Myanmar Leadership & Enneagram Association

Myanmar Leadership & Enneagram Association “If you want to go fast, go alone; if you want to go far, go together"
African Proverb

07/03/2023


📕“စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများ ခေါ်ယူခြင်း📕

🚨လျှောက်လွှာ နောက်ဆုံးထား ပေးပို့ရမည့်နေ့ - ၃လပိုင်း ၁၇ရက်
🚨ပထမအဆင့် လျှောက်လွှာစစ်ဆေးမည့်နေ့ - ၃လပိုင်း ၁၈ ရက်
🚨ပထမအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၁၉ ရက်
🚨ဒုတိယအဆင့် လူတွေ့အင်တာဗျူးမည့်နေ့ - ၃လပိုင်း ၂၁ရက်၊ ၂၃ရက်၊ ၂၄ ရက်
🚨ဒုတိယအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၂၅ရက်

📝📝📝စာဖတ်နည်းပြ ဆရာဖြစ် အကြိုသင်တန်း ကျင်းပမည့်နေ့ - ၄လပိုင်း ၂ဝ ရက်၊ ၂၁ ရက် (၂) ရက်သင်တန်း

🔖🔖🔖 ProDVD Co.,LTD သည် Shepherd Co.,LTD နှင့် ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ တိုးတက်လှပေစေမည့် စာပေဆိုင်ရာ ပရောဂျက်များစွာကို လုပ်ဆောင်လာခဲ့ပါသည်။ လက်ရှိတွင်လည်း စာအုပ် အခမဲ့ လှူဒါန်းခြင်း ပရောဂျက်၊ ဘာသာပြန် စာအုပ်နှင့် ဗီဒီယို တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်၊ မြန်မာစာအုပ် အသံသွင်း တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်တို့အပြင် ယခုတစ်ခေါက်တွင်လည်း “စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများအား ခေါ်ယူမွေးထုတ်သွားမည့် အစီအစဉ်ရှိပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ကလေးငယ်များအား စာဖတ်နည်းပြရန် စိတ်ဝင်စားသူများအား ဖိတ်ခေါ်အပ်ပါသည်။💞💞💞

📚“စာပေသစ်ပင် စိုက်ပျိုးခြင်း”📚
📌ပရောဂျက် အစီအစဉ်နှင့် စာဖတ်နည်းပြဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ📌

🎯၁။ ပြည်နယ်နှင့် တိုင်းဒေသကြီး (၈) ခုမှ စာဖတ်နည်းပြဆရာ၊ ဆရာမ (၈) ဦးအား အသီးသီး ရွေးချယ်ခေါ်ယူသွားမည်။
(မှတ်ချက်။ ။ စာဖတ်နည်းပြ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီပါက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှလည်း ဆရာ၊ ဆရာမ တစ်ဦးနှင့်အထက် ရွေးချယ်ခေါ်ယူသွားနိုင်သည်။)

🎯၂။ ပရောဂျက်ကာလ (၈) လ - ၂ဝ၂၃ ခုနှစ် (၅) လပိုင်းမှ (၁၂) လပ်ိုင်းအထိ
(မှတ်ချက်။ ။ (၄) လပိုင်းအတွင်း စာဖတ်နည်းပြဆရာ၊ ဆရာမ အကြိုသင်တန်း (Online or Offline)
ပို့ချပေးသွားမည်။ သင်တန်းပို့ချရာတွင် ကုန်ကျမည့် သွားလာစရိတ်နှင့် အင်တာနက် အသုံးပြုခတို့ကို ကုမ္ပဏီဘက်မှ တာဝန်ယူပေးသွားမည်။ သင်တန်းကာလ ကြာမြင့်ချိန်နှင့် ရက်အတိအကျကို နောက်ပိုင်းတွင် ပြန်လည် ကြေညာပေးသွားမည်။)

🎯၃။ ကလေးငယ်များအား စာဖတ်နည်းပြပေးရန် စိတ်ဝင်စားသူ မည်သူမဆို လာရောက် လျှောက်ထားနိုင်သည်။ အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက် မရှိပါ။
(မှတ်ချက်။ ။ စာရေးစာဖတ်တတ်ပြီး ကလေးငယ်များအား စာဖတ်၊ စာရေး လမ်းညွှန်ပေးနိုင်သူ၊ စာပေကို ချစ်မြတ်နိုးသူ၊ ကလေးငယ်များအပေါ် စိတ်ရှည်သည်းခံနိုင်သူ၊ ပရောဂျက်ကာလ (၈) လကို အစမှ အဆုံးအထိ တာဝန်ယူလုပ်ဆောင်ပေးနိုင်သူ ဖြစ်ရန် လိုအပ်သည်။)

🎯၄။ လစဉ် ကလေးငယ်များအား စာဖတ်ပြမည့် စာအုပ်အမျိုးအစားများကို ကုမ္ပဏီဘက်မှ အနည်းဆုံး (၁) လ ကြိုတင်ပြီး ဝယ်ယူထောက်ပံ့ပေးသွားမည်။ ထို့အပြင် လစဉ် သင်ကြားပေးသွားမည့် သတ်မှတ် စာအုပ်များ၏ ဆရာ့လက်ကိုင် သင်ကြားရေးမှတ်တမ်း (Teaching Plan) ကိုလည်း ကုမ္ပဏီဘက်မှ ကြိုတင်စီစဉ်ပံ့ပိုးပေးသွားမည်ဖြစ်သည်။

🎯၅။ စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအတွက် လစဉ် စာသင်ကြားခအဖြစ် ငွေကျပ် ၁ဝဝ,ဝဝဝ နှင့် စာသင်ကြားမည့် နေရာ အသုံးပြုဌားရမ်းခတစ်ဖြစ်လဲ စာရေးကိရိယာ ဝယ်ယူခအဖြစ် ငွေကျပ် ၅ဝ,ဝဝဝ ကျပ်တို့အား လစဉ် ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။

🎯၆။ စာဖတ်နည်းပြအလုပ်ကို စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအနေဖြင့် အနည်းဆုံး ကလေး အယောက် ၂ဝ ခန့်ကို ကိုယ်တိုင် ရှာဖွေစုဆောင်းကာ စာသင်ကြားမည့် နေရာကိုလည်း မိမိအဆင်ပြေသလို ရှာဖွေသင်ကြားပေးသွားရမည်ဖြစ်သည်။ စာသင်ကြားရမည့် အချိန်ကိုလည်း မိမိအဆင်ပြေသလို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။

🎯၇။ လစဉ် မိမိတို့ သင်ကြားပေးလိုက်သော ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေး အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာကိုမူ ကုမ္ပဏီဘက်သို့ သတ်မှတ်ရက်တွင် အပြီးပြန်လည်ပေးအပ်သွားရမည်ဖြစ်သည်။
(မှတ်ချက်။ ။ ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေးအတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာ Sample Form ကို ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်သည်။)

🎯၈။ (၂) လ တစ်ကြိမ် ဒေသ (၈) ခုစလုံးမှ စာဖတ်နည်းပြဆရာ၊ ဆရာမများနှင့် Online သို့မဟုတ် Offline မှ တွေ့ဆုံပြီး တစ်ဦးချင်း စာသင်ကြားနေသည့် အတွေ့အကြုံနှင့် အခက်အခဲများကို တိုင်ပင်ဆွေးနွေးအကြုံပြုခြင်းနှင့်အတူ စာဖတ်နည်းပြသင်ကြားရေးအတွက် လိုအပ်မည့် အသိပညာ ဗဟုသုတများကိုလည်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူများမှ ဖြည့်စွက်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

👇“စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်နှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံ သိရှိလိုပါက

☎️09 – 767 722 685, 09 – 448 024 624, 09 – 425 324 244 တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

❤️***မြန်မာနိုင်ငံက ကလေးငယ်များ၏ အနာဂတ်ဘဝ သာယာတိုးတက်လှပအောင် အားလုံး အတူတူ လက်တွဲပြီး ဖန်တီးပုံဖော်သွားကြဖို့ အထူး မေတ္တာရပ်ခံလိုပါသည်***❤️

 #ကိုယ်ရည်ကိုယ်သွေးမြင့်မားတိုးတက်ရေးအတွက် Leadership / Coaching တွေ့ဆုံပွဲကို တက်ရောက်ရန် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်...
05/05/2022

#ကိုယ်ရည်ကိုယ်သွေးမြင့်မားတိုးတက်ရေးအတွက် Leadership / Coaching တွေ့ဆုံပွဲကို တက်ရောက်ရန် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

ပူပြင်းတဲ့ နွေရာသီ၊ ပြင်းပြတဲ့ စိတ်အားထက်သန်မှု စိတ်နှလုံးတွေနဲ့ ပိုမိုကောင်းမွန်တဲ့ မိမိအတွက် ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်ရေး တွေ့ဆုံပွဲကို တက်ရောက်လိုသူများအား ဖိတ်ခေါ်လိုက်ပါတယ်။

အကြိုတွေ့ဆုံပွဲ ပြုလုပ်မည့်
🗓️ နေ့ရက် - ၇ . ၅ . ၂ဝ၂၂ (စနေနေ့)
🕓 အချိန် - ညနေ ၄ နာရီ
🏠 နေရာ - WTC Cafe’ ၅ လွှာ (လှည်းတန်း စံရိပ်ငြိမ် ဂမုန်းပွင့်)

👉 တက်ရောက်သင့်သူများ
☑️ ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်ရန် မျှော်မှန်းထားသူများ
☑️ ကိုရီးယားဘာသာစကားကို နားလည်သူများ
☑️ စာအုပ်ဖတ်ခြင်းကို သဘောကျသူများ
☑️ ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်ရေးအတွက် ကြိုးစားကြည့်ခဲ့ဖူးသူများ

💸 သင်တန်းကြေး - တစ်ကြိမ်လျှင် (၅ဝဝဝ) ကျပ် (ကော်ဖီဖိုး)
📞 Ph no. - 09 421014911

တွေ့ဆုံပွဲပြီးသည့်နောက် အသေးစိတ် အချိန်ဇယားကို ဆွေးနွေးဆုံးဖြတ်ကြည့်ကြပါစို့

Lecturer / Daniel Lim
- Principal of Social Science in ACMI College
- အန်နီယယ်ဂရမ်အဖွဲ့အစည်း မြန်မာကိုယ်စားလှယ်
- Coaching Lecturer
- Director of Shepherd Co., Ltd & Leadership Lecturer

19/07/2021
10/07/2021

ေတ်အတွက်သင်ဘာတွေကြိုတင်ပြင်ဆင်ထားပြီးပြီလဲ

#စွမ်းအားရှင်SmartPhone
ိုလူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုလိုအသုံးပြုနေတဲ့လူသားPhonoSapien

Please subscribe our youtube channel!!!
https://m.youtube.com/channel/UCSCX6tPX2VmvAZfka6ShUkQ

Reference: Phono Sapien by Choi Jae-bong (Author)
Credit: Photos from Google

25/06/2021

#ကိုရိုနာနောက်ပိုင်းရဲ့ အနာဂတ်
#အနာဂတ်မှာ ပေါ်ပေါက်လာမယ့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားပါ

Please subscribe our youtube channel!
https://youtube.com/channel/UCSCX6tPX2VmvAZfka6ShUkQ

References: 제이슨 솅커의 "코로나 이후의 세계" 책에서, from The future after covid by Jason Schenker
Photos from google
music in this video https://youtu.be/3V-pYCGx0C4

19/06/2021

#လူမှုဆက်ဆံရေးအဆင်ပြေစေဖို့အချက်(၉)ချက်
#9 Tips For Healthy Relationships


Please subscribe our youtube channel!!!
https://m.youtube.com/channel/UCSCX6tPX2VmvAZfka6ShUkQ

------------------------------------------------------------------------------
✪ Music Credit:

Music by RinkevichMusic (A Presentation)
Video link: https://youtu.be/_G3a5Vb4J7M

Music by RinkevichMusic (Uplifting Background)
Video link: https://youtu.be/RyTrEsgjnd4

19/12/2020

#ငွေကြေးဆိုင်ရာ အခြေခံသိကောင်းစရာများ
facts about financial management
References: Photos from google
some facts from Rich Dad's Cashflow Quadrant by Robert Kiyosaki
music in this video https://youtu.be/1tzLm7m2kx4

Address

Pyay Road, 8 Mile
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959785473894

Alerts

Be the first to know and let us send you an email when Myanmar Leadership & Enneagram Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar Leadership & Enneagram Association:

Shortcuts

Share