ပျောကဆုံးနေသော်ရင်ခုန်သံများ M21

ပျောကဆုံးနေသော်ရင်ခုန်သံများ M21

Share

To improve enviroment and help each other to know meaningful life.

16/10/2018

ပရောဂျက်
-----------
နေ့ခင်းထမင်းစားက ပြန်လာပြီးနောက် ကျွန်တော်နေသည့် တိုက်ခန်း ပထမထပ်ကို တက်လာခဲ့သည်။ အခန်းကွေ့အနီးတွင် သော့ဖွင့်ရန် သော့ကို လွယ်အိတ်ထဲနှိုက်သည်။ တံခါးရှေ့အရောက်တွင် ကလေး နှစ်ယောက် မတ်တတ်ရပ်ကာ စာအုပ်လေးတွေ ဖတ်နေသည်။ ကျွန်တော်က

“ကလေးတို့ နည်းနည်းလောက် ဖယ်ဦး။ တံခါးဖွင့်မလို့”

“သြော် … ဒါဆရာ့အခန်းလား”

“ငါ့ကို ဆရာမှန်း ဘယ်လိုသိသလဲ”

“မသိပါဘူးရှင့် … သမီးတို့ကို ဆရာမက ဒီအတိုင်းခေါ်ဖို့သင်လိုက်လို့ပါ”

ကျွန်တော် စိတ်ဝင်စားသွားမိသည်။

“သားနဲ့ သမီးက ဘယ်ကျောင်းကလဲ … ဒီမှာ ဘာလာလုပ်နေကြတာလဲ”

“သားတို့က ……… ကျောင်းကပါ။ ပရိုက်ဗိတ်စကူးပါ။ တစ်နေ့တာအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆိုပြီး ဒီရပ်ကွက်ကို ရောက်လာတာပါ။ အဲဒါ သက်ဆိုင်ရာ နယ်မြေတာဝန်ခံကို သတင်းပို့တော့ ဆရာက တစ်ယောက်တည်း နေတာ … အကူအညီလိုကောင်း လိုမယ်ဆိုလို့ သမီးတို့ စောင့်နေတာပါ”

“သြော် … အကူအညီ ဘာမှ မလိုပါဘူး ကလေးတို့ရယ် … ပြန်တော့နော် … ဦးမှာ အလုပ်လေးတွေ ရှိသေးလို့”

ကျွန်တော်က တံခါးကို ဖွင့်လိုက်သည်။ အထဲကို ဝင်ရန် ပြင်လိုက်စဉ် ကောင်လေးက

“အဲဒီလို မလုပ်ပါနဲ့ဆရာ … ကျွန်တော်တို့နှစ်ယောက် တစ်မနက်လုံး ဆရာ့ကို စောင့်နေရတာပါ။ ကျောင်းပြန် ရောက်လို့ ပရောဂျက်အတွက် လုပ်ဆောင်မေးမြန်းချက်တွေကို မတင်နိုင်ရင် ကျွန်တော်တို့ အမှတ်နည်းသွား ပါလိမ့်မယ်”

ကျွန်တော်က ကျောင်းဆရာတစ်ယောက်ဖြစ်နေသဖြင့် ပုဂ္ဂလိကကျောင်းများ၏ “ပရောဂျက်” ဆိုသည့် ကိစ္စကို စိတ်ဝင်စားသွားသည်။ ပြီးတော့ ကလေးနှစ်ယောက်၏ မျက်နှာလေးတွေကိုကြည့်ပြီး ကိုယ့်တပည့်လေးတွေလို စိတ်ထဲဝင်မိသဖြင့် သူတို့ကို ခေါ်လိုက်သည်။

“ကဲ … လာပါ … ဝင်ပါ။ တစ်ခုတော့ ပြောထားမယ်။ မင်းတို့အတွက် အချိန် တစ်နာရီပဲရမယ်။ တစ်နာရီ ပြည့်တာနဲ့ ပြန်ရမယ်။ ကတိပေးလား”

“ဟုတ်ကဲ့ ဆရာကြီး … သမီးတို့ ကတိပေးတယ်”

ကလေးနှစ်ယောက်ကို သဘောကျမိသည်မှာ အစိုးရကျောင်းတွေက ကလေးတွေလို ကြောက်ရွံ့ခြင်း၊ ရှက်ခြင်း မရှိ။ သူတို့မျက်နှာလေးတွေက ပကတိရိုးသားပြီး ဟန်ဆောင်ခြင်းကင်းသလိုဖြစ်နေသည်။

“မင်းတို့ ငါ့ကို ကျောင်းဆရာဟောင်းဆိုတာ သိလား”

“နယ်မြေတာဝန်ခံကတော့ ပြောပါတယ်။ အငြိမ်းစား ကျောင်းဆရာတဲ့”

“အေး … ကဲ … မင်းတို့ ဘာသိချင်သလဲ မေးပေတော့”

ကောင်လေးနှင့် ကောင်မလေးက ကျွန်တော့် အခန်းကျဉ်းကျဉ်းထဲတွင် နေရာအနှံ့ပုံထားသော စာအုပ်တွေကို ကြည့်လိုက်သည်။ ထို့နောက် ကောင်မလေးက

“ပထမဆုံး ဆရာ့ အခန်းထဲက စာအုပ်တွေကို အရင်ဆုံး ရှင်းပေးပါရစေ”

“ဟေ့ … အဲဒါတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဘာကြောင့် လဲဆိုတော့ အဲသည်လို ရှုပ်ပွနေပေမယ့် ငါက ဘယ်နေရာမှာ ဘာစာအုပ်တွေ ရှိတယ်ဆိုတာ သိတယ်။ သူ့ကဏ္ဍနဲ့သူ ထားတာ။ ရှင်းလိုက်လို့ မရဘူး”

“ဟောဒီ ကွန်ပျူတာက ဆရာသုံးတာလား”

“ဟုတ်တယ်”

“ဒါဆိုရင် သားတတ်နိုင်တာ တစ်ခု လုပ်ပေးပါရစေ … ဆရာ့ကွန်ပျူတာကို စစ်ဆေးပြီး ရှင်းလင်းတာမျိုး လေးတွေ မလုပ်ချင်ဘူးလား”

“အေးကွ … ကွန်ပျူတာကတော့ နည်းနည်း လေးတေးတေးဖြစ်နေတယ်။ ဒါပေမဲ့ မင်းလက်ထဲကို ငါ့ကွန်ပျူတာ ထည့်လိုက်ဖို့ဆိုတာ”

“ဆရာ … ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျွန်တော် ကွန်ပျူတာအကြောင်း ကောင်းကောင်းသိပါတယ်”

“ကောင်းပြီလေ … ဒါဆိုရင်လည်း မင်းလက်ထဲကို ယုံကြည်စွာအပ်လိုက်တော့မယ်”

“ကျေးဇူးပါဆရာ”

ကောင်မလေးက

“သမီး အိမ်နောက်ဖေးဘက်ကို ဝင်ကြည့်လို့ရမလား”

“ရတယ်လေ”

ကောင်မလေးက ပြန်ထွက်လာသည်။

“ဆရာကြီးက အိမ်ရှေ့ပိုင်း မရှင်းရဘူးဆိုရင် သမီးကို နောက်ဖေးအပိုင်းကိုတော့ ရှင်းခွင့် ပေးနိုင်မယ် ထင်ပါတယ်”

“အားနာစရာကွယ်”

“အားမနာပါနဲ့ … ဒါ ဒီနေ့အတွက် သမီးတို့ရဲ့ ပရောဂျက်ထဲမှာ ပါတယ်”

“ကောင်းပြီလေ လုပ်ပေါ့”

ကောင်မလေးက ကျောပိုးအိတ်လေးကို ဖြုတ်လိုက်သည်။ ထို့နောက် ခေါင်းကို ပလတ်စတစ်ခေါင်းဆောင်းလေး ဆောင်းလိုက်ပြီး နောက်ဖေးဘက်ကို ဝင်သွားသည်။

ကျွန်တော်က ကလေးနှစ်ယောက်ကိုကြည့်ရင်း ပီတိတွေဖြစ်နေမိသည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၏ ပညာရေးတွင် ဤသို့လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ကြရခြင်းက ပညာသင်ကြားရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူတို့ကို နှစ်ယောက်တည်း လွှတ်လိုက်ပြီး ကျွန်တော့်လို အပေါက်ဆိုးဆိုး၊ ဘုကလန့်သမားကို တည့်အောင် စည်းရုံးခိုင်းလိုက်သည်ကပင် ပညာတစ်ခုဖြစ်သည်။

ကောင်လေးက ကွန်ပျူတာကို တချောက်ချောက်နှင့် လုပ်ပြီး

“ဆရာ … သုံးကြည့်လိုက်ပါဦး”

ကျွန်တော်က သူထပေးလိုက်သည့် ခုံကို ဝင်ထိုင်လိုက်သည်။ ကွန်ပျူတာကို ဆော့ဖ်ဝဲတွေဖွင့်ကြည့်ပြီး သုံးသည်။ စက်က ပေါ့သွားသည်။ အတော်လေးကို ပေါ့သွားသည်။

“ဟ ကောင်းလှချည်လား။ စက်က အတော်လေး ပေါ့သွားတယ်”

“မလိုတာတွေ ရှင်းလိုက်တယ်။ ပြီးတော့ သား ဆော့ဖ်ဝဲလေးတစ်ခု ထည့်ပေးထားတယ်။ ဒက်စတော့ပေါ်မှာ တင်ထားတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် အဲဒီဆော့ဖ်ဝဲနဲ့ ပုံမှန်လေး ရှင်းပေးပါလား”

“ကောင်းသကွာ … သားကို ကျေးဇူးတင်တယ်”

ကောင်လေးက နောက်ဖေးဘက်ဝင်သွားသည်။ ကောင်မလေးကို သွားကူနေပုံရသည်။ သူတို့နှစ်ယောက် ပြန်ထွက်လာသည်။ ကျွန်တော်က

“ကလေးတို့ … ကျေးဇူးတင်တယ် … တစ်နာရီပြည့်ပြီ ပြန်ကြတော့”

“ဆရာ … ဝင်ကြည့်လိုက်ပါဦး”

ကျွန်တော်က အိမ်နောက်ဖေးကို ဝင်ကြည့်သည်။ အိုးခွက်ပန်းကန်တွေ စင်ပေါ်တွင် စီထားသည်။ အိမ်သာကို ပြောင်နေအောင် ဆေးထားသည်။ ရေချိုးခန်းကိုလည်း တိုက်ထားပေးသည်။

“မင်းတို့ ပရောဂျက်ထဲမှာ အိမ်ကို သန့်ရှင်းရေး လုပ်ပေးဖို့လည်း ပါလား”

“ဟုတ်ကဲ့ ပါတယ် … သက်ကြီးပိုင်းတွေ တစ်ယောက်တည်း နေတဲ့အခါ ဘယ်လို နေထိုင် စားသောက် တတ်သလဲဆိုတာ ကျွန်တော်တို့ လုပ်နေတဲ့ ပရောဂျက်ပါ”

“ဟေ … ဟုတ်လား … ဒီတော့ မင်းတို့ သိသွားပြီလား”

“မသိသေးပါဘူး။ ဆရာ့အနေနဲ့ မေးခွန်းလေးတွေကို နည်းနည်းလောက်ဖြေပေးဖို့ လိုမယ် ထင်ပါတယ်။ ကျေးဇူးပြုပြီး သားတို့ကို နောက်ထပ် နာရီဝက်လောက် ထပ်ပြီး အချိန်ပေးပါလား”

ကျွန်တော် ကလေးတွေကိုကြည့်ပြီး ကြည်နူးသွားမိသည်။ မြန်မာနိုင်ငံတွင် မထင်ထားသည့် ပညာရှာနည်း တစ်ခုကို သူတို့ကျောင်းက ကောင်းကောင်း အခြေချပေးလိုက်သည်။ အစိုးရကျောင်းကတော့မဟုတ်။ ပုဂ္ဂလိက ကျောင်းတွေက ပညာရေး ပြုပြင်ပြောင်းလဲမှုကို သူတို့နည်း သူတို့ဟန်များဖြင့် အကောင်အထည် ဖော်နေ ကြခြင်းဖြစ်သည်။

သူတို့နှစ်ယောက်က ကျွန်တော့်ရှေ့တွင်ထိုင်ပြီး မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးသည်။ ကျွန်တော်ကလည်း ကျေနပ်စွာဖြင့် သူတို့ကို ဖြေပေးသည်။ သူတို့က စာရွက်လေးတွေပေါ်တွင် ခဲတံနှင့် မှတ်သည်။ မရှင်းလျှင် ထပ်မေးသည်။

“ပြီးပြီလား”

“နောက်ဆုံး မေးခွန်းပါဆရာကြီး”

“အေး”

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မယ်လို့ ဆရာကြီး ယုံကြည်ပါ သလား”

“ကလေးတို့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးရုံမကဘူး လူ့ဘောင်သစ်ကြီးတစ်ခုလုံးကို တည်ဆောက်လို့ရတယ်။ ပညာရေးဖြင့် အရာရာကို လုပ်နိုင်တယ်လို့ယုံတယ်။ ဒါပေမဲ့”

“ဘာလဲရှင့်”

“မင်းတို့လို လူငယ်တွေနဲ့ တည်ဆောက်မှရမယ်။ မင်းတို့လို သိချင်သော၊ စူးစမ်းချင်သော၊ လုပ်ဆောင်ချင်သော၊ တာဝန်ယူချင်သော၊ တာဝန်ခံချင်သော သူတွေနဲ့ တည်ဆောက်မှရမယ်”

“ဘာကို ဆိုလိုတာဆရာကြီး”

“စာသင်ခန်းထဲကို အကျဉ်းထောင်ထဲဝင်သွားသလို ပိတ်လှောင်ထားခြင်း ခံနေရတဲ့သူတွေနဲ့ အနာဂတ် မတည် ဆောက်နိုင်ဘူးလို့ပြောတာ”

“ကျေးဇူးပါဆရာကြီး … သမီးတို့မေးလို့ ပြီးပါပြီ”

“ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး”

ကလေးနှစ်ယောက် ကျွန်တော့်ကို နှုတ်ဆက်ပြီး ပြန်သွားသည်။ ကျွန်တော် စာဆက်ရေးရန် ကွန်ပျူတာရှေ့ ထိုင်လိုက်သည်။ သို့သော် ဘာစာမှ ဆက်မရေးနိုင်။ ကျွန်တော့်ရင်ထဲတွင် ဝေဒနာတွေကျန်ခဲ့သည်။

ကျွန်တော် ပြောလိုက်တာ ကလေးနှစ်ယောက် ကောင်းစွာ နားလည်မည်ထင်ပါသည်။

တင်ညွန့်

၁၆.၁၀.၂၀၁၈
Crd:

09/04/2018
09/04/2018
08/04/2018

ဦးဘုန်း(ဓါတု)ရဲ့ အတွေးအခေါ်များ
//////////////////////////////////////////////////

ဖတ်ပါ ပြီးရင် မှတ်မိအောင်လုပ်ပါ ပြီးရင် သိမ်းထားပါ
/////////////////////////////////////////////////////////////////
(၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။

(၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။

(၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။

(၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။

(၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။

(၆) လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။

(၇) မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။

(၈) အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။

(၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။

(၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

(၁၁) စာရိတ္တကောင်းရင် နောက်ကြောင်း ရှင်းတယ်။

(၁၂) မခိုင်းဘဲ လုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။

ဘ၀တွက်တာ

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။

(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။

(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲဆိုတာ မရှိပါဘူး။

(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။

(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။

(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။

(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။

(၈)စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။

(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။

(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။

(၁၁)ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။

(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။

(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။

(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။

(၁၅)ဒုက္ခအနီးတွင် သုခရှိ၏ ။

(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။

(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။

(၁၈)ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ ။

(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပါပဲ ။

(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ ။

(၂၁)နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။

(၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။

(၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။

ဦးဘုန်း(ဓါတု)

10/08/2017

ကမ္ဘာဦးစကနေ ယနေ့ခေတ်ကာလအထိ ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားတဲ့ မျိုးစိပ်တွေအများကြီးပဲ ရှင်ကျန်ခဲ့တဲ့မျိုးစိပ်တွေကလဲ အင်အားကြီးတဲ့မျိုးစိပ်တွေမဟုတ်သလို ဥာဏ်ရည်မြှင့်တဲ့မျိုးစိပ်တွေလဲမဟုတ်ဘူး ပတ်ဝန်းကျင်အခြေအနေပေါ်လိုက်လျောစွာနဲ့ပြောင်းလဲနေထိုင်တတ်တဲ့မျိုးစိပ်တွေသာ အသက်ရှင်သန်ခွှင့်ရရှိတာ တဲ့ ။

01/08/2017

ဥာဏ်ပညာက ရွှေငွေတွေထက်ပိုပြီး တန်ဖိုးရှိတယ်
ကူညီတတ်တဲ့လက်တစ်စုံက အရာအားလုံးထက် ပိုပြီး တန်ဖိုးရှိပါတယ် ...

30/07/2017

အောင်မြင်မှုကို အတောင်ပံတွေသာ တပ်လို့ရမယ်ဆိုရင် အဲ့ဒီ့အတောင်ပံဟာ ကျနော်ရဲ့မိတ်ဆွေတွေပဲဖြစ်လိမ့်မယ်...

25/07/2017

ဘဝတစ်ခုဆိုတာ
အချိန်အကြာကြီးမဟုတ်သလို
ဘဝတစ်ခုကို တန်ဖိုးရှိရှိဖြတ်သန်းဖို့ဆိုရင်
ပစ္စည်းဥစ္စာတွေ အများကြီးလိုအပ်မယ်မထင်ဘူး
နွေးထွေးကြင်နာတတ်တဲ့နှလုံးသားတစ်စုံနဲ့ ဖေးမကူညီတတ်တဲ့လက်တစ်စုံတည်းရယ်ပါ ...

20/07/2017

အပြောင်းအလဲ (CHANGE)

အပြောင်းအလဲ မပါဘဲ မတိုးတက်တက်နိုင်ပါဘူး
စိတ်သဘောထား မပြောင်းလဲနိုင်ဘဲနဲ့ ဘာကိုမှ ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ...

အခြေနေတစ်ခုကနေ နောက်တစ်ခုကိုပြောင်းလဲဖို့ဆိုရင် ခွန်အားမြှောက်များစွာ နဲ့ အဓိပ္ပါယ်မြှောက်များစွာလိုအပ်ပါတယ် ...

တကယ်တမ်းတော့ ...

အပြောင်းအလဲဆိုတာ တိုးတက်မှုမဟုတ်ပါဘူး
တိုးတက်မှုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးရယ်ပါ ...

29/06/2017

I have no home.
I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။
ငါဟာ သတိကို အိမ်လုပ်ပြီးတော့ နေပါတယ်။
I have no life or death.
I make the tides of breathing my life and death.
ငါ့မှာ မွေးဖွားခြင်း သေဆုံးခြင်းဆိုတာ မရှိပါဘူး။
ထွက်လေ ၀င်လေကိုပဲ မွေးဖွားခြင်း သေဆုံးခြင်းလို့ 
သဘောထားပါတယ်။

I have no devine power.
I make honesty my devine power.
ငါ့မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူး။
ငါဟာ ရိုးသားမှုကို ငါ့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်အဖြစ်
လုပ်ထားပါတယ်။
I have no friend.
I make my mind my friend.
ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း မရှိပါဘူး။
ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။
I have no armour.
I make benevolence my armour.
ငါ့မှာ သံချပ်ကာအကျီ င်္မရှိပါဘူး။
ငါဟာ သူတစ်ပါးကောင်းကျိုးကို လိုလားတယ်ဆိုတဲ့
စိတ်ကိုပဲ သံချပ်ကာအကျီ င်္သဖွယ် လုပ်ထားပါတယ်။
I have no sword.
I make absence of self my sword.
ငါ့မှာ ဓားရှည် မရှိပါဘူး။
ငါဟာ အတ္တမရှိခြင်းကိုဘဲ လက်နက်ဖြစ်တဲ့
ဓားရှည်ကြီးအဖြစ် လုပ်ထားပါတယ်။

ဆရာတော် ဦးဇောတိက
(သတိဆိုတဲ့ နေအိမ် မှ)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Hteinlinwin. M21@gmail. Com
Yangon
0095