21/08/2026
🪷 ဒီနေ့နံနက် အပတ်စဉ်(၄) ဝါတွင်းသုံးလ Zoom Online ဥပုသ်သီလပေးကုသိုလ်တော် ….🙏🙏🙏
ယနေ့ ဝါခေါင်လဆန်း(၈)ရက်နေ့တွင် Zoom Online မှတစ်ဆင့် ဥပုသ်သီလဆောက်တည်၍ ပြုလုပ်အပ်သော ကုသိုလ်ကောင်းမှုအစုစုကို သက်ရှိသတ္တဝါအပေါင်းတို့အား အမျှပေးဝေပါ၏။
ဤကုသိုလ်အနုမောဒနာကြောင့်—
🌿 ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
🌿 ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။
🌿 သဒ္ဓါတရားနှင့် သတိတရားတို့ တိုးပွားကြပါစေ။
🌿 ကုသိုလ်ကောင်းမှုများကို အစဉ်ပြုနိုင်ကြပါစေ။
🌿 မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၏ အထောက်အပံ့ကောင်းများ ရရှိကြပါစေ။
သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု။
သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🌿🙏
အရှင်ကဝိဓဇ - EFM Yangon
သာသနဓဇဓမ္မာစရိယ၊ MA (M.Ed.)
မဟာချူလာလောင်ကွန်းတက္ကသိုလ်
အယုဒ္ဓယမြို့၊ ထိုင်းနိုင်ငံ
#ဥပုသ်သီလ #ဝါတွင်းသုံးလ #ကုသိုလ်တော် #အမျှဝေ #ဗုဒ္ဓသာသနာ #တရားဓမ္မ