Darul Ifta Madrasa Yusuf Ahmad Mamsa

Darul Ifta Madrasa Yusuf Ahmad Mamsa ဓမ္မသတ်မေးမြန်းရန် - 09956681566/09974922227 (Viber)

မိမိတို့ မေးမြန်းသိရှိလိုသည့်တရာတောလာအမိန့်ပညက်ချက်များကို အမည် လိပ်စာ ဖုန်းနံပတ် (2)လုံးပေးပို့၍ သိလိုသည်ကို ရှင်းလင်းစွာ စာပိုဒ်တစ်ပိုဒ် ထဲတွင် ရေးသားပေးပို့၍ မေးမြန် နိုင်ပါတယ်။တာဝန်ကျဆရာများမှ ပြန်လည်ဖြေကြားအကြောင်းပြန်ပေးပါမည်။

မဒ်ရစဟ် ယူစွတ်ဖ်အဟ်မဒ် မာမ်ဆာ ဖသ်ဝါ ဓမ္မသတ် အမေး/အဖြေကဏ္ဍ စတင်ဖွင့်လှစ်ကြောင်း ကြေညာခြင်း။အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖ...
24/11/2025

မဒ်ရစဟ် ယူစွတ်ဖ်အဟ်မဒ် မာမ်ဆာ

ဖသ်ဝါ ဓမ္မသတ် အမေး/အဖြေကဏ္ဍ စတင်ဖွင့်လှစ်ကြောင်း ကြေညာခြင်း။

အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ကျွန်တော်များ မဒ်ရစဟ် ယူစွတ်ဖ်အဟ်မဒ် မာမ်ဆာ (ကျောက်မြောင်း) ၌ ဖသ်ဝါဓမ္မသတ်ကဏ္ဍ ဖွင့်လှစ်ခဲ့သည့်မှာ (4) နှစ်ကျော် အချိန်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ယခုအခါ အများမွတ်စ်လင်မ် ပိုမိုလွယ်ကူစွာဖြင့် မေးမြန်းနိုင်ရန် ရည်ရွယ်၍ ကျွန်ုပ်တို့ ဓမ္မသတ်ဌာနမှ Online ဓမ္မသတ်အမေး/အဖြေကဏ္ဍကိုပါ တိုးချဲ့ဖွင့်လှစ်လိုက်ပါသည်။ အများသိလိုသည့် မေးခွန်းများကို ကျွန်ုပ်တို့ ဌာနရှိ မုဖ်သီ(ဓမ္မသတ် ပညာရှင်)များက အင်န်ရှာအလ္လာဟ်ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါသည်။

ဓမ္မသတ် မေးမြန်းလိုသူများအနေဖြင့် အောက်ပါအခြေခံ စည်းကမ်းချက်များနှင့်အညီ (1.12.2025) တနင်္လာနေ့မှ စတင်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(၁) မေးမြန်းသူ၏ အမည်၊ နေရပ်လိပ်စာအပြည့်အစုံနှင့် ဆက်သွယ်၍ရသော ဖုန်းနံပါတ် ပါဝင်ရမည်။

(၂) မဖြစ်ပေါ်လာသေးသော အခြေအနေကိစ္စရပ်တစ်ခုခုအား လုပ်ကြံဖန်တီး၍ မေးမြန်းသော မေးခွန်း၊အများမွတ်စ်လင်အကြား ကွဲပြား၍ ပြသနာ ဖြစ်စေနိုင်သည့်မေးခွန်း ၊ နိုင်ငံရေး လူမျိုးရေး ဘာသာရေး နှင့် သက်ဆိုင်သည့်မေးခွန်း ၊ လူပုဂ္ဂိုလ်တစ်ဦးဦး (သို့) အဖွဲ့အစည်းတစ်ခုခု၏ အမည်ကိုင်၍ မေးမြန်းသော မေးခွန်းများကို လက်ခံဖြေကြားမည် မဟုတ်ပါ။

(၃) ဓမ္မသတ်မေးခွန်းပါ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ကာယကံရှင်နှင့် ခေါ်ယူတွေ့ဆုံရန် လိုအပ်ပါက ဓမ္မသတ်ဌာနမှ အသိပေးခေါ်ယူခြင်းကို မပျက်မကွက် လာရောက်ပေးရမည်။

(၄)ဓမ္မသတ်ဖြေကြားချက်သည် တရားတော်၏ အမိန့်ပညတ်ချက်ကို သိရှိစေရန် ၊လိုက်နာကျင့်သုံးစေရန်အတွက်သာဖြစ်ပြီး နောက်ဆက်တွဲ ဥပဒေရေးရာ ကိစ္စရပ်များကို တာဝန်ယူလိုက်လံဖြေရှင်းပေးမည် မဟုတ်ပါ။

(၅) အဟ်လေစွန္နသ်ဝလ်ဂျမာအသ် လမ်းစဉ်ဝင် ဟနဖီမဇ်ဟဗ်ကျင့်သုံးသူ ပညာရှင်များ ဖြစ်သည့်အားလျော်စွာ ကျွန်ုပ်တို့၏ ဖြေကြားချက်များသည်လည်း အဆိုပါလမ်းစဉ်ကိုသာ အခြေခံမည်။

(၆) မေးခွန်းများကို Viber တစ်ခုတည်းဖြင့်သာ အတည်ပြုလက်ခံပေးပါမည်။ Post Comment ၊ Page Messenger မှ ပေးပို့လာသည့် မေးခွန်းများကို လက်ခံမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

သို့ပါ၍ ဓမ္မသတ်မေးမြန်းလိုသူများအနေဖြင့် မေးခွန်းများကို တင်​ပြပါစည်းကမ်းချက်များနှင့်အညီ အောက်ပါနံပါတ်ဖြင့် ဖွင့်လှစ်ထားသော Viber လူမှုကွန်ယက် အကောင့်သို့သာ ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

09956681566
09974922227


#ဖသ်ဝါဓမ္မသတ်ကဏ္ဍ

Address

Kyaikkasan
Yangon
11211

Telephone

+959956681566

Website

Alerts

Be the first to know and let us send you an email when Darul Ifta Madrasa Yusuf Ahmad Mamsa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Darul Ifta Madrasa Yusuf Ahmad Mamsa:

Shortcuts

Share

Category