07/09/2023
G7ကသမီးအိမြတ်ရွှေစင်ဟာ တကယ်တော်တဲ့သူလေး
ဒီကလေးက တည်ငြိမ်ပြီးအမြဲကြိုးစားနေတဲ့ကလေးဖြစ်တယ်။
သူက သူ့ကိုယ်သူDaily Plansနဲ့နေတဲ့သူလေးပါ။
ဒီလိုစိတ်ခွန်အားတွေနဲ့ ကြိုးစားဖို့ကို
ကျမအနေနဲ့နေ့စဥ်ညွှန်ကြားပြသ ခွန်အားတွေရအောင်
လုပ်ဆောင်ခဲ့ပါတယ်။
သူရဲ့Daily Plansထဲက တစ်ချို့လေးတွေကတော့
"သူကဘယ်တော့မှငြီးညူမနေပါဘူး
လက်တွေ့လုပ်ဆောင်ပါ့မယ်တဲ့"။
"ဘယ်သူ့မှအားမကိုးပါဘူး
ကိုယ့်ကိုကိုယ်အားကိုးပါ့မယ်တဲ့"။
သူက english စာတွင်မက ပန်းချီကိုပါတော်တာမို့
english စာထူးချွန်ဖြေရမယ်ဆိုလည်းဖြေဖို့နဲ့.
ပန်းချီပြိုင်ပွဲတွေလည်း ပါဝင်ယှဥ်ပြိုင်ဖို့ကို
"သမီးနောက်မှာ တီချယ်ရှိတယ် "
ပြိုင်ပွဲရက်တွေလည်း လိုအပ်ရင်တီချယ်လိုက်မယ်" ဆိုပြီးအားပေးထားပါတယ်။