Happy Learners Preschool

Happy Learners Preschool Happy Learning, Brainy Thinking

10/03/2023


ရှေးဦးအရွယ်ကလေးသူငယ်များရဲ့ ဖွံ့ဖြိုးမှုကို စနစ်တကျပံ့ပို့ပေးခြင်းဟာ

1.သူတို့လေးတွေရဲ့ lifelong learning အတွက်ရယ်

2. သူတို့လေးတွေရဲ့ဘဝမှာ လူပီသစွာနေတတ်ထိုင်တတ် ပြုမူတတ်စေဖို့နဲ့

3. အပြုသဘောဆောင်တဲ့စိတ်နေသဘောထားရှိတဲ့လူသားရင်းမြစ်တွေဖြစ်ဖို့အတွက်ရယ် အကျိုးရှိပါတယ်

10/03/2023

‼️စာသင်ခန်းအတွင်း ကလေးများ​၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရန် …✨

💡ကလေးငယ်များ​၏ သင်ယူမှုပြီးမြောက်စေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကိုသာမက၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (psychological safety) ရှိတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့က အလွန်ပဲ အရေးကြီးပါတယ်။

✅ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်မှာ သင်ယူမှု ပြုလုပ်မှသာ ကလေးများအနေနှင့်လည်း အကောင်းဆုံးသင်ယူမှုကို ပြုလုပ်နိုင်ပြီး ပညာရေးပိုင်းဆိုင်ရာ အောင်မြင်မှု၊ လူမှုဆက်ဆံရေးတိုးတက်ကောင်းမွန်မှုတွေ အပြင်၊ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှုကို ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။

⚠️ ဒါဆိုရင် ကလေးတွေရဲ့ သင်ယူမှုပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရန် မိဘ အုပ်ထိန်းသူတွေနဲ့ ဆရာ၊ ဆရာမတွေ ရှောင်ကျဉ်သင့်တဲ့ အရာနှင့် ပြုလုပ်ပေးသင့်တဲ့ အရာများကို မျှဝေလိုပါတယ်။

၁။ ခွဲခြားမှုများကို မပြုလုပ်ပါနှင့်။
▪️စာသင်ခန်းအတွင်းမှာ ပညာရေးအဆင့်၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ မိဘအသိုင်းအဝိုင်း ၊ လူမှုစီးပွားရေးအပေါ်မူတည်ပြီး ကလေးများကို နှိမ့်ချကာ ခွဲခြားမှုမလုပ်ဖို့ နှင့် ဘက်မလိုက်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။
▪️ဒီလို ခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေက ကလေးများကို စိတ်အားငယ်စေပြီး ကြိုးစားချင်စိတ်ကိုလည်း လျော့နည်းလာစေပါတယ်။

၂။ အရှက်ခွဲသည့် အပြုအမူများကိုရှောင်ကျဉ်ပါ။
▪️ဆရာ၊ဆရာမတွေနဲ့ မိဘတွေ ရဲ့ အယူအဆမှားတွေထဲက တစ်ခုကတော့ ကလေးကို သူများရှေ့မှာ အရှက်ရအောင် ပြုမူပြောဆိုမယ်၊ မကောင်းကြောင်းတွေ ပြောမယ်ဆိုင်ရင် ကလေးက ရှက်ပြီး ကောင်းတဲ့ အပြုအမူကို ပြောင်းလဲပြုလုပ်ကြလိမ့်မယ်လို့ ထင်တာဖြစ်ပါတယ်။
▪️သို့သော်လည်း တကယ်တမ်း ဒီလိုမျိုး အရှက်ခွဲခံရတဲ့ အဖြစ်အပျက်က ကလေးတွေမှာ စိတ်ဒဏ်ရာ ဖြစ်သွားတတ်ပြီး သင်ယူမှုမှာလည်း အားလျော့သွားတဲ့အပြင် ဆရာ၊ဆရာမနှင့် မိဘအပေါ်မှာ လေးစားချစ်ခင်စိတ်များလည်း လျော့နည်းလာတတ်ပါတယ်။

၃။ အမှားလုပ်မိမှာကို မကြောက်ပါစေနှင့်။
▪️သင်ယူမှုပြီးမြောက်ခြင်းကို အထောက်အကူပြုတဲ့ ပတ်ဝန်းကျင်ကတော့ ကလေးတွေကို အမှားလုပ်ခွင့်ပေးပြီး ပြန်လည် ပြင်ဆင်ဖို့ ကူညီပေးတဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။
▪️ကလေးတွေက အမှားလုပ်မိပြီး အပြစ်ပေးခံရမှာကို ကြောက်လို့ စူးစမ်းမှုတွေ မပြုလုပ်တော့ဘူးဆိုရင် သင်ယူမှုကလည်း အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ဖြစ်တတ်ပါတယ်။

၄။ အားထုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြုပါ။
▪️ကိုယ်မျှော်လင့်ထားသလောက် ကလေးက အောင်မြင်မှုကိုမရခဲ့ရင်တောင် ဒီအဆင့်ထိရောက်လာခဲ့တဲ့ ကလေးရဲ့ အားထုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။
▪️ဒါမှသာ နောက်ထပ်လည်း ပိုကောင်းတဲ့ အပြုအမူတွေကို ပြုလုပ်ဖို့ စိတ်ခွန်အားတွေ တိုးလာမှာဖြစ်ပြီး ကိုယ့်ကိုယ်တိုင်အတွက်လည်း စိတ်ကျေနပ်မှုကို ရရှိလာရင်း ယုံကြည်မှုတိုးလာစေမှာ ဖြစ်ပါတယ်။

၅။ နှိုင်းယှဉ်ခြင်းထက် လက်ခံပေး၊ အားပေးကူညီပါ။
▪️ကလေးတစ်ယောက်နဲ့ တစ်ယောက်ကို နှိုင်းယှဉ်ပြီး ပြောလိုက်မယ်ဆိုရင် ကလေးက မခံချင်စိတ်နဲ့ ကြိုးစားကြလိမ့်မယ်လို့ လူကြီးတွေက ထင်ကြပြန်ပါတယ်။
▪️ဒါပေမယ့်လည်း ကလေးတွေရဲ့ စိတ်ထဲမှာတော့ တစ်ယောက်နှင့်တစ်ယောက် မနာလိုမှုတွေ၊ အနှုတ်သဘောဆောင်တဲ့ ယှဉ်ပြိုင်မှုတွေပိုမို များပြားလာနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် မကျေနပ်နိုင်ဘဲ အပြစ်မြင်တဲ့ အတွေးအမြင်တွေ ပိုမိုပေါက်ဖွားလာနိုင်ပါတယ်။
▪️ဒါကြောင့် ကလေးက ကိုယ်မျှော်မှန်းထားတဲ့ အောင်မြင်မှုကိုမရရှိခဲ့ရင်တောင် အခြားသူတွေနဲ့ နှိုင်းယှဉ်တာထက် သူ့ရဲ့ လုပ်နိုင်စွမ်းကို လက်ခံပေးပါ။ အားပေးကူညီပါ။

၆။ ကိုယ်ချင်းစာစိတ်ဖြင့် နားထောင်ပေးပါ။
▪️စာသင်ခန်းထဲမှာ တွေ့ရတဲ့ ကလေးတွေက ဆရာ၊ ဆရာမတွေထက် အသက်အားဖြင့်သော်လည်းကောင်း အတွေ့အကြုံအားဖြင့်သော်လည်းကောင်း ငယ်ရွယ်နုနယ်ကြပါတယ်။
▪️ဒါပေမယ့်လည်း သူတို့အရွယ်နဲ့ သူတို့ကြုံတွေ့နေရတဲ့ အကြောင်းအရာ ပြသနာတွေကလည်း သူတို့အတွက် ကြီးမားကြတာပါပဲ။
▪️သို့သော်လည်း လူကြီးတွေက ကလေးတွေရဲ့ ဒီလိုခံစားချက်ပြသနာတွေကို ဘာမှမဖြစ်သလိုပြောကြတာ၊ လှောင်ကြတာလည်း ရှိလာတဲ့အခါ ကလေးတွေက သူတို့ရဲ့ အခက်အခဲတွေနဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောပြဖို့ ဝန်လေးလာကြပါတယ်။
▪️ဒါကြောင့် လူကြီးတွေက ကလေးတွေရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာစိတ်နဲ့ နားထောင်ပေးမယ်ဆိုရင် နှစ်ဦးကြား ဆက်သွယ်ရေးလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပြီး သင်ယူမှုမှာလည်း အောင်မြင်မှုတွေ များလာမှာ ဖြစ်ပါတယ်။

‼️ဖော်ပြခဲ့တဲ့ အချက်တွေကို လက်တွေ့လုပ်ဆောင်ကြည့်ရင်း ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။✨



10/03/2023
10/03/2023

🏫 မူကြိုဆိုတာ ကလေးတို့ရဲ့ ဒုတိယအိမ်

က​လေးတို့ ဘဝမှာပထမဆုံးအိမ်နဲ့ခွဲပြီးအချိန်ကြာကြာနေရတဲ့နေရာက မူကြိုကျောင်းပါ

🌹 သူတို့လေးတွေရဲ့စိတ်ထဲမှာ အိမ်မှာဖေဖေမေမေတို့ကချစ်သလို ဂရုစိုက်ပေးသလို ကျောင်းမှာဆရာမတွေသူငယ်ချင်းတွေက ချစ်ပေး ဂရုစိုက်ပေးကြပါတယ်ဆိုတဲ့ စိတ်လုံခြုံနွေးထွေးမှုရှိဖို့ အရေးကြီးပါတယ်။

🌹 Sense of Belongingness ဆိုတဲ့စိတ်ခံစားမှု​​လေး​ပေါ့။ ကလေးတွေရဲ့စိတ်ထဲမှာ ငါ့ကျောင်း၊ ငါ့ကိုချစ်​တဲ့ ဂရုစိုက်မယ့်တီချယ်တွေရှိတယ်၊ အတူတူကစားမယ့် သူငယ်ချင်းတွေရှိတယ် ပျော်စရာကောင်းတဲ့နေရာလေးဖြစ်တယ်ဆိုတဲ့ စိတ်လုံခြုံမှုလေးခံစားရအောင် တီချယ်တွေအနေနဲ့ ဘယ်လိုကြိုးစားလုပ်ဆောင်ပေးသင့်သလဲ? ??

📌 ကလေးတို့နဲ့ တီချယ်တွေအကြား ချစ်ခင်ရင်းနှီးယုံကြည်မှု ( Rapport ) တည်ဆောက်ရပါမယ်။
အချိန်ခဏလေးအတွင်းမှာတော့တည်ဆောက်ဖို့ခက်ပေမယ့် စိတ်ရှည်ရှည်နဲ့ ချစ်ခင်ရင်းနှီးယုံကြည်မှုကိုတည်ဆောက်ရပါမယ်။ ( အဲ့လိုတည်ဆောက်နေစဥ်မှာပဲ မူကြိုဆရာမတွေသည် ကလေးကိုက်ဆွဲလို့ အကွင်းလိုက်သွားရာထင်သွားတာ ကလေးကိုချော့ဖို့ချီလိုက်ရင်း ကလေးခေါင်းန့ဆောင့်လိုက်တော့ ဆရာမမှာ နှုတ်ခမ်းပေါက်သွားတာ ကလေးကတံတွေးနဲ့ထွေးတာခံရလို့ ဆရာမမှာ မျက်ရည်ကျတဲ့အထိဝမ်းနည်းသွားရတာ စသည်ဖြင့် ဆရာမတွေရဲ့အနစ်နာခံသည်းခံစိတ်ရှည်ပေးရတာလေးတွေလည်းတွေ့ဖူးခဲ့ပါတယ်)

📌 ကလေးအချင်းချင်း အနိုင်ကျင့်တာမျိုးလေးတွေရှိတတ်တာမို့ တီချယ်တွေက ကစားတဲ့အချိန် မုန့်စားတဲ့အချိန်ကအစ မျက်ခြေမပြတ်ဂရုစိုက်စောင့်ရှောက်ပေးနေဖို့လိုအပ်ပါတယ်။(ကလေးစိတ်ထဲမှာ ငါ့ကိုသူငယ်ချင်းတစ်ယောက်ယောက်က တွန်းလိုက် ရိုက်လိုက်တာမျိုးအနိုင်ကျင့်ခံရတဲ့အခါ ကာကွယ်ပေးတဲ့တီချယ်ရှိတယ် ဆိုတဲ့ ယုံကြည်စိတ်လေးရှိရပါမယ်
အနိုင်ကျင့်တဲ့ကလေးကိုလည်း အနိုင်ကျင့်တဲ့အပြုအမူတွေကို ဘာ့ကြောင့်မလုပ်သင့်ကြောင့်ကလေးနားလည်သည်အထိရှင်းပြသွန်သင်ပေးရပါဦးမယ်)

🌹 ကလေးတို့ရဲ့ ရင်ထဲက ယုံကြည်ချစ်ခင်တွယ်တာသော မူကြိုဆရာမ​လေးများဖြစ်ကြပါစေလို့ဆုတောင်းလျက်

မေတ္တာဖြင့်
ဒေါက်တာရွှေရည်ဝင်း
ပညာရေးစိတ်ပညာပါရဂူ

Free Webinar ကလေးများနှင့် ပန်းချီ
10/03/2023

Free Webinar
ကလေးများနှင့် ပန်းချီ


ကလေးများနဲ့ပန်းချီ
~~~~~~~~~~~~~~
👉ရသခံစားတတ်ခြင်း၊ အလှအပတရားကို ချစ်တတ်ခံစားတတ်ခြင်း၊ တီထွင်ဖန်တီးတတ်ခြင်း တို့ရဲ့ လမ်းစဖြစ်တဲ့ ပန်းချီဆွဲခြင်း က ကလေးတွေအပေါ်မှာ ဘယ်လို သက်ရောက်မှုလေးတွေများရှိနိုင်မလဲ။

👉ကလေးများကို ပန်းချီပညာသင်ကြပေးခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာဖြစ်များလဲ။

👉ပန်းချီကို မဖြစ်မနေသင်ပေးသင့်ပါသလား။ မသင်ရင်ရော ဘာတွေဖြစ်နိုင်လဲ။

စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုသိနိုင်ဖို့ Promise Education ရဲ့ Free Webinar လေးကို တက်ရောက်နိုင်ပါပြီရှင့်။

ဟောပြောမယ့် ပညာရှင်ကတော့

Tr May Day
MA (Art Education) NUAC

ဖြစ်ပါတယ်။

✅ကလေးများကို ပန်းချီသင်ကြားခြင်းနဲ့ပတ်သက်လို့ရော သိချင်တာတွေကို မေးမြန်းဆွေးနွေးခွင့်လည်း ရရှိဦးမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီ Webinar လေးကို လက်လွှတ်မခံသင့်ပါဘူးနော်။

👉တက်ရောက်ခွင့်ရရှိဖို့ကတော့ မိတ်ဆွေသူငယ်ချင်းများသိအောင် ဒီပို့စ်လေးကို Share ပေးရုံပါပဲရှင့်။
👉Share ထားတဲ့ screenshot လေးကို ယခု post လေးမှာ Comment ပေးထားရင် တက်ရောက်ခွင့်ရရှိပါပြီရှင်။





#ပန်းချီ

09/03/2023

မူကြိုစတက်တဲ့နေ့ရက်တွေမှာ ငိုခြင်းနှင့် ကလေးများ၏ နဂိုစိတ်ရင်း

😭 ကလေးတွေ မူကြိုကျောင်းကိုရောက်ခါစနေ့ရက်တွေမှာ ဘာကြောင့်ငိုကြတာလဲ???
ကလေးတွေက အိမ်မှာ မိဘ သို့မဟုတ် ပြုစုစောင့်ရှောက်သူတွေနဲ့နေသားကျနေရာက ရုတ်တရက် မူကြိုကျောင်းဆိုတဲ့ ပတ်ဝန်းကျင်အသစ် ဆရာမအသစ်တွေ သူငယ်ချင်းအသစ်တွေနဲ့ အိမ်မှာဆော့နေကျအရုပ်နဲ့မတူတဲ့ကစားစရာအသစ်တွေနဲ့ စစချင်း သူ့အတွက်အသစ်တွေချည်းပဲ တွေ့လိုက်ရလို့ ဒီပတ်ဝန်းကျင်အသစ်နဲ့ နေသားမကျသေးလို့ငိုတာ သဘာဝပါ။ Adaptation မရသေးလို့ပါ။
နောက်တစ်ခုက မိဘတွေ သူသံယောဇဥ်တွယ်တာရတဲ့အိမ်ကမိသားစုဝင်တွေနဲ့ ခွဲခွာရတဲ့စိုးရိမ်ပူပန်မှု Separation Anxiety ကြောင့်လည်းပါပါတယ်။ အဲ့ဒီလိုစိုးရိမ်ပူပန်စိတ်ဟာ ကလေးအသက် ၈ လ လောက်ကတည်းကစတင်ခံစားဖူးတာဖြစ်ပါတယ်။
အဲ့ဒီ စိုးရိမ်ပူပန်စိတ်လေးလျော့အောင် မူကြိုဆရာမတွေက စိတ်ရှည်သည်းခံပြီးနှစ်သိမ့်ပေးရပါမယ်။ က​လေးစိတ်ပညာကိုနားလည်ထားတဲ့ဆရာမတွေက နှစ်သိမ့်ပေးနိုင်ပေမယ့် မိဘတစ်ချို့က ပိုငိုတဲ့ကလေးကပဲ ပိုချော့ခံရမှာကိုစိတ်ပူတတ်ကြပြန်ပါတယ်။ မိဘတွေအနေနဲ့အစိုးရိမ်လွန်နေခြင်းသာဖြစ်ပါတယ်။ မိမိကလေးက ပတ်ဝန်းကျင်အသစ်မှာ လျှင်လျှင်မြန်မြန် adaptation ရသွားတာမို့ဝမ်းတောင်သာသင့်ပါသေးတယ်။
ကိုယ့်ကလေးက ခဏလေးပဲငိုလိုက်တယ် အငိုတိတ်သွားပြီးကျောင်းမှာပျော်သွားရော တခြားကလေးက ဆရာမတွေဘယ်လိုချော့ချော့တော်တော်နဲ့မတိတ်ဘူး အဲ့ဒါကြောင့် ငိုတဲ့ကလေးကိုမြင်ပြီး ကိုယ့်ကလေးပါလိုက်ငိုနေဦးမလားလို့ ကြံဖန်စိတ်ပူတဲ့မေမေမျိုးလည်းရှိပြန်တယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် ပင်ကိုယ်စိတ်ရင်းတွေမတူကြဘူး ပတ်ဝန်းကျင်သစ်နဲ့အလျင်အမြန် adaptation ရသွားတဲ့ easy child လေးတွေရှိသလို adaptation ရဖို့နှေးတယ် အကြာကြီးငိုတတ်တဲ့ difficult child လေးတွေလည်းရှိတယ်။ မေမေနဲ့ခွဲရလို့ဝမ်းနည်းတယ်ဆိုတဲ့ emotion ကိုခံစားရပြီး ငိုလိုက်တာက သူ့ emotion ကို express လုပ်ပြတာမို့ emotional development ဖြစ်တာပါ။ ငိုတဲ့ကလေးတွေရဲ့
မေမေတွေလည်းစိတ်သက်သာရာရပါစေ မငိုတဲ့ကလေးရဲ့မေမေတွေလည်းကြံဖန်တွေးပြီးစိတ်မအေးမဖြစ်​ကြပါနဲ့။ မူကြိုဆရာမတွေနဲ့ မူကြို founder တွေလည်းစိတ်အေးချမ်းသာစွာ quality early childhood education ကို ပေးနိင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာရွှေရည်ဝင်း
ပညာရေးစိတ်ပညာပါရဂူ

Address

Mayangone Township
Yangon
HLYGN2023

Telephone

+959402078246

Website

Alerts

Be the first to know and let us send you an email when Happy Learners Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Happy Learners Preschool:

Shortcuts

Share

Category