SHWE Education

SHWE Education ဘဝအောင်မြင်မှုအတွက်
English Classes
Speaking Class

ကလေး ၈ နှစ်မှ ၁၃ နှစ်ထိ ဝေါဟာရ တိုးလာစေမယ့် သင်တန်း Batch 1ဝါကျပေါင်းများစွာ ၊ ပုံများစွာနဲ့ သင်ယူရတဲ့အတန်း ဖြစ်ပါတယ်
14/12/2025

ကလေး ၈ နှစ်မှ ၁၃ နှစ်ထိ ဝေါဟာရ တိုးလာစေမယ့် သင်တန်း Batch 1
ဝါကျပေါင်းများစွာ ၊ ပုံများစွာနဲ့ သင်ယူရတဲ့အတန်း ဖြစ်ပါတယ်

27/11/2025
23/11/2025
ကလေးများအတွက် ထူးခြားကောင်းမွန်တဲ့ အင်္ဂလိပ်စာ သင်တန်း💥 ဒီ အင်္ဂလိပ်စာ သင်တန်းက တမူထူးခြားတဲ့ အတန်းတစ်ခုဖြစ်တယ်။ ✅  ဝေါဟ...
23/11/2025

ကလေးများအတွက် ထူးခြားကောင်းမွန်တဲ့ အင်္ဂလိပ်စာ သင်တန်း

💥 ဒီ အင်္ဂလိပ်စာ သင်တန်းက တမူထူးခြားတဲ့ အတန်းတစ်ခုဖြစ်တယ်။

✅ ဝေါဟာရ တိုးလာရင် အသိဉာဏ် ဆင်ခြင်တုံတရား ပိုတိုးမြင့်လာတယ်လို့ ပညာရှင်တွေက ဆိုတယ်။

💡ဒီသင်တန်းက ကလေးတွေကို ဝေါဟာရတိုးလာဖို့နဲ့ ဝေါဟာရကနေ
တဆင့် အသိဗဟုသုတတိုးဖို့ ဆင်ခြင်တတ်ဖို့ ရည်ရွယ်ပါတယ်။

✍️ စင်္ကာပူသင်ရိုးစာအုပ်ဖြစ်တဲ့ ဝေါဟာရများကို လေ့လာခြင်း စာအုပ် series ကို ပြဌာန်းပြီး သင်ပေးသွားမှာ ဖြစ်ပါတယ်။ ရုပ်ပုံတွေပါတယ်။ ဝေါရဟာများစွာ ပါဝင်တယ်။ ဝါကျများစွာနဲ့ လေ့ကျင့်ခန်းတွေပေးထားတယ်။ စာအုပ်ကို ပုံမှာ ပြပေးထားပါတယ်။ စာအုပ်က စုစုပေါင်း ၆ အုပ်ရှိပါတယ်။ ကလေးအရွယ် ၈ နှစ် ကနေ ၁၃ နှစ်ထိကို စာအုပ်စဉ် ၁-၂-၃ ကို သင်ပေးသွားမှာ ဖြစ်ပါတယ်။

👍 သင့်ကလေး အင်္ဂလိပ်စာတော်လာဖို့ ၊ ဝေါဟာရ ကြွယ်လာဖို့ ၊ စဉ်းစားဆင်ခြင်တတ်ဖို့ ၊ ဆရာရဲ့ ဖြည့်စွက်ရှင်းပြတတ်မှုတွေကြောင့် ဒီသင်တန်းက အကောင်းဆုံး စိတ်ချရဆုံး ဖြစ်ပါတယ်။

🎉 ကျောင်းသင်ခန်းစာမှာလည်း အလိုအလျောက် ထူးချွန်လာပြီး ဆုရယူလာနိုင်သည်ထိ မျှော်မှန်းနိုင်ပါတယ်။

🌟 အိမ်စာလေ့ကျင့်ခန်းများဖြင့် ကလေးရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

⏳သင်တန်းအချိန်က

ကြာသပတေး ၅-၆ နာရီ ( ညနေ )
သောကြာ ၅-၆ နာရီ( ညနေ )

( တစ်ပတ် ၂ ရက် )

🤝 သင်တန်း စမည့်နေ့

ဒီဇင်ဘာလ ၄ ရက်နေ့

💰 လစဉ်‌ကြေး

တစ်လ ၅ သောင်းကျပ် (သို့)
တစ်လ ဘတ် ၄၀၀

📔 ဝယ်ယူရမည့် စာအုပ်

ပုံမှာ ပြထားသည့် စာအုပ်များကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

မိမိဘာသာ ဝယ်ယူနိုင်သလို ဆရာဆီကလည်း ဝယ်ယူနိုင်ပါတယ်။

ဆရာဆီက ဝယ်ယူလိုပါက
၃ အုပ်တွဲကို ဘတ် ၃၅၀ နဲ့ ပို့ခအပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျ။

၆ အုပ်တွဲ ဝယ်ယူလိုပါက ဘတ် ၄၅၀ နဲ့ ပို့ခ အပြီး ဝယ်ယူနိုင်ပါတယ် ခင်ဗျ။

🌐 သင်ယူရမည့်ပုံစံ

အွန်လိုင်းမှ ဆရာဖြင့် တိုက်ရိုက် သင်ပေးသွားမှာ ဖြစ်ပါတယ်။
Zoom (သို့) Google Meet ဖြင့် သင်ပေးသွားမှ ဖြစ်ပါတယ်။

☎️ ယခုပဲ စုံစမ်းမေးမြန်းဖို့

+66946626040
( Viber ; Telegram )

တော်တော် မွှေတဲ့ chch က ပုံမှန်ဆိုရင် "ချ" သံထွက်တယ်။ဒါပေမယ့် အသံပုံစံပြောင်းသွားတာကိုလည်း မကြာခဏ တွေ့ရပါလိမ့်မယ်။ အသံ ၃...
23/11/2025

တော်တော် မွှေတဲ့ ch

ch က ပုံမှန်ဆိုရင် "ချ" သံထွက်တယ်။

ဒါပေမယ့် အသံပုံစံပြောင်းသွားတာကိုလည်း မကြာခဏ တွေ့ရပါလိမ့်မယ်။ အသံ ၃ သံနဲ့ ပြုမူဆောင်ရွက်ပါတယ်။

ဥပမာ ပေးရရင်

(၁) *ချ* အသံကို လေ့လာကြည့်မယ်

check (ချဲခ်) စစ်ဆေးသည်
kitchen ('ခစ်ချင်းန်) မီးဖိုချောင်
catch (ခဲ့ခ်ျ) ဖမ်းသည်

(၂) *ရှ* အသံထွက်နာကိုလည်း လေ့လာကြည့်ကြစို့။

chef (ရှဲဖ်) စားဖိုမှူး
machine (မ'ရှင်းန်) စက်ပစ္စည်း
chic (ရှီးခ်) ခေတ်ဆန်ကြော့မော့သော

(၃) *ခ* အသံလည်းထွက်သေးတယ်။ လေ့လာကြည့်ပါဦး။

school (စခူးလ်) ကျောင်း
echo (အဲ့ခိုး) ပဲ့တင်သံ
stomach ('စထမတ်ခ်) အစာအိမ်

အင်္ဂလိပ်စာ အသိ ဗဟုသုတ များစွာ ရကြပါစေ

ဆရာသူရရွှေ

She is lying on her back?
18/11/2025

She is lying on her back?

He is lying on his side.
18/11/2025

He is lying on his side.

She is lying on her front.
18/11/2025

She is lying on her front.

17/10/2025

My mother had me ....

ငါ့အမေက ငါ့ကို မွေးခဲ့တယ်

ဒါကို ၅ ခါလောက်ရွတ်လိုက်ပါ။

"ငါ့အမေက ငါ့ကို မွေးတယ်"

* ဘယ်မှာမွေးလဲ
* ဘယ်အချိန်မှာမွေးလဲ

ဆိုတဲ့ ပုံစံလေးတွေနဲ့ စကားပြော ဝါကျ တည်ဆောက်ကြည့်ပါမယ်။

* ငါ့အမေက ငါ့ကို အိမ်မှာ မွေးတာ။
My mother had me at home.

* ငါ့အမေက ငါ့ကို ဆေးရုံတစ်ခုမှာ မွေးတယ်။
My mother had me in a hospital.

* ငါ့အမေက ငါ့ကို မြို့မှာ မွေးတယ်။
My mother had me in the city.

* ငါ့အမေက ငါ့ကို သူ့ရွာမှာ မွေးတာ။
My mother had me in her village.

* ငါ့အ‌မေက ငါ့ကို မေလမှာ မွေးတာ။
My mother had me in May.

* ငါ့အမေက ငါ့ကို တနင်္ဂနွေ မနက်ခင်းတစ်ခုမှာ မွေးတာ။
My mother had me on a Sunday morning.

* ငါ့အမေက ငါ့ကို သူ့အသက် ၂၅ မှာ မွေးတာ။
My mother had me when she was 25.

Saya Thura Shwe
ဆရာသူရရွှေ

24/09/2025

မှတ်ပါ ပြောပါ

* သူမက ကြောက်နေတယ်။
She looks afraid.

* သူက ကြောက်စရာ ကောင်းတယ်။
He looks scary.

ဆရာသူရရွှေ

18/09/2025

Address

Byaiyeoezin
Yangon

Website

Alerts

Be the first to know and let us send you an email when SHWE Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share