08/04/2026
✨ အောင်မြင်မှုခြေလှမ်းသစ်များနဲ့အတူ နွေးထွေးပျူငှာတဲ့ 𝗧𝗘𝗚𝗟'𝘀 𝗧𝗼𝘄𝗻𝗵𝗮𝗹𝗹 𝗠𝗲𝗲𝘁𝗶𝗻𝗴
တက်စီလာပညာရေးအုပ်စုလီမိတက် (TEGL) ရဲ့ ဝန်ထမ်းများအားလုံးပါဝင်သော အစည်းအဝေး (Townhall Meeting) ကို ဧပြီလ (၂) ရက်နေ့က တက်စီလာလမ်းမတော်လေ့လာရေးစင်တာ တိုက်အမှတ် (၁၈) မှာ စီစဉ်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို TEGL ရဲ့ President & Group CEO ဒေါက်တာရဲပြည့်သူ၊ Executive Vice - President ဒေါက်တာအောင်ကျော် (ဥက္ကဋ္ဌ၊ တက်စီလာကောလိပ်)၊ ဒု ဥက္ကဋ္ဌများ၊ ဌာနမှူးများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အသီးသီးတက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဒေါက်တာရဲပြည့်သူက ဝန်ထမ်းများရဲ့ ကြိုးစားဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ရှေ့ဆက်ရမဲ့ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းခဲ့ပါတယ်။ ဆက်လက်၍ ဒေါက်တာအောင်ကျော်ကလည်း အမှာစကားများပြောကြားခဲ့ပြီး ဒု ဥက္ကဋ္ဌများကလည်း သက်ဆိုင်ရာလုပ်ငန်းများအကြောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် ဝန်ထမ်းအသစ်များမိတ်ဆက်ခြင်း၊ နှစ်ပြည့် ဝန်ထမ်းများနဲ့ (၃) လဆက်တိုက် ပျက်ရက်မရှိသော ရက်မှန်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊ ဝန်ထမ်းအသစ်များအား ကြိုဆိုပန်းစည်းများပေးအပ်ခြင်း စတဲ့ အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်းထမ်းများအတွက် Game Activity များ၊ ဆုလက်ဆောင်ရရှိတဲ့ အမေးအဖြေအစီအစဉ်များကို ပြုလုပ်ပေးခဲ့ပါတယ်။
အခုလို ဝန်ထမ်းများရဲ့ ကြိုးစားမှုအပေါ် အသိအမှတ်ပြု ချီးမြှင့်မှုများကြောင့် ဝန်ထမ်းများအကြား စိတ်လုံခြုံမှုနှင့် လုပ်ငန်းခွင်အပေါ် ပိုမိုမြတ်နိုးတန်ဖိုးထားမှုများ ရရှိစေခဲ့ကာ ရှေ့ဆက်ရမဲ့ခရီးစဉ်အတွက် အားသစ်လောင်းနိုင်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
04/04/2026
TEGL ရဲ့ ခြေလှမ်းအသစ်တွေအတွက် လစဉ်လတိုင်းကျင်းပမြဲဖြစ်တဲ့ ဝန်ထမ်းစုံညီ Town Hall Meeting ကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ တက်စီလာလမ်းမတော်လေ့လာရေးစင်တာ တိုက်အမှတ် (၁၈) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးကို TEGL ရဲ့ President & Group CEO ဒေါက်တာရဲပြည့်သူ၊ တက်စီလာကောလိပ် ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်၊ ဒု ဥက္ကဋ္ဌများ၊ ဌာနမှူးများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အသီးသီး တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ဒေါက်တာရဲပြည့်သူက အဖွင့်အမှာစကားပြောကြားခဲ့ကာ ရှေ့ဆက်ရမဲ့ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေါက်တာအောင်ကျော်က ကြိုဆိုနှုတ်ဆက်စကားများနဲ့အတူ အားပေးစကားများ ပြောကြားပေးခဲ့ပါတယ်။
TEGL ရဲ့ ယနေ့အထိ ရပ်တည်နိုင်မှုဟာ နောက်ကွယ်ကနေ မဆုတ်မနစ်ကြိုးပမ်းပေးခဲ့ကြတဲ့ ဝန်ထမ်းများကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် TEGL အနေနဲ့ ဝန်ထမ်းများအပေါ် လုပ်သက်အလိုက် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက် ဖေဖော်ဝါရီလ Town Hall Meeting မှာလည်း နှစ်ပြည့်ဝန်ထမ်းများကို ဂုဏ်ပြုဆုနဲ့ Loyalty Honor ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ Bulletin ရဲ့ ဆောင်းပါးကဏ္ဍမှာ ထူးထူးချွန်ချွန် ရေးသားနိုင်ခဲ့ပြီး ရွေးချယ်ခံခဲ့ရသူကိုလည်း ထိုက်တန်တဲ့ ဆုငွေများဖြင့် ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ထမ်းများရဲ့ အရည်အချင်းတွေကို တစ်ထောင့်တစ်နေရာကနေ မြှင့်တင်ပေးနိုင်ဖိုအတွက် ဌာနမှူးများက သူတိုရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို မျှဝေပေးလေ့ရှိတဲ့ Sharing Session ကို ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေမဲ့ Game Activity များနဲ့ Townhall အပေါ် စိတ်ခံစားမှုများကို စစ်တမ်းကောက်ခံခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဒီလို ဂုဏ်ပြုမှုတွေနဲ့ ပျော်ရွှင်စရာ အစီအစဉ်တွေကတစ်ဆင့် ဝန်ထမ်းတိုင်းဟာ TEGL ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ခံစားမိစေပြီး၊ ပိုမိုတက်ကြွတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို အတူတူ တည်ဆောက်သွားနိုင်ကြမယ်လို့ ဧကန်မုချ ယုံကြည်မိပါတယ်။
06/02/2026
𝗛𝗲𝗹𝗽 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳, 𝗛𝗲𝗹𝗽 𝗢𝘁𝗵𝗲𝗿𝘀 - အောင်မြင်ပျော်ရွှင်သော လုပ်ငန်းခွင်ဆီသို့ 🎉
တက်စီလာ ပညာရေးအုပ်စုလီမိတက် (TEGL) ရဲ့ ဝန်ထမ်းများ အသိပညာပိုမိုတိုးတက်လာစေရန်နှင့် အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ကို အတူဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ဇန်နဝါရီလ (၃၀) ရက်နေ့က "Help Yourself, Help Others" ခေါင်းစဉ်ဖြင့် ဒေါက်တာအောင်ကိုကို ပို့ချတဲ့ Staff Training ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒေါက်တာအောင်ကိုကိုဟာ လုပ်ငန်းအများအပြားမှာ Corporate Training များပေးခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိ တက်စီလာရဲ့ ဘွဲ့ပရိုဂရမ်တွေမှာ သင်ကြားပို့ချနေတဲ့ ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် အကောင်းဆုံးပြင်ဆင်ပြီး ဘေးပတ်ဝန်းကျင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုအကျိုးပြုမလဲဆိုတဲ့ အနှစ်သာရရှိတဲ့ အကြောင်းအရာတွေကို မျှဝေပေးခဲ့တဲ့အပြင် ဝန်ထမ်းအချင်းချင်းမျှဝေခြင်းနဲ့ ဆွေးနွေးမေးမြန်းခြင်းအစီအစဉ်များလည်း ပါဝင်ခဲ့ပါတယ်။
အခုလို လာရောက်ဆွေးနွေးပို့ချပေးတဲ့ ဒေါက်တာအောင်ကိုကိုနဲ့ တက်ကြွစွာ ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ ဝန်ထမ်းတစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါတယ်။ မိမိကိုယ်ကိုယ် ကူညီနိုင်မှ သူတစ်ပါးကိုလည်း ပိုမိုကောင်းမွန်စွာ ကူညီနိုင်မှာဖြစ်လို့ အခုရရှိခဲ့တဲ့ အသိပညာဗဟုသုတတွေကို လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
27/01/2026
𝐓𝐄𝐆𝐋 ဝန်ထမ်းများနဲ့ ကျောင်းသား/သူများအတွက် 𝐅𝐢𝐫𝐞 𝐃𝐫𝐢𝐥𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 🧯
ဇန်နဝါရီလ (၂၀) ရက်၊ အင်္ဂါနေ့က တက်စီလာ လမ်းမတော် လေ့လာရေးစင်တာတွင် TEGL ဝန်ထမ်းများနဲ့ ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိဗဟုသုတများ တိုးပွားလာစေဖို့နဲ့ မီးဘေးအန္တရာယ် ကြုံတွေ့ရာမှာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ Fire Drill Training ကို ပြုလုပ်ခဲ့ပါတယ်။
ဒီအစီအစဉ်မှာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထက် (ဦးစီးအရာရှိ၊ ကျောက်တံတားမြို့နယ်) က မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေး စတဲ့ သဘာဝဘေး အန္တရာယ်များအကြောင်းနဲ့ အကယ်၍ ကြုံတွေ့လာတဲ့အခါ ဘယ်လိုမျိုး အကာအကွယ်ယူရမလဲ ဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်များအကြောင်းကို မျှဝေပေးခဲ့ပါတယ်။ အထူးသဖြင့် မီးဘေးအန္တရာယ်နဲ့ စပ်လျဉ်းတဲ့ မီးရဲ့ သဘောသဘာဝအကြောင်း၊ Starvation System ၊ Smothering System ၊ Cooling System ဆိုတဲ့ မီးငြိမ်းသတ်ခြင်းနည်းလမ်း (၃) မျိုးအကြောင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့တဲ့အခါမှာ လိုက်နာသင့်တဲ့အချက်များအကြောင်း၊ မီးသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်များနဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်ရှင်းလင်း ပြောကြားပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဝန်ထမ်းများနဲ့ ကျောင်းသား/သူများက သိလိုရာများကို အားတက်သရော မေးမြန်းခဲ့ကြပါတယ်။
မီးသတ်ဆေးဘူးအသုံးပြုနည်းနဲ့ လက်တွေ့ မီးငြိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြခဲ့ကြပြီးနောက် TEGL ဝန်ထမ်းများနဲ့ ကျောင်းသား/သူများကလည်း ကိုယ်တိုင်လက်တွေ့မီးငြိမ်းသတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြပါတယ်။
20/01/2026
တက်စီလာပညာရေးအုပ်စုလီမိတက် (TEGL) ရဲ့ ဝန်ထမ်းများအားလုံးပါဝင်သော အစည်းအဝေး (Townhall Meeting) နဲ့ ဝန်ထမ်းအသစ်များကြိုဆိုမိတ်ဆက်ပွဲကို ဇန်နဝါရီလ (၁၅) ရက်နေ့က တက်စီလာလမ်းမတော်လေ့လာရေးစင်တာ တိုက်အမှတ် (၁၈) မှာ စီစဉ်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို TEGL ရဲ့ Founder & Group CEO ဒေါက်တာရဲပြည့်သူ၊ တက်စီလာ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်၊ ဒု ဥက္ကဋ္ဌများ၊ ဌာနမှူးများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အသီးသီးတက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဒေါက်တာရဲပြည့်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှေ့ဆက်ရမဲ့ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒေါက်တာအောင်ကျော်က ကြိုဆိုနှုတ်ဆက်စကားများနဲ့အတူ အားပေးစကားများပြောကြားခဲ့ပြီး ဒု ဥက္ကဋ္ဌများကလည်း သက်ဆိုင်ရာလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် ဝန်ထမ်းအသစ်များမိတ်ဆက်ခြင်း၊ နှစ်ပြည့် ဝန်ထမ်းများနဲ့ (၃) လဆက်တိုက် ပျက်ရက်မရှိသော ရက်မှန်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊ ဝန်ထမ်းအသစ်များအား ကြိုဆိုပန်းစည်းများပေးအပ်ခြင်း စတဲ့ အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်းထမ်းများအတွက် Game Activity များနဲ့ Townhall အပေါ် စိတ်ခံစားမှုများကို စစ်တမ်းကောက်ခံခြင်းများ ပြုလုပ်ခဲ့ပါတယ်။
အခုလို ဝန်ထမ်းအသစ်များကို ကြိုဆိုခဲ့ပြီး ဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးဂုဏ်ပြုမှုကြောင့် ဝန်ထမ်းများအနေနဲ့ စိတ်လုံခြုံမှုများရရှိခဲ့ပြီး နွေးထွေးပျူငှာတဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်ကြမယ်လို့ ယုံကြည်မိပါတယ်။
19/01/2026
📢 𝐖𝐄'𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆 - အဆင့်မြင့်ပညာရေးနယ်ပယ်မှာ Professional တစ်ဦးအဖြစ် ရပ်တည်လိုပါသလား❓
Professional တစ်ဦးအနေနဲ့ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို အကောင်းဆုံးချပြဖို့ တက်စီလာရဲ့ဌာနအသီးသီးက လစ်လပ်ရာထူးတွေမှာ အမြန်ဆုံး လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ခန့်အပ်လိုသော ရာထူးများ -
⮞ Academic Affairs Coordinator (3 Posts)
⮞ Student Service Coordinator (2 Posts)
⮞ Asst. Marketing & Brand Manager (2 Posts)
⮞ Marketing & Brand Coordinator (2 Posts)
⮞ Asst. Creative Manager - Videography (1 Post)
⮞ Creative Officer - Graphic Design (1 Post)
⮞ Asst. Institutional Sales Manager (1 Post)
⮞ Institutional Partnership Officer (2 Posts)
⮞ Outreach & Engagement Associate (2 Posts)
⮞ Financial Affairs Officer (1 Post)
⮞ Human Resource Coordinator (1 Post)
⮞ Administrative Affairs Officer (1 Post)
ဖော်ပြပါ ရာထူးနေရာများနဲ့ ပတ်သက်ပြီး အလုပ်တာဝန်နှင့် လိုအပ်ချက်အသေးစိတ်များကို အောက်ပါလင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
𝗟𝗶𝗻𝗸 - https://bit.ly/TEGLJan2026
𝐁𝐚𝐬𝐞: Building 15-18, Lan Thit Complex, Lanmadaw Township, Yangon, Myanmar
𝐓𝐲𝐩𝐞: Full-time
𝐂𝐨𝐦𝐩𝐞𝐧𝐬𝐚𝐭𝐢𝐨𝐧: Commensurate with experience
📌စိတ်ပါဝင်စားသူများအနေနဲ့ 𝐉𝐚𝐧𝐮𝐚𝐫𝐲 𝟑𝟏, 𝟐𝟎𝟐𝟔 (𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆) ထက် နောက်မကျစေဘဲ မိမိရဲ့ Resume/CV၊ ပညာရေး စာရွက်စာတမ်းများနှင့် ဘွဲ့လက်မှတ်များအား 𝗽𝗲𝗼𝗽𝗹𝗲@𝘁𝗮𝘅𝗶𝗹𝗮.𝗲𝗱𝘂.𝗺𝗺 သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။
📞အသေးစိတ် မေးမြန်းလိုပါက ဖုန်း - ၀၉ ၉၄၀ ၀၀၁ ၇၆၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
10/10/2025
📢 𝗪𝗘 𝗔𝗥𝗘 𝗛𝗜𝗥𝗜𝗡𝗚!
ကိုယ့်ရဲ့ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗖𝗮𝗿𝗲𝗲𝗿 ကို အကောင်းဆုံးဖန်တီးတည်ဆောက်ဖို့အတွက် အခွင့်အလမ်းကောင်း
အဆင့်မြင့်ပညာရေးနယ်ပယ်မှာ အလုပ်အကိုင် ရှာဖွေနေပါသလား❓
ကိုယ်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး အသုံးချလိုပါသလား❓
ဒါဆိုရင် တက်စီလာရဲ့ ဌာနအသီးသီးမှာ လစ်လပ်ရာထူးတွေရှိနေတာဖြစ်လို့ အမြန်ဆုံးလျှောက်ထားဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။
𝗘𝗻𝗿𝗼𝗹𝗹𝗺𝗲𝗻𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 & 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁
▪️ Vice-President of Growth & Development / Group Chief Development Officer (1 post)
▪️ Asst. Sales & Services Manager (GED Services) (1 post)
▪️ Asst. Institutional Sales Manager (Readiness Program) (1 post)
▪️ Asst. Enrollment Management Manager (1 post)
𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗔𝗳𝗳𝗮𝗶𝗿𝘀
▪️ Academic Affairs Coordinator (1 post)
▪️ Academic Affairs Associate (1 post)
𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗔𝗳𝗳𝗮𝗶𝗿𝘀
▪️ Student Affairs Officer (1 post)
▪️ Student Affairs Coordinator (1 post)
▪️ Student Affairs Associate (1 post)
𝗢𝘂𝘁𝗿𝗲𝗮𝗰𝗵, 𝗘𝗻𝗴𝗮𝗴𝗲𝗺𝗲𝗻𝘁 & 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽𝘀
▪️ Group Outreach, Engagement, & Partnerships Manager (1 post)
▪️ Institutional Partnerships Officer (1 post)
▪️ Outreach & Engagement Associate (2 posts)
𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 & 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻
▪️ Asst. Marketing & Brand Manager (1 post)
▪️ Creative Officer (Graphic Design) (1 post)
▪️ Marketing & Brand Coordinator (1 post)
▪️ Digital Marketing Associate (Contents) (1 post)
𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 & 𝗙𝗶𝗻𝗮𝗻𝗰𝗲
▪️ Financial Affairs Manager (1 post)
▪️ Senior Human Resource Officer (1 post)
▪️ Financial Affairs Officer (1 post)
▪️ Financial Affairs Associate (Accounting) (2 posts)
▪️ Facility Management Assistant (2 posts)
▪️ Administrative Affairs Assistant (2 posts)
ဖော်ပြပါ ရာထူးနေရာများနဲ့ ပတ်သက်ပြီး အလုပ်တာဝန်နှင့် လိုအပ်ချက်အသေးစိတ်များကို အောက်ပါလင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Link: https://bit.ly/TEGLOctVacancy
𝐁𝐚𝐬𝐞: Building 15-18, Lan Thit Complex, Lanmadaw Township, Yangon, Myanmar
𝐓𝐲𝐩𝐞: Full-time
𝐂𝐨𝐦𝐩𝐞𝐧𝐬𝐚𝐭𝐢𝐨𝐧: Commensurate with experience
စိတ်ပါဝင်စားသူများအနေနဲ့ October 28, 2025 ထက် နောက်မကျစေဘဲ မိမိရဲ့ Resume/CV၊ ပညာရေး စာရွက်စာတမ်းများနှင့် ဘွဲ့လက်မှတ်များအား 𝗽𝗲𝗼𝗽𝗹𝗲@𝘁𝗮𝘅𝗶𝗹𝗮.𝗲𝗱𝘂.𝗺𝗺 သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။
03/10/2025
မကြာခင်အချိန်မှာ ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယသို့ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်ကာလမှာ မြန်မာတို့ရဲ့ ချစ်မြတ်နိုးဖွယ် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ပြီး ယနေ့ထက်တိုင် မြို့တိုင်းနယ်တိုင်းမှာ ဆင်ယင်ကျင်းပကြပါတယ်။
အောက်တိုဘာလ (၂) ရက်၊ ကြာသပတေးနေ့မှာ တက်စီလာပညာရေးအုပ်စုလီမိတက်ရှိ ဝန်ထမ်းများအားလုံးကလည်း မြန်မာ့ရိုးရာ သီတင်းကျွတ်ဓလေ့ထုံးတမ်း တစ်ရပ်ဖြစ်တဲ့ "သီတင်းကျွတ် ဂါဝရပြုပွဲ" ကို လမ်းမတော်လေ့လာရေးစင်တာ တိုက်အမှတ် (၁၈) မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဝန်ထမ်းညီအစ်ကိုမောင်နှမများအားလုံးက တက်စီလာ စီမံအုပ်ချုပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာရဲပြည့်သူ၊ တက်စီလာ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်နှင့် ဒု ဥက္ကဋ္ဌ ဒေါက်တာလင်းထက်တို့ကို ဂါဝရပြု လက်ဆောင်ပစ္စည်းများဖြင့် ရိုသေလေးစားစွာ ကန်တော့ခဲ့ကြပါတယ်။
ကန်တော့ခံဆရာများကလည်း ဝန်ထမ်းများအားလုံးကို ဆုပေးစကားများနဲ့အတူ ဆုံးမဩဝါရစကားများ ပြောကြားပေးခဲ့ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအသီးသီးအား သီတင်းကျွတ်မုန့်ဖိုးများ ပေးအပ်ခဲ့တာကြောင့် အားလုံး ပျော်ရွှင်ပီတိများဖြင့် သီတင်းကျွတ်ကို ဖြတ်သန်းကြမယ်လို့ ယုံကြည်မိပါတယ်။
10/09/2025
လစဉ်ကျင်းပမြဲဖြစ်တဲ့ ၀န်ထမ်းအားလုံးပါ၀င်သော အစည်းအဝေး (Town Hall Meeting) ကို စက်တင်ဘာလ (၅) ရက်နေ့က တက်စီလာလမ်းမတော်လေ့လာရေးစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ တက်စီလာဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်က နှစ်ပြည့်ဝန်ထမ်းများနဲ့ Special Project အတွက် ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ ဝန်ထမ်းများကို ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျောင်းသားရေးရာဌာနရဲ့ ဝန်ထမ်းအသစ်တစ်ဦးက မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်စီလာပညာရေးအုပ်စုလီမိတက်ရဲ့ Founder & Group CEO ဒေါက်တာရဲပြည့်သူက ဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြု အားပေးချီးမြှင့်စကားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေါက်တာအောင်ကျော်က ရှေ့ဆက်ရမဲ့လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး ကြိုးစားဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် ဝန်ထမ်းအသီးသီးကလည်း လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
08/08/2025
Taxila Education Group Limited ရဲ့ (၉) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ၀န်ထမ်းများအပန်းဖြေခရီးအနေနဲ့ ပုပ္ပါး-ပုဂံ-ညောင်ဦး (၃) ညအိပ် (၄) ရက်ခရီးစဥ်ကို ရန်ကုန်မှ သြဂုတ်လ (၁) ရက်၊ (သောကြာနေ့) ညနေပိုင်းမှာ စတင်ထွက်ခွာခဲ့ပါတယ်။
ခရီးစဥ်အတွင်းမှာ တက်စီလာ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်၊ တက်စီလာရဲ့ Founder & Group CEO ဒေါက်တာရဲပြည့်သူ၊ ပါမောက္ခဆရာ/ဆရာမများ၊ ဌာနမှူးများနှင့်ဝန်ထမ်းများအားလုံး အတူ လိုက်ပါခဲ့ကြပါတယ်။
ခရီးစဥ်ပထမနေ့မှာ ပုပ္ပါးတောင်၊ ရှင်အရဟံအုတ်ကျောင်း၊ ငှက်ပစ်တောင်ဘုရား၊ သဗ္ဗညုဘုရား၊ အာနန္ဒာဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ဗူးဘုရားတို့ကို သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။
ခရီးစဥ်ဒုတိယနေ့မှာတော့ ပထမဦးစွာ ပြည့် (၅) ပြည့် တန်ခိုးကြီးဘုရားများသို့ သွားရောက်ပြီး ဆွမ်းတော်ကပ်လှူခဲ့ပါတယ်။ ဆက်လက်ပြီး ဓမ္မရံကြီးဘုရား၊ စိမ်းညက်ညီအစ်မဘုရား၊ တာမဏီ ဆုတောင်းပြည့်ဘုရား၊ မနူဟာဘုရား၊ ဓမ္မရာဇိကဘုရား၊ မြစေတီဘုရား၊ ဂူပြောက်ကြီးဘုရား၊ အလိုတော်ပြည့်ဘုရားတို့ကို သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။
ခရီးစဥ်နောက်ဆုံးနေ့ သြဂုတ်လ(၄)ရက်နေ့မှာတော့ တုရင်တောင်စေတီ၊ ရှင်အဇ္ဇဂေါဏဘုရားတို့ကို သွားရောက်လေ့လာ ဖူးမြော်ခဲ့ကြကာ ရန်ကုန်မြို့သို့ ညနေပိုင်းမှာ ပြန်လည်ရောက် ရှိခဲ့ကြပါတယ်။
ဒီခရီးစဥ်အတွင်းမှာ ၀န်ထမ်းအားလုံး နေ့လယ်စာနှင့် ညစာများအတူစားသုံးခြင်း၊ အဆာပြေ အကြော်ဆိုင်များမှာ အတူစားသုံးခြင်း၊ အုပ်စုပုံများရိုက်ကူးခြင်းတို့နှင့်အတူ ဒေသထွက် လက်ဆောင်ပစ္စည်းများ ၀ယ်ယူခြင်း၊ အညာဒေသ သဘာ၀ပတ်၀န်းကျင်အလှများကို အတူလေ့လာစီးမြောခွင့်ရရှိခဲ့ခြင်းတို့ကြောင့် ပျော်ရွှင်ကြည်နူးကာ အနာဂတ်လုပ်ငန်းစဥ်များအတွက် အားအင်သစ်တွေရရှိမယ်လို ယုံကြည်ပါတယ်။
10/07/2025
ဇူလိုင်လ (၈) ရက်၊ အင်္ဂါနေ့ ( ဝါဆိုလဆန်း ၁၄ ရက်) က တက်စီလာ လမ်းမတော်လေ့လာရေးစင်တာမှာ ကျောင်းသား/သူများနဲ့ ဝန်ထမ်းများစုပေါင်းပြီး ရဟန်းသံဃာတော်များကို ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို တက်စီလာ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်၊ စီမံအုပ်ချုပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာရဲပြည့်သူ၊ ဌာနမှူးများ၊ ဆရာ/မများနဲ့ ဝန်ထမ်းများ၊ ကျောင်းသား/သူများနဲ့ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ပင့်ဖိတ်ထားသော သံဃာတော်များထံ တရားတော်နာယူခြင်း၊ ဝါဆိုသင်္ကန်း၊ ဆွမ်း အစရှိသောလှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချအမျှဝေခြင်း စတဲ့ ကောင်းမှုကုသိုလ်အစုစုတို့ကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖိတ်ကြားထားသော ဧည့်သည်များ၊ ဝန်ထမ်းများနဲ့ ကျောင်းသား/သူများစုံညီစွာ နေ့လယ်စာကို အတူတကွ တည်ခင်းစားသောက်ကြပါတယ်။
အလှူဖြစ်မြောက်ဖို့အတွက် ပွဲမတိုင်ခင် ဝိုင်းဝန်းစုပေါင်းပြီး ပြင်ဆင်လုပ်ကိုင်ကြတဲ့ ပုံရိပ်တွေနဲ့အတူ အလှူပွဲအခမ်းအနားရဲ့ ဝမ်းမြောက်ကြည်နူးဖွယ်ရာပုံရိပ်တွေကို အခုလို မျှဝေပေးလိုက်ပါတယ်။