Abundance Brilliant Education Centre

Abundance Brilliant Education Centre

Share

🌟 𝐆𝐨𝐥𝐝𝐞𝐧 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐭𝐨 𝐁𝐫𝐢𝐠𝐡𝐭𝐞𝐫 𝐅𝐮𝐭𝐮𝐫𝐞 - ရွှေရောင်အုတ်မြစ်မှ တောက်ပသော အနာဂတ်များဆီသို့ 🌟

Photos from Abundance Brilliant Education Centre's post 13/05/2026

သားသားမီးမီးတို့ ကျောင်းတက်ဖို့အတွက် Ready ဖြစ်ကြပြီလား?
- ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်သွားရမလဲ?
* လွယ်အိတ်လား
* စာအုပ်လား
* ကွန်ပါဘူးလား
* ထမင်းဘူးအသစ်လား
*Uniform လား
အဲ့တာတွေက ကျောင်းတက်ဖို့အတွက် မရှိမဖြစ်ဆိုတာ မှန်ပါတယ်နော်။ ဒါပေမယ့် ကလေးလေးတွေရေ အရင်ဆုံး စိတ်ကိုအရင် ပြင်ဆင်ရမယ်နော်။ ဘယ်လိုစိတ်မျိုးဖြစ်အောင်ပြင်ဆင်ရမလဲ ဆိုရင်

၁။ "ကျောင်းဆိုတာ ပျော်စရာကမ္ဘာလေးပါ" လို့ တွေးထားမယ်
​ကျောင်းက စာပဲသင်ရတဲ့နေရာ မဟုတ်ဘူးနော်။ ကိုယ်မသိသေးတဲ့ အရာတွေကို စမ်းသပ်ကြည့်လို့ရတဲ့ နေရာ၊ သူငယ်ချင်းတွေနဲ့ ကစားလို့ရတဲ့နေရာ၊ ပုံပြင်တွေနားထောင်လို့ရတဲ့ နေရာလေးပါ။ "ဒီနေ့ ကျောင်းမှာ ဘယ်လိုထူးခြားတာတွေ သင်ရမလဲ" ဆိုတဲ့ စူးစမ်းချင်စိတ်လေး (Curiosity) မွေးထားကြရအောင်။

​၂။ "ငါလုပ်နိုင်တယ်" ဆိုတဲ့ သတ္တိလေး မွေးမယ်
​ပထမဆုံး ကျောင်းစတက်တဲ့နေ့မှာ အဖေနဲ့အမေကို ခွဲခဲ့ရလို့နည်းနည်းတော့ ကြောက်သလိုလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သားသားမီးမီးတို့က တော်ပြီးသားမလား? "ငါ သူငယ်ချင်းအသစ်တွေနဲ့ ရအောင်ခင်မယ်၊ ဆရာမပြောတာကို သေချာနားထောင်မယ်" ဆိုတဲ့ ယုံကြည်မှု (Confidence) လေး ရှိနေဖို့ လိုတယ်နော်။

​၃။ "ဝေမျှတတ်တဲ့ စိတ်ကလေး" ထည့်သွားမယ်
​ကျောင်းရောက်ရင် ကိုယ့်မှာပါတဲ့ အရောင်ခဲတံလေးတွေ၊ ကစားစရာလေးတွေကို သူငယ်ချင်းတွေနဲ့ အတူတူ ဆော့တာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီတာမျိုးတွေက သားသားမီးမီးတို့ကို အားလုံးက ချစ်ခင်တဲ့ ကလေးလေးတွေ ဖြစ်စေမှာပါ။ "Sharing is Caring" ဆိုတဲ့ စိတ်ဓာတ်လေးပေါ့။

​၄။ "ဇွဲရှိရှိ ကြိုးစားတဲ့စိတ်" ကို လက်ကိုင်ထားမယ်
​တစ်ခါတလေ စာက ခက်နေတာမျိုး ဒါမှမဟုတ် ကိုယ်လုပ်ချင်တာ မဖြစ်လာတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီအခါ "ငါမလုပ်နိုင်တော့ဘူး" လို့ စိတ်မပျက်ဘဲ "နောက်တစ်ခါ ထပ်ကြိုးစားကြည့်မယ်" ဆိုတဲ့ ဇွဲစိတ်လေး မွေးထားရမယ်နော်။

၅။ "ကိုယ်ချင်းစာတရားနဲ့ ယဉ်ကျေးတဲ့စိတ်" ရှိမယ်
​ကျောင်းဆိုတာ လူအများနဲ့ နေထိုင်ရတဲ့နေရာဖြစ်လို့ တစ်ဦးနဲ့တစ်ဦး လေးစားဖို့ လိုပါတယ်။
​သူငယ်ချင်းအချင်းချင်း ရိုင်းရိုင်းစိုင်းစိုင်း မပြောဘဲ ချိုချိုသာသာ ပြောဆိုဆက်ဆံမယ်။
​ပစ္စည်းတွေကို အလှည့်ကျ သုံးစွဲမယ်။
​ဆရာ၊ ဆရာမတွေကို ရိုရိုသေသေ နှုတ်ဆက်မယ်။

၆။ သင်ယူမှုကို ချစ်မြတ်နိုးတဲ့စိတ်" မွေးမယ်
​စာသင်ရတာကို အလုပ်တစ်ခုလို မမှတ်ယူဘဲ "ဂိမ်းတစ်ခု ဆော့နေရသလို" ပျော်ပျော်ရွှင်ရွှင် သင်ယူကြမယ်။ ဆရာမက မေးခွန်းမေးရင်လည်း မှားမှာမကြောက်ဘဲ လက်ညှိုးလေးထောင်ပြီး ဖြေကြည့်မယ်။ မသိတာရှိရင်လည်း အားမနာတမ်း မေးမြန်းတတ်တဲ့ စိတ်လေး ထားရှိရမယ်နော်။

၇။ "အချိန်လေးစားတဲ့ စည်းကမ်း" ကို ကျင့်သုံးမယ်
​လူတော်လေးတွေရဲ့ ပထမဆုံး လျှို့ဝှက်ချက်ကတော့ အချိန်ကို တန်ဖိုးထားတာ ပါပဲ။
​မနက် ကျောင်းကို အချိန်မှီရောက်အောင်သွားမယ်။
​စာသင်ချိန်မှာ အာရုံစိုက်မယ်။
​ကစားချိန်မှာလည်း သူငယ်ချင်းတွေနဲ့ ဝအောင်ကစားမယ်။
​ကျောင်းကပေးတဲ့ အိမ်စာတွေကိုလည်း ညမအိပ်ခင် အပြီးလုပ်မယ်။

🌼 ကဲ ကျောင်းမတက်ခင်မှာ ပြင်ဆင်ရမှာလေးတွေ ကြိုတင်ပြင်ဆင်ထားကြတော့နော်။ 🌼
Fighting our little stars 🌟 🌟🌟 🌟🌟

06/05/2026

ABEC မိသားစုဝင်များအားလုံး မင်္ဂလာပါရှင်။ 🙏

🌻 ​အနာဂတ်ပညာရေးအတွက် စိတ်အားထက်သန်သော မိဘများအတွက် 🌻

​⭐️ ရင်သွေးငယ်တို့ရဲ့ အနာဂတ်ပညာရေးအတွက် စိတ်ချယုံကြည်ရတဲ့ လမ်းစတစ်ခုကို အတူတူရှာဖွေကြရအောင်။

🌈 ​မိဘတိုင်းဟာ မိမိတို့ကလေးငယ်တွေကို အကောင်းဆုံးသော ပညာရေးပတ်ဝန်းကျင်နဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေနဲ့ ထိတွေ့ပေးချင်ကြတာ သဘာဝပါ။

🌈​ ဒါကြောင့်မို့လို့ လာမယ့် မေလ (၉) ရက်နေ့မှာ ကျင်းပမယ့် "Parents-Teacher Gathering and Curriculum Orientation" ပွဲလေးကို ကျွန်မတို့ကျောင်းမှ ကျောင်းသားမိဘများသာမက၊ ကလေးငယ်တို့ရဲ့ ပညာရေးအတွက် စိတ်ဝင်စားကြတဲ့ ပြင်ပမိဘများကိုပါ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

​✨ တက်ရောက်သင့်သည့် အဓိက အကြောင်းရင်းများ

• ​International Standards: ကမ္ဘာ့အဆင့်မီ Cambridge သင်ရိုးညွှန်းတမ်းသည် ကလေးများ၏ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို မည်သို့ မြှင့်တင်ပေးမည်နည်း။

• ​ကျောင်းနှစ်ကျောင်း ပူးပေါင်းမှုကြောင့် ကျောင်းသား/သူများအတွက် ရရှိလာမည့် ပိုမိုကောင်းမွန်သော ပညာရေး ဝန်းကျင်နှင့် အခွင့်အလမ်းများ။

• ​၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရေးဆွဲထားသော ပညာရေး Plan များနှင့် ကလေးများ၏ အရည်အသွေး တိုးတက်လာမည့် အစီအစဉ်များ။

• ​Open Discussion: ကျောင်းအုပ်ကြီး၊ Principal, ဆရာ/ဆရာမများနှင့် တိုက်ရိုက်တွေ့ဆုံကာ မိဘများ၏ လိုလားချက်များကို ဆွေးနွေးနိုင်ခြင်း။

👨‍👩‍👧 မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာ ခိုင်မာတဲ့ အချက်အလက်တွေ ရရှိဖို့နဲ့ ယုံကြည်မှုရှိရှိ ရွေးချယ်နိုင်ဖို့အတွက် ဒီလိုပွဲတွေကို တက်ရောက်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

👨‍👩‍👧 ​"မိဘနှင့် ကျောင်း၊ လက်တွဲညီမှ ရင်သွေးငယ်များ၏ အနာဂတ် လှပမည်" ဖြစ်သည့်အတွက်ကြောင့် ယခုအစီအစဉ်သို့ ABEC မိဘများ မပျက်မကွက် တက်ရောက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်။

​🗓️ အခမ်းအနား အစီအစဉ်

• ​🌻 Parents-Teacher Gathering and Curriculum Orientation🌻
• ​နေ့ရက်: ၂၀၂၆ ခုနှစ်၊ မေလ (၉) ရက် (စနေနေ့)
• ​အချိန်: နံနက် ၉:၀၀ နာရီ မှ ၁၁:၀၀ နာရီအထိ
• ​နေရာ: The One World International School Campus

​📞 ဆက်သွယ်စုံစမ်းရန်
• ​ဖုန်း: 09 4480 45 851, 09 954019751

🏡 တက်ရောက်ရမည့်တည်နေရာ 🏡
• ​လိပ်စာ: အမှတ် (၂၆၈)၊ မင်းကြီးလမ်း၊ ရွာမ (အရှေ့) ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။ (ကွယ်ကဘော်ဆေးရုံအနီး)

- ကြိုတင်စာရင်းပေးသွင်းရန်။
🙋‍♀️ (09448045851 viber) or ABEC page messenger .
- ကြိုတင်စာရင်းပေးသွင်းမှသာ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

30/04/2026

🌻🌻🌻🌻

29/04/2026

ရင်သွေးငယ်တို့ရဲ့ အနာဂတ်လှပဖို့ ပညာသုခမှာ ပျိုးထောင်စို့... 🎓

ရင်သွေးငယ်တို့ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့အခြေခံကောင်းတွေကို ပျိုးထောင်ပေးမယ့် "ပညာသုခ" ကိုယ်ပိုင်မူလတန်းကျောင်းမှာ 𝐏𝐫𝐞-𝐊𝐆 မှ 𝐆𝐫𝐚𝐝𝐞 𝟓 အထိ ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းသားသစ်များကို စတင်လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🥰

​​📚 "ပညာသုခ" မှာ နိုင်ငံတော်သင်ရိုးညွှန်းတမ်းကို အခြေခံပြီး အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများက ကလေးဗဟိုပြုစနစ် (𝐂𝐂𝐀) နဲ့ စိတ်ရှည်လက်ရှည် သင်ကြားပေးနေပါတယ်။ ဒါ့အပြင် ကလေးတွေကိုနိုင်ငံတကာအဆင့်မီ တွေးခေါ်တတ်စေဖို့နဲ့ ဘာသာစကားစွမ်းရည် တိုးတက်စေဖို့အတွက်
🔠 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡
🔢 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐌𝐚𝐭𝐡𝐬
🔣 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞နဲ့
🔠 𝐒𝐓𝐄𝐀𝐌တို့ကို 𝐄𝐱𝐭𝐫𝐚 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 အနေနဲ့ သင်ကြားပေးပါတယ်။

ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့အတွက်လည်း...
🎨 𝐀𝐫𝐭𝐬
🎶 𝐌𝐮𝐬𝐢𝐜 နဲ့
🎲 အတန်းအလိုက် ကွဲပြားတဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 အစုံအလင်ကိုပါ ထည့်သွင်းပေးထားပါတယ်။

🏕 ဒါ့အပြင် ကလေးတွေရဲ့ ဗဟုသုတနယ်ပယ် ကျယ်ပြန့်စေဖို့အတွက်လည်း ပြင်ပလေ့လာရေး 𝐃𝐚𝐲 𝐓𝐫𝐢𝐩 ခရီးစဉ်တွေကိုပါ ပို့ဆောင်ပေးတာကြောင့် မူလတန်းအရွယ်တည်းက အခြေခံကောင်းလိုသူများအတွက် အသင့်တော်ဆုံးသင်ကြားရေး ပုံစံပဲဖြစ်ပါတယ်။

ဒါကြောင့် "ပညာသုခ" နှင့်အတူ သားသားမီးမီးတို့ရဲ့ အနာဂတ်လမ်းကို အတူတူယုံကြည်စွာ လျှောက်လှမ်းကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🙌

​အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက ကျောင်းသို့ လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်သလို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
​
𝘼𝘽𝙀𝘾 – 𝘼𝙗𝙪𝙣𝙙𝙖𝙣𝙘𝙚 𝘽𝙧𝙞𝙡𝙡𝙞𝙖𝙣𝙩 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝘾𝙚𝙣𝙩𝙧𝙚
☎️ 𝟬𝟵 𝟵𝟱𝟴 𝟵𝟱𝟬 𝟴𝟲𝟳☎️ 𝟬𝟵 𝟵𝟱𝟴 𝟵𝟱𝟬 𝟴𝟳𝟭
☎️ 𝟬𝟵 𝟰𝟰𝟯 𝟬𝟳𝟱 𝟬𝟱𝟮☎️ 𝟬𝟵 𝟰𝟰𝟴 𝟬𝟰𝟱 𝟴𝟱𝟭
📌ကျောင်းခွဲ (၁) - လှိုင်အမှတ် ၉၊ ဇေယျမင်္ဂလာလမ်း၊ ဇေယျမင်္ဂလာဘုန်းကြီးကျောင်းထိပ်၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။
📌ကျောင်းခွဲ (၂) - ရွှေပြည်သာမြို့နယ်အမှတ် ၈၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ ရွှေပြည်သာ။
📌ကျောင်းခွဲ (၃) - လှော်ကားကျောင်းကုန်းလမ်းနှင့် နှင်းဆီလမ်းထောင့်၊ကွန်ပျူတာတက္ကသိုလ်အနီး၊ လှော်ကား။

───

⏰ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬:
𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐅𝐫𝐢𝐝𝐚𝐲 (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟑:𝟑𝟎𝐏𝐌)
❗️𝐖𝐞𝐞𝐤𝐞𝐧𝐝 တွင် လာရောက်အပ်နှံလိုပါက 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ကြိုတင်ရယူပြီး လာရောက် အပ်နှံနိုင်ပါတယ်ရှင်။❗️

#𝐀𝐛𝐮𝐧𝐝𝐚𝐧𝐜𝐞 𝐁𝐫𝐢𝐥𝐥𝐢𝐚𝐧𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞
#𝐀𝐁𝐄𝐂



#𝐞𝐧𝐠𝐥𝐢𝐬𝐡𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 #𝐜𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞

Photos from Abundance Brilliant Education Centre's post 29/04/2026

Stars and Flowers ⭐️⭐️🌼🌼

A Day of Discovery and Creativity
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

🌼 Outdoor ပန်းချီဆွဲခြင်းရဲ့ ကောင်းကျိုးများ🌼

🌻 ​လွတ်လပ်မှုနှင့် စိတ်ကူးစိတ်သန်းများကို ပွင့်လန်းစေခြင်း: အခန်းကျဉ်းလေးထဲကနေ ထွက်ပြီး ကျယ်ပြောလှတဲ့ ပန်းခြံထဲမှာ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဆွဲရတာကြောင့် ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုမို လွတ်လပ်စေပါတယ်။
🌻​ သဘာဝတရားကို ခံစားတတ်လာခြင်း: ပန်းပွင့်လေးတွေ၊ သစ်ပင်တွေ၊ ကောင်းကင်ပြာကြီးနဲ့ တိမ်တိုက်တွေကို မြင်တွေ့ရင်း သဘာဝတရားကို ပိုမိုမြတ်နိုး တန်ဖိုးထားတတ်လာပါတယ်။
🌻 ​အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း: ပြင်ပမှာရှိတဲ့ အရာဝတ္ထုတွေကို သေချာကြည့်ပြီး ပြန်လည်ရေးဆွဲရတာကြောင့် ကလေးတွေရဲ့ အာရုံစူးစိုက်မှုနဲ့ လေ့လာမှုစွမ်းရည်ကို မြှင့်တင်ပေးပါတယ်။
🌻 ​စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှု ရရှိစေခြင်း: သူငယ်ချင်းတွေနဲ့အတူ ပန်းခြံထဲမှာ ပန်းချီဆွဲရတာဟာ ကလေးတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ အချိန်ဖြစ်ပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။




Photos from Abundance Brilliant Education Centre's post 29/04/2026

Beyond the Clouds: Our Journey to the Stars
တိမ်တိုက်တွေရဲ့ အလွန် - ကြယ်စင်ကမ္ဘာဆီသို့


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Bogyoke Aung San Road, Corner Of Mya Yeik Nyo Street
Yangon