Wise Choice Institute

Wise Choice Institute We provide your education.

⏰️ ဒီနေ့ မစရင် 🤷‍♂️ နောက် ၆ လမှာလည်း~~~ #တစ်နေ့တော့GEDစမယ်… ဆိုတဲ့စကားကိုပဲ ထပ်ပြောနေရဦးမယ်။ဒါပေမယ့် ဒီနေ့ကစပြီး တစ်လှမ်...
26/08/2026

⏰️ ဒီနေ့ မစရင် 🤷‍♂️ နောက် ၆ လမှာလည်း~~~

#တစ်နေ့တော့GEDစမယ်… ဆိုတဲ့စကားကိုပဲ ထပ်ပြောနေရဦးမယ်။ဒါပေမယ့် ဒီနေ့ကစပြီး တစ်လှမ်းချင်း လျှောက်မယ်ဆိုရင် နောက် (၆) လမှာ

🔥စာမေးပွဲအတွက် ပြင်ဆင်ပြီးသားဖြစ်နေနိုင်တယ်။

🏆 ကိုယ့်ရဲ့ပညာရေးအိပ်မက်နဲ့ တစ်ဆင့်ပိုနီးလာနိုင်တယ်။

💪 “ငါလုပ်နိုင်ခဲ့တယ်” လို့ ကိုယ့်ကိုယ်ကို ပြန်ပြောနိုင်တယ်။

အချိန်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ၆ လကုန်သွားမှာပါ။ မင်းရဲ့ ၆ လကို ဘယ်လိုဖြတ်သန်းမလဲဆိုတာပဲ အရေးကြီးတာ။ ဒီနေ့ကစပြီး ကိုယ့်အနာဂတ်အတွက် တစ်လှမ်းလောက် စလိုက်ပါ။ GED ဆိုတာ စာမေးပွဲတစ်ခုထက်ပိုပါတယ်။ မိမိတို့ရဲ့နောက်ထပ်အခွင့်အရေးတစ်ခုပါ 💫

☎️ 09 400 788 303

🎉 Congratulations to all our wonderful students! 🎉IGCSE ICT & Computer Science Resultsရလဒ်တွေနဲ့အတူ  Wise Choice Institu...
20/08/2026

🎉 Congratulations to all our wonderful students! 🎉

IGCSE ICT & Computer Science Results
ရလဒ်တွေနဲ့အတူ Wise Choice Institute ရဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ❤️

စာသင်ခန်းထဲက သင်ယူခဲ့ရတဲ့အချိန်တွေ၊ Assignment တွေ၊ Practice တွေ၊ Exam Preparation တွေအားလုံးကို ကျော်ဖြတ်ပြီးအကောင်းဆုံးကြိုးစားပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းကို လေးစားဂုဏ်ယူပါတယ်။
ရလဒ်ကောင်းတစ်ခုရဲ့ တန်ဖိုးဟာ အမှတ်တွေထက် အဲ့ဒီအမှတ်တွေရအောင် ကြိုးစားခဲ့တဲ့ မိမိတို့ရဲ့ အားထုတ်မှုမှာ ပိုပြီးရှိပါတယ်။ဒီနေ့ရရှိခဲ့တဲ့ အောင်မြင်မှုအတွက်

👏 Congratulations to all of you! 🎉

ရှေ့ဆက်မယ့် ပညာရေးခရီးမှာလည်း မိမိတို့ရဲ့ အိပ်မက်တွေဆီ အောင်မြင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။

🎓✨ A proud moment for Wise Choice Institute!We are delighted to celebrate the IGCSE ICT & Computer Science results with all our students who worked hard, stayed committed, and gave their very best throughout their journey.
Every result represents countless hours of learning, practice, determination, and perseverance. We are truly proud of each and every one of you and the effort you have put into achieving this milestone.
Your success today is something worth celebrating, and we hope it becomes the beginning of many more achievements to come.Congratulations to all our wonderful students! You have made Wise Choice Institute proud. 🤍🎉

With pride and warmest wishes,
Wise Choice Institute

☎️09 400 788 303

GED Math မှာ ဘာတွေပါလဲ▪︎▪︎▪︎💭👨‍🏫GED Math ကို အဓိကအားဖြင့် အပိုင်း ၄ ပိုင်း ခွဲပြီး လေ့လာနိုင်ပါတယ်။🔢 Basic Math & Number...
19/08/2026

GED Math မှာ ဘာတွေပါလဲ▪︎▪︎▪︎💭👨‍🏫

GED Math ကို အဓိကအားဖြင့် အပိုင်း ၄ ပိုင်း ခွဲပြီး လေ့လာနိုင်ပါတယ်။

🔢 Basic Math & Number Operations

📐 Geometry

✏️ Algebra

📊 Data Analysis & Graphs

အပိုင်းတွေမှာအသေးစိတ်အပိုင်းလိုက် လေ့လာရမှာဖြစ်ပါတယ်။ GED Math အတွက် အထူးအရေးကြီးတာGED Math က formula တွေကို အလွတ်ကျက်တာထက် မေးခွန်းကိုနားလည်ပြီး ဘယ်နည်းကို အသုံးပြုရမလဲ သိခြင်း က ပိုအရေးကြီးပါတယ်။
အထူးသဖြင့် Algebra + Word Problems + Graphs + Geometry ကို သေချာလေ့ကျင့်ထားရင် အများကြီးအထောက်အကူဖြစ်ပါတယ်။ Mathematics ကိုအခြေခံပိုင်ပြီး GED Results ကောင်းတွေပိုင်ဆိုင်ချင်တယ်ဆိုရင် Wise Choice Institute မှာ GED လို့စာတိုလေးပို့လိုက်ပါ။ Class Information ကို Admin Team မှအမြန်ဆုံးဖြေကြားပေးသွားမှာဖြစ်ပါတယ်။

☎️ 09 400 788 303

GED RLA   💡~~~~~~~~~~~~~~~Choose the correct answer ✅️Which sentence is grammatically correct?A.  She doesn't likes read...
17/08/2026

GED RLA 💡
~~~~~~~~~~~~~~~

Choose the correct answer ✅️

Which sentence is grammatically correct?

A. She doesn't likes reading.
B. She doesn't like reading.

Ans: (C)

☎️ 09 400 788 303

💁‍♂️ Self Study or 💁‍♀️ GED Class ~~~~~~~~~~~~~~~~~~~~~ကိုယ့်အနာဂတ်အတွက် ပညာရေးကို ဆက်လက်လေ့လာချင်ပေမယ့်   Study လုပ်ရမလ...
14/08/2026

💁‍♂️ Self Study or 💁‍♀️ GED Class
~~~~~~~~~~~~~~~~~~~~~

ကိုယ့်အနာဂတ်အတွက် ပညာရေးကို ဆက်လက်လေ့လာချင်ပေမယ့်

Study လုပ်ရမလား❓️
Class တက်ရမလား❓️
ဆိုပြီး ၀ေခွဲရခက်နေပြီလား •••

တကယ်တော့ Self Study နဲ့ GED Class နှစ်မျိုးစလုံးမှာ ကိုယ့်အတွက်ကိုယ် အားသာချက်တွေရှိပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ လေ့လာမှုပုံစံ၊ အချိန်ပေးနိုင်မှုနဲ့ ရည်မှန်းချက်ပေါ်မူတည်ပြီး ရွေးချယ်ဖို့ပါ ✅️

📚 Self Study ဆိုတာဘာလဲ
~~~~~~~~~~~~~~~~~~

Self Study ဆိုတာ ဆရာ/ဆရာမကို အမြဲတမ်းမှီခိုစရာမလိုဘဲ ကိုယ်တိုင်စာလေ့လာခြင်း၊ Practice Test ဖြေခြင်း၊ မသိတာတွေကို Research လုပ်ခြင်းနဲ့ ကိုယ့်ရဲ့ Study Plan အတိုင်း လေ့လာသွားတာမျိုးပါ။

Self Study လုပ်မယ်ဆိုရင်
✅ ကိုယ့်အချိန်နဲ့ကိုယ် လွတ်လွတ်လပ်လပ်လေ့လာ
နိုင်တယ်
✅ ကိုယ့်အားနည်းတဲ့ Subject ကို အချိန်ပိုပေးနိုင်.
တယ်
✅ သင်တန်းကြေးကုန်ကျမှုကို လျှော့ချနိုင်တယ်
✅ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိရှိ လေ့လာတတ်
လာတယ်

ဒါပေမယ့် Self Study မှာ ကိုယ့်ကိုယ်ကိုယ် Motivation ပေးနိုင်ဖို့၊ Study Schedule ဆွဲနိုင်ဖို့နဲ့ မသိတာတွေကို ကိုယ်တိုင်ရှာဖွေလေ့လာနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင်လေ့လာရတာကြောင့် ဘယ်ကနေစရမလဲ၊ ဘာကိုအရင်လေ့လာရမလဲ မသိတဲ့သူတွေအတွက်တော့ အနည်းငယ်ခက်ခဲနိုင်ပါတယ်။

🎓 GED Class တက်မယ်ဆိုရင်ရော...💭

GED Class ဆိုတာ GED Exam အတွက် လိုအပ်တဲ့ Subject တွေကို ဆရာ/ဆရာမတွေရဲ့ Guidance နဲ့ စနစ်တကျ လေ့လာနိုင်တဲ့ပုံစံပါ။

Class တက်ရောက်ခြင်းရဲ့ အားသာချက်တွေက

✅️ ဘာကိုဘယ်လိုလေ့လာရမလဲဆိုတာ Guidance
ရနိုင်တယ်

✅️ မသိတာတွေကို ဆရာ/ဆရာမကို မေးမြန်းနိုင်
တယ်

✅ ️Study Schedule တစ်ခုနဲ့ စနစ်တကျလေ့လာ
နိုင်တယ်

✅️ Classmates တွေနဲ့အတူတူ လေ့လာရလို့
Motivation ပိုရနိုင်တယ်

✅️ Exam Preparation နဲ့ Practice တွေကို
စနစ်တကျလုပ်နိုင်တယ်

အထူးသဖြင့် ကိုယ်တိုင်စာထိုင်လုပ်ဖို့ Motivation
မရှိသေးတဲ့သူ၊ ဘယ်ကနေစရမလဲ မသိတဲ့သူ၊ ဆရာ/ဆရာမရဲ့ Guidance လိုအပ်တဲ့သူ တွေအတွက် GED Class က ပိုအဆင်ပြေနိုင်ပါတယ်။

👉 ကိုယ့်အချိန်ကိုယ် စီမံနိုင်တယ်၊ စာလေ့လာတဲ့ Discipline ကောင်းတယ်၊ Research လုပ်ရတာကို သဘောကျတယ်ဆိုရင် Self Study ကို ရွေးချယ်လို့ရပါတယ်။

👉 စနစ်တကျသင်ယူချင်တယ်၊ Guidance လိုတယ်၊ မသိတာတွေကို မေးမြန်းပြီး နားလည်အောင်လေ့လာချင်တယ်ဆိုရင် GED Class က ပိုသင့်တော်နိုင်ပါတယ်။

GED ကို ရည်မှန်းထားတယ်ဆိုရင် အရေးကြီးဆုံးက စတင်ဖို့ မကြောက်ပါနဲ့။နေ့တိုင်း နည်းနည်းချင်းစီ လေ့လာသွားရင် တစ်နေ့မှာ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ နီးကပ်လာမှာပါ။ 💪📖

Self Study လုပ်မလား?
GED Class တက်မလား?
ကိုယ့်အတွက် သင့်တော်တဲ့လမ်းကို ရွေးပြီး ဒီနေ့ကစပြီး အနာဂတ်အတွက် တစ်လှမ်းစလိုက်ပါ။ 🏃‍♀️⏰️

☎️ 09 400 788 303

  ပညာရေးကဘယ်ကနေစတင်ဖြစ်ပေါ်လာတာလဲ.....💁‍♀️📚■ GED (General Educational Development) က အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်း ...
11/08/2026

ပညာရေးကဘယ်ကနေစတင်ဖြစ်ပေါ်လာတာလဲ.....💁‍♀️📚

■ GED (General Educational Development) က အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်း (High School) မပြီးဆုံးနိုင်သူများအတွက် အစားထိုး အရည်အချင်းစစ်စာမေးပွဲ အဖြစ် ပေါ်ပေါက်လာတာပါ။

■ GED ဖြစ်ပေါ်လာပုံကတော့ ⏰️ ၁၉၄၂ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းဖို့ ကျောင်းမပြီးဘဲ ထွက်ခဲ့ရတဲ့ အမေရိကန်စစ်သားများ အရပ်ဘက်ပြန်ရောက်တဲ့အခါ ပညာရေးနဲ့ အလုပ်အကိုင်အတွက် အခွင့်အလမ်းရရှိစေရန် American Council on Education က GED စာမေးပွဲကို စတင်တီထွင်ပေးခဲ့ပါတယ်။

■ အစပိုင်းမှာ စစ်ပြန်များအတွက် ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အထက်တန်းမပြီးဆုံးနိုင်သူတိုင်း ဖြေဆိုနိုင်တဲ့ စနစ်အဖြစ်ကို တိုးချဲ့ခဲ့ပါတယ်။ဒီကနေ့မှာတော့ GED လမ်းကြောင်းဟာ အမေရိကန် High School ပညာအဆင့်နှင့် ညီမျှသော အသိပညာရှိကြောင်း သက်သေပြနိုင်တဲ့ စာမေးပွဲဖြစ်ပြီး နိုင်ငံအများအပြားမှ ကျောင်းသားများလည်း ဖြေဆိုနိုင်ကြပါတယ်။

လက်ရှိ GED စာမေးပွဲတွင် အဓိကဘာသာရပ် ၄ ခု ပါဝင်ပါတယ်...👇

✅️Mathematical Reasoning
✅️Reasoning Through Language Arts
✅️Science
✅️Social Studies တို့ဖြစ်ပါတယ် ။

GED Education Pathway ကနေ မိမိတို့သွားချင်တဲ့ ဘာသာရပ်ဆိုင်ရာပညာရေးလမ်းကြောင်းတွေကို တက္ကသိုလ်တက်ရောက်ပြီး ဘွဲ့ရရှိနိုင်မှာဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ ပညာရေးခရီးလမ်းကို စတင်နိုင်ဖို့ အခွင့်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်နေလို့ ပညာရေးအတွက်သီးသန့်အချိန်ပြည့်ပေးဖို့ အဆင်မပြေသူများအတွက် GED လမ်းကြောင်းဟာ အချိန်တိုတွင်းပြင်ဆင်နိုင်တာဖြစ်လို့ သင့်ပညာရေးအတွက် အခုပဲပြင်ဆင်လိုက်ပါ ။

☎️ 09 400 788 303

GED ပညာရေးလမ်းကြောင်းကနေ အခြေပြုပြီး ဘဝရဲ့ပန်းတိုင်မှတ်တိုင်တွေမှာ အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့ကြတဲ့ နာမည်ကြီးပုဂ္ဂိုလ...
10/08/2026

GED ပညာရေးလမ်းကြောင်းကနေ အခြေပြုပြီး ဘဝရဲ့ပန်းတိုင်မှတ်တိုင်တွေမှာ အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့ကြတဲ့ နာမည်ကြီးပုဂ္ဂိုလ်များကို ဒီနေ့မှာတော့ ဗဟုသုတအဖြစ်မျှဝေပေးချင်ပါတယ် ။

❝ 𝘿𝙖𝙫𝙚 𝙏𝙝𝙤𝙢𝙖𝙨 (1932–2002) ❝

Wendy's တည်ထောင်သူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ် ။ ငယ်ဘဝမှာ အထက်တန်းပညာရေးကိုမပြီးဆုံးခဲ့ဘဲ ပညာရေးတစ်ပိုင်းတစ်စဖြစ်ခဲ့ရသူပါ ။ သို့ပေမယ့် GED ပညာရေးလမ်းကြောင်းကနေ ပြန်လည်ခြေကုတ်အားယူပြီး ဘဝအတွက်ပြန်လည်ကြိုးစားခဲ့ပါတယ် ။
1969 ခုနှစ်တွင် Wendy’s စားသောက်ဆိုင်ကို စတင်တည်ထောင်ခဲ့ကာ ကမ္ဘာကျော် အမြန်စားအစားအစာ ကုမ္ပဏီကြီးတစ်ခု ဖြစ်လာအောင် တိုးချဲ့နိုင်ခဲ့ပါတယ် ။GED ရရှိသူများအတွက် အားပေးသူတစ်ဦးအဖြစ်လည်း လူသိများတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ် ။


❝ 𝙈𝙞𝙘𝙝𝙖𝙚𝙡 𝙅. 𝙁𝙤𝙭 (1961– ) ❝

သရုပ်ဆောင်ပိုင်းကို ဝါသနာပါသူမို့ အထက်တန်းပညာရေးကို အပြီးသတ်ထိမတက်ရောက်ဘဲ ငယ်ငယ်ရွယ်ရွယ်မှာပဲ သရုပ်ဆောင်ဖြစ်ဖို့လမ်းကိုရွေးခဲ့သူပါ ။ နောက်ပိုင်းမှာတော့ GED ကိုဖြေဆိုအောင်မြင်အောင်ကြိုးစားခဲ့ပါတယ် ။ အောင်မြင်မှုတွေအနေနဲ့ Emmy Awards အပါအဝင် ဆုများစွာ ရရှိခဲ့ပြီး Parkinson’s ရောဂါဆိုင်ရာ သုတေသနအတွက် The Michael J. Fox Foundation ကို တည်ထောင်ခဲ့သူလဲဖြစ်ပါတယ် ။

❝ 𝘾𝙝𝙧𝙞𝙨 𝙍𝙤𝙘𝙠 (1965– ) ❝

ဟာသသရုပ်ဆောင်၊ စာရေးဆရာ၊ Producer ဖြစ်တဲ့ Chris Rock ဟာ
High School မှ ထွက်ခဲ့ပြီး နောက်ပိုင်း GED ကိုရွေးချယ်ခဲ့ပါတယ် ။ ကမ္ဘာကျော် Stand-up comedian တစ်ဦးဖြစ်လာခဲ့ပြီး Emmy Awards များစွာ ရရှိခဲ့သူပါ ။

ဒီ ( ၃ ) ယောက်မှာ တူညီတဲ့အချက်က GED ကို “ #နောက်ကျတဲ့လမ်းကြောင်း” မဟုတ်ဘဲ #နောက်ထပ်အခွင့်အရေးတစ်ခုအဖြစ် အသုံးချပြီး အောင်မြင်မှုဆီ ဆက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ပညာဟာ အသက်အရွယ် ကန့်သတ်မထားသလို မိမိတို့သာရယူလိုစိတ် ၊သင်ယူချင်စိတ်ရှိရင် မိမိတို့ပညာရေးကို ပြန်လည်စတင်နိုင်တဲ့အခွင့်အရေးတွေများစွာရှိနေပါတယ် ။ GED Class အသေးစိတ်အတွက် Wise Choice Institute မှာစုံစမ်းမေးမြန်းနိုင်ပါတယ် ။

☎️ 09 400 788 303


 #ပညာရေးလမ်းကြောင်းအစားထိုးလိုအပ်လာခြင်းပညာရေးအခြေအနေ တစ်ပိုင်းတစ်စနဲ့ ကျောင်းဆက်မတက်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူများအ...
05/08/2026

#ပညာရေးလမ်းကြောင်းအစားထိုးလိုအပ်လာခြင်း

ပညာရေးအခြေအနေ တစ်ပိုင်းတစ်စနဲ့ ကျောင်းဆက်မတက်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် GED ဟာ အစားထိုးရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။ မြန်မာကျောင်းသားတွေကြားမှာ Study Abroad Education အတွက်ရွေးချယ်စရာတွေထဲမှာ GED လဲအပါအ၀င်ပါ။

#နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်အခွင့်အလမ်း

GED ကို အမေရိကန်အထက်တန်းအဆင့်နှင့် ညီမျှတဲ့အရည်အချင်းအဖြစ် တက္ကသိုလ်များစွာက လက်ခံကြပါတယ်။ ထိုင်း၊ မလေးရှားနှင့် အမေရိကန်ရှိ တက္ကသိုလ်အချို့ကို လျှောက်ထားရာမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်တိုင်း လက်မခံတာကြောင့် မလျှောက်ခင် တက္ကသိုလ်ရဲ့ လိုအပ်ချက်ကို စစ်ဆေးသင့်ပါတယ်။

#အချိန်တိုအတွင်းပြီးနိုင်ခြင်း

IGCSE/A-Level နဲ့ နှိုင်းယှဉ်ရင် GED က ဘာသာရပ် ၄ ခု (သို့မဟုတ် နိုင်ငံတကာစင်တာအလိုက် သတ်မှတ်ချက်) ကို ဖြေဆိုအောင်မြင်ရုံနဲ့ အချိန်ပိုတိုနိုင်တာကြောင့် လူကြိုက်များလာပါတယ်။

#လူမှုကွန်ရက်များကြောင့်သက်ရောက်မှု

Facebook၊ TikTok နဲ့ YouTube တို့မှာ GED အောင်မြင်သူတွေရဲ့ အတွေ့အကြုံ၊ ပညာသင်ဆုရသူတွေ၊ နိုင်ငံခြားတက္ကသိုလ်တက်သွားသူတွေအကြောင်း မျှဝေမှုများလာတာကြောင့် လူငယ်တွေအကြား ပိုမိုစိတ်ဝင်စားလာပါတယ်။

GED ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေမယ့် လူတိုင်းအတွက် မဟုတ်ပါဘူး။ မိမိတ်ို့သွားချင်တဲ့ Career လမ်းကြောင်းနဲ့ကိုက်ညီလား ၊ မကိုက်ညီလားစီစစ်ပြီးရွေးချယ်တာပိုမှန်ပါတယ်။ Online, On Campus GED Class တက်ဖို့စိတ်၀င်စားရင်တော့ Wise Choice Institute မှာ GED အတန်းတွေရှိတာဖြစ်လို့အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09 400 788 303

🎓 GED ကို ဘယ်လိုစရမလဲ မသိသေးဘူးလား 🤷‍♀️GED ကို စတင်ချင်ပေမယ့်...🤔 ဘယ်လိုအပ်ရလဲ?🤔 ဘယ်ဘာသာတွေဖြေရမလဲ?🤔 ဘယ်လောက်ကြာကြာလေ့လာ...
30/07/2026

🎓 GED ကို ဘယ်လိုစရမလဲ မသိသေးဘူးလား 🤷‍♀️

GED ကို စတင်ချင်ပေမယ့်...

🤔 ဘယ်လိုအပ်ရလဲ?
🤔 ဘယ်ဘာသာတွေဖြေရမလဲ?
🤔 ဘယ်လောက်ကြာကြာလေ့လာရမလဲ?
🤔 ဘယ်လိုပြင်ဆင်ရင် အောင်နိုင်မလဲ?

ဒီလိုမေးခွန်းတွေရှိနေရင် စိတ်မပူပါနဲ့။
Wise Choice Institute က GED ကို စတင်မယ့်သူတွေအတွက် အဆင့်လိုက် လမ်းညွှန်ပေးပြီး သင့်ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ Study Plan ကိုလည်း အကြံပေးပေးပါတယ်။

💁‍♀️GED အကြောင်း အသေးစိတ်သိချင်တယ်။
📖 ဘယ်လိုစလေ့လာရမလဲ သိချင်တယ်။
💁 ကိုယ့်အတွက် သင့်တော်တဲ့ Plan ကို သိချင်တယ်ဆိုရင်...

💬 "GED" လို့ Comment (သို့) Messenger မှာ "GED" လို့ Message ပို့လိုက်ပါ။ လိုအပ်တဲ့ အချက်အလက်တွေနဲ့ စတင်နိုင်မယ့် လမ်းညွှန်ကို အခမဲ့ ပြန်လည်မျှဝေပေးပါမယ်။

🌕 Happy Full Moon Day!May this auspicious day bring peace, happiness, good health, and abundant blessings to you and you...
29/07/2026

🌕 Happy Full Moon Day!

May this auspicious day bring peace, happiness, good health, and abundant blessings to you and your family. Wishing everyone a joyful and blessed Full Moon Day. 🙏




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Wise Choice Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share