JPMM Hub

JPMM Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JPMM Hub, Yangon.

07/10/2025

"နိုင်ငံရေးသမားမျိုးရိုးမဟုတ်သူ_ Heavy Metalဒရမ်မာဟောင်း _ ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့နောက်လိုက်တပည့်"

လက်ရှိအချိန်အထိ ဂျပန်မှာ အမျိုးသမီး ဝန်ကြီးချုပ်ဆိုပြီး မရှိသေးပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ဆာနဲ တာကာအိချိ (Sanae Takaichi) ဆိုတဲ့ အမျိုးသမီး နိုင်ငံရေးသမားဟာ ဂျပန်နိုင်ငံရဲ့ အာဏာရပါတီဖြစ်တဲ့ လီဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) ရဲ့ ဥက္ကဋ္ဌအသစ် ဖြစ်လာတာကြောင့် ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာဖို့ လမ်းပွင့်နေပြီ လို့ ပြောရမှာဖြစ်ပါတယ်။ သူက ဝန်ကြီးချုပ်ဟောင်း ရှိဂဲရု အီရှီဘာ (Shigeru Ishiba) နေရာကို ဆက်ခံမှာဖြစ်ပြီး၊ ပါလီမန်ကနေ တရားဝင် အတည်ပြုလိုက်တာနဲ့ ဂျပန်သမိုင်းမှာ မှတ်တမ်းတင်ရတော့မှာပါ။

ကဲ၊ ဒါဆိုရင် ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတော့မယ့် Sanae Takaichi ဆိုတာဘယ်သူလဲ?

#နိုင်ငံရေးသမားမျိုးရိုးမဟုတ်သူ

ဂျပန်နိုင်ငံရဲ့ ပုံမှန် နိုင်ငံရေးသမားမျိုးရိုး (ဖခင် သို့မဟုတ် အဖိုးဖြစ်သူက နိုင်ငံရေးသမားဖြစ်ခြင်း) ကနေ ဆင်းသက်လာတာ မဟုတ်ပါဘူး။ ဒါဟာ ဂျပန်နိုင်ငံရေးလောကမှာ ရှားပါးပါတယ်။ Nara ခရိုင် ဇာတိဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Kobe University ကနေ Business Administration ဖြင့် ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်ဟောင်း Patricia Schroeder ၏ရုံးခန်းမှာ အလုပ်သင် (Intern) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားကနေ ရခဲ့တဲ့ အတွေ့အကြုံတွေက သူ့ရဲ့ နိုင်ငံရေးခံယူချက်တွေကို အထောက်အကူပြုခဲ့တယ်လို့ဆိုရမှာပါ။ ၁၉၉၃ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် စတင်အရွေးခံခဲ့ရပြီး၊ ဂျပန်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုအဆင့်ကို တက်လှမ်းဖို့ ကြိုးပမ်းခဲ့တဲ့ သက်တမ်းရင့် နိုင်ငံရေးသမားတစ်ဦးပါ။ သူဟာ အာဏာရ လီဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) အတွင်းမှာ ရှေးရိုးစွဲဝါဒီ (Conservative) အဖြစ် ထင်ရှားပါတယ်။ ဂျပန်ရဲ့ အစိုးရအဖွဲ့ (Cabinet) နဲ့ ပါတီအတွင်းမှာ ၂၀၂၂ ဝန်ကြီးချုပ် ခိရှိဒါ လက်အောက်မှာ စီးပွားရေးနှင့်လုံခြုံရေး ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ရှင်ဇို အာဘေး လက်ထက်မှာ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ၂၀၁၄ – ၂၀၁၇ / ၂၀၁၉ – ၂၀၂၀ နှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၄ – ၂၀၁၅မှာတော့ အမျိုးသမီးရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ Takaichi ဟာ LDP ပါတီခေါင်းဆောင်နေရာအတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသူပါ။၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ဖူမီယို ခိရှိဒါကို ရှုံးနိမ့်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိဂဲရု အီရှီဘာကို ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် (အောက်တိုဘာ) တတိယအကြိမ်မြောက် ကြိုးပမ်းမှုမှာတော့ အောင်မြင်ခဲ့ပြီး LDP ပါတီရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
__________________

်မာဟောင်းကြီး

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ တာကာအိချိဟာ နိုင်ငံရေးလောကကို မဝင်ခင်ကတည်းက စိတ်ဝင်စားစရာကောင်းတဲ့ ဘဝနောက်ခံ ရှိခဲ့ပါတယ်။ သူဟာ တက္ကသိုလ်တက်တုန်းက "ဟဲဗီးမက်တယ် (Heavy Metal)" တီးဝိုင်းတစ်ခုမှာ ဒရမ်တီးခဲ့ဖူးသူတစ်ဦးပါ။ ဂျပန်ရဲ့ ခက်ထန်ပြီးအစဉ်အလာကြီးတဲ့ နိုင်ငံရေးလောကထဲက အမျိုးသမီးတစ်ယောက်၊ (အထူးသဖြင့် အာဏာရပါတီရဲ့ ခေါင်းဆောင်တစ်ယောက်က) ငယ်စဉ်က ဒီလိုမျိုး ရော့ခ်ဂီတနဲ့ ပတ်သက်ခဲ့ဖူးတာကတော့ တကယ်ကို ရှားရှာပါးပါးဖြစ်းပါတယ်။ ဒါ့အပြင် သူက မော်တော်ဆိုင်ကယ်စီးရတာ နဲ့ ရေငုပ်ရတာ ကိုလည်း ကြိုက်တဲ့သူလို့ ဆိုပါတယ်။ ဒီအချက်တွေက သူ့ရဲ့ စိတ်နေသဘောထားက ပုံမှန် နိုင်ငံရေးသမားတွေထက် ပြတ်သားပြီး ရဲရင့်တယ် လို့ကောက်ချက်ချကြတာမျိုးတွေလဲတွေ့ရပါတယ်။

Thatcher ကို အားကျသူ

သူ့ရဲ့ နိုင်ငံရေး ခံယူချက်ကတော့ အလွန်ကို ရှေးရိုးစွဲ Ultra-conservative ဆန်ပါတယ်။ သူ့ရဲ့ စံပြပုဂ္ဂိုလ်ကတော့ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်တဲ့ မာဂရက် သက်ချာ (Margaret Thatcher) ပါ။ သက်ချာကို "သံမဏိသခင်မ" လို့ ခေါ်ကြသလို၊ Sanae Takaichi ဟာလည်း သူ့ရဲ့ ခံယူချက်တွေကို ခိုင်ခိုင်မာမာ ကိုင်စွဲပြီး ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူပါ။ ဒါကြောင့် သူ့ရဲ့ မူဝါဒတွေဟာ ဂျပန်ရဲ့ လုံခြုံရေးကို အားကောင်းစေဖို့ နဲ့ "ဂျပန် ဦးစားပေး JAPAN FIRST" နိုင်ငံခြားရေးမူဝါဒကို ပိုပြီး အလေးပေးလေ့ရှိပါတယ်။

#အမျိုးသမီးများအတွက်တံခါးဖွင့်သူဖြစ်မလား? #ရှေးရိုးစွဲသမားဖြစ်မလား?

စိတ်ဝင်စားစရာကောင်းတာက၊ Sanae Takaichi ဟာ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတော့ မဟုတ်ပါဘူး။ Sanae Takaichi က လက်ထပ်ပြီးစုံတွဲတွေ နာမည်ကို မခွဲခြားဘဲ တစ်ခုတည်းသာ သုံးစွဲရမယ် ဆိုတဲ့ ရှေးဟောင်းဥပဒေကို ထောက်ခံသူပါ။ (ဒီကိစ္စက ဂျပန်မှာ အမျိုးသမီးတွေ ကိုယ့်နာမည်ရင်းကို ဆက်ထိန်းထားဖို့ခက်ခဲစေတဲ့ ကိစ္စဖြစ်မို့ ဝေဖန်ခံရဖူးပါတယ်)။ သူက ဘုရင့်မျိုးဆက် ဆက်ခံမှုမှာလည်း အမျိုးသားကသာ ဆက်ခံသင့်တယ် လို့ ရပ်တည်သူဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ၊ သူ့ရဲ့ ကက်ဘိနက်အဖွဲ့ဝင်တွေမှာ အမျိုးသမီးဝန်ကြီး ရာခိုင်နှုန်းကို တိုးမြှင့်သွားမယ် လို့လည်း ကတိပေးထားပါတယ်။ ဒါကြောင့် "သူဟာ ရာထူးအရတော့ အမျိုးသမီးတွေကို လမ်းဖွင့်ပေးလိုက်တာ၊ ဒါပေမဲ့ မူဝါဒအရတော့ ရှေးရိုးစွဲဖြစ်နေသေးတာလား" ဆိုပြီး နှစ်ဖက်အမြင်တွေ ကွဲပြားနေပါသေးတယ်။

#ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့နောက်လိုက်တပည့်

Sanae Takaichi ဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး (Shinzo Abe) ရဲ့ မဟာမိတ်နောက်လိုက်တပည့် တစ်ယောက်ပါ။ အာဘေးရဲ့ အမျိုးသားရေးဝါဒ နဲ့ စစ်ရေးအင်အား တောင့်တင်းစေချင်တဲ့ မူဝါဒ တွေကို သူက ဆက်လက် ထောက်ခံသူပါ။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့တဲ့ ဂျပန်စစ်သည်တွေကို ဂုဏ်ပြုတဲ့ ယာ့ဆုကူနိ နတ်ကွန်း (Yasukuni Shrine) ကိုလည်း သူက ပုံမှန် သွားရောက်လည်ပတ်လေ့ရှိတဲ့အတွက် တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဘက်ကနေလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

#နိုင်ငံခြားသားများအပေါ်အမြင်

သူမဟာ ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုလားသူပါ။ အဓိကအားဖြင့် ဂျပန်နိုင်ငံအတွင်း နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို စနစ်တကျ စောင့်ကြည့် စီမံခန့်ခွဲနိုင်ဖို့အတွက် ဗဟိုဦးစီးဌာန (Command Center) တစ်ခု ထူထောင်ဖို့ကို သူက တိုက်တွန်းခဲ့ပါတယ်။ ဒီလို ဗဟိုချုပ်ကိုင်မှုက နိုင်ငံခြားသားတွေကြောင့် ဖြစ်လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်လိမ့်မယ်လို့ သူကယုံကြည်ပါတယ်။
သူမရဲ့ မူဝါဒတွေမှာ "ဂျပန် ဦးစားပေး" ဆိုတဲ့ ခံယူချက်က အခိုင်အမာပါဝင်နေပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို လက်ခံရာမှာ ဂျပန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ လုံခြုံရေး ကို အဓိကထားပြီး စိစစ်ကန့်သတ်သင့်တယ်လို့ ရှုမြင်ပါတယ်။

တစ်ဖက်မှာ ဂျပန်နိုင်ငံဟာ သက်ကြီးရွယ်အိုဦးရေ များလာပြီး လုပ်သားရှားပါးမှုပြဿနာကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံခြားသားကျွမ်းကျင်လုပ်သား တွေကို ပိုမိုလိုအပ်နေပါတယ်။ တာကာအိချိဟာ ဒီပြဿနာကို ကောင်းကောင်းသိပါတယ်။ စီးပွားရေး တိုးတက်ဖို့အတွက် နိုင်ငံခြားလုပ်သားတွေ လိုအပ်တယ်ဆိုတာကို သူက လက်ခံထားရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရပ်တည်ချက်က နိုင်ငံသားအဖြစ် အခြေချနေထိုင်ဖို့ လမ်းဖွင့်ပေးတာထက်၊ ဂျပန်ရဲ့ လိုအပ်တဲ့ အလုပ်သမားကဏ္ဍကို ဖြည့်ဆည်းပေးနိုင်မယ့် ကျွမ်းကျင်သူတွေကိုသာ ခဏတာခေါ်ယူဖို့ ပိုပြီး အလေးထားပါတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ နိုင်ငံခြားလုပ်သားတွေအပေါ် တရားဝင်မူဝါဒကို တင်းကျပ် နေသလို၊ စီးပွားရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ တိုင်းပြည်စီးပွားရေးအတွက် လိုအပ်တဲ့ လုပ်သားကို ရရှိဖို့ ဆိုတဲ့ အချက်နှစ်ခုကြားမှာ မျှတအောင် ထိန်းညှိလုပ်ဆောင်ရမယ့် စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။

တာကာအိချိရဲ့ နိုင်ငံခြားသားတွေအပေါ်ထားရှိတဲ့ အမြင်တွေဟာ ဂျပန်ရဲ့ ရှေးရိုးစွဲနိုင်ငံရေးသမားတွေရဲ့ ပုံမှန်အမြင် ကို ကိုယ်စားပြုပါတယ်။ သူမကို ထောက်ခံသူတွေကတော့ "ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်ဖို့ လိုအပ်တယ်" လို့ ရှုမြင်ကြတဲ့ LDP ပါတီအတွင်းက ရှေးရိုးစွဲအုပ်စုတွေနဲ့ ပြည်သူလူထုရဲ့ တချို့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ လစ်ဘရယ် (အလယ်အလတ်) နိုင်ငံရေးသမားများကတော့ "သူမရဲ့ မူဝါဒတွေဟာ ဂျပန်ကို တံခါးပိတ်စေပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ အခက်အခဲတွေ ရှိလာနိုင်တယ်" လို့ ဝေဖန်ကြပါတယ်။ လူဦးရေ လျော့ကျနေတဲ့ ဂျပန်လိုနိုင်ငံအတွက် လူဝင်မှုကြီးကြပ်ရေးကို လွန်ကဲစွာ ကန့်သတ်ခြင်းဟာ စီးပွားရေးအတွက် အန္တရာယ်ရှိတယ် လို့လည်း ထောက်ပြကြပါတယ်။
___________________

ဘယ်လိုပဲဖြစ်ဖြစ်၊ ဆာနဲ တာကာအိချိဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် သမိုင်းသစ်ကို ရေးထိုးတော့မှာ သေချာသလောက် ရှိနေပါပြီ။ သူ့လက်ထက်မှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ စောင့်ကြည့်ရမယ့် ကာလပဲ ဖြစ်ပါတယ်။

2025/10/07 JPMM Hub
Takaichi

23/06/2025

အီရန်အ​ရေး​ကြောင့် ဂျပန်​ပေါ် ဘာ​တွေ သက်​ရောက်မှု ရှိမလဲ❓🇯🇵🇮🇷

အရင်ဆုံး ဂျပန်နဲ့အီရန်က ဘယ်လိုဆက်ဆံ​ရေးမျိုးရှိလဲဆိုတာ သ်ိထားဖို့လိုပါတယ်။ တကယ်​တော့ ဂျပန်နဲ့ အီရန် ဆက်ဆံရေးဟာ နှစ်ရှည်ကာလများစွာတည်းက တည်ရှိခဲ့တာပါ။ နှစ်နိုင်ငံဆက်ဆံ​ရေးမှာ Energy Security နဲ့ Diplomatic Engagement တွေက အဓိကကျပါတယ်။

________________
ရေနံတင်သွင်းမှု _ Oil Imports 🛢

အားလုံးသိတဲ့အတိုင်း ဂျပန်ဟာ သဘာဝသယံဇာတ နည်းပါးတာကြောင့် Crude Oil နဲ့ Natural Gas ကို ပြည်ပကနေ Highly Dependent လုပ်ကိုလုပ်ရပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာဆိုရင် အီရန်ဟာ ဂျပန်ရဲ့ အဓိကရေနံတင်ပို့သူ ဖြစ်ခဲ့ပြီး စုစုပေါင်း ရေနံတင်သွင်းမှုရဲ့ ၅၀% နီးပါး အထိရှိခဲ့ဖူးပါတယ်လို့သိရပါတယ်။ (Source: The Jerusalem Strategic Tribune)
၁၉၇၉ အီရန် အစ္စလာမ်မစ်တော်လှန်ရေး နောက်ပိုင်းမှာတောင် ၂၀၁၁ ခုနှစ်အထိ ဂျပန်ရဲ့ ရေနံတင်သွင်းမှုရဲ့ ၁၀% ဝန်းကျင်ဟာ အီရန်ကနေ လာခဲ့ပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကြောင့် International Sanctions တွေ ကျရောက်လာတဲ့အခါ ဂျပန်ဟာ အီရန်ဆီက ရေနံတင်သွင်းမှုကို သိသိသာသာ လျှော့ချခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် စာရင်းအရဆိုရင်​တော့ ဂျပန်ရဲ့ Crude Oil တင်သွင်းမှုရဲ့ ၉၀% ကျော်ဟာ Middle East ဒေသကနေ လာတာဖြစ်ပြီး၊ အဓိကအားဖြင့် ဆော်ဒီအာရေဗျ (Saudi Arabia)၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နဲ့ ကူဝိတ် (Kuwait) တို့ကနေ ဖြစ်ပါတယ် (Source: IEA, Enecho)။

________________

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု (Business & Investment)💴

ရေနံကဏ္ဍအပြင် ဂျပန်ကုမ္ပဏီတွေဟာ အီရန်ရဲ့ Infrastructure Development အပြင် Automobile Industry ​တွေနဲ့ အခြား​သော Industrial Sectors တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ရှိခဲ့ဖူးပါတယ်။

ဥပမာ - ၁၉၉၂ ဘဏ္ဍာရေးနှစ်မှာ ဂျပန်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Direct Investment) ဟာ အီရန်မှာ အမေရိကန်ဒေါ်လာ ၃၇၈ သန်း (US$378 million) ရှိခဲ့ပါတယ် (Source: MOFA Japan) ။

ဒါပေမဲ့ နိုင်ငံတကာရဲ့ Sanctions တွေကြောင့် Direct Investment နဲ့ Trade တွေ အများစုဟာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဂျပန်ရဲ့ အီရန်အပေါ် Outward Foreign Direct Investment Position ဟာ JPY 1,433.676 million ( roughly US$9.1 million) သာရှိပါ​တော့တယ် (Source: CEIC Data)။
________________

သံတမန်အခန်းကဏ္ဍ (Diplomatic Role) 📢

ဂျပန်ဟာ Middle East ဒေသရဲ့ Stability ကို အလေးထားပြီး Non-Confrontational Diplomacy ကို ကျင့်သုံးတဲ့ နိုင်ငံပါ။ ဒါကြောင့် အီရန်နဲ့လည်း Good Diplomatic Relations ကို ထိန်းသိမ်းထားလေ့ရှိပြီး ဒေသတွင်း Tensions တွေကို လျှော့ချရာမှာလည်း Mediator တစ်ဦးအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အရင်ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကိုယ်တိုင် ၂၀၁၉ ခုနှစ်မှာ အီရန်ကို သွားရောက်ခဲ့ဖူးပြီး​တော့ US-Iran Tensions တွေကို လျှော့ချဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဂျပန်ရဲ့ ဒီလိုdiplomacy ချဉ်းကပ်မှုအရ Energy Security နဲ့ Regional Peace နဲ့ ပတ်သက်ပြီး အီရန်အပေါ် စိတ်ဝင်စားမှုရှိတယ်လို့ ယူဆလို့ရပါတယ်။

______________________________________________________

လက်ရှိ အရှေ့အလယ်ပိုင်း အီရန်အရေးက ဂျပန်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ ❓

လက်ရှိ အစ္စရေး/အ​မေရိကန်-အီရန် တင်းမာမှုတွေအပါအဝင် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ ဂျပန်အတွက် ​တော်တော်သိသာမယ့် Concerns အကြီးကြီးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

⚠️ရေနံစျေးနှုန်းများ မြင့်တက်မယ် (Oil Price Spikes)

Middle East ဒေသဟာ ကမ္ဘာ့ရေနံထွက်ရှိမှုရဲ့ လုံးဝ Critical Part တစ်ခု ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ရေနံနဲ့ ရေနံထွက်ကုန် ၂၀% ခန့် (တစ်နေ့ကို ပျမ်းမျှ စည် ၂၀ သန်း) ဟာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကနေ ဖြတ်သန်းပါတယ်။ အီရန်နဲ့ပတ်သက်တဲ့ Geopolitical Tensions တွေ ပိုမိုပြင်းထန်လာရင် Global Oil Prices တွေ အကြီးအကျယ် မြင့်တက်လာနိုင်တယ်ပါတယ်။ ဒိလိုဆိုရင် ဂျပန်ဟာ ရေနံကို ပြည်ပကနေ အဓိကတင်သွင်းရတာကြောင့် ရေနံစျေးနှုန်း တိုးလာတာနဲ့အမျှ ဂျပန်စီးပွားရေးအပေါ် ကြီးကြီးမားမား Impact ရှိလာနိုင်ပါတယ်။ အ​ခြေခံအားဖြင့် ဂျပန်မှာ Energy Costs တွေ တိုးလာပြီး Manufacturing Costs တွေလည်း မြင့်တက်လာနိုင်ပါတယ်။ ဆို​တော့ အခုဆီ​စျေးနဲ့ ကားစီးလို့မရ​လောက်​တော့ပါဘူး။

⚠️ရေနံထောက်ပံ့မှု လမ်းကြောင်းများ ထိခိုက်နိုင်(Disruption to Supply Routes)

အရှေ့အလယ်ပိုင်းမှာ Escalation of Conflict ဖြစ်လာရင် ရေနံတင်ပို့ရာမှာ အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားလို Chokepoints တွေ ပိတ်ဆို့ခံရနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ Strait of Hormuz ကနေ ဖြတ်သန်းသွားတဲ့ Crude Oil နဲ့ Petroleum Product တွေရဲ့ ၈၃% - ၈၄% ဟာ အာရှဈေးကွက်ကို ဦးတည်ပါတယ်။ အဲဒီအထဲမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့ဟာ Crude Oil စီးဆင်းမှုရဲ့ ၆၉% ကို ရယူခဲ့ပါတယ် (Source: Financial Express quoting EIA)။ ဆို​တော့ ဒီလိုဖြစ်ခဲ့ရင် ဂျပန်ရဲ့ Energy Supply Chain Security ကို ကြီးမားစွာ ထိခိုက်စေပြီး ဂျပန်စီးပွားရေးမှာ ​မ​ရေတွက်နိုင်တဲ့ Challenges တွေ ရင်ဆိုင်လာရနိုင်ပါတယ်လို့ ယူဆနိုင်ပါတယ်။

⚠️ဒေသတွင်း တည်ငြိမ်ရေးနှင့် ဂျပန်၏ သံတမန်အခန်းကဏ္ဍ (Regional Stability & Japan's Diplomatic Role)

ဂျပန်ဟာ Middle East ဒေသမှာ Peace and Stability ကို ​ခေတ်အဆက်ဆက် အပြင်းအထန်ဆုံး လိုလားသူပါ။ အီရန်နဲ့ပတ်သက်တဲ့ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာရင် ဒေသတွင်း Instability တွေ များပြားလာပြီး ဂျပန်ရဲ့ ဒေသတွင်း Investments နဲ့ Business Operations တွေကို ထိခိုက်စေနိုင်ပါတာ​ကြောင့်ပါ။

⚠️ရေကြောင်းလုံခြုံရေး (Maritime Security):

အခုလက်ရှိအချိန် အ​ရှေ့အလယ်ပိုင်းဒေသပင်လယ်ပြင်မှာ Tensions တွေ တက်နေတာကြောင့် ဂျပန်ရဲ့ Merchant Vessels တွေရဲ့ ရေကြောင်းလုံခြုံရေး ကလည်း အဓိကစိုးရိမ်စရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဂျပန်ကြီးက သူ့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကာကွယ်ဖို့အတွက် ဂျပန်ကာကွယ်​ရေးတပ်(JSDF) ကို အ​ရှေ့အလယ်ပိုင်းဒေသမှာ ပုံမှန်စေလွှတ်ပြီး Information-Gathering Missions လိုမျိုး​တွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဒါ​ပေမယ့် အခုလိုတင်းမာမှုတွေကြောင့် JSDF လဲ တိုင်ပက်​နေပါလိမ့်မယ်။

🙏ကြားဝင်ဆောင်ရွက်ရင်​ရော?

ဂျပန်ဟာ အီရန်နဲ့ Western Powers (အထူးသဖြင့် US) ကြားမှာ Dialogue ကို မြှင့်တင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ Tensions တွေ ပိုမိုမြင့်မားလာပြီး Full-Blown Conflict အသွင်ဆောင်လာရင် ဂျပန်ရဲ့ Diplomatic Leverage နဲ့ Mediation Efforts တွေဟာ ဘယ်လိုမှ တိုးမ​ပေါက်နိုင်ပါဘူး ။
______________________________________________________

နိဂုံးအ​နေနဲ့ဆိုရင် လက်ရှိ အရှေ့အလယ်ပိုင်းဒေသရဲ့ အခြေအနေ၊ အထူးသဖြင့် အီရန်နဲ့ပတ်သက်တဲ့ Geopolitical Dynamics တွေဟာ ဂျပန်ရဲ့ Energy Security နဲ့ Overall Economic Stability အပေါ် တိုက်ရိုက် Impact ​တွေရှိလာနိုင်ပါတယ်။ ဒါ့​ကြောင့် အ​ရှေ့အလယ်ပိုင်းဒေသတွင်း Peace and Stability အတွက်လည်း Diplomatic Initiatives တွေကို ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိပါတယ်။ (​၂ဖက်လုံး တော်ကြပါ​တော့လို့ ထိုင်​အော်​ဦးမှာပါ🤣) ဂျပန်ကြီးအတွက် အ​ရှေ့အလယ်ပိုင်း​ဒေသရဲ့တည်ငြိမ်မှုဆိုတာ အ​ရေးကြီးပါတယ်။ ဘာလို့လဲဆို​တော့ သူတို့ရဲ့ စီးပွားရေး "Lifeline" က အ​ရှေ့အလယ်ပိုင်းကရေနံဖြစ်​နေလို့ပါပဲ။

ဘယ်လိုဖြစ်မလဲဆိုတာ​တော့ ဆက်​စောင့်ကြည့်ရပါမယ်။ 👽

Japan-Myanmar Hub | JPMM Hub | 20250623

Photos from 願いと夢's post 19/08/2021
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
11201