09/04/2024
Food Expiration Date ဆိုတာ အစားအသောက်တွေရဲ့ သက်တမ်းကုန်ဆုံးရက်ဆိုတာအပြင် အခြားအကြောင်းအရာတွေ၊ ဘယ်လိုအဓိပ္ပာယ်တွေ ရှိဦးမလဲ ⁉️
မသိသေးလဲ စိတ်မပူပါနဲ့။ Paradise For Learners ကဒီနေ့မှာ What is Expired dates?, Advantages and Disadvantages, လက်တွေ့မှာ သုံးနိုင်မယ့် steps လေးတွေနဲ့ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ 🥳
♻️ What is Food Expiration Date?
အားလုံးသိကြတဲ့အတိုင်း အစားအသောက်တွေရဲ့အိတ်၊ဘူးစသည် အပြင်ဘက်တို့မှာ တွေ့ရတတ်တဲ့ တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။
အများအားဖြင့် စတင်ထုတ်လုပ်တဲ့ရက်၊ Expired ဖြစ်မဲ့ရက်ကို မပါမဖြစ် ကပ်နှိပ်ထားကြပါတယ်။ Best befores, Expiration dates စသဖြင့် ရေးသားထားတဲ့ စာမျိုးဖြစ်ပါတယ်။
အရာရာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုး နှစ်ခုယှဉ်တွဲရှိနေကြစမြဲမို့ Food Expired Date မှာဆိုရင်ရော ဘယ်လိုမျိုးတွေရှိမလဲ ❔
♻️ Advantages and Disvantages
Advantages
------------------
(1) Food Safety
အစားအသောက်တွေ Expired ဖြစ်မဲ့နေ့ကို ပြောပြပေးထားတော့ ပျက်စီးနေတဲ့ အစားအသောက်တွေ၊ မလတ်ဆတ်တော့တဲ့ အစားအသောက်တွေကို စားမိတဲ့ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
(2) Quality Assurance
အစားအသောက်တွေမှာ Expired Date ကိုပြောပြပေးထားရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ထုတ်ကုန်တစ်ခုရဲ့ Quality ကိုထိန်းထားပေးနိုင်တဲ့ အချိန်ပမာဏကို ပြောပြထားတာလို့လည်း ပြောကြပါတယ်။
ဒါကြောင့် Expired Date ဟာ အစားအသောက်တစ်ခုရဲ့ Quality ကိုအာမခံချက်တစ်ခုအနေနဲ့ ပေးထားတယ်လို့ ဆိုလို့ရပါတယ်။
(3) Inventory Management
Expired Date ကိုကြည့်ပြီးတော့ ထုတ်ကုန်ပစ္စည်းတစ်ခုရဲ့ Quality ကိုဆုံးဖြတ်နိုင်တာကြောင့် Waste ဖြစ်လာနိုင်မှုကို လျော့ချပေးနိုင်ပါတယ်။
ဥပမာအနေနဲ့ - ရောင်းသူတစ်ဦးက ပေါင်မုန့်ကို ရောင်းမယ်ဆိုရင် သူ့ရဲ့ Expired Date ကိုကြည့်ပြီးတော့ သူရောင်းနိုင်သလောက် ပမာဏတစ်ခု၊ ကုန်နိုင်မဲ့ ပမာဏတစ်ခုကိုသာ ဝယ်ပြီးတော့ လိုတိုးပိုလျော့ Management လုပ်နိုင်မှာဖြစ်ပါတယ်။
Disvantages
------------------
(1) Waste
အချို့အစားအသောက်ထုတ်ကုန်တွေဆိုရင် ခြွင်းချက်အနေနဲ့ Rice, Package Foods, Canned Goods စတာတွေဆိုရင် အပြင်က Expired Date တစ်ခုတည်းနဲ့ ဆုံးဖြတ်ဖို့ မလုံလောက်ပါဘူး။
ကြာရှည်ခံ အစားအသောက်ထုတ်ကုန်တွေဖြစ်တဲ့အတွက် အနံ့၊အရသာ၊အမြင် တစ်ခုခုနဲ့ ဆုံးဖြတ်ပြီးမှ စွန့်ပစ်တာမျိုးလုပ်သင့်ပါတယ်။
Double Check မလုပ်ဘူးခဲ့ဘူးဆိုရင်ရော? Waste ဖြစ်တဲ့ ဖြုန်းတီးမှုသက်"ပဲ ဖြစ်စေပါမယ်နော်။
(2) Confusion
အချို့တံဆိပ်တွေမှာဆိုရင်တော့ တိုက်ရိုက်ပြောပြထားလေ့မရှိပါဘူး။ "Best Before, Sell By, Use By" စသဖြင့် သွယ်ဝိုက်ရေးထားတတ်ပါတယ်။
ဒီလိုရေးထားတဲ့ အခါမျိုးတွေမှာဆိုရင် စားသုံးသူတွေကို Confused ဖြစ်သလို အနည်းငယ်ရူပ်ထွေးစေတဲ့ အတွေးကိုသာ ရစေနိုင်ပါတယ်။
♻️ Food Expiration Date အကြောင်းကိုရော၊ သူ့ရဲ့ ဆိုးကျိုး၊ကောင်းကျိုးတွေရော သိပြီးပေမယ့် တကယ့်လက်တွေ့ အဖြစ်အပျက်မှာဆို ဘယ်လိုအသုံးချကြမလဲ❔
Step 3 ခုကိုပဲ စဉ်းစားဖို့လိုပါမယ်။
(1) Check Expiration Dates
ဘယ်လိုအစားအသောက် ထုတ်ကုန်မျိုးမှာပဲဖြစ်စေ ပထမဆုံးအနေနဲ့ သူ့ရဲ့ Expiration Dates ကို စစ်ကြည့်သင့်ပါတယ်။ ဒီလိုမှပဲ ဝယ်သင့် မဝယ်သင့်၊ စားသုံးသင့် မသုံးသင့်၊ စွန့်ပစ်သင့်လား၊ မသင့်လား သေချာသိမှာဖြစ်ပါတယ်။
(2) Inspect Food
Dates မကုန်သေးဘူးဆိုရင်တောင် အခြေအနေအမျိုး"ကြောင့် အစားအသောက်ဖြစ်နေတဲ့အတွက် မှန်ချင်မှ မှန်နိုင်ပါလိမ့်မယ်။
မစားသုံးခင် ဝယ်ခဲ့တုန်းက အနေအထားနဲ့ တူမတူ၊ မှိုတက်နေသလား၊ အသားအရောင်တွေများ ပြောင်းလဲနေသလား စစ်ဆေးကြည့်ပြီး စိတ်ချရတဲ့အခါမှ စားသုံးသင့်ပါတယ်။ စိတ်ချရတဲ့အနေအထား မရောက်ခဲ့ဘူးဆိုရင် စွန့်ပစ်တာက အကောင်းဆုံးပါပဲ။
(3) Store Food Properly
အစားအသောက်ထုတ်ကုန်အများစုမှာဆိုရင် အသုံးပြုရန် ထားသိုပုံအညွှန်းက ပါပါတယ်။
ဒီအညွှန်းကို ကြည့်ပြီးတော့ ထုတ်ကုန်တစ်မျိုးဆီရဲ့ သူ့နေရာနဲ့သူ ထားသင့်တဲ့နေရာတွေမှာ သိမ်းဆည်းသိုလှောင်ထားသင့်ပါတယ်။
ဒါဆိုရင်တော့ Food Expiration Date အကြောင်းကို အရင်ကထက်တော့ သူ့ရဲ့ကောင်းကျိုး၊ဆိုးကျိုး စတာတွေနဲ့အတူ ပိုပြီးနားလည်သွားမယ်လို့မျှော်လင့်ရင်း Sharing လုပ်ပေးလိုက်ပါတယ်နော်။ 🩷✨