05/05/2025
ကလေးငယ်တွေက မိဘအပေါ်မသိတတ်လိုက်တာ အလိုက်မသိဘူး ဆိုတဲ့ အကြောင်းအရာနောက်ကွယ်မှာ မိဘတွေနဲ့ သားသမီးကြား conversation အားနည်းချက်တွေကို မြင်နိုင်ပါတယ်။🙏🙏🙏
မရှိတာကို မသိစေ ရဘူး ဆိုတဲ့ မိဘမေတ္တာကို ဖော်ညွန်းမှု မှားယွင်းနေတာကြောင့်ပါ။
💚💚💚💚
မိဘက သားသမီးမျက်နှာမငယ်အောင် မရှိတာကို ရှိအောင်လုပ်ပေးနေတဲ့အခါ မရှိခြင်းကို ကလေးက နားမလည်နိုင်တော့တာကြောင့်ပါ။
💜💜💜💜💜
မိဘရဲ့ မပြည့်စုံခြင်းက သာမာန်ခံစားမှုမျိုးအနေနဲ့ မိဘက စံပြနေပြလို့ ရရဲ့သားနဲ့ မရှိတာကို ကလေးကို ပေးမသိတော့ ကလေးကလည်း တကယ်မသိရင်း အကျင့်ပါသွားတာမျိုး။
🧡🧡🧡🧡🧡🧡
မိဘမရှိတာကို အရှိလုပ်ပြတဲ့အခါ ကလေးက မရှိတာကို မသိတော့ စိတ်အလိုမကျတဲ့အခါ မိဘကို ငြိုငြင်လာနိုင်တာပါပဲ။
💛💛💛💛💛💛
အမေတို့ ဒီအတောတွင်း ငွေကြေးကိစ္စ အဆင်မပြေတာရှိလို့ သားသမီးတွေ လိုအပ်တာ မရနိုင်တဲ့အကြောင်း သိနားလည်အောင် ပြောပြဖို့ သင့်တာပါ။
💗💗💗💗💗
ကလေးလိုတိုင်း ပေးပေးနေရင် ကလေးက စိတ်ခံစားမှု ကို ထိန်းချုပ်ဖို့ နားမလည်တဲ့အရွယ်မို့ လိုချင်းတိုင်းရဖူးနေတာပဲ အခုက ဒါလေးကို ဘာကြောင့် မရ ရတာလဲ ဆိုပြီး မိဘအပေါ် အလိုက်မသိတာ မိဘအပေါ် နားမလည်နိုင်တာတွေ ဖြစ်လာရတာပါ။
💜💜💜💜💜💜
ဒါကြောင့် မရှိခြင်း က သာမာန် ကိစ္စ လို နေပြလို့ရပါတယ် ဝယ်ပေးနိုင်တိုင်း ဝယ်မပေးပါနဲ့။
💛💛💛💛💛
ကလေးကို အရမ်းပြီးပြည့်စုံအောင်ထားပေးတဲ့အခါ ကလေးက ဘာကိုမှ သင်ယူလို့မရနိုင်တာကို အထူးသတိထားကြပါ။
💓💓💓💓💓💓
လိုအပ်တာပဲ ဝယ်ပေးပါ။ လိုချင်တိုင်း မပေးပါနဲ့။ ဘဝမှာ မရနိုင်တာ မရှိလည်း ဖြစ်သွားတဲ့အရာရှိနေတာကို သိနားလည်အောင် လမ်းပြပေးပါ။
💙💙💙💙💙💙
မိဘရဲ့ ချစ်ခြင်းမေတ္တာကို နည်းလမ်းတကျ ချပြပေးဖို့ မိဘရဲ့ မှန်ကန်တဲ့ ဘဝနေထိုင်နည်းကိုသာ ကလေးတွေ သင်ယူစေဖို့ ခွန်အားပေးချင်ပါတယ်။
💖💖💖💖💖
ကလေးက မိဘအပေါ် မသိတတ်ဘူး ဆိုတာ မရှိပါဘူး တကယ်လို့သာ မိဘက ကလေးပျိုးထောင်မှု မှန်ကန်ခဲ့ရင် အလိုက်မသိတာ မိဘအပေါ်မသိတတ်တာ မရှိနိုင်ပါဘူး။
💓💓💓💓💓
ဆင်းရဲတာ အပြစ်မဟုတ်ပါဘူး မပြည့်စုံခြင်းက သာမာန်ဘဝပါပဲ။
💚💚💚💚
မပြည့်စုံတာကို ပြည့်စုံအောင် ဖန်တီးရုန်းကန်လို့ရကြောင်း မိဘက စံပြနေပြလို့ရပါတယ်။
♥️♥️♥️♥️
မိဘရဲ့ ဘဝအမှန်ကို နားလည်လက်ခံတတ်မှ ကလေးတွေက နားလည်ခံစားပေးနိုင်လို့ မိဘအပေါ် စာနာစိတ်နားလည်စိတ် ရှိလာတတ်အောင်
နေ့စဥ်ဘဝကို စည်းကမ်းနဲ့သာ နေပြသွားဖို့ လိုအပ်တဲ့အကြောင်း မီးမောင်းထိုးပြ ရေးသားလိုက်ပါတယ်။
💕💕💕💕💕
ကျမလည်း နေ့တိုင်း ပြုပြင်သင်ယူနေပါတယ်။
ကျေးဇူးတင်ပါသည်
🙏🙏🙏🙏🙏🙏🙏
လေးစားစွာ နဲ့ မေတ္တာ များစွာဖြင့် Mommy of 3
@ไฮไลท์
@เปิดการมองเห็น
Credit
06/02/2025
သမီးလေးတွေကို စိတ်ရောကိုယ်ပါ လုံခြုံမှုပေးနိုင်ဖို့ ဆောင်ရန် ရှောင်ရန်များ
--------------------------------------------
သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေအနေနဲ့ သမီးလေးရဲ့ စိတ်ရောကိုယ်ပါ လုံခြုံမှုရှိစေဖို့ သတိပြုလုပ်ဆောင်ရမယ့် စည်းကမ်းချက်အချို့ ကိုဖော်ပြပေး လိုက်ပါတယ်။ နိုင်ငံတကာအမြင်နဲ့ ရေးထားတဲ့အချက်အလက်တွေ ဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကွာဟနေတာမျိုးရှိနိုင်ပေမဲ့ သတိပြုစရာ အချက်တချို့ တွေ့မြင်နိုင်ဖို့ မျှော်လင့်ပြီး ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။သမီးလေးတွေအတွက်ရော သားလေးတွေအတွက်ပါ သတိပြုစရာပါပဲ။
သင်တို့ရဲ့ သမီးလေးတွေကိုငယ်ငယ်လေးကတည်းက ( ၂နှစ်အရွယ်ခန့်) ဒါတွေသင်ပေးရပါမယ်။
(၁)တစ်စိမ်းအမျိုးသားတွေရဲ့ ပေါင်ပေါ်မှာမထိုင်ခိုင်းပါနဲ့။ ဆွေမျိုးဖြစ်နေရင်တောင် သိပ်ဆွေမျိုးမနီးစပ်ရင် ထိုင်ခွင့်မပြုသင့်ပါ။
(၂) ကလေးငယ် ၂ နှစ်အရွယ်လောက်ကတည်းကသူတို့ရှေ့မှာ အ၀တ်အစားလဲခြင်း၊ မလုံမခြုံနေခြင်းကိုရှောင်ပါ။ အ၀တ်အစားမလုံခြုံမှုကို ကျင့်သားရခြင်းမရှိသင့်ပါ။
(၃) လူကြီးတွေကမိတ်ဆွေတို့ရဲ့ ကလေးတွေကို ဒါက ငါ့ယောက်ျား၊ ဒါက ငါ့မိန်းမလို့စနောက်ခြင်းကိုခွင့်မပြုပါနဲ့။
(၄) ကလေးတွေအတူတူကစားနေရင် မနီးမဝေးက အကဲခတ်ပေးပါ။ ကလေးတွေက တချို့လူကြီးတွေဆီက တတ်လာတဲ့ မဖွယ်မရာအပြုအမူတွေနဲ့ ကစားတတ်ကြလို့ သတိပြုပေးသင့်ပါတယ်။
(၅) ကလေးမနှစ်သက် မချစ်ခင်တဲ့လူကြီးရဲ့ အိမ်ကို အတင်းအကျပ် မသွားခိုင်းပါနဲ့။ ဒါ့အပြင် ကလေးက လူကြီးတစ်ဦးတစ်ယောက်ကို အရမ်းချစ်ခင်နှစ်သက်နေရင်လည်း သတိထားပြီးကြည့်သင့်ပါတယ်။
(၆) အမြဲတက်ကြွနေကျကလေးက ထူးထူးဆန်းဆန်းငြိမ်သက်နေရင် စိတ်ရှည်စွာနဲ့ မေးခွန်းတွေအများကြီး လှည့်ပတ်မေးပြီး အကြောင်းရင်းကို စုံစမ်းသင့်ပါတယ်။
(၇) အရွယ်ရောက်လာခါစ သားသမီးတွေကို ကျားမကွဲပြားမှုအကြောင်း ပညာပေးဗဟုသုတတွေ ပြောပြပေးရပါမယ်။ မိဘတွေကမပြောပြရင် သူတို့ဟာ လူ့အဖွဲ့အစည်းကနေ အမှားအမှန်မခွဲခြားပဲ သင်ယူသွားပါလိမ့်မယ်။
(၈) ကလေးတွေအတွက် ၀ယ်လာတဲ့ ကာတွန်းကားလိုမျိုး အခွေတွေနဲ့ စာအုပ်စာပေတွေကို သူတို့မဖတ်ခင် မကြည့်ခင်တည်းက ကြိုတင်ကြည့်ထားရပါမယ်။ မဖွယ်မရာတွေကို ဖယ်ရှားနိုင်အောင်ဖြစ်ပါတယ်။
(၉) မိဘလမ်းညွှန်စာပေတွေကို အင်တာနက်မှာ အမြဲမပြတ်ဖတ်ရှုပြီး ကလေးငယ်သွားလည်နေကျ သူငယ်ချင်းရဲ့ မိဘတွေကိုလည်း မိတ်ဆွေဖွဲ့ပြီး ဒါတွေကို ဝေမျှပေးပါ။
(၁၀) သမီးလေးရဲ့ အတွင်းကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မိမိဘာသာ ဆေးကြောတတ်အောင် သင်ပေးပါ။ မိခင်အပါအ၀င် သူများကိုင်တွယ်ဆေးကြောတာကို ခွင့်မပြုစေပါနဲ့။( ကလေးကိုချမှတ်တဲ့ စည်းကမ်းဟာ အိမ်ကပဲစတင်တာကို အမြဲသတိရပါ)
(၁၁) ကလေးရဲ့ဖြူစင်မှုကို အရောင်စွန်းထင်းမှုတစ်စုံတရာဖြစ်စေမယ့် အရာမှန်သမျှကို မတွေ့ကြုံအောင်ထားပါ။ (ဂီတ၊ရုပ်ရှင်၊ စာအုပ်တို့အပြင် မိတ်ဆွေနဲ့ မိသားစု၀င်တို့ပါ ပါ၀င်နိုင်တတ်ပါတယ်)
(၁၂) အများနဲ့အလွန်တရာရောနှောမနေတတ်တာလည်း ကောင်းတဲ့အကျင့် တစ်ခုဖြစ်ကြောင်း ကလေးတွေကို ပြောပြထားပါ။
(၁၃) ကလေးက လူတစ်ဦးတစ်ယောက်အကြောင်းကို မကြာခဏ အပြစ်တင်ပြောဆိုနေရင် မသိသလိုမနေပဲ သေချာမေးမြန်းကြည့်ပါ။ အရေးတယူဖြေရှင်းပေးခြင်းဖြင့် သင်ဟာ သူတို့ကို ကာကွယ်ပေးနိုင်တဲ့ မိဘဖြစ်ကြောင်း သက်သေပြပါ။
လက်ရှိမိဘဖြစ်နေသူတွေရော မိဘမဖြစ်သေးသူတွေအနေနဲ့ပါ ဖတ်ရှုထားသင့်ပါတယ်။ သားသမီးရှိတဲ့ တခြားမိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့မမေ့ပါနဲ့နော်။
Credit
Baby Care
29/09/2024
A Father's Guidance in a Digital Storm😘💖💖
10/08/2024
ကလေးတွေ ခိုးဝှက်မိတဲ့အခါ
✍️နွယ်နီကံဝင်း
# # #
ကိုယ့်ကလေးက တစ်ယောက်ယောက်ဆီက ပစ္စည်းခိုးပြီဆိုပါဆို့ မေမေတို့ ဘယ်လိုဖြေရှင်းကြလဲ။
ကျွန်မကိုယ်တိုင် ငယ်ငယ်က ခိုးဖူးပါတယ်။ အဒေါ့်ဆိုင်က ပိုက်ဆံဘူးထဲက ငွေခိုးပြီး ချောကလက်ဝယ်စား၊ စာအုပ်ငှားဖတ်တယ်။
ပြီးတော့ ပုဇွန်ခြောက်၊ ငါးရံခြောက်ဆိုင်တွေ အိမ်ကသွားတိုင်း လိုက်ပြီး ဆိုင်က ပုဇွန်ခြောက် ခိုးစားဖူးတယ်။
ခိုးမိလို့ ပြင်းထန်စွာ ပြောတာ ခံရဖူးတယ်။ ပုဇွန်ခြောက်ဆိုင်ရှင်ရဲ့ အပြောဆို ခံခဲ့ရဖူးတယ်။
ငယ်တဲ့အရွယ်မှာတော့ လူကြီးတွေက ခိုးတယ်လို့ တံဆိပ်ကပ်ပေမယ့် ကျွန်မမှတ်မိတာက ကျွန်မကတော့ ခိုးတယ်ဆိုတာထက် ကျွန်မလိုချင်တာ ယူတာပါ။ စားချင်တာစားတာ။ သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ ထင်ခဲ့မိတယ်။
နည်းနည်းကြီးလာတော့မှ သူများမသိပဲယူတာ ခိုးတာလို့ နားလည်လာတယ်။ နားလည်ပြီး ဆက်ခိုးမိတာကတော့ ကျွန်မပတ်ဝန်းကျင်ကလူတွေရဲ့ အပြုအမူတချို့နဲ့လည်း ဆိုင်မယ်။
ဈေးထဲကြီးသူမို့ ကြုံရင်ကြုံသလို အလေးခိုးသူတွေ တွေ့တယ်။ အိမ်မှာ မိသားစုများတာမို့ အငယ်ဆီက အကြီး၊ အကြီးဆီက အငယ် မသိအောင် ယူသုံးတတ်တာမျိုး ရင်းနှီးနေတယ်။ ဒါကြောင့် အတုမြင်မိတယ်လို့ ထင်ပါတယ်။
ကျွန်မခိုးတာမြင်တဲ့ ဦးလေးက ဝေစုခွဲပေးဖို့ပြောပါတယ်။ ဒါကြောင့် ဒီပတ်ဝန်းကျင်က အတော်လေး အသက်အရွယ်ရလာတဲ့အထိ ခိုးတဲ့အကျင့်ကို အတုယူစေဖို့ တွန်းအားပေးတယ်လို့ထင်မိတယ်။
အမေတို့နဲ့ပြန်နေကာမှ ကျွန်မမခိုးတတ်တော့ဘူးလို့ ပြန်မှတ်မိနေသေးတယ်။
နောက်ပြီး ခိုးတတ်စေတဲ့ နောက်ထပ်အကြောင်းရင်းက အခြေခံလိုအပ်ချက်တွေ မပြည့်တာမျိုးလည်း ဖြစ်နိုင်တယ်။ လယ်ကွင်းနဲ့ လမ်းပေါ်မှာ ကျက်စားရတဲ့ကလေးတွေဟာ ပိုပြီး ခိုးတတ်ကြတယ်။ ပတ်ဝန်းကျင်ရဲ့အမြင်ထက် ဝမ်းရေးခက်ကြတာကိုး။
✅ ခိုးတာကို မိတဲ့အခါ ကြမ်းတမ်းစွာ ဆူတာထက် ငြင်သာစွာ ရှင်းပြပေးသင့်တယ်။ ဘာကြောင့်ခိုးမိတယ်ဆိုတာပါ သေချာမေးပါ။
✅ ခိုးယူခဲ့တဲ့ ပစ္စည်းကို ပြန်ပေးနိုင်ဖို့ မိဘတွေက ကူညီပေးရမယ်။ ဘယ်လောက်ခက်ခက် လုပ်ဖြစ်အောင် လုပ်ခိုင်းပါ။
✅ လိုချင်တာကို တောင်းယူတတ်၊ ပြောပြတတ်ဖို့ လေ့ကျင့်ပေးရမယ်။
✅ ခိုးနေတာကို မသိချင်ယောင်ဆောင်မပေးသင့်ဘူး။ ကလေးအဖို့ သူတို့အောင်မြင်တယ်ထင်လေ ရဲစိတ်ပိုဝင်လာလေပဲ။
✅ မိဘကိုယ်တိုင် ခိုးဝှက်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ကလေးရဲ့ပတ်ဝန်းကျင်မှာ ခိုးဝှက်တတ်တဲ့သူပါနေလား သတိထားကြည့်ပါ။ ရှိနေခဲ့ရင်လည်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုမခံရအောင် ဂရုစိုက်ပေးရပါမယ်။
ခုခေတ်မှာတော့ အမေအများစု ကြုံနေရတာ ငွေခိုး ရွှေခိုးတာမျိုးမဟုတ်ပဲ ကလေးက ဖုန်းခိုးသုံးတာပဲ။ ဒါကိုလည်း မပေါ့ပါနဲ့။
မိဘမသိအောင်လုပ်တတ်တဲ့အကျင့်ဟာ ကလေးအတွက်ရော ကလေးနဲ့မိဘကြားဆက်ဆံရေးကိုပါ ဆိုးဝါးစေတယ်။
ဒီလိုလုပ်တဲ့အခါ ကလေးအတွက် နောက်ဆက်တွဲ အကျိုးဆက်များနဲ့တကွ၊ ဒါ့ကြောင့် အခြားအခွင့်အရေးတွေကိုပါ တားမြစ် ပိတ်ပင်ခံရနိုင်ကြောင်း ကလေးကို အသိပေးထားစေချင်တယ်။
ကျွန်မတို့ကလေးတွေ လူတော်၊ လူကောင်းတွေ ဖြစ်အောင် ကျွန်မတို့အတတ်နိုင်ဆုံး ကြိုးစားပေးကြရမယ်လေ။
နွယ်နီကံဝင်း
28/07/2024
“အမေ ဒီဟင်းနဲ့မစားချင်ဘူး… ဟိုဟင်းနဲ့စားမယ်”
အမေ့အမြင်မှာ သူ တောင်းဆိုတဲ့ ဟင်းနဲ့ ကျွေးလိုက်ရင်
နားအေးတာပဲ လို့ မြင်ကောင်းမြင်နိုင်ပါတယ်
ဒါပေမယ့် ခလေးစိတ်ထဲမှာ…
စားချင်သလို စားခွင့် ရှိတယ်…
စားချင်သလောက် စားမယ်ဆိုတာမျိုး
ဘယ်အရာကိုမှ ကန့်သတ် (စည်းကမ်း)
ထားစရာမလိုဘူး ဆိုတဲ့
ခံယူချက်ကလေးတွေ တဖြည်းဖြည်းနဲ့
ဝင်လာနေတာကို ဒီအမေ သတိ မထားမိလိုက် ပါဘူး
“အမေ… သားဒီနေ့ကျောင်းမသွားချင်ဘူး”
“အေး အေး… အမေခွင့်တိုင်ပေးမယ်”
ဒီအမေ အတွေးထဲမှာ ဒီနေ့ တစ်ရက်ကျောင်း
မသွားတာနဲ့ ဘာမှမထူးပါဘူးလို့ ထင်မှတ်နေတာပါ….
တကယ်တော့ ကျောင်းပုံမှန် သွားရမယ်ဆိုတဲ့
စည်းကမ်းကို အလွယ်တကူ ချိုးဖောက်ဖို့
အားပေးကူညီ လိုက်တာပါ…
ကျောင်းတစ်ရက် ပျက်တာ
ဘာမှမဖြစ်ပေမယ့်
ကလေးစိတ်ထဲမှာ
“ငါမတက်ချင်လည်းရတာပဲ”
ဆိုတဲ့ဘယ်အရာကိုမဆို
အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က
တဖြည်းဖြည်း အားကောင်းလာတတ်ပါတယ်…
ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး
“အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်”
“အေး… ဦးအောင်သာပြန်ဆော်ခဲ့ လုံးဝ မခံခဲ့နဲ့…
ြ ဖစ်လာသမျှ အမေလိုက်ရှင်းမယ်”
ဒီအမေ အမြင်မှာ ဒီလိုပြဿနာတွေကို
သားနိုင်ကိုနိုင်ရမယ်… ငါလိုက်ရှင်းမယ်
ဘာဖြစ်ဖြစ်ဆိုတာမျိုး….
တကယ်တော့ ကလေးဟာ
ပြသနာတခုခုကို သူ့အရွယ်နဲ့သူ မဆုံးဖြတ်နိုင်တော့ပဲ
ကိုယ်ထိလက်ရောက် အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး… ဘာလုပ်လုပ် ငါ့မိဘရှင်းမှာပဲဆိုတဲ့
စိတ်ဓာတ်မျိုးကို တဖြည်းဖြည်း ဖန်တီးယူလာတာပါ
ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး…
ကြီးလာရင် တဖြည်းဖြည်း သင်ယူသွားလိမ့်မယ်
ဆိုတာ မဟုတ်ပါဘူး။
ခလေးဆိုတာ သွေးတိုးစမ်းတတ်ပါတယ်*
(ပထမအရွယ်မှာ ချော့ရပါတယ်… ဒုတိယအရွယ်မှာ
ခြောက်ရပါတယ် ၊ တတိယအရွယ်မှာ
ချော့တစ်ခါခြောက်တစ်လှည့် လုပ်ရပါတယ်…)
ငယ်စဉ်ကတည်းက သင်ကြားပေးလို့ရတဲ့
ကိုယ်ပိုင်စည်းကမ်းလေးတွေ ရှိပါတယ်
သူ့ဖိနပ်ကိုသူ စနစ်တစ်ကျ ချွတ်ခိုင်းပါ…
ထမင်းစားတာကို မဖိတ်မစင်အောင် စားခိုင်းပါ..
(ကိုယ် ကြွေးချင်တဲ့ အစာအဟာရကို မဖြစ်မနေ
ခလေးစားအောင် ကြိုးစားပါ)
သူ ကစားပြီးသား ကစားစရာကို
သူကိုယ်တိုင် စနစ်တစ်ကျသိမ်းခိုင်းပါ…
(မသိမ်းရင် နောက်ထပ်သူ့ရဲ့ဆန္ဒကို လုံးဝခွင့်မပြုပါနဲ့)
ငယ်စဉ်ထဲက စနစ်တကျ တဖြည်းဖြည်းခြင်း
ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်
ငယ်ငယ်ထဲက စည်းကမ်းတကျမရှိတဲ့
ခလေးဟာ ကြီးလာရင်လည်း
ဘယ်စည်းကမ်းမျိုးမဆို အလွယ်တကူ
မလိုက်နာဖို့များပါတယ်
ကလေးတွေကိုပေးရမယ့်
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ…
ပူဆာသမျှအရုပ်တွေ ဝယ်ပေးတာမျိုး…
ပို့ခိုင်းသမျှ ကစားကွင်းတွေ အမြဲတစေ
လိုက်ပို့တာမျိုးရယ်တော့ မဟုတ်ပါဘူး
လက်ရှိရှိနေတဲ့ အနေအထားမှာ
ရှိနေတဲ့ပတ်ဝန်းကျင် ရောက်နေတဲ့အသက်အရွယ်မှာ သူ့ကိုယ်ပိုင်အသိတရားလေးနဲ့
စည်းကမ်းတကျလေး ပျော်ရွှင်စေရမှာဖြစ်ပါတယ်
ကလေးအိပ်နေလို့ မနှိုးချင်လို့
ကျောင်းပျက်တာကိုအရေးမကြီးသလို
ယူဆနေတဲ့မိဘတွေ တနေကုန် ဖုန်းနဲ့မျက်နှာနဲ့
မခွာတဲ့ ခလေးတွေကို ပြောမရဘူး
ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့
့ ခွင့်ပြုထားတဲ့ မိဘတွေ
ဖုန်းတစ်လုံးမှာ ငါတို့တောင်မသိတာတွေ
သူသိတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ မိဘတွေ…
တစ်နေ့ ၁၀နာရီလောက် စာလုပ်ခိုင်းထားပြီး
ကြီးလာရင်တော့ သေချာပေါက် ပညာတတ်ဖြစ်မှာပဲလို့
စိတ်ကူးယဉ်နေတဲ့ မိဘတွေ…
ခလေးလေးက လူကြီးလောက်နီးနီး ဆဲတတ်တာကို
စကားတတ်တယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘတွေ
ခလေးလေးက ဘီယာဝိုင်း
လိုက်ထိုင်သောက်တတ်တာကို ဆရာကြီးကွဆိုပြီး
ကြံဖန်ဂုဏ်ဆာနေကြတဲ့ မိဘမျိုးတွေ
ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရပါတယ်…
ကိုယ့်ခလေး ကိုယ်ကြိုက်တာလုပ်နိုင်ပါတယ်…
ကိုယ့်သားသမီး ကိုယ်ကြိုက်သလိုပုံသွင်း
နိုင်ပေမယ့်တစ်ခုတော့ သတိပေးချင်ပါတယ်
ပစ်ချင်သလို ပစ်ထားတဲ့မျိုးစေ့… ပေါက်ချင်သလို
ပေါက်မှာပဲဆိုတာ မမေ့ပါနဲ့နော်….။
( ချစ်ခြင်းကို နှစ်ခြင်းဖြင့် အနိုင်မယူမိပါစေနှင့် )
Crd:;Daw Aye Ma Ma Myo ( EFG