All About Taxilians

All About Taxilians Exploring University of Taxila's vibrant clubs. Join us in celebrating student life! 🎓🎉

ကျွန်တော်တို့ All About Taxilian page မှ ပထမတစ်သုတ် စုစုပေါင်းအလှူငွေ 1,569,000 Ks ရရှိခဲ့ရာ။ 1,169,000 Ks ကို စစ်ကိုင်း...
15/04/2025

ကျွန်တော်တို့ All About Taxilian page မှ ပထမတစ်သုတ် စုစုပေါင်းအလှူငွေ 1,569,000 Ks ရရှိခဲ့ရာ။ 1,169,000 Ks ကို စစ်ကိုင်း နှင့် မန္တလေး သို့သွားရောက်ကူညီမယ့် အဖွဲ့ဆီသို့ လှူဒါန်းခဲ့ပါတယ်။ ထို့နောက် ပိုသောအလှူငွေ 400,000 Ks နှင့် ထပ်တိုးအလှူငွေ 240,000 Ks၊ စုစုပေါင်းအလှူငွေ 640,000 Ks အား မြေပြင်မှာလက်ရှိကယ်ဆယ်ရေးလုပ်နေတဲ့ NSCI Team အား ပြန်လည် လှူဒါန်းခဲ့ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ် ခင်ဗျာ။

Hello Taxilians!ကျွန်တော်တို့ရဲ့စစ်ကိုင်းမှာဗဟိုပြုလှုပ်ခဲ့တဲ့ငလျင်ကြောင့် တစ်နိုင်ငံလုံးပူဆွေးသောကရောက်နေကြရပါတယ်။ ပြီး...
06/04/2025

Hello Taxilians!
ကျွန်တော်တို့ရဲ့စစ်ကိုင်းမှာဗဟိုပြုလှုပ်ခဲ့တဲ့ငလျင်ကြောင့် တစ်နိုင်ငံလုံးပူဆွေးသောကရောက်နေကြရပါတယ်။ ပြီးခဲ့တဲ့နေ့တွေမှာ လိုအပ်တဲ့ပစ္စည်းများကို ကျွန်တော်တို့ဘက်က ဝယ်ပြီးခဲ့ပါတယ်။ ကျွန်တော်တို့ Taxila မှကျောင်းသား/သူ များကလည်း မြေပြင်ထိမလိုက်နိုင်ခဲ့ပေမယ့် ပစ္စည်းများကိုစနစ်တကျထုတ်ပိုးပြီး မြေပြင်ထိသွားရောက်မယ့်အဖွဲ့နဲ့အတူ ချိတ်ဆက်ပြီး လှူဒါန်းပေးလိုက်ပါတယ်။

နောက်ထပ်လှူဒါန်းဖို့လည်းရှိသေးတာကြောင့် အတူတကွပါဝင်ချင်တယ်ဆိုရင်တော့ ဒီနေ့ညနောက်ဆုံးထားပြီးအလှူငွေလေးတွေထည့်လို့ရပါသေးတယ်ဗျ။

မြန်မာနိုင်ငံသူ/သား အားလုံံးဘေးကင်းစွာရှိနေကြပါစေလို့ ကျွန်တော်တို့ Taxila Social Media Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။🙏🏻🙏🏻

Hi Taxilians' ‌တို့ရေငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကို All About Taxilians မှ Taxilians တွေကိုယ်စား တစ်ထောင့...
03/04/2025

Hi Taxilians' ‌တို့ရေ
ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကို All About Taxilians မှ Taxilians တွေကိုယ်စား တစ်ထောင့်တစ်နေရာကနေ ကူညီထောက်ပံ့ပေးနေတယ်ဆိုတာကိုသိကြရဲ့လား

လက်ရှိမှာ မြေပြင်အနေအထားအရ စစ်ကိုင်းတိုင်းတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် နေရာတော်တော်များများမှာ နေအိမ်‌အ‌ဆောက်အအုံပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး နောက်ဆက်တွဲ aftershock များကြောင့် ပြည်သူများမှာလုံခြုံစိတ်ချစွာမနေနိုင်ဘဲ displace ဖြစ်နေကြရပါတယ်။ ထို့အပြင်ဗဟိုပြုရာ စစ်ကိုင်းမြို့၏ 80% ပြိုကျ ပျက်စီးခဲ့‌တယ်ဆိုတာကိုလည်း သိရပါတယ်။ အဲ့ဒါအပြင် ကူညီကယ်ဆယ်ရေးတွေ အချိန်မှီမရောက်နိုင်တာကြောင့် supply shortage နဲ့ basic needs shortage တွေဖြစ်နေတာကို မြေပြင် intel များ အရသိရပါတယ်။

ဒါ့ကြောင့် ကျနော်တို့ All About Taxilians Team ဟာ စစ်ကိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထောက်ပံ့မယ့် Team နဲ့ချိတ်ဆက်ပြီး ငွေကြေး 1,169,000 ကျပ် (တစ်ဆယ့်တစ်သိန်း ခြောက်သောင်း ကိုးထောင်ကျပ်) တိတိကို ကူညီလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ငွေကြေးတွင်သာမကပဲ တခြားလိုအပ်တဲ့ ပစ္စည်းတွေ (သောက်ရေ၊ စားစရာ၊ အခြေခံလူသုံးကုန်၊ ဆေးဘက်ဆိုင်ရာပစ္စည်း) ကိုလည်း Admin Team မှကိုယ်တိုင်သွားရောက်ဝယ်ယူပြီး ကူညီထောက်ပံ့ဖို့ကြိုးစားနေကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ။

ဒါကြောင့်မို့ ယခုလက်ရှိ စစ်ကိုင်းသွားမယ့်အဖွဲ့နဲ့ အလှူငွေများ ထပ်မံပါဝင်လှူဒါန်းချင်ပါကလည်း ဒီနေ့ ညနေ ၃နာရီမတိုင်ခင် လာရောက်လှူဒါန်းနိုင်ပါတယ်ခင်ဗျ။

ကျန်ငွေများနှင့် ထပ်ပေါင်းအလှူငွေများကိုလည်း မြေပြင်မှာသွားရောက်ကူညီမယ့် အဖွဲ့နှင့်ထပ်မံချိတ်ဆက်ထားပြီး လိုအပ်သောနေရာများထပ်မံ လှူဒါန်းသွားဦးမှာ ဖြစ်ပါတယ်။

Taxilians များအနေနဲ့လည်း မပေါ့ဆကြဘဲ ငလျင်ဒဏ် သတိပေးချက်များကိုအထူးဂရုပြု နားစွင့်ကြပါ။ ပညာရှင်များရဲ့ လမ်းညွှန်ချက်ကိုလိုက်နာပါ။ သတင်းတွေကိုလည်း ချိန်ဆပြီး ဟုတ်၏မဟုတ်၏ သေချာခွဲခြားကြပါ။ ဒီလိုအချိန်မှာ ပြည်သူတွေအချင်းချင်းစည်းလုံး ပြီး ရိုင်းပင်းကူညီကြရမှာပါ။ ဒါမှ အခုလိုအချိန်တွေကိုအတူတကွကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

Taxilians တွေအကုန်လုံးကို လုံခြုံစိတ်ချရတဲ့အနေအထားမှာ ရှိနေနိုင်ကြပါစေလို့ All About Taxilians Team မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျ။

Attention Pls‼️အားလုံးပဲကျွန်တော်တို့နိုင်ငံမှာ 2025 ခုနှစ် မတ်လ 28 ရက်နေ့ မြန်မာစံတော်ချိန် 12:50 အချိန်တွင် စစ်ကိုင်းမ...
02/04/2025

Attention Pls‼️

အားလုံးပဲကျွန်တော်တို့နိုင်ငံမှာ 2025 ခုနှစ် မတ်လ 28 ရက်နေ့ မြန်မာစံတော်ချိန် 12:50 အချိန်တွင် စစ်ကိုင်းမြို့အနီးတွင် 7.7 Magnitude ရှိတဲ့ပြင်းထန်တဲ့ငလျင်ဖြစ်ပွားသွားခဲ့ပါတယ်။ ဤငလျင်သည် 1912 ခုနှစ်တွင်ဖြစ်ပွားခဲ့သည် ပဲခူးငလျင်ထက် အားပြင်းခဲ့ပါတယ်။ ယခုငလျင်ဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းရှိချောင်မြို့သည် အိန္ဒိယ ပလိတ် နှင့် ဆွန်ဒါပလိတ်များစုံသောနေရာ​တွင်တည်ရှိတဲ့ အဓိက ချောင့်တခုဖြစ်ပါတယ်။အနက် 10 မီတာ အထိ ရှိသောကြောင့် အင်အားပြင်းငလျင်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငလျင်သည် စစ်ကိုင်း၊မန္တလေး၊နေပြည်တော်တို့တွင်​အလွန်ပြင်းထန်တဲ့ ထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဆေးရုံ၊ပညာရေးကျောင်း၊ဘုရားကျောင်း၊ဗလီများ အပါဝင် အဆောက်ဦးများစွာပျက်စီးခဲ့ပါတယ်။ဧပြီ 1 ရက်နေ့ထိ သေဆုံးမှာ 2700 ကျော် ရှိ ပြီး ထိခိုက်ဒဏ်ရာရသူ 4500 ကျော်အထိရှိပါတယ်။ အစိုးရကတော့သေဆုံးသူ 10000 ကျော်နိုင်တယ်လို့ခန့်မှန်းပြောဆိုထားပါတယ်။
ငလျင်ကြီးဖြစ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်တွေအနေနဲ့ 236 ကြိမ်ကျော်ဖြစ်ပွားခဲ့ပါတယ်။
အကြီးဆုံံးသော နောက်ဆက်တွဲငလျင်ရင် Magnitude 6.0 အထိရှိခဲ့ပြီး မန္တလေး စစ်ကိုင်း နေပြည်တော် တို့မှာဖြစ်​ပေါ်ခဲ့ပါတယ်။ တခြားမြို့များမှာ​တော့ 5.0 magnitude အောက် ငလျင်ငယ်များသာဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်သည် 7.7 magnitude ငလျင်ကြီးတစ်ခါလှုပ်ပြီးရင် အဲ့ထက်Magnitude နည်းသော ငလျှင်ငယ်များသာလှုပ်တတ်သောကြောင့် Online ပေါ်တွင်ပျံ့နှံ့နေသော သတင်းမှားများကိုမယုံကြဖို့လိုပါတယ်။ ထိုငလျင်သည်စစ်ကိုင်းပြတ်ရွှေ့ပေါ်တွင်တည်ရှိသော စစ်ကိုင်း မန္တလေး နေပြည်တော် ပဲခူး စသောမြို့များသာ စိုးရိမ်စရာ ရှိပါတယ် ကျန်မြို့များအနေဖြင့် အရမ်းစိုးရိမ်ကြဖို့မလိုအပ်ပါဘူး သတင်းမှားများကိုမယုံကြပါနဲ့။
ငလျင်လှုပ်ချိန်မှာ အန္တာရယ်ကင်းစွာနေနိုင်ဖို့ ကျွန်တော်ဖတ်ဖူးတဲ့ ဆောင်းပါးထဲက အကြောင်းအရာတချို့ကိုပြန်လည်​ဝေမျှပေးပါမယ်။
⚠️ငလျင်လှုပ်ရင် ပရိဘောဂတွေအောက်မှာဝင်နေရမယ်ဆိုတာတကယ်တော့ 100% မှန်ကန်နေတာမဟုတ်ပါဘူး။
⚠️ငလျင်ကြောင့်အဆောက်အုံတစ်ခုပြိုကျဟန်ပြင်နေရင် ပရိဘောဂတွေအောက်ဝင်တာထက် ပရိဘောဂတွေရဲ့ဘေးမှာ သန္ဓေသားလောင်းပုံစံခွေခေါက်နေသင့်ပါတယ်။ အလွယ်တကူပြားချက်နိုင်ခြင်းမရှိတဲ့ ဗီရို၊ ဆိုဖာခုံ တွေဘေးမှာ သန္ဓေသားလောင်းပုံစံခွေခေါက်နေခြင်းဖြင့်နေရာကျဥ်းထဲမှာအသက်ရှင်ဖို့အခွင့်ရေးပိုရစေပါတယ်။
⚠️ငလျင်လှုပ်ချိန်အတွင်းမှာကားထဲ​ဝင်ရောက်နေသူတွေဟာပြင်ပအရာတွေပိပြီးထွက်ပြေးလို့မရဲသေကြရပါတယ်။ ကားတွေကဘယ်လောက်ပဲပိပိသူတို့ရဲ့ဘေးမှာနေရာလွတ် ကွက်လပ်လေးကျန်ခဲ့ပါတယ် ထိုကွက်လွပ်လေးမှာသာ သန္ဓေသားလောင်းပုံစံနေနေပါကအသက်ရှင်နိုင်ဖို့%များပါတယ်။
ငလျင်ဒဏ်ကိုဆိုးရွားစွာခံနေရတဲ့မြို့များထဲမှာ အမရပူရ၊ တံတားဦး မြို့များလည်းပါဝင်နေပါတယ်။ ထိုမြို့လေးတွေက သတင်းတွေဖုံံးနေကြပါတယ်။ ငလျင်ပြီးရင်လည်းနောက်ဆက်တွဲ မုန်တိုင်းတွေလာနိုင်သေးတာမို့အားလုံးဂရုစိုက်ကြပါဗျ။
ငလျင်နဲ့ပက်သက်လို့လှူချင်တယ်ဆိုရင်တော့ ကျွန်​​တော်တို့ All about Taxilian မှာလည်းလှူတန်းလို့ရပါတယ်ဗျ။

လက်ရှိ အမရပူရ ဘက်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့ ဒါမှမဟုတ် အမရပူရ ကိုသွားမယ့်အဖွဲ့ သိတာရှိရင် admin တို့ဆီကိုလာပြောပေးကြပါအု...
01/04/2025

လက်ရှိ အမရပူရ ဘက်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့ ဒါမှမဟုတ် အမရပူရ ကိုသွားမယ့်အဖွဲ့ သိတာရှိရင် admin တို့ဆီကိုလာပြောပေးကြပါအုန်း။

ရသွားပါပြီ

📌လက်ရှိလက်ခံရရှိထားသောအလှူငွေ စုစုပေါင်း 560,000 Ks ရှိပါပြီ။ တစ်ဘက်ခြမ်းမှာ Kpay ကနေ ငွေသားပြန်ထုတ်တာတွေမှာအခက်အခဲရှိနေ...
01/04/2025

📌လက်ရှိလက်ခံရရှိထားသောအလှူငွေ စုစုပေါင်း 560,000 Ks ရှိပါပြီ။
တစ်ဘက်ခြမ်းမှာ Kpay ကနေ ငွေသားပြန်ထုတ်တာတွေမှာအခက်အခဲရှိနေပါတယ်ခင်ဗျ။ ပစ္စည်းဝယ်/ငွေသားထုတ်တာတွေမှာလည်း စျေးလဲပိုပေးနေရပါတယ်။

ဒါကြောင့်မို့ April 4 ရက်နေ့စစ်ကိုင်းကိုသွားရောက်လုပ်အားပေးမယ့်အဖွဲ့နဲ့ကျွန်‌တော်တို့ဘက်မှ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ April 4ရက်‌မတိုင်ခင်ငွေအားများများ ထောက်ပံ့ပေးနိုင်ခဲ့ရင် သူတို့လဲဒီကနေပစ္စည်းတွေများများ ပိုဝယ်သွားနိုင်မှာပါ။ ဒါကြောင့် လှူဒါန်းမယ်ဆိုပါက April 3 မတိုင်ခင် လှူဒါန်းဖို့ကျွန်‌တော်တို့ဘက်မှ အကြံပြုချင်ပါတယ်ခင်ဗျ။

“ ငလျင်ဒဏ်အတွက် ဝိုင်းလို့ ကူ”

March လ 28 ရက် နေ့ နေ့လယ် ပိုင်း က လှုပ်ခပ် သွားတဲ့ Magnitude ပြင်းအား ၇.၇ ရှိ ငလျင် ဘေးအန္တရာယ် ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသ များတွင် အသက်အိုးအိမ် စည်းစိမ် ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် ကျွန်တော် တို့ Taxilian များအနေနဲ့ ထပ်တူ ထပ်မျှ ဝမ်း နည်းပူဆွေး ရပါတယ်။

ဒီအတွက် ကျွန်တော် တို့ Taxilian များက တဖက် တလမ်း ကနေ အားဖြည့် ပေးတဲ့ အနေနဲ့ ငလျင် ဒဏ်ခံစားခဲ့ ရတဲ့ နေရာဒေသ များကို ကူညီလှူဒါန်းသွားပေးမှာဖြစ်ပြီ အခုလက်ရှိအနေနဲ့တော့ Native Species Conservation & Identification နဲ့ ချိတ်ဆက်၍ လှုူဒါန်းသွားမှာ ဖြစ်ပါတယ်။

ရန် ပုံငွေအတွက် အလှုူငွေ ထည့် ပေါင်းကူညီလိုသူများအနေနဲ့ ပမာဏ ကို အဓိ ကမထားပဲ တတ်နိုင်သလောက် ပါဝင်လှုူ ဒါန်းပေးနိုင်ပါတယ်။ တစ်ယောက်ချင်းစီ ရဲ့ ပါဝင် လှုူဒါန်းမှု က အသက် ပေါင်းများစွာကို ကယ် လို့ရပါတယ်။ ကိုယ့်ရဲ့ ဖုန်းဘေလ် ၁၀၀၀ က တပါးသူအတွက် ဒီလိုခက်ခဲ နေတဲ့အချိန်မှာ တကယ် ကိုအထောက်အပံ့ ဖြစ်စေတာ အမှန်ပါ။ အားလုံးပဲ တစ်မြေတည်းနေ တစ်ရေတည်းသောက် သူအချင်းချင်း ဝိုင်းဝန်းကူညီပေးကြပါစို့။

ငလျင်ဒဏ် ခံစားခဲ့ ရတဲ့ ဒေသများကို လှုူ ဒါန်းနိုင်ရန်အတွက် အောက်ပါ Kpay / Aya payကနေ တဆင့် ဆက် သွယ် ခွန်အားဖြည့်လို့ရပါတယ်။

Kpay/ Aya pay

Han Htoo Sett
09795899098

လက်ရှိမြေပြင်မှာ NSCI မှ ကယ်ဆယ်ရေးမြင်ကွင်းတွေပါ။ လက်ရှိအလှူငွေ Kpay 170,000 Ks နဲ့ Cash 40,000 Ks ရရှိထားပါတယ်။ အခု အလှ...
31/03/2025

လက်ရှိမြေပြင်မှာ NSCI မှ ကယ်ဆယ်ရေးမြင်ကွင်းတွေပါ။ လက်ရှိအလှူငွေ Kpay 170,000 Ks နဲ့ Cash 40,000 Ks ရရှိထားပါတယ်။ အခု အလှူခံတာကို နောက် ၅ရက် အထိထပ်တိုးထားပါမယ်။ ရရှိတဲ့ အလှူငွေတွေကို NSCI နဲ့ မကြာခင် စစ်ကိုင်းကိုသွားရောက်ကူညီမယ့် အဖွဲ့နှစ်ဖွဲ့ကိုပြန်ခွဲလှူသွားပါမယ်။ လက်ရှိ NSCI သူတို့ဆီမှာတိုက်ရိုက်သွားလှူလို့ရသလို ကျွန်တော်တို့ကနေတဆင့်လှူလို့လဲရပါတယ်။ အခုလဲ လှူထားတဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းလွှာများထုတ်ပေးဖို့ပြင်ဆင်ထားပြီးပါပြီ။ ဂုဏ်ပြုမှတ်တမ်းလွှာလိုချင်သူများလဲကျွန်တော်တို့ဆီမှာလာရောက်ထုတ်ယူနိုင်ပါတယ်။ ငလျင်ဘေးအတွက် လှူဒါန်းလိုပါကဒီ link ကိုနှိပ်ပြီး လှူထမ်းနိုင်ပါတယ်ခင်ဗျ။

https://www.facebook.com/share/p/16LWv2FLv9/

“ ငလျင်ဒဏ်အတွက် ဝိုင်းလို့ ကူ” March လ 28 ရက် နေ့ နေ့လယ် ပိုင်း က လှုပ်ခပ် သွားတဲ့ Magnitude ပြင်းအား ၇.၇ ရှိ ငလျင် ဘေးအ...
30/03/2025

“ ငလျင်ဒဏ်အတွက် ဝိုင်းလို့ ကူ”

March လ 28 ရက် နေ့ နေ့လယ် ပိုင်း က လှုပ်ခပ် သွားတဲ့ Magnitude ပြင်းအား ၇.၇ ရှိ ငလျင် ဘေးအန္တရာယ် ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသ များတွင် အသက်အိုးအိမ် စည်းစိမ် ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် ကျွန်တော် တို့ Taxilian များအနေနဲ့ ထပ်တူ ထပ်မျှ ဝမ်း နည်းပူဆွေး ရပါတယ်။

ဒီအတွက် ကျွန်တော် တို့ Taxilian များက တဖက် တလမ်း ကနေ အားဖြည့် ပေးတဲ့ အနေနဲ့ ငလျင် ဒဏ်ခံစားခဲ့ ရတဲ့ နေရာဒေသ များကို ကူညီလှူဒါန်းသွားပေးမှာဖြစ်ပြီ အခုလက်ရှိအနေနဲ့တော့ Native Species Conservation & Identification နဲ့ ချိတ်ဆက်၍ လှုူဒါန်းသွားမှာ ဖြစ်ပါတယ်။

ရန် ပုံငွေအတွက် အလှုူငွေ ထည့် ပေါင်းကူညီလိုသူများအနေနဲ့ ပမာဏ ကို အဓိ ကမထားပဲ တတ်နိုင်သလောက် ပါဝင်လှုူ ဒါန်းပေးနိုင်ပါတယ်။ တစ်ယောက်ချင်းစီ ရဲ့ ပါဝင် လှုူဒါန်းမှု က အသက် ပေါင်းများစွာကို ကယ် လို့ရပါတယ်။ ကိုယ့်ရဲ့ ဖုန်းဘေလ် ၁၀၀၀ က တပါးသူအတွက် ဒီလိုခက်ခဲ နေတဲ့အချိန်မှာ တကယ် ကိုအထောက်အပံ့ ဖြစ်စေတာ အမှန်ပါ။ အားလုံးပဲ တစ်မြေတည်းနေ တစ်ရေတည်းသောက် သူအချင်းချင်း ဝိုင်းဝန်းကူညီပေးကြပါစို့။

ငလျင်ဒဏ် ခံစားခဲ့ ရတဲ့ ဒေသများကို လှုူ ဒါန်းနိုင်ရန်အတွက် အောက်ပါ Kpay / Aya payကနေ တဆင့် ဆက် သွယ် ခွန်အားဖြည့်လို့ရပါတယ်။

Kpay/ Aya pay

Han Htoo Sett
09795899098

Someone's trash is someone's treasure တဲ့ Taxilians တွေရော ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေ မသုံးတော့တဲ့ပစ္စည်းတ...
23/03/2025

Someone's trash is someone's treasure တဲ့

Taxilians တွေရော ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေ မသုံးတော့တဲ့ပစ္စည်းတွေကိုအသုံးဝင်အောင်ပြန်လုပ်ဖူးကြလား?

ဒီလိုမျိုး ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပစ္စည်းတွေကို recycle လုပ်ကြအောင် awareness ပေးတဲ့ Global Recycling Day ဟာ March 18th မှာကျရောက်ခဲ့ပါတယ်။ Green and clean environment အတွက် Taxilian တွေပါဝင်ခဲ့ကြတယ်ဆိုရင် experience လေးတွေ share ပေးပါဦးနော်

ဒါဆိုရင်ဆက်လက်ပြီးတော့ Global Recycling Day အကြောင်းကိုပြောပြပေးချင်ပါတယ်။ Global Recycling Day ဟာဆိုရင်ဖြင့် ၂၀၁၈ မှာစတင်ကျင်းပခဲ့ရာ ကမ္ဘာအနှံ့မှာရှိကြတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်စုပေါင်းပြီး ပတ်ဝန်းကျင်မှာရှိတဲ့စွန့်ပစ်ပစ္စည်းတွေကို သယံဇာတတစ်ခုအဖြစ်နဲ့ sustainable ဖြစ်အောင်ပြုလုပ်ကြဖို့ နှိုးဆော်ရန် ရည်ရွယ်ချက်နဲ့အရှိန်ဟုန်တိုးဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့မိခင်ကမ္ဘာမြေကြီးဟာ စွန့်ပစ်ပစ္စည်းတွေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုညစ်ညမ်းလာပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာမြေကြီးကိုထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ကျွန်တော်တို့လူသားတွေဟာ အချင်းချင်းစည်းလုံးကြဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့တွေဟာ စွန့်ပစ်ပစ္စည်းတွေလျှော့ချဖို့၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကိုလျှော့ချဖို့၊ ပတ်ဝန်းကျင်ကိုထိန်းသိမ်း‌စောင့်ရှောက်ပြီး သဘာဝသယံဇာတတွေကို ညီညွတ်မျှတစွာအသုံးချခြင်း စတဲ့ အရာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိပါတယ်။ လူသားတွေဖျက်စီးခဲ့တာကို လူသားတွေပဲပြန်လည်ပြုပြင်ရပါလိမ့်မယ်။

Recycling Community မှာ အဓိက 3 R's ရှိပါတယ်၊ reduce, reuse, and recycle ပါ။ ကျွန်တော်တို့နေထိုင်တဲ့အိမ်မှာတင် အသုံးချလို့ရတဲ့ commitment တွေပါ။ ဥပမာ - ပျက်စီးရခက်တဲ့ပလတ်စတစ်အိတ်တွေအစား ဈေးဝယ်တဲ့အခါ cloth bag ယူသွားတာတို့ အသားငါးဝယ်တဲ့အခါ ပြန်ဆေးလို့ရတဲ့ metal container ယူသွားတာတို့ plastic water bottle ကိုအလွယ်တကူမဝယ်ယူဘဲ ကိုယ်ပိုင် reusable water bottle အသုံးပြုတာတို့ စတဲ့ recycling habit တွေကိုကျင့်သုံးလို့ရပါတယ်။ သူများတွေကိုမတိုက်တွန်းခင် မှန်ကြည့်တဲ့အခါအရင်ဆုံးမြင်ရတဲ့လူကိုအရင်ဆုံး တိုက်တွန်းသင့်ပါတယ်။ ခုနောက်ပိုင်းနှစ်တွေမှာ စွန့်ပစ်ပစ္စည်းတွေ၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကျွန်တော်တို့ကမ္ဘာကြီးဟာ နွေးထွေးလာပါတယ်။ Ozone Layer ပေါက်တာတွေ၊ Antarctica ကရေခဲတွေအရည်ပျော်တာတွေစတဲ့ natural disasters တွေအပြင် hygiene issues ‌ပေါင်းများစွာကို မဖြစ်ပွားခင် ကြိုတင်ကာကွယ်ဖို့အတွက် Global Recycling Day ဟာ အကောင်းဆုံး awareness raising လုပ်နေပါတယ်။

ကိုယ်ကိုယ်တိုင်မှစ မိခင်ကမ္ဘာမြေကြီးကိုကာကွယ်ဖို့ ကျွန်တော်တို့တစ်တွေ recycle ကြရအောင်!



19/03/2025

Final ဖြေခါနီး Taxilians များ

International Women's Day🥳👏ဒီနေ့လေးကတော့International Women's Day လေးပဲဖြစ်ပါတယ်။ ကဲ အဲ့တော့ဒီနေ့နဲ့ပတ်သက်တဲ့အကြောင်းအရာ...
08/03/2025

International Women's Day🥳👏
ဒီနေ့လေးကတော့International Women's Day လေးပဲဖြစ်ပါတယ်။ ကဲ အဲ့တော့ဒီနေ့နဲ့ပတ်သက်တဲ့အကြောင်းအရာများကို Taxilian လေးများသိရှိစေရန်ပြောပြမှာပဲဖြစ်ပါတယ်။

ဒီနေ့လေးကတော့ 1900 ခုနှစ်အစောပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။မိန်းကလေးလုပ်သားတွေကအလုပ်ပျော်ရွှင်မှုမရှိခြင်း၊လစာနည်းခြင်း၊မဲပေးခွင့်မရှိခြင်းတို့ကိုဆန္ဒပြရာမှစတင်ခဲ့တာဖြစ်ပါတယ်။ပထမဆုံးတရားဝင်ကျင်းပမှုအနေနဲ့ 1911 ခုနှစ် March 19 ရက်နေ့မှာ သြစတြေးလျ၊ ဒိန်းမတ်၊ ဂျာမန်၊ ဆွစ်ဇာလန်တို့မှာပထမဆုံးအကြိမ်မိန်းကလေးအပြည်ပြည်ဆိုင်ရာမိန်းကလေးနေ့ကိုကျင်းပခဲ့ကြပြီးသန်းချီသောအမျိုးသမီးများသည်တန်းတူအခွင့်ရေးများကိုတောင်းဆိုခဲ့ကြပါတယ်။

ထို့နောက် နှစ်စဥ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွင်အမျိုးသမီးဆန္ဒပြမှုများပိုမိုအားကောင်းလာခဲ့ရာ1917ခုနှစ်မှာတော့ ရုရှားမှအမျိုးသမီးများသည် "Bread and Peace" အတွက်ဆန္ဒပြခဲ့ကြပါတယ်။ထို့​ဆန္ဒပြမှုသည်ကြီးမားသောနိုင်ငံရေးပြောင်းလဲမှုများကို​ဖြစ်ပေါ်စေခဲ့ပြီး အမျိုးသမီးများ မဲပေးခွင့်ရရှိလာခဲ့ကြပါတယ်။ 1977 ခုနှစ်တွင် ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုတရားဝင်အသိမှတ်ပြုခဲ့ပြီး အမျိုးသမီးများ တန်းတူအခွင့်ရေးရရှိရေးကို ကမ္ဘာအနှံ့ပျံ့နှံ့စေခဲ့ပါတယ်။

ဒီလောက်ဆိုရင် Taxilian လေးတို့လည်း International Women's Day (IWD) ကိုသိသွားကြပြီထင်ပါတယ်။ နောက်အပတ်တွေမှာလည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဖော်ပြပေးဖို့ရှိသေးတာမို့စောင့်ကြည့်ပေးကြပါဦး။အချိန်ယူဖတ်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။🙌

07/03/2025

Pov : You are a Taxilian
ကဲ.... Taxiliansလေးတို့ရော ဘယ်ထဲပါကြလဲ?🤔 Comment မှာဖြေသွားကြဦး‌

Address

Building 15, Lan Thit Avenue Complex, Bet. Bhone Gyi Road & Lan Thit Road, Bet. Anawrahta Road & Bogyoke Road, Lanmadaw Township
Yangon
11131

Telephone

+959954230464

Website

Alerts

Be the first to know and let us send you an email when All About Taxilians posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to All About Taxilians:

Shortcuts

Share

Category