18/01/2021
Engineering Project Management
အင်ဂျင်နီယာလုပ်ငန်းခွင်အသီးသီးမှာ စီမံကိန်းစီမံခန့်ခွဲမှု (Project Management) သဘောတရားတွေကိုအသုံးချလုပ်ဆောင်ရခြင်းတွေ တွေ့ကြုံရမှာပါ။
အင်ဂျင်နီယာလုပ်ငန်းခွင်တွေက စီမံကိန်းတွေကို စနစ်တကျစီမံဆောင်ရွက်နိုင်စေဖို့ Engineering Project Management ကိုလေ့လာလိုသူများအတွက်သည်သင်တန်းကို ရည်ရွယ်ဖွင့်လှစ်ပါတယ်။
ဘယ်သူတွေတက်သင့်လည်း...
1. လက်ရှိကျောင်းတက်နေဆဲ အင်ဂျင်နီယာမေဂျာစုံမှ ကျောင်းသူကျောင်းသားတွေ
2. ကျောင်းပြီးကာစ fresh grads တွေ
3. အလုပ်ခွင်အတွေ့အကြုံစုဆောင်းနေဆဲ young engineers တွေအတွက်ရည်ရွယ်ပြီး အခြေခံကစလို့ လေ့လာနိုင်အောင် သင်ကြားပေးမှာပါ။(သည်သင်တန်းကို တက်ရောက်ပြီးရင် project management အလုပ်ခွင်အတွေ့အကြုံနှစ်အတန်ကြာနှင့်ညီမျှတဲ့ အတွေ့အကြုံနှင့်သဘောတရားတွေကို သင်တန်းချိန်အတွင်းကနေ fast track နှင့်လေ့လာသိရှိသွားစေဖို့ သင်တန်းဘက်ကနေ မျှော်လင့်ပြင်ဆင်ထားပါတယ်။)
ဘာတွေသင်ယူရမှာလည်း....
✅ Project Evaluation Methods
(စီမံကိန်းတစ်ခုလုပ်ဆောင်ရန် သင့်/မသင့်၊ အကျိုးအမြတ်ရှိ/မရှိ ဆန်းစစ်သုံးသပ်ခြင်းနည်းလမ်းများ၊ FID (final investment decision) ချမှတ်နိုင်ရန် ထည့်သွင်းစဉ်းစားသင့်သည်များကို လေ့လာခြင်း။)
✅ Scope Management & Change Management
✅ Time Management
✅ Cost Management
✅ Procurement Management
✅ Risk Management
✅ Communication Management
(Project communication တွင်သိရှိထားရမည့် Email, Report, Memo, Meeting Minute ရေးသားနည်းများကိုပါထည့်သွင်းသင်ကြားမည်။)
✅ HR Management
✅ Quality Management
✅ Lean Construction Method
✅ Basic Contract Law & Contract Administration
✅ Introduction to Microsoft Project
✅ Negotiation skill
✅ Construction Finance
အစရှိသော Project Management သဘောတရားများကို စာတွေ့ရော လက်တွေ့အတွေ့အကြုံများပါ ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ပါသည်။
သင်ကြားမည့်သူ -
ကိုမျိုးသွင်
🎓 BE, (Mechanical) - Yangon Technological University
🎓 MSc (Mechanics and Processing of Materials) - Nanyang Technological University, Singapore
🎓 Master in Finance - University of Acala, Spain
စင်ကာပူနှင့် မြန်မာနိုင်ငံရှိ Oil & Gas, Infrastructure , Real Estate, Power Generation စသောလုပ်ငန်းနယ်ပယ်အသီးသီးရှိ စီမံကိန်းများတွင် Project Engineer, Project Control Engineer, Lead Project Controller, Program Manager, General Manager အစရှိသော ရာထူးတာဝန်များကို (၁၅) နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်လာသန်းရာချီဘတ်ဂျက်ရှိသောစီမံကိန်းကြီးများနှင့် Fortune 500 စာရင်းဝင်နိုင်ငံတကာကုမ္ပဏီများတွင် လုပ်ငန်းအတွေ့အကြုံများရရှိလုပ်ကိုင်ခဲ့ပါသည်။
🔸 သင်တန်းချိန် - Sat & Sun: 6 pm to 8 pm (သင်တန်းချိန်စုစုပေါင်း နာရီ ၃၀ ကျော်ကြာမြင့်ပါမည်။)
🔸စတင်မည့်နေ့ရက် - 6 Feb 2021
🔸သင်တန်းကြေး - ၅၀,၀၀၀ ကျပ်
🔸Zoom app ကိုအသုံးပြု၍ online live teaching ဖြင့် သင်ကြားပါမည်။
သင်တန်းပြီးဆုံးအောင် တက်ရောက်သူများသည် Lae Lar Learning မှ Certificate of Completion ရရှိပါမည်။
(Coursera/EdX ကဲ့သို့သော MOOC Platform များတွင် Columbia University; University of California; TU Delft အစရှိသော နိုင်ငံတကာထိပ်တန်းကျောင်းကြီးများမှ Project Management Certificates များကို ရယူလိုသူများအတွက် မိမိကိုယ်တိုင် self-study ဆက်လက်ဆည်းပူးပြီး ကုန်ကျစားရိတ်သက်သာစွာဖြင့် ရယူနိုင်ရန် ဆက်လက်လမ်းညွှန်ကူညီပေးပါမည်။)
သင်တန်းစုံစမ်းအပ်နှံလိုပါက "Send Message" ကိုနှိပ်ပြီး စုံစမ်းမေးမြန်းနိုင်ပါသည်။