FasTracKids Myanmar

FasTracKids Myanmar FasTracKids Myanmar is a franchise school from FasTracKids Int'l, United States. FasTracKids is oper Education

၂၀၂၆ ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက်  "လွတ်လပ်ရေးနေ့" အား ကြိုဆို ဂုဏ်ပြုအပ်ပါသည် 🇲🇲 🙏
04/01/2026

၂၀၂၆ ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် "လွတ်လပ်ရေးနေ့" အား ကြိုဆို ဂုဏ်ပြုအပ်ပါသည် 🇲🇲 🙏

Happy New Year! 🎉 🥳 ✨️ 2026 နှစ်သစ်မှစ၍ ကမ္ဘာသူကမ္ဘာသားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားရေး လာဘ်လာဘများ တိုးတက်က...
31/12/2025

Happy New Year! 🎉 🥳 ✨️

2026 နှစ်သစ်မှစ၍ ကမ္ဘာသူကမ္ဘာသားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားရေး လာဘ်လာဘများ တိုးတက်ကြပါစေကြောင်း Smart Track Education - FasTracKids Myanmar မှ ဆုတောင်းပေးအပ်ပါသည် 🎆🎉

25/12/2025
“လူငယ်လေးများအတွက် ဗုဒ္ဓအသိပညာ သင်တန်း (Batch-8) ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်”မင်္ဂလာပါ ခင်ဗျာ။https://m.facebook.co...
21/10/2025

“လူငယ်လေးများအတွက် ဗုဒ္ဓအသိပညာ သင်တန်း (Batch-8) ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်”

မင်္ဂလာပါ ခင်ဗျာ။

https://m.facebook.com/story.php?story_fbid=1229755682533013&id=100064957771179

ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာအဖွဲ့များ၏ ဦးဆောင်နာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဒေါက်တာဦးစိုးလွင် (မန္တလေး) ၏ ဦးညွှန်းမှုဖြင့် “လူငယ်လေးများအတွက် ဗုဒ္ဓအသိပညာ သင်တန်း” (Batch-8) ကို မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

ဤသင်တန်းသည် အသက် (၇) မှ (၁၂) နှစ်အရွယ်ရှိ ကလေးလူငယ်များအတွက် အထူးသင့်လျော်ပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း Zoom အွန်လိုင်းပပေါ်မှ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

🪷🪷🪷 ဗုဒ္ဓအသိပညာ ဆိုသည်မှာ...?
ဗုဒ္ဓအသိပညာသည် ဘဝတွင် ကြုံတွေ့ရသမျှ ကောင်းမှုများနှင့် ဆိုးမှုများကို ထိုးထွင်းသိမြင်နိုင်စွမ်း အရည်အချင်းဖြစ်ပြီး၊ ကလေးများအား ဘဝခရီးတွင် မှန်ကန်သောအတွေးအမြင်များကို ရယူပေး၍ အခက်အခဲများကို ကျော်လွှားနိုင်စွမ်းများ ပေးစွမ်းနိုင်သည့် ဉာဏ်ပညာတစ်ခု ဖြစ်ပါသည်။

🪷🪷🪷 ဤသင်တန်း၏ ရည်ရွယ်ချက်
ဤသင်တန်းသည် ဗုဒ္ဓဘာသာ၏ လက်တွေ့တန်ဖိုးရှိသော သဘောတရားများအား ရှင်းလင်းပေးပြီး၊ ကလေးလူငယ်များ၏ နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးနိုင်စေခြင်းဖြင့် သူတို့၏ ဘဝခရီးကို ပိုမိုအကောင်းဆုံးဖြတ်သန်းနိုင်စေရန် ရည်ရွယ်ပါသည်။

🪷🪷🪷 လူငယ်လေးများကို ဖိတ်ခေါ်ပါသည်။

ကလေးလူငယ်များအား ဤတန်ဖိုးမဖြတ်နိုင်သော သင်တန်းလေးတွင် ပါဝင်တက်ရောက်ကြရန် နွေးထွေးစွာ ဖိတ်ခေါ်ပါသည်။ ဤသင်တန်းသည် ၎င်းတို့၏ စိတ်နှလုံးကို ဉာဏ်အလင်းဖြင့် ပြည့်စုံစေပြီး မိမိကိုယ်နှင့် ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်မည့် ပထမဆုံးခြေလှမ်းတစ်ရပ် ဖြစ်လာစေပါမည်။

📕 သင်တန်းအချက်အလက်

- ကျင်းပမည့်ရက်: ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ
- အချိန်: ညစဉ် ၇:၀၀ နာရီ
- ကျင်းပပုံစံ: Zoom မှတစ်ဆင့် အွန်လိုင်းသင်တန်း

# # # # စာရင်းပေးသွင်းနည်း

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ လင့်ခ်တွင် Google Form ကို ဖြည့်စွက်ပြီး တင်သွင်းခြင်းဖြင့် စာရင်းသွင်းနိုင်ပါသည်။

[စာရင်းသွင်းရန် လင့်ခ်] https://forms.gle/v4P933fLnTLXv9o98

- စာရင်းပိတ်မည့်ရက်: ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်

- Zoom လင့်ခ် ပေးပို့မည်: ၂၀၂၅ ခုနှစ် မေလ (၁၂) ရက်တွင် အီးမေးလ် နှင့် Viber အဖွဲ့ မှတစ်ဆင့် ပို့ပေးပါမည်။

ကလေးလူငယ်များ၏ အနာဂါတ်အတွက် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ ပါဝင်ကြပါစို့။

စိတ်ဝင်စားမှု နှင့် ပံ့ပိုးမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။

🙏🪔🪷 ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စီးပွား လာဘ်လာဘများ ဒီရေအလား တ...
05/10/2025

🙏🪔🪷 ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စီးပွား လာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🪷🪔🙏

19/07/2025

ယနေ့တွင်ကျရောက်သော ၇၈ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရ၀ ပြုအပ်ပါသည် 🇲🇲🥀🥀

ယနေ့ မေလ တစ် ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့၌ ကမ္ဘာပေါ်ရှိ နေရာဒေသအသီးအသီး၊ နယ်ပယ်အသီးအသီးတွင် တာ၀န်ကိုယ်စီဖြင့်လုပ်က...
01/05/2025

ယနေ့ မေလ တစ် ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့၌ ကမ္ဘာပေါ်ရှိ နေရာဒေသအသီးအသီး၊ နယ်ပယ်အသီးအသီးတွင် တာ၀န်ကိုယ်စီဖြင့်လုပ်ကိုင်နေကြသော အလုပ်ရှင်များ အလုပ်သမားများ သက်ဆိုင်ရာနယ်ပယ်များမှာ အောင်မြင်မှုများရကြပါစေ၊ ကျန်မာပျော်ရွှင်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ကြပါစေကြောင်း Smart Track Education မှ ဂုဏ်ပြုဆုတောင်းအပ်ပါသည် 🫡 🙏 💐💯

✨🎊 မင်္ဂလာရှိသောနှစ်သစ်ကူး အခါသမယမှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်လိုအင်ဆန္ဒအဝဝ ပြည့်စုံကြပါစေကြောင်းSmart Trac...
17/04/2025

✨🎊 မင်္ဂလာရှိသောနှစ်သစ်ကူး အခါသမယမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်
လိုအင်ဆန္ဒအဝဝ ပြည့်စုံကြပါစေကြောင်း
Smart Track Education - S.A.M Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🎊✨

မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူများအား အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်း ...
01/04/2025

မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူများအား အနက်ရှိုင်းဆုံး ဝမ်းနည်းကြောင်း Smart Track Education မိသားစုမှ သဝဏ်လွှာပေးပို့အပ်ပါသည်။

မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ ဆုံးရှုံးခဲ့ရသူတိုင်းအတွက် ကျွန်ုပ်တို့လည်း ထပ်တူစိတ်နှလုံးအကြွင်းမဲ့ ဝမ်းနည်းခံစားရပါသည်။ ဤကပ်ဘေးဒဏ်ကို ခံစားနေရသူများအားလုံး စိတ်ဓာတ်မကျဘဲ အားတင်းနိုင်ပါစေကြောင်း၊ ပျောက်ဆုံးသွားသူများအား ဘဝနောက်တစ်ဆင့်တွင် ချမ်းသာကြပါစေကြောင်း၊ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

ဤအခက်အခဲကာလတွင် ငလျင်ဘေးသင့်ဒေသများရှိပြည်သူများနှင့် ကျွန်ုပ်တို့ Smart Track Education မိသားစုသည် တစ်သားတည်းရှိနေပါသည်။

မိမိချစ်ရသူများနှင့်အတူ မိမိပိုင်ဆိုင်သောအိုးအိမ်ရတနာများ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏🥀🥀

Smart Track Learning Center - S.A.M Myanmar extends deepest condolences to those who lost lives, families, and homes due...
01/04/2025

Smart Track Learning Center - S.A.M Myanmar extends deepest condolences to those who lost lives, families, and homes due to the earthquake disaster across Myanmar. Our hearts ache for every family and loved one affected by this tragedy. May the souls of the departed rest in peace, and may the affected families find strength and resilience in this difficult time. Our thoughts and prayers are with you as you rebuild and heal. 🙏🙏🙏🥀🥀

Address

46D1, Kokkine Avenue Street, Golden Valley (2), Bahan Township
Yangon
11201

Alerts

Be the first to know and let us send you an email when FasTracKids Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to FasTracKids Myanmar:

Shortcuts

Share

Category