AELC - Acuity English Language Centre

AELC - Acuity English Language Centre အင်္ဂလိပ်ဘာသာစကားလေ့လာသူများအတွက် AELC က အကောင်းဆုံး သင်ကြားပေးနေပါတယ် To learn English for everyone.
(916)

“Gen Z တွေပြောတဲ့ စားတာမဟုတ်တဲ့ Ate ရဲ့ အကြောင်း”​တစ်စုံတစ်ယောက်က ကိစ္စတစ်ခုခုမှာ အပြစ်ဆိုဖွယ်မရှိအောင် စင်းလုံးချော လုပ...
21/08/2026

“Gen Z တွေပြောတဲ့ စားတာမဟုတ်တဲ့ Ate ရဲ့ အကြောင်း”​

တစ်စုံတစ်ယောက်က ကိစ္စတစ်ခုခုမှာ အပြစ်ဆိုဖွယ်မရှိအောင် စင်းလုံးချော
လုပ်ဆောင်သွားတဲ့အခါ 'ate🔥' လို့ ပြောကြတာကို ကြားဖူးကြလား?" 🤔✨

ဒီနေ့ AELC Friday Gen Z Slang မှာတော့ လိုရင်းတိုရှင်းနဲ့ အရမ်းအထာကျတဲ့ "Ate" ဆိုတဲ့ Slang လေးအကြောင်းကို လေ့လာကြည့်ရအောင်နော်။ 👇

🤔 Ate ဆိုတာ ဘာလဲ?
"Did something amazingly well / Slated the performance" (အပြတ်အသတ် မိုက်အောင် လုပ်ပြသွားတယ်)

"Very good / Excellent" ဆိုတာထက် ပိုပြီး စတိုင်ကျကျ ချီးကျူးချင်တဲ့အခါ သုံးပါတယ်။

🔥 Daily Conversation မှာ ဘယ်လိုသုံးမလဲ?

✅သူငယ်ချင်းရဲ့ Presentation / Performance အမိုက်စား ဖြစ်သွားတဲ့အခါ:

📍"Your presentation was amazing! You ate!"
(မင်းရဲ့ Presentation က အတော်မိုက်တာပဲ။ လုံးဝ အပြတ် ကြမ်းသွားတယ်။) 🎤🔥
✅ဖက်ရှင်/ဓာတ်ပုံ အမိုက်စားလေးကို ချီးကျူးချင်တဲ့အခါ:

📍"Look at her outfit! She ate that up."
(သူမ ဝတ်ထားတာလေး ကြည့်ဦး၊ လုံးဝ လှနေတာပဲ။) 📸✨
ကဲ ဒါဆိုရင်တော့ နောက်ဆို GenZ တွေလိုပဲ "Good job!" လို့ ပြောမယ့်အစား "You ate!" လို့ ပြောင်းသုံးကြည့်ရုံနဲ့ Native Vibe လုံးဝ ရရှိသွားမှာပါနော်။ 💡

အခုလိုမျိုး လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ 𝐒𝐥𝐚𝐧𝐠 လေးတွေကို အပတ်စဥ် တင်ဆက်ပေးသွားမှာဖြစ်လို့ 𝐀𝐄𝐋𝐂 ကို အမြဲစောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။

"ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ အခေါ်အဝေါ်တွေကို သိရှိထားဖို့ Travel & Tourism Vocabulary တွေ" ✈️🧳ဒီတစ်ပတ်ရဲ့ Wo...
19/08/2026

"ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ အခေါ်အဝေါ်တွေကို သိရှိထားဖို့ Travel & Tourism Vocabulary တွေ" ✈️🧳

ဒီတစ်ပတ်ရဲ့ Word Search မှာတော့ ခရီးသွားလုပ်ငန်း၊ လေယာဉ်ကွင်းနဲ့ လည်ပတ်စရာ နေရာဆိုင်ရာ အဓိက Vocabulary လေးတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။

ပုံထဲမှာ ပေးထားတဲ့ Word Search Grid လေးကို ကြည့်ပြီး ခရီးသွားဆိုင်ရာ စကားလုံးလေးတွေကို တူတူ ရှာကြည့်လိုက်ကြရအောင်နော်။ 👇

💡 "𝐒𝐦𝐚𝐫𝐭" ရဲ့ 𝐒𝐲𝐧𝐨𝐧𝐲𝐦𝐬 တွေက ဘာတွေလဲ?ဒီတစ်ပတ်မှာတော့ "Very smart" သို့မဟုတ် "Smart" ဆိုတာကြီးပဲ အမြဲ မသုံးရအောင် ပိုပြီး ...
17/08/2026

💡 "𝐒𝐦𝐚𝐫𝐭" ရဲ့ 𝐒𝐲𝐧𝐨𝐧𝐲𝐦𝐬 တွေက ဘာတွေလဲ?

ဒီတစ်ပတ်မှာတော့ "Very smart" သို့မဟုတ် "Smart" ဆိုတာကြီးပဲ အမြဲ မသုံးရအောင် ပိုပြီး အထာကျတဲ့ 𝐒𝐦𝐚𝐫𝐭 ရဲ့ 𝐒𝐲𝐧𝐨𝐧𝐲𝐦𝐬 တွေကို လေ့လာကြည့်ရအောင်နော်။

"𝐒𝐦𝐚𝐫𝐭" ဆိုတဲ့ စကားလုံးက ထက်မြက်ခြင်း၊ ဉာဏ်ကောင်းခြင်း၊ ပါးနပ်ခြင်း စတဲ့ အဓိပ္ပာယ်တွေကို ဖော်ပြပါတယ်။

ဒါပေမယ့် တခြားသူ့ရဲ့ Synoynm လေးတွေက ဘာတွေဖြစ်မလဲ?

📍𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐭 (ဉာဏ်ပညာထက်မြက်သော)

🧠 "𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐭" ဟာ စာပေ၊ ဗဟုသုတနဲ့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ အခြေခံကျကျ ဉာဏ်ကြီးသူ/ ထက်မြက်သူကို ဖော်ပြတဲ့ စကားလုံးဖြစ်ပါတယ်။

ဥပမာ: She is an intelligent student who always gets top marks in class.

📍𝐂𝐥𝐞𝐯𝐞𝐫 (ပါးနပ်သော/ လျင်မြန်စွာ နားလည်လွယ်သော)

💡 "𝐂𝐥𝐞𝐯𝐞𝐫" ဆိုတာက ပြဿနာတွေကို လျှင်လျှင်မြန်မြန် ဖြေရှင်းနိုင်ပြီး နည်းလမ်းသစ်တွေကို ချက်ချင်း စဉ်းစားမိတတ်တဲ့ အကြံဉာဏ်ကောင်းသူမျိုးကို ဖော်ပြပါတယ်။

ဥပမာ: He came up with a clever solution to fix the problem.

📍𝐁𝐫𝐢𝐥𝐥𝐢𝐚𝐧𝐭 (အတိုင်းထက်လွန် ထက်မြက်သော/ ပါရမီပါသော)

✨ တစ်စုံတစ်ယောက်က ထူးထူးခြားခြား ဉာဏ်ကောင်းလွန်းတာ သို့မဟုတ် အကြံဉာဏ်ကောင်းလွန်းတဲ့အခါ "𝐕𝐞𝐫𝐲 𝐒𝐦𝐚𝐫𝐭" အစား "𝐁𝐫𝐢𝐥𝐥𝐢𝐚𝐧𝐭" လို့ သုံးနိုင်ပါတယ်။

ဥပမာ: The scientist gave a brilliant explanation during the seminar.

📍𝐒𝐡𝐚𝐫𝐩 (မျက်စိလျင်သော/ အကဲခတ်ထက်မြက်သော)

🦅 ဒီစကားလုံးကတော့ အရာရာကို မြန်မြန်ဆန်ဆန် သတိပြုမိပြီး၊ တွေးခေါ်မှု ထက်မြက်ပုံကို ဖော်ပြပါတယ်။

ဥပမာ: My manager is very sharp; she notices every detail instantly.

ကဲ... ဒါဆိုရင် ဒီအပတ်ရဲ့ 𝐒𝐲𝐧𝐨𝐧𝐲𝐦𝐬 တွေကို သေချာလေး မှတ်သားထားပြီး သင်ယူထားတဲ့ စကားလုံးအသစ်တွေကို စကားပြောတဲ့အခါဖြစ်စေ၊ စာရေးတဲ့အခါဖြစ်စေ အသုံးပြုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

အပတ်စဉ် စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံးအသစ်သစ်တွေကို 𝐀𝐄𝐋𝐂 နဲ့အတူ လေ့လာသွားမယ်ဆိုရင်တော့ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 𝐒𝐤𝐢𝐥𝐥𝐬 တိုးတက်လာမှာ အသေအချာပါပဲ။

#အင်္ဂလိပ်စာ

16/08/2026

ဒီတစ်ပတ်ရဲ့ 𝐀𝐄𝐋𝐂 𝐖𝐞𝐞𝐤𝐥𝐲 𝐈𝐝𝐢𝐨𝐦 𝐒𝐡𝐚𝐫𝐢𝐧𝐠 မှာတော့ နေ့စဉ်စကားပြောထဲ ထည့်သုံးလိုက်တာနဲ့ ကိုယ့်ရဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐞𝐯𝐞𝐥 ကို 𝐍𝐚𝐭𝐢𝐯𝐞 ဆန်ဆန် အထာကျသွားစေမယ့် 𝐈𝐝𝐢𝐨𝐦 အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးသွားပါမယ်။ 🌟

ကဲ​ ဒါဆို အမြဲတမ်း စောင့်မျှော်နေရတဲ့ 𝐀𝐄𝐋𝐂 𝐖𝐞𝐞𝐤𝐥𝐲 𝐈𝐝𝐢𝐨𝐦 𝐒𝐡𝐚𝐫𝐢𝐧𝐠 မှာ ဘယ်လို အသုံးအနှုန်းနဲ့ စိတ်ဝင်စားစရာ 𝐈𝐝𝐢𝐨𝐦 ကို မိတ်ဆက်ပေးသွားမလဲဆိုတာ ကြည့်လိုက်ကြမယ်နော်။ 👇💬

"သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ တစ်ခုခုကို တိတ်တဆိတ် သဘောကျနေတာ ဒါမှမဟုတ် လူသိမခံချင်ဘဲ တိုးတိုးတိတ်တိတ် ခံစားနေရတာမျို...
14/08/2026

"သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ တစ်ခုခုကို တိတ်တဆိတ် သဘောကျနေတာ ဒါမှမဟုတ် လူသိမခံချင်ဘဲ တိုးတိုးတိတ်တိတ် ခံစားနေရတာမျိုးတွေကို ဖော်ပြဖို့ 'Lowkey' ဆိုတဲ့ စကားလုံးလေးကို သုံးကြတာ ကြားဖူးပါသလား?" 🤔✨

ဒီနေ့ AELC Friday Gen Z Slang Sharing အစီအစဉ်ကနေ Social Media နဲ့ လူငယ်တွေကြားမှာ အရမ်းခေတ်စားနေတဲ့ "Lowkey" ဆိုတဲ့ Slang လေးအကြောင်းကို တိုတိုနဲ့ လိုရင်း လေ့လာကြည့်ရအောင်။ 👇

🤔 Lowkey ဆိုတာ ဘာလဲ?
Lowkey ရဲ့ အဓိပ္ပာယ်ကတော့...

"Secretly, slightly, or not making a big deal out of it" (တိတ်တဆိတ်၊ နည်းနည်းတော့၊ သိပ်မသိသာပေမယ့်) လို့ အဓိပ္ပာယ်ရပါတယ်။ ✨

တစ်ခုခုကို အကျယ်ကြီး အော်မပြောချင်ဘဲ၊ ကိုယ့်စိတ်ထဲမှာ ခပ်တိပ်တိပ်လေး ခံစားနေရတဲ့အခါ ဒါမှမဟုတ် ရှက်ပြုံးလေးနဲ့ ဝန်ခံချင်တဲ့အခါမျိုးမှာ သုံးပါတယ်။

🔥 Daily Conversation မှာ ဘယ်လိုသုံးမလဲ?

✅အပြင်သွားဖို့ ချိန်းထားပေမယ့် ပျင်းပြီး တိတ်တဆိတ် အစီအစဉ် ဖျက်ချင်နေတဲ့အခါ:

✅"I lowkey want to stay home and watch Netflix."

(ငါ နည်းနည်းတော့ အိမ်မှာပဲနေပြီး Netflix ကြည့်ချင်နေတယ်။) 🎬🫣
✅သီချင်းတစ်ပုဒ်၊ ဒါမှမဟုတ် အရာတစ်ခုကို သိပ်မသိသာပေမယ့် တကယ်ကြိုက်သွားတဲ့အခါ:

✅"This new song is lowkey amazing."
(ဒီသီချင်းအသစ်က သိပ်မသိသာပေမယ့် တကယ်မိုက်တာပဲ။) 🎧🔥
အခုလိုမျိုး လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ 𝐒𝐥𝐚𝐧𝐠 လေးတွေကို အပတ်စဥ် တင်ဆက်ပေးသွားမှာဖြစ်လို့ 𝐀𝐄𝐋𝐂 ကို အမြဲစောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။

𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 အမြန်ဆုံး တိုးတက်စေဖို့ လိုက်နာသင့်တဲ့ အချက် (၅) ချက် 👂✨အင်္ဂလိပ်စာ သင်ယူရာမှာ နားထောင်စွမ်းရည် (𝐋𝐢𝐬𝐭𝐞𝐧...
13/08/2026

𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 အမြန်ဆုံး တိုးတက်စေဖို့ လိုက်နာသင့်တဲ့ အချက် (၅) ချက် 👂✨

အင်္ဂလိပ်စာ သင်ယူရာမှာ နားထောင်စွမ်းရည် (𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬) က အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
နားမလည်ရင် ပြန်ပြောဖို့လည်း ခက်ခဲမှာပါ ဒါကြောင့် 𝐀𝐄𝐋𝐂 ကနေ အားလုံးရဲ့ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 အမြန်ဆုံး တိုးတက်စေဖို့၊ အထိရောက်ဆုံး အဆင့်မြှင့်တင်နိုင်စေဖို့အတွက် မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တွေကို အားလုံးအတွက် မျှဝေပေးချင်ပါတယ်။

အရင်ဆုံး
📍ကိုယ်နှစ်သက်တဲ့ အရာတွေကနေ စတင်နားထောင်ပါ 🎧🎬

✅ ကိုယ်တကယ် စိတ်ဝင်စားတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ 𝐏𝐨𝐝𝐜𝐚𝐬𝐭 တွေ၊ ဒါမှမဟုတ် 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေကနေ စတင်သင့်ပါတယ်။
ဥပမာ -
စိတ်ဝင်စားတဲ့ ဇာတ်လမ်းတွဲတစ်ခုကို အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်တာမျိုး၊ 𝐋𝐞𝐯𝐞𝐥 အမြင့်ပိုင်းမှာဆို အင်္ဂလိပ်စာတန်းထိုး အစပိုင်းမှာ ဗမာစာတန်းထိုးနဲ့ နားထောင်ပြီး နောက်ပိုင်းကျမှ အင်္ဂလိပ်စာတန်းထိုးပြောင်းတာမျိုး လုပ်နိုင်ပါတယ်။

📍နားထောင်ပြီး မှတ်စုတိုလေးတွေ မှတ်ပါ 📝
နားထောင်ရုံနဲ့တင် မလုံလောက်ပါဘူး။ တကယ် နားလည်ပြီး မှတ်မိဖို့အတွက် မှတ်စုမှတ်တာဟာ အရေးကြီးပါတယ်။

✅ ဘာတွေလုပ်ရမလဲ
𝐊𝐞𝐲 𝐖𝐨𝐫𝐝𝐬 တွေကို ချရေးပါ
နားထောင်နေရင်းနဲ့ အရေးကြီးတဲ့ စကားလုံးတွေ၊ ဝါကျတိုလေးတွေကို ချရေးပါ။
ဘာကို ပြောချင်တာလဲ၊ ဘယ်သူက ဘာပြောသွားတာလဲ စတဲ့ အဓိက အချက်အလက်တွေကို မှတ်သားထားပါ။
မှတ်စုတွေကြည့်ပြီး ကိုယ်နားထောင်လိုက်ရတဲ့ အကြောင်းအရာကို ပြန်ပြောကြည့်ပါ။ ဒီအလေ့အကျင့်လေးကြောင့် 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 အပြင် 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐢𝐥𝐥𝐬 ကိုပါ တိုးတက်စေပါလိမ့်မယ်။

📍မတူညီတဲ့ အင်္ဂလိပ်စကားပြောဟန် (𝐀𝐜𝐜𝐞𝐧𝐭𝐬) တွေကို လေ့လာပါ၊နားထောင်ပါ 🗣️🌍
ကမ္ဘာပေါ်မှာ အင်္ဂလိပ်စကားပြောဟန် (𝐀𝐜𝐜𝐞𝐧𝐭𝐬) မျိုးစုံရှိပါတယ်။ 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧, 𝐁𝐫𝐢𝐭𝐢𝐬𝐡, 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚𝐧, 𝐂𝐚𝐧𝐚𝐝𝐢𝐚𝐧 စသဖြင့် အမျိုးမျိုးရှိပါတယ်။ တစ်မျိုးတည်းကိုပဲ နားထောင်ထားမယ်ဆိုရင် တခြား 𝐀𝐜𝐜𝐞𝐧𝐭𝐬 တွေနဲ့ ကြုံလာတဲ့အခါ နားထောင်ရခက်ခဲနိုင်ပါတယ်။

ဒါကြောင့်
✅ 𝐘𝐨𝐮𝐓𝐮𝐛𝐞 မှာ "𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐀𝐜𝐜𝐞𝐧𝐭𝐬" ဆိုပြီး ရှာကြည့်နိုင်ပါတယ်။
𝐁𝐁𝐂 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐧𝐠𝐥𝐢𝐬𝐡 ဒါမှမဟုတ် 𝐕𝐨𝐢𝐜𝐞 𝐨𝐟 𝐀𝐦𝐞𝐫𝐢𝐜𝐚 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐧𝐠𝐥𝐢𝐬𝐡 လိုမျိုး 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေမှာလည်း မတူညီတဲ့ 𝐀𝐜𝐜𝐞𝐧𝐭𝐬 တွေနဲ့ သင်ခန်းစာတွေ ရှိပါတယ်။
မတူညီတဲ့ 𝐀𝐜𝐜𝐞𝐧𝐭𝐬 တွေကို နားထောင်တဲ့အခါမှာ မတူညီတဲ့ စကားပြောဟန်တွေကနေတစ်ဆင့် ဘယ်လို အသံထွက်ကွာခြားလဲဆိုတာကို နားလည်လာပြီး ပိုမိုပြည့်စုံတဲ့ နားထောင်စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

📍နေ့စဉ်ဘ၀မှာလည်း အင်္ဂလိပ်စကားပြောနဲ့ အမြဲ ထိတွေ့နေပါ။ 🗓️
အင်္ဂလိပ်စာကို အတန်းထဲမှာပဲ သင်ယူပြီး ကျန်တဲ့အချိန်တွေမှာ လုံးဝမလေ့ကျင့်ဘူး၊ အသုံးမပြုဘူးဆိုရင် တိုးတက်ဖို့ ခက်ခဲပါလိမ့်မယ်။
ဒါကြောင့် 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 ကို တိုးတက်ချင်တယ်ဆိုရင် နေ့စဥ်နေ့စဥ် ထိတွေ့နားထောင်နေဖို့ လိုအပ်ပါတယ်။

✅ ဘာတွေလုပ်ရမလဲ
𝐁𝐁𝐂, 𝐂𝐍𝐍, 𝐕𝐎𝐀 စတဲ့ အင်္ဂလိပ်သတင်း 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေကို နားထောင်လို့​ရပါတယ်။ ဒါမှမဟုတ် တခြားစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုလည်း အင်္ဂလိပ်လို နားထောင်တာမျိုး ပြုလုပ်သင့်ပါတယ်။
𝐏𝐨𝐝𝐜𝐚𝐬𝐭 များကို နားထောင်ပါ
အလုပ်သွားရင်း၊ ခရီးသွားရင်း၊ အားလပ်ချိန်မှာ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ် 𝐏𝐨𝐝𝐜𝐚𝐬𝐭 တွေကို နားထောင်ပါ။

📍စိတ်ရှည်ပါ၊ အချိန်ပေးပြီး လေ့ကျင့်ပါ 💪⏳
𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 ဟာ နေ့ချင်းညချင်း ချက်ချင်း တိုးတက်လာနိုင်တဲ့ အရာ မဟုတ်ပါဘူး။ အချိန်ယူပြီး စဉ်ဆက်မပြတ် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

✅ ဒါကြောင့် နေ့စဉ် အချိန်ပေးပါ
နားမလည်တာတွေ၊ မှားယွင်းနားလည်တာတွေရှိရင် စိတ်ဓာတ်မကျပဲ ဆက်လက် သင်ယူဖို့၊ တိုးတက်ဖို့ မမေ့ပါနဲ့နော်။
ကိုယ့်ကိုယ်ကို အတင်း ဖိအားပေးပြီး လေ့ကျင့်တာထက် အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင် သင်ယူတာက ပိုပြီး ထိရောက်ပါတယ်။

အခုလိုမျိုး 𝐓𝐢𝐩𝐬 လေးတွေအပြင်၊ တိရောက်တဲ့ လမ်းညွှန်မှုတွေဟာလည်း အင်္ဂလိပ်စာ စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ အဓိက ကျပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို အကောင်းဆုံး မြှင့်တင်ချင်တယ်၊ စနစ်တကျ လေ့ကျင့်သင်ယူချင်တယ်ဆိုရင်တော့ အင်္ဂလိပ်စာ နားထောင်စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် 𝐀𝐄𝐋𝐂 က အမြဲ ကူညီပံ့ပိုးပေးဖို့ အသင့်ရှိပါတယ်။

ဒါကြောင့် ဒီနေ့ပဲ 𝐀𝐄𝐋𝐂 နဲ့အတူ အင်္ဂလိပ်စာကို ကြိုးစားလေ့လာနိုင်ဖို့အတွက် စိတ်လှုပ်ရှားစရာ ခရီးစဥ်ကို စတင်လိုက်ရအောင်နော်။


"တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ အခေါ်အဝေါ်တွေကို သိရှိထားဖို့ Wild Animals Vocabulary တွေကို ပျော်ပျော်ပ...
12/08/2026

"တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ အခေါ်အဝေါ်တွေကို သိရှိထားဖို့ Wild Animals Vocabulary တွေကို ပျော်ပျော်ပါးပါး ရှာဖွေရင်း လေ့လာကြည့်ရအောင်" 🦁🌿

ဒီတစ်ပတ်ရဲ့ Word Search မှာတော့ သမင်၊ သစ်ကုလားအုတ်၊ ခြင်္သေ့ အစရှိတဲ့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အဓိက Vocabulary လေးတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။

ပုံထဲမှာ ပေးထားတဲ့ Word Search Grid လေးကို ကြည့်ပြီး တိရစ္ဆာန် နာမည်လေးတွေကို တူတူ ရှာကြည့်လိုက်ကြရအောင်နော်။ 👇

09/08/2026

"အင်္ဂလိပ်စာ စကားပြောတဲ့အခါ စာအုပ်ဆန်ဆန်ကြီး မဟုတ်ဘဲ Native Speaker တွေလို သဘာဝကျကျနဲ့ အထာကျကျ ပြောဆိုနိုင်ဖို့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်ဆိုတာ သိပါသလား?" 🤔✨

ဒါကတော့ နေ့စဉ်သုံး Idioms (စကားပုံ/အသုံးအနှုန်းများ) ကို မှန်မှန်ကန်ကန် ထည့်သွင်း အသုံးပြုတာပဲ ဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ 𝐀𝐄𝐋𝐂 𝐖𝐞𝐞𝐤𝐥𝐲 𝐈𝐝𝐢𝐨𝐦 𝐒𝐡𝐚𝐫𝐢𝐧𝐠 အစီအစဉ်မှာတော့ ကိုယ့်ရဲ့ Speaking Level ကို ချက်ချင်း ပိုမို ဆွဲဆောင်မှုရှိသွားစေမယ့် စိတ်ဝင်စားစရာ Idiom အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးသွားပါမယ်။

ဘယ်လို အသုံးအနှုန်းလေး ဖြစ်မလဲဆိုတာ အောက်မှာ ကြည့်လိုက်ကြရအောင်နော်။ 👇

"တစ်စုံတစ်ယောက်က ခက်ခဲတဲ့ အလုပ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့လို့ သို့မဟုတ် အောင်မြင်မှုတစ်ခု ရရှိသွားတဲ့အခါမှာ '𝐊𝐮𝐝𝐨𝐬 ...
07/08/2026

"တစ်စုံတစ်ယောက်က ခက်ခဲတဲ့ အလုပ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့လို့ သို့မဟုတ် အောင်မြင်မှုတစ်ခု ရရှိသွားတဲ့အခါမှာ '𝐊𝐮𝐝𝐨𝐬 𝐭𝐨 𝐲𝐨𝐮 👏' လို့ ပြောတာမျိုးကို ကြားဖူး၊ မြင်ဖူးကြပါသလား?" 🤔✨

ဂရိစကားလုံးကနေ ဆင်းသက်လာပေမဲ့ 𝐌𝐨𝐝𝐞𝐫𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 နဲ့ 𝐆𝐞𝐧 𝐙 / 𝐎𝐧𝐥𝐢𝐧𝐞 𝐖𝐨𝐫𝐥𝐝 မှာတော့ အမိုက်စား ဂုဏ်ပြုစကားအဖြစ် အရမ်းကို ရေပန်းစားနေတဲ့ "𝐊𝐮𝐝𝐨𝐬" ဆိုတဲ့ 𝐒𝐥𝐚𝐧𝐠/𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 လေးအကြောင်းကို တိုတိုနဲ့ လိုရင်း အတူတူ လေ့လာကြည့်ရအောင်နော်။ 👇

🤔 𝐊𝐮𝐝𝐨𝐬 ဆိုတာ ဘာလဲ?
"𝐏𝐫𝐚𝐢𝐬𝐞 𝐚𝐧𝐝 𝐫𝐞𝐬𝐩𝐞𝐜𝐭 𝐟𝐨𝐫 𝐚𝐧 𝐚𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭" (အသိအမှတ်ပြု ချီးကျူးခြင်း / ဂုဏ်ပြုခြင်း) လို့ အဓိပ္ပာယ်ရပါတယ်။ ✨

သူက "𝐂𝐨𝐧𝐠𝐫𝐚𝐭𝐬!" ၊ "𝐆𝐫𝐞𝐚𝐭 𝐣𝐨𝐛!" စတဲ့ စကားလုံးတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။
အဓိကကတော့ တစ်စုံတစ်ယောက်ရဲ့ ကြိုးစားမှု သို့မဟုတ် အောင်မြင်မှုကို အသိအမှတ်ပြုပေးတဲ့အခါ သုံးတာပဲ ဖြစ်ပါတယ်။

🔥ဒါဆို ဒီ 𝐆𝐞𝐧 𝐙 𝐒𝐥𝐚𝐧𝐠 ကို 𝐃𝐚𝐢𝐥𝐲 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 နဲ့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 တွေမှာ ဘယ်လိုသုံးမလဲ?

✅အလုပ် သို့မဟုတ် ပရောဂျက်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူကို ချီးကျူးချင်တဲ့အခါ
𝐊𝐮𝐝𝐨𝐬 𝐭𝐨 𝐭𝐡𝐞 𝐭𝐞𝐚𝐦 𝐟𝐨𝐫 𝐨𝐫𝐠𝐚𝐧𝐢𝐳𝐢𝐧𝐠 𝐬𝐮𝐜𝐡 𝐚 𝐠𝐫𝐞𝐚𝐭 𝐞𝐯𝐞𝐧𝐭!"
(ဒီလို အမိုက်စား ပွဲတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အဖွဲ့သားတွေကို တကယ် အသိအမှတ်ပြု ဂုဏ်ပြုပါတယ်။) 👏🎉

✅သူငယ်ချင်းက စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့အခါ
"𝐘𝐨𝐮 𝐠𝐨𝐭 𝐭𝐡𝐞 𝐡𝐢𝐠𝐡𝐞𝐬𝐭 𝐬𝐜𝐨𝐫𝐞? 𝐊𝐮𝐝𝐨𝐬 𝐭𝐨 𝐲𝐨𝐮, 𝐛𝐫𝐨!"
(မင်း အမှတ်အများဆုံး ရခဲ့တာလား? ဂုဏ်ယူပါတယ် ။) 🏆🔥

ဒါဆိုရင်တော့ ဒီနေ့ကစပြီးတော့

"𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬!" ဆိုတဲ့ စကားလုံးကြီးပဲ အမြဲ သုံးမယ့်အစား "𝐊𝐮𝐝𝐨𝐬 𝐭𝐨 𝐲𝐨𝐮!" လို့ ပြောင်းသုံးကြည့်တာက ကိုယ့်ရဲ့ အင်္ဂလိပ်စာအသုံးအနှုန်းကို ပိုမို ဆန်းသစ်ပြီး 𝐍𝐚𝐭𝐢𝐯𝐞 ကျသွားစေမှာပါ။ 💡

အခုလိုမျိုး လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ 𝐒𝐥𝐚𝐧𝐠 လေးတွေကို အပတ်စဥ် တင်ဆက်ပေးသွားမှာဖြစ်လို့ 𝐀𝐄𝐋𝐂 ကို အမြဲစောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။

"ဒီတစ်ပတ် 𝐒𝐮𝐧𝐝𝐚𝐲 မှာ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 ကို အခမဲ့ တူတူ လေ့ကျင့်လိုက်ရအောင်" ✨ဒီတစ်ပတ်ရဲ့ 𝐀𝐄𝐋𝐂 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛 မှာ...
06/08/2026

"ဒီတစ်ပတ် 𝐒𝐮𝐧𝐝𝐚𝐲 မှာ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 ကို အခမဲ့ တူတူ လေ့ကျင့်လိုက်ရအောင်" ✨

ဒီတစ်ပတ်ရဲ့ 𝐀𝐄𝐋𝐂 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛 မှာတော့ အားလုံးရဲ့ နေ့စဉ်ဘဝမှာ အရေးအပါဆုံးဖြစ်နေတဲ့ "𝐂𝐚𝐧 𝐖𝐞 𝐋𝐢𝐯𝐞 𝐖𝐢𝐭𝐡𝐨𝐮𝐭 𝐎𝐮𝐫 𝐏𝐡𝐨𝐧𝐞𝐬? " ဆိုတဲ့ စိတ်ဝင်စားစရာ 𝐓𝐨𝐩𝐢𝐜 လေးကို ပေါ့ပေါ့ပါးပါးနဲ့ ဝိုင်းဖွဲ့ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ 👇

💬 အင်္ဂလိပ်စာ တိုးတက်ဖို့ဆိုတာ စာအုပ်ထဲမှာတင် ကျက်မှတ်နေလို့မရပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အပြန်အလှန် လွတ်လွတ်လပ်လပ် စကားပြောဆို ဆွေးနွေးခြင်းကသာ ကိုယ့်ရဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 ကို ချက်ချင်း မြင့်တက်သွားစေမယ့် လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။

💡 ဒါကြောင့် 𝐀𝐄𝐋𝐂 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛 ဟာဆိုရင် အမှားပါမှာကို လုံးဝပူစရာမလိုဘဲ အားလုံးက ပျော်ပျော်ပါးပါး ဖေးမကူညီပေးမယ့် 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 တစ်ခုအနေနဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

🔥 𝐂𝐚𝐧 𝐖𝐞 𝐋𝐢𝐯𝐞 𝐖𝐢𝐭𝐡𝐨𝐮𝐭 𝐎𝐮𝐫 𝐏𝐡𝐨𝐧𝐞𝐬? နဲ့ ပတ်သက်ပြီး ဒီအပတ်မှာ ဘာတွေဆွေးနွေးပြီး ဘာတွေလေ့လာရမလဲ?

💡 𝐔𝐬𝐞𝐟𝐮𝐥 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 & 𝐄𝐱𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧𝐬 (𝐒𝐜𝐫𝐞𝐞𝐧 𝐭𝐢𝐦𝐞, 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐝𝐞𝐭𝐨𝐱 အစရှိသည်တို့)

💡 𝐌𝐮𝐬𝐭-𝐊𝐧𝐨𝐰 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐏𝐚𝐭𝐭𝐞𝐫𝐧 (𝐭𝐨𝐨 / 𝐞𝐧𝐨𝐮𝐠𝐡, 𝐜𝐨𝐦𝐩𝐚𝐫𝐚𝐭𝐢𝐯𝐞𝐬)

🚀 ဘာကြောင့် မဖြစ်မနေ တက်ရောက်သင့်တာလဲ?
✅ အမှားပါမှာ မကြောက်ဘဲ လွတ်လပ်စွာ ပြောဆိုနိုင်မယ့် 𝐒𝐚𝐟𝐞 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 ရှိခြင်း
✅ တူညီတဲ့ ပန်းတိုင်ရှိတဲ့ အဖွဲ့ဝင်တွေနဲ့အတူ 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐯𝐞 ဖြစ်ဖြစ် လေ့ကျင့်နိုင်ခြင်း
✅ စနစ်ကျတဲ့ 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 နဲ့ လမ်းညွှန်မှုတွေကို ရရှိနိုင်ခြင်း တို့ကြောင့်

(၂) ပတ်လျှင် တစ်ကြိမ်သာ ပြုလုပ်ပေးတဲ့ 𝐀𝐄𝐋𝐂 𝐒𝐮𝐧𝐝𝐚𝐲 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐮𝐛 ကို လုံးဝ (လုံးဝ) မလွတ်တမ်း တက်ရောက်ဖို့ တိုက်တွန်းပါရစေနော်။

📌 𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬:
📅 𝐃𝐚𝐭𝐞: 𝟗.𝟖.𝟐𝟎𝟐𝟔 𝐒𝐮𝐧𝐝𝐚𝐲
⏰ 𝐓𝐢𝐦𝐞: 𝟖:𝟎𝟎 𝐏𝐌
📍 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐞𝐭𝐢𝐧𝐠

ပါဝင်ဆွေးနွေးဖို့အတွက် အခကြေးငွေ လုံးဝပေးရန်မလိုဘဲ အောက်ပါ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐋𝐢𝐧𝐤 ကနေတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းပြီး အခုပဲ 𝐉𝐨𝐢𝐧 ထားလိုက်တော့နော်။ 👇

🔗 Join Our Community Now: https://t.me/AELCSundayConversationClub

Address

အမှတ်-၁၀၂၊ အောင်မေတ္တာ ၁-လမ်း၊ (၁) ရပ်ကွက်၊ လှိုင်မြို့နယ်။
Yangon
11052

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when AELC - Acuity English Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to AELC - Acuity English Language Centre:

Shortcuts

Share