Myan Arts

Myan Arts Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myan Arts, Art school, Fb, Yangon.

ပုဆိန်,တောထဲကိုရောက်လာတဲ့အခါ သစ်ပင်တွေကပြောတယ်။"ပုဆိန်ရိုးဟာငါတို့အမျိုးပဲ။"-သင်တန်းသားတစ်ယောက်ရဲ့လေ့ကျင့်မှုလက်ရာ     #...
20/08/2026

ပုဆိန်,တောထဲကိုရောက်လာတဲ့အခါ
သစ်ပင်တွေကပြောတယ်။

"ပုဆိန်ရိုးဟာငါတို့အမျိုးပဲ။"

-သင်တန်းသားတစ်ယောက်ရဲ့လေ့ကျင့်မှုလက်ရာ





#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

အကြည့်နဲ့တင် ဖမ်းစားလို့ရပြီ…. 😬-သင်တန်းသူတစ်ယောက်ရဲ့လေ့ကျင့်မှုလက်ရာ      #ခဲပန်းချီသင်တန်း #ခဲပန်းချီ
18/08/2026

အကြည့်နဲ့တင် ဖမ်းစားလို့ရပြီ…. 😬

-သင်တန်းသူတစ်ယောက်ရဲ့လေ့ကျင့်မှုလက်ရာ






#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

ပုံကို ကြည့်ပြီး အများစုက ငါ လုပ်နိုင်တယ် လို့ အလွယ်တကူ တွေးတတ်ကြတာပါပဲဒီလိုပုံလေး တစ်ပုံရဖို့Lesson 3 ကို ဖြတ်ကျော်ခဲ့ရ...
17/08/2026

ပုံကို ကြည့်ပြီး အများစုက ငါ လုပ်နိုင်တယ် လို့ အလွယ်တကူ တွေးတတ်ကြတာပါပဲ

ဒီလိုပုံလေး တစ်ပုံရဖို့
Lesson 3 ကို ဖြတ်ကျော်ခဲ့ရတဲ့သူတွေ မနည်းလှပေ 😅😅

-သင်တန်းသားတစ်ယောက်ရဲ့လေ့ကျင့်မှု





#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

လူ့အဖွဲ့အစည်းကနေ ခွဲထွက်ပြီး တစ်ယောက်တည်းနေရတာဟာ သက်တောင့်သက်သာရှိလှတယ်ဆိုရင် အဲဒီလူဟာ သားရဲတစ်ကောင်မှ မဟုတ်ရင် နတ်ဘုရား...
14/08/2026

လူ့အဖွဲ့အစည်းကနေ ခွဲထွက်ပြီး
တစ်ယောက်တည်းနေရတာဟာ သက်တောင့်သက်သာရှိလှတယ်ဆိုရင် အဲဒီလူဟာ သားရဲတစ်ကောင်မှ မဟုတ်ရင် နတ်ဘုရားတစ်ပါးပဲဖြစ်ရမယ်။

#အရစ္စတိုတယ် [Aristotle]

-သင်တန်းသူတစ်ယောက်ရဲ့လေ့ကျင့်မှုလက်ရာ





#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

ခဲပန်းချီသင်ရိုးထဲ doodle art အခြေခံသဘောတရား ဘာကြောင့်ထည့်သင်လဲဆိုတော့ ပျင်းစရာအခြေခံအဆင့်တွေပြီးတဲ့အခါ ခြေကုန်လက်ပန်းကျ...
13/08/2026

ခဲပန်းချီသင်ရိုးထဲ doodle art အခြေခံသဘောတရား ဘာကြောင့်ထည့်သင်လဲဆိုတော့ ပျင်းစရာအခြေခံအဆင့်တွေပြီးတဲ့အခါ ခြေကုန်လက်ပန်းကျသွားမှာစိုးလို့ စိတ်ကို ပေါ့ပေါ့ပါးပါးဖြစ်အောင် doodle art ကို လွတ်လွတ်လပ်လပ် လေ့ကျင့်စေပါတယ်….

အဲ့အခါ တချို့က ပြဿနာ တက်တယ်
လှောင်အိမ်ထဲ နေရတာကြာသွားတဲ့ငှက်လိုပဲ
လှောင်အိမ်လေးလည်း ဖွင့်ပေးလိုက်ရော ဘယ်သွားရမှန်း မသိတော့ဘူး 😬

သင်သွားလိုရာ သွားပါ ဆိုလည်း မပျံရဲရှာဘူး
အခုလည်း ရဲရဲတင်းတင်း ကြိုက်ရာဆွဲ လို့ ပြောလည်း မှားမှာစိုးကြတယ်….

Doodle art ရဲ့သဘောတရားကိုက အဲ့ဒါပါပဲ
စိတ်ကိုဖွင့်ပြီး လွတ်လပ်မှုနဲ့ဖန်တီးလေ
ပိုကောင်းတဲ့ရလဒ်တွေ ထွက်လေပါပဲ ✌️

-ပုံကတော့ သင်တန်းသားတစ်ယောက်ရဲ့ လေ့ကျင့်မှုပါ

Doodle art ကို စနစ်တကျ ရေးဆွဲတတ်ချင်ရင်လည်း သင်တန်းသပ်သပ် ဖွင့်ထားပါတယ်ဗျို့

အသေးစိတ်ကို ဆက်သွယ်လို့ရပါတယ်





#သင်တန်း

အလှည့်ကျ မနွဲ့ကြေးဆိုပြီးအံခဲထားသမျှကိုယ့်အလှည့်ကျတော့ မလုပ်ရက်နိုင်ခဲ့ဘူး အမေ ..တစ်ခါတစ်လေ ကျွန်တော်လဲ လူပါးဝချင်တယ် ။_...
12/08/2026

အလှည့်ကျ မနွဲ့ကြေးဆိုပြီး
အံခဲထားသမျှ
ကိုယ့်အလှည့်ကျတော့ မလုပ်ရက်နိုင်ခဲ့ဘူး အမေ ..
တစ်ခါတစ်လေ ကျွန်တော်လဲ လူပါးဝချင်တယ် ။

_unknown

-သင်တန်းသူတစ်ယောက်ရဲ့လေ့ကျင့်မှု






#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

11/08/2026

Myan Arts Page ကို စာပို့တာ seen ပြပြီး ပြန်စာမလာရင် messenger error တက်နေလို့ပါခင်ဗျာ

Telegram မှာ ကို
တချက် hi ပေးပါခင်ဗျာ

ခုနတင် စာပြန်လို့ မရလို့ပါ 🥹🥹

ပထမပုံက လေ့ကျင့်စပုံတွေ ဖြစ်ပြီးဒုတိယပုံကို ပုံကို လိုအပ်တာအကြံပေးပြီးနောက်ပြန်လည်ပြင်ဆင်ခိုင်းပြီး ရလာတဲ့ရလဒ် ဖြစ်ပါတယ်...
11/08/2026

ပထမပုံက လေ့ကျင့်စပုံတွေ ဖြစ်ပြီး
ဒုတိယပုံကို ပုံကို လိုအပ်တာအကြံပေးပြီးနောက်
ပြန်လည်ပြင်ဆင်ခိုင်းပြီး ရလာတဲ့ရလဒ် ဖြစ်ပါတယ်..

-သင်တန်းသူတစ်ယောက်ရဲ့လေ့ကျင့်မှုလက်ရာ





#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

ခက်တာကရာသီဥတုကလည်း ကိုယ့်ဘက်မှာမရှိ ၊ဘုရားသခင်ကလည်း ကိုယ့်ဘက်မှာမရှိ ၊ဖြစ်နေပုံက မချိမဆန့်ဒါပေမယ့်လိပ်ပြာသန့်ခဲ့တယ် ။ 🤍🩵...
10/08/2026

ခက်တာက
ရာသီဥတုကလည်း ကိုယ့်ဘက်မှာမရှိ ၊
ဘုရားသခင်ကလည်း ကိုယ့်ဘက်မှာမရှိ ၊
ဖြစ်နေပုံက မချိမဆန့်

ဒါပေမယ့်
လိပ်ပြာသန့်ခဲ့တယ် ။ 🤍🩵⚘️

-လှသန်း

သင်တန်းသူတစ်ယောက်ရဲ့လေ့ကျင့်မှုလက်ရာ





#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

ပညာမဲ့နွားတကောင်မို့ အောက်တန်းစားဆန်တယ်စက္ကူဖြူနဲ့လိပ်တဲ့ဝိလို မာနကကြီးသေးတယ်ကွန်ဆာဗေးတစ်ကော်နဲ့  ဦးနှောက်ကိုကပ်ထားလည်း...
09/08/2026

ပညာမဲ့နွားတကောင်မို့ အောက်တန်းစားဆန်တယ်
စက္ကူဖြူနဲ့လိပ်တဲ့ဝိလို မာနကကြီးသေးတယ်
ကွန်ဆာဗေးတစ်ကော်နဲ့ ဦးနှောက်ကိုကပ်ထားလည်း
နှလုံးသားက အသစ်ကိုမျှော်နေတဲ့ကောင်ပေါ့
အရက်ကိုချစ်တယ်၊ ကဗျာကိုချစ်တယ်
Toxic Society ကိုစောက်မြင်ကပ်သတဲ့
နိုင်ငံရေးတွေ၊ ယုံကြည်ချက်တွေကိုထိရင်
ငါနဲ့ငြိမယ်ဆိုတဲ့အကောင်

အဲဒီအကောင် . . . . အဲဒီအကောင်ပေါ့
မင်းအသံကြားလို့ စစ်ရှုံးသတဲ့။

-စိမ်းသစ် (အမှောင်မှာငိုတဲ့ ယုန်လို)

သင်တန်းသူတစ်ယောက်ရဲ့ လေ့ကျင့်မှုလက်ရာပါ 😍





#ခဲပန်းချီသင်တန်း
#ခဲပန်းချီ

Address

Fb
Yangon

Telephone

+959761166155

Website

Alerts

Be the first to know and let us send you an email when Myan Arts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category