ ⚠️
ကိုယ်က N4 စာမေးပွဲကိုယုံကြည်ချက်ရှိရှိနဲ့ဖြေဆိုချင်တယ်ဆိုရင်တော့ အခုက စပြီးတော့ ပြင်ဆင်ဖို့ အကောင်းဆုံး အချိန်ပဲနော် ⏳
ဒါကြောင့် N4 စာမေးပွဲအတွက်ပြင်ဆင်ချင်တဲ့လူငယ်တွေအတွက် Hype Think Language Academy ကနေ Japanese N4 [Batch 3] 100% Scholarship အနေနဲ့ ပညာဒါနအတန်းကို အခမဲ့ ဖွင့်လှစ်ပေးလိုက်ပါပြီ 🥳
အခမဲ့ သင်ယူခွင့်ရမယ့် အခွင့်အရေးဖြစ်လို့ ပိုက်ဆံကုန်မှာ စိုးရိမ်စရာ မလိုတော့တဲ့အပြင် N4 စာမေးပွဲအတွက်ပါ အစအဆုံး စနစ်တကျ လေ့ကျင့်သွားနိုင်မှာပါ။ 🧠
N4 စာမေးပွဲကို အတူတူ ဖြေဆိုမယ့် မိတ်ဆွေတွေ၊ ဂျပန်စာလေ့လာနေတဲ့ သူငယ်ချင်းတွေကိုပါ လက်တို့ပေးရင်း အခုပဲ စာရင်းပေးသွင်းလိုက်ရအောင်နော်။
👥 Comment မှာ N4 နဲ့အတူတူ ဖြေမယ့် သူငယ်ချင်း [၂] ယောက်ကို Tag တွဲပေးပြီး Public ဖြင့် Share ထားပေးပါ။
📩 Tag တွဲထားတဲ့ Screenshot နဲ့အတူ “N4B3” Class Code ကို Messenger မှာ ပို့ပေးပြီး Registration Form ကို ရယူလိုက်ပါ။
သင်တန်းနဲ့ ပတ်သက်ပြီး သေချာအသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ Hype Think Language Academy Page Messenger မှာ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဒီလိုမျိုး လူငယ်တွေအတွက် အကျိုးရှိစေမယ့် ဘာသာစကားသင်တန်းတွေ၊ Speaking Class တွေကို ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမှာမို့လို့ Hype Think Language Academy ကို Like & Follow လုပ်ထားပါဦးနော် ✅
12/08/2026
"Crush က အင်္ဂလိပ်လို Reply ပြန်လာရင် ဘာပြန်ပြောရမှန်းမသိဘဲ 'Seen' နဲ့ တင် ရပ်သွားနေရတုန်းပဲလား?” 💔
Crush က အင်္ဂလိပ်လိုချိုသာတဲ့စာတွေပို့လာတိုင်း ကိုယ်က အဓိပ္ပာယ်မသိလို့ Google Translate ကို ဘုရားတပြီး ပြေးရှာနေရတုန်းပဲလား? သနားစရာကောင်းတဲ့ ဒီအဖြစ်ဆိုးကနေ အပြီးတိုင် ရုန်းထွက်ဖို့ အချိန်တန်ပြီနော်
အင်္ဂလိပ်စာဆိုတာလည်း ရည်းစားဦးနဲ့ တူပါတယ်။ အစပိုင်းမှာ ရင်ခုန်ပြီး ရှက်နေရပေမဲ့ နည်းနည်းရင်းနှီးသွားတာနဲ့ အကုန်အဆင်ပြေသွားရောပေါ့ 🤭
📢 ဒီတစ်ခါတော့ Hype Think Language Academy ကနေ ဖွင့်လှစ်သွားမဲ့ "General English 4 Skills for Beginners" class နဲ့အတူ တကယ်တတ်တဲ့အထိ အလွယ်တကူ လိုက်လုပ်လို့ရမယ့် ဇာတ်လမ်းစချင်တယ်ဆိုရင်တော့ ~
🚨 ဒီနှစ်ထဲမှာ အင်္ဂလိပ်စာ တကယ်တတ်မြောက်ချင်တယ်ဆိုရင် “GE4S" လို့ Comment မှာ ရေးခဲ့ပြီး ဒီ Post ကို သူငယ်ချင်းတွေ မြင်အောင် Public Share လိုက်ပါ။
📩 ပြီးရင်တော့ Share ထားတဲ့ Post ကို Screenshot ရိုက်ပြီး Hype Think Language Academy Page Messenger မှာ လာရောက်ပေးပို့လိုက်တာနဲ့ Class Registration ကို ရယူနိုင်ပါပြီ
သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက Hype Think Language Academy ရဲ့ Page Messenger မှာ အချိန်မရွေး လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
ရှေ့ဆက်ပြီးလည်း လူငယ်တွေအတွက် အကျိုးရှိစေမယ့် Language အတန်းတွေကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်လို့ Hype Think Language Academy ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် 🫶🏻
10/08/2026
❓ GED Science ကို ဖြေဖို့ စိတ်ပူနေဆဲလား? ဒီမေးခွန်းတွေကို အရင်ဆုံးဖတ်ကြည့်လိုက်ပါ
Q: GED Science က Grade [12] လိုမျိုး စာတွေအများကြီး အလွတ်ကျက်ရတာလား?
A: လုံးဝ မဟုတ်ပါဘူး။ GED Science ဆိုတာ ကျက်မှတ်တာထက် Scientific Thinking နဲ့ Data Analysis ကို အဓိက တိုင်းတာတာပါ။
Q: Science ကို ကိုယ်တိုင် Self-Study လုပ်ရတာ ခက်ခဲနေလို့ ဘယ်လိုစရမလဲ မသိဘူးဖြစ်နေလား?
A: ဒါဆိုရင်တော့ Hype Think Academy ရဲ့ GED Science Class က သင့်အတွက် အကောင်းဆုံး အဖြေပါပဲ။ 💯
ဒါကြောင့်မို့ Hype Think Academy နေ GED လေ့လာနေတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် GED Science 100% Scholarship ဖြင့် အတန်း ဖွင့်ပေးဖို့ ပြင်ဆင်ထားပါတယ် 🥳
Science ကို ခက်ခဲတဲ့ ဘာသာရပ်တစ်ခုအဖြစ် မမြင်တော့ဘဲ စူးစမ်းလေ့လာရတဲ့ အရာတစ်ခုအဖြစ် မြင်ချင်ရင်တော့ ဒီအတန်းလေးကို အခုပဲ တက်ရောက်လိုက်ပါတော့နော် 💌
GED Science အတန်းအတွက် Registration Form ရယူဖို့ ဒီအချက်တွေကို သေချာလိုက်လုပ်ပေးရုံပါပဲနော်
🤔 အတန်းကို 100% Scholarships ရအောင် ဘယ်လိုအပ်ရမလဲ?
👉🏻 Post ကို Public ဖြင့် Share ပြီးတော့ ဘာကြောင့် တက်ချင်တာလဲဆိုတာကို ရေးပေးပါ။
👉🏻 Comment မှာ "GED Science တက်မယ်" လို့ ရေးပြီး
👉🏻 Public နဲ့ Share ထားတဲ့ Screenshot ကို Page Messenger မှာ ပေးပို့ပြီးတာနဲ့ Register Form ကို အခမဲ့ ရယူနိုင်ပါပြီ
နောက်ထက်လည်း Hype Think Language Academy ကနေ အကျိုးရှိစေတဲ့ အတန်းအသစ်တွေကိုမျှဝေပေးဦးမှာမို့ Like & Follow လုပ်သွားကြဖို့လည်း မမေ့နဲ့ဦးနော်။ 💌
08/08/2026
ဂျပန်စာလေ့လာနေသူတွေ အဓိက ခေါင်းခဲလေ့ရှိတဲ့ Reading ပိုင်းကို ဖြေရှင်းပေးဖို့ Hype Think Language Academy ကနေ "Japanese Reading Class" ကို ပထမဆုံးစီစဉ် ဖွင့်လှစ်ပေးလိုက်ပါပြီနော် 👏🏻
🤯 "စာမေးပွဲခန်းထဲရောက်ရင် Reading တွေက ရှည်လွန်းလို့ အချိန်မလောက်တော့ဘူး။"
"Vocabulary တွေသိပေမဲ့ စာပိုဒ်တစ်ခုလုံးကို ပေါင်းစပ်ပြီး အဓိပ္ပာယ်မဖော်တတ်ဘူး။" စတဲ့ ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဂျပန်စာ Reading ပိုင်းကို ကျော်ဖြတ်ဖို့ ခက်ခဲနေပါသလား?
ဂျပန်စာ Level တွေ တက်လှမ်းလာတဲ့အခါ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တဲ့ Reading Skill ကို တစ်ဆင့်ချင်း စနစ်တကျ ဖြေရှင်းနိုင်ဖို့ Hype Think Language Academy ရဲ့ Japanese Reading Free Class နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 📖
ဂျပန်စာ Reading ပိုင်းအတွက် စိုးရိမ်ပူပန်နေရမှုတွေကို အပြီးတိုင်ဖြေရှင်းပေးမဲ့ Hype Think Language Academy ရဲ့ ပထမဆုံးအတန်းဖြစ်တာကြောင့် N4, N3 Level လေ့လာနေသူများ လက်လွှတ်မခံဘဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်။
Japanese Reading Class အတွက် Registration Form ကို လိုချင်တယ်ဆိုရင်တော့
🚨 ဒီ Post ကို Like & Public Share လုပ်ပေးပါ။
🚨 ပြီးရင် Hype Think Language Academy ရဲ့ Page Messenger ကို ဝင်ရောက်ပြီး "Japanese Reading Class" လို့ ပို့ပေးလိုက်ရုံနဲ့ Form ကို အမြန်ဆုံး လာရောက်ရယူနိုင်ပါတယ်နော်
🙌🏻 သင်တန်းနဲ့ သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိချင်တယ်ဆိုရင်တော့ Page Messenger မှာ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဒီလိုမျိုး လူငယ်တွေအတွက် အကျိုးရှိစေမယ့် ဘာသာစကားသင်တန်းတွေနဲ့ IELTS Class တွေကို ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမှာမို့လို့ Hype Think Language Academy ကို Like and Follow လုပ်ထားဖို့ အမှာစကားပါးချင်ပါတယ်။ 🫶🏻
06/08/2026
IELTS Reading က သင့်ရဲ့ Band Score တွေကို ဆွဲချနေပြီလား? 🤔
ရှည်လျားတဲ့ Academic Passage တွေကို ဖတ်ရင်း Main Idea မရှာနိုင်တာ၊ Question ကို နားလည်ပေမယ့် အဖြေမှားသွားတာ၊ အချိန်မလောက်လို့ မေးခွန်းတချို့ကို မဖြေနိုင်ဘဲ ကျော်သွားရတာတွေက IELTS ဖြေဆိုမယ့်သူအများစု ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ 🥺
🚨 အထူးသဖြင့် Reading Skill နဲ့ Logical Reasoning အခြေခံ မခိုင်သေးရင် IELTS Reading က မျှော်မှန်းထားတဲ့ Band Score ကို ရဖို့ ပိုပြီးခက်ခဲလာနိုင်ပါတယ်။
အဲ့ဒီအခက်အခဲတွေကို ဖြေရှင်းပြီး Reading နဲ့ Logical Reasoning ကို အခြေခံကစ ကျွမ်းကျင်ချင်တယ်ဆိုရင် Hype Think Language Academy က ပညာဒါနအဖြစ် အခမဲ့ စီစဉ်ပေးလိုက်တဲ့ IELTS Reading for Beginners Class မှာ အခုပဲ လာတက်လိုက်တော့နော်
စာရင်းပေးသွင်းဖို့ဆိုရင်တော့ Comment မှာ “IELTS Reading လေ့လာတဲ့အခါ အခက်ခဲဆုံး အပိုင်းက ဘာလဲ?” ဆိုတဲ့ မေးခွန်းကို ဖြေပေးခဲ့ပေးပါ။
ဖြေထားတဲ့ Comment ရဲ့ Screenshot နဲ့တကွ “IRFB01” Class Code ကို Messenger မှာ ပေးပို့လိုက်ပြီး Registration Form ကို ရယူလိုက်ပါ။
🙌🏻 သင်တန်းနဲ့ သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိချင်တယ်ဆိုရင်တော့ Page Messenger မှာ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဒီလိုမျိုး လူငယ်တွေအတွက် အကျိုးရှိစေမယ့် ဘာသာစကားသင်တန်းတွေနဲ့ IELTS Class တွေကို ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမှာမို့လို့ Hype Think Language Academy ကို Like & Follow လုပ်ထားဖို့ အမှာစကားပါးချင်ပါတယ်။ 🫶🏻
02/08/2026
Wishing a very Happy Birthday to Aeint Kyi Phyu! 🎂
Thank you for bringing clarity, structure, and incredible energy to every initiative at Hype Think Education. Your ability to turn complex plans into seamless reality is what keeps our team moving forward with confidence 🤝
May this year unlock new horizons, personal breakthroughs, and all the happiness you bring to those around you. Wishing you an extraordinary year ahead! 🥳