Knowledge
Knowledge
Share
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge, Computer training school, Yangon.
Photos from Knowledge's post 27/09/2020
Facebook မှာကိုယ်တင်ထားတဲ့ စာသားတွေ photo တွေကို save လို့မရအောင် Copy ယူလို့မရအောင်အပြင် Screenshot ပါရိုက်လို့မရအောင်လုပ်ထားနည်း
Facebook မှာကိုယ်တင်ထားတဲ့ Post မှ စာသားတွေ Photo တွေကို save လို့မရ Copy ယူလို့မရအောင်အပြင် Screenshot ပါရိုက်လို့မရအောင် ဒီနည်းလမ်းလေးအတိုင်းလုပ်ထားနိုင်ပါတယ်။
အသေးစိတ်ကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်။
အားလုံးအဆင်ပြေပါစေ
#အိုင်တီရဲသွေး
Zawgyi.
Facebook မှာကိုယ်တင်ထားတဲ့ စာသားတွေ photo တွေကို save လို့မရအောင် Copy ယူလို့မရအောင်အပြင် Screenshot ပါရိုက်လို့မရအောင်လုပ်ထားနည်း
Facebook မှာကိုယ်တင်ထားတဲ့ Post မှ စာသားတွေ Photo တွေကို save လို့မရ Copy ယူလို့မရအောင်အပြင် Screenshot ပါရိုက်လို့မရအောင် ဒီနည်းလမ်းလေးအတိုင်းလုပ်ထားနိုင်ပါတယ်။
အသေးစိတ်ကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်။
အားလုံးအဆင်ပြေပါစေ
#အိုင်တီရဲသွေး
03/02/2019
🍀 မင်္ဂလာပါ ☘️
ကွန်ပျူတာ အခြေခံ (ရက်တို) သင်တန်းကိုဖွင့်ဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်ချင်းစာတရားကြောင့်ပါပဲ..😊
💡လူငယ်တွေအလုပ်လိုချင်တယ် ကွန်ပြူတာအခြေခံတောင်မသိလို့ အလုပ်မရခဲ့တာတွေ..
💡ပညာအရည်အချင်းမပြည့်စုံတာနဲ့ပဲ ကွန်ပြူတာကိုသင်ချင်ပါလျှက်နှင့် မဆိုင်သလိုနေခဲ့ကျတဲ့ လူငယ်တွေ..
💡အသက်ကြီးသွားပီ သင်တန်းသွားတက်ရင် လူငယ်တွေကြားမှာ ရှက်စရာကြီးဆိုပြီး မတက်ဖြစ်လို့ ခေတ်နဲ့ဝေးကွာနေတဲ့ လူကြီးတွေ...
💡အခုမှ ကွန်ပြူတာကိုစသင်မှာ ဘာမှမတတ်တော့ တခြားသင်တန်းသားတွေကြားမှာ ရှက်စရာလိုဖြစ်နေတဲ့ လူငယ်တွေ..
💡အလုပ်ကတစ်ဖတ်နဲ့ ရက်အကြာကြီး သင်တန်းမတတ်ချင်တဲ့ ဝန်ထမ်းတွေ...
စတဲ့စတဲ့ လူကြီးမင်းများကို ကိုယ်ချင်းစာတဲ့အနေနဲ့ဖွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။🤝👍
••• သင်တန်းလို့ ပြောပေမယ့် တကယ်တော့ အိမ်မှာသင်မှာဖြစ်ပါတယ်•••🏡
--- သင်တန်းခန်းမကြီးလို့ မမျှော်လင့်ကြပါနဲ့ ---✍️
အိမ်မှာ မိသားစုကိုသင်ကြားပေးသလို သင်ကြားမှာဖြစ်ပါတယ်၊👩‍💻အိမ်မှာ ကွန်ပြူတာငါးလုံးပဲရှိတဲ့အတွက် ငါးဦးပဲ သင်ကြားပေးတာဖြစ်ပါတယ်။(ကိုယ်ပိုင် Laptop ယူလာနိုင်ရင် ပေါင်းသင်ကြားပေးပါမယ်)
🎉 Facility အနေနဲ့ကတော့....
==================
☕️ ကော်ဖီ၊🍪မုန့်တွေကို စိတ်ရှိသလောက် စားနိုင်ပါတယ်..😉(ထမင်းမကျွေးနိုင်ပါ..ဆန်စျေးကကြီးပ.😂)
❄️အဲယားကွန်းအခန်းထဲမှာ သင်ရမှာပါ..🤗(မီးပျက်ရင် မတတ်နိုင်..😔)
📡အမိုက်ဆုံးကတော့ Wifi free ဗျာ..😀(စောစောလာပီး ဒေါင်းစမ်း ကြိုက်သလောက်..☺️)
💁ကဲ ပညာဒါနကို ဘယ်လိုတောင် Service ပေးထားလဲ စဉ်းစားကြည့်ဗျာ..👍🤷‍♀️
🗣နောက်ပြီး သင်တန်းပြီးသွားခဲ့ရင်တောင် Messenger မှာ👥 Group ဖွဲ့ထားပေးတာဖြစ်တဲ့အတွက် မိမိ account မပျက်မချင်း မေးစမ်း နားမလည်တာတွေ..😉(🗣ခဏခဏမေးရင် စိတ်ဆိုးမယ်..😜)
🕹အဲ့လို အဲ့လို Service တွေပေးထားပါလျှက်နဲ့ လာမတက်နိုင်ဘူး၊မယုံကြည်ဘူးဆိုရင်တော့ ဘယ်လိုမှမတက်နိုင်ပါဘူး..😌(စိတ်မကောင်းရုံပေါ့နော့..😔)
အမြဲတမ်းလဲ မဖွင့်ပေးနိုင်ပါဘူး အိမ်ရှင်မျက်စိနောက်ရင် ပြောင်းပေးနေရဦးမယ်..😌
မှတ်ချက်
=====
📌စာအုပ်ဖိုးနဲ့ certificate ကြေး မြန်မာကျပ်ငွေ(:12,000 (တစ်သောင်းနှစ်ထောင်) ..💰ကျပ်ဖြစ်ပါတယ်..
📌(၇)ရက် ဆက်တိုက်လာတက်ရပါမယ်(ခွင့်မပေးပါ😡)
📌လာမတက်နိုင်လျှင် ကြိုတင်စာရင်းမပေးပါနဲ့..
တကယ်လာတက်ချင်တဲ့သူ နစ်နာလို့ပါ..(နောက်တာမဟုတ် တကယ်ကြီးပြောတာပါ..☹️)
📌(၇)ရက်နဲ့ သင်ရိုးအပြတ်ပါ၊အတက်မဟုတ်ပါဘူး.😉
တော်သင့်ဘီ..📝
⬆️ အထက်ပါအကြောင်းအရာများအားဖတ်ရှုနားလည် သဘောပေါက်သည်ဆိုပါက၊ (အယ်လယ်)
လိုက်နာနိုင်သည်ဆိုပါက မိမိ၏ဆန္ဒသဘောအရ မည်သည့်ပယောဂ၊အနှောင့်အယှက်၊တိုက်တွန်းမှုမရှိစေရပဲသင်တန်းတက်ရောက်ရန် အမြန်စာရင်းပေးသွင်းနိုင်ပါသည်။
စာကြွင်း - သင်တန်းတက်မည့်သူများနေသဖြင့် အမြန်စာရင်းသွင်းပြီး အပ်မှ စိတ်ချရပါမယ်... 😀
🌸ပန်းသတင်းလေညှင်းဆောင် ...
လူသတင်းလူခြင်းဆောင် ☘️
📧 Viberမှလဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း
03/02/2019
Coming Soon 👋
29/05/2018
Introduction to Keyboarding 27/05/2018
Introduction to Keyboarding 👩‍💻
Learn and watch video!
နည်းလမ်းမှန်စွာ လက်ကွက်ရိုက်နည်း ... 👍
Learn the basics of touch typing with KeyBlaze 27/05/2018
The Basic Typing (Tutorial Guides)
Watch and Learn from Video!!
ကွန်ပျူတာ လက်ကွက်အခြေခံ ဗီဒီယိုဖိုင်လေးပါ...👍
Learn the basics of touch typing with KeyBlaze This tutorial guides you through the basics of touch typing using KeyBlaze typing tutor. Learn finger and hand positions, your home keys and a few other tips...
23/05/2018
🍀 မင်္ဂလာပါ ☘️
ကွန်ပျူတာ အခြေခံ (ပညာဒါန) သင်တန်းကိုဖွင့်ဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်ချင်းစာတရားကြောင့်ပါပဲ..😊
အိမ်မှာ မိသားစုကိုသင်ကြားပေးသလို သင်ကြားမှာဖြစ်ပါတယ်၊👩‍💻အိမ်မှာ ကွန်ပြူတာနှစ်လုံးပဲရှိတဲ့အတွက် နှစ်ဦးပဲ သင်ကြားပေးတာဖြစ်ပါတယ်။(ကိုယ်ပိုင် Laptop ယူလာနိုင်ရင် ပေါင်းပီးသင်ကြားပေးမှာပါ..)
🎉 Facility အနေနဲ့ကတော့....
==================
☕️ ကော်ဖီ၊🍪မုန့်တွေကို စိတ်ရှိသလောက် စားနိုင်ပါတယ်..😉(ထမင်းမကျွေးနိုင်ပါ..ဆန်ဈေးကကြီးပ.😂)
📍တစ်ခုတော့ ကြိုမှာထားပါရစေ📍
21/05/2018
ဘာလို့ဆင်းရဲတာလဲ
_________________
ဆင်းရဲသားတစ်ယောက်က ဘုရားရှင်ကိုမေးတာ" ဘာဖြစ်လို့ကျွန်တော်မျိုးဟာ မွဲတေဆင်းရဲနေရတာလည်း"ဘုရား
ဘုရားရှင်က ပြောပါတယ်။ သင်ဟာ" ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါပဲ။
ဆင်းရဲသားက ပြန်ပြောတာ ကျွန်တော်မျိုး" မှာ.....ပေးကမ်းစရာ ဘာမှမှ မရှိတာ.....ဆိုတော့" မြတ်စွာဘုရားရှင်က သင်ပေးတာ" သင့်မှာ ရှိနေတာတွေ မနည်းပါဘူး။
မျက်နှာ- အပြုံးတွေပေးစွမ်းနိုင်တယ်။
လန်းဆန်းမှု-တက်ကြွမှု-ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။
ပါးစပ်- - သင်"သူတပါးကို ချီးမွမ်းစကားတွေ-အားပေးစကားတွေ-မင်္ဂလာရှိ ကောင်းမွန်တဲ့စကားတွေ ပြောပေးလို့ရနိုင်တယ်။
-နှလုံးသား -တပါးသူကို ရင်ဖွင့်ပြနိုင်တယ် စစ်မှန်ခြင်းတွေ "ဖြူစင်ရိုးသားမှုတွေ"နဲ့ မေတ္တာတရားတွေ ပေးစွမ်းနိုင်တယ်။
မျက်လုံး- တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင် ကြည့်လို့ရတယ်
နွေးထွေးဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်"
ကိုယ်ခန္ဓာ-သူ့ကိုအသုံးချပြီး သူတပါးကို ကူညီနိုင်တယ်
ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။ စိတ်ထဲက နှိမ့် ကျဆင်းရဲခြင်းတွေကသာလျင် ဆင်းရဲခြင်းအစစ်ဖြစ်တယ်။
ချစ်ခြင်းမေတ္တာတွေ ပေးလွတ်လိုက်တဲ့အခါ
ချစ်ခြင်းမေတ္တာတွေ ပြန်ရောက်လာမယ်
သူတပါးကို ကူညီလိုက်တဲ့အခါ ကူညီမှုတွေက ပြန်ရောက်လာမယ်
ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါ
ပျော်ရွှင်မှုတွေကပြန်ရောက်လာတတ်တယ်။ ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ ပေးဆပ်လေလေ ရရှိလေလေပါပဲ။
သင်ဒီစာကို ဖတ်ပြီးတဲ့အခါ သင့်မှာ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။
၁။ သင်တတ်နိုင်သလောက်မျှဝေလိုက်တဲ့အခါ လောကကြီးဟာ မေတ္တာတရားတွေ တိုးများလာမယ်
၂။ သင်စိတ်မဝင်စားပဲ နေလိုက်လို့ ရသလို မမြင်ခဲ့ဖူးသလို နေလိုက်လဲရပါတယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••
သင့်ရဲ့ မျှဝေမှု သေးသေးလေးဟာ
တခြားသူအမြောက်အများကို အမြင်ကျယ် လာစေနိုင်ပါတယ်။ သင့်ရဲ့လေ့လာမှုကြောင့် ပြောင်းလဲမှုတွေရှိလာမယ် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ကြီးသထက်ကြီးထွားပြီး လူအမြောက်အများဆီကူးစက်ပြန့်ပွားနိုင်ပါစေ။
ကျွန်တော်ကတော့ နံပါတ်-၁ အချက်ကို ဆောင်ရွက်လိုက်ပါပြီ။
____________________________________________
Cr. Photo.Ref: မင်္ဂလာပါ သူဌေးမင်းကြီး
20/05/2018
လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ
(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။
စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည်
မိုက်တတ်၏။
(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း
ဝမ်းမနည်းပါနှင့်။
(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။
လူသည်လည်း အကျင့်ပျက်ကို မမေ့။
(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။
ထသည့်အခါ အပေါ်ကို ကြည့်ပါ။
(၅) မပုပ်သော အသီးကို ပိုးမထိုး။
မရှိသောသူကို သူခိုးမခိုး။
(၆) လက်ခြေတို့သည် ၀မ်းဗိုက်၏
ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ
အလကားခေါ်မကျွေးနိုင်။
(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊
လူတိုင်းသည် အချစ်နှင့် မကင်း။
(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊
မာနကြီးသူသည် စကားကျဲ၏။
(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊
အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။
(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊
စကားကြောင့် မုန်းတတ်၏။
(၁၁) မြန်မြန်စားသော် နင်တတ်၏၊
မြန်မြန်ပြေးသော် ချော်လဲတတ်၏။
(၁၂) ချစ်လျှင် လက်ဆောင်အဖြစ်
အလကားပေးရာ၏၊
အရောင်းအ၀ယ်ပြုလျင်
အများတကာကဲ့သို့ ဈေးယူရာ၏။
(၁၃) နှုတ်ချိုသော် ပခုံး သက်သာ၏၊
နှုတ်ချိုသော် ဗိုက်ပြည့်၏။
(၁၄) ရေကန်ကို ဆဲဆိုလျင်
ငါးသတ္တ၀ါတို့ စိတ်နာတတ်၏၊
ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။
(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊
မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။
(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊
သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။
(၁၇) အတူတကွ ၀ိုင်းဝန်းစားမှ အရသာမြိန်၏၊
အတူတကွ ၀ိုင်းဝန်းမမှ အလေးချိန်ပေါ့၏။
(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊
ပညာရှိသည် တိတ်တိတ်နေတတ်၏။
(၁၉) တောချုံကိုလည်း မပျက်စေရာ၊
ယုန်ကိုလည်း မလွှတ်ထွက်စေရာ။
(၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊
ရေကိုလည်း မနောက်စေရာ။
(၂၂) စားလို၍ မေးမြန်းတတ်သည်။
ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။
(၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊
ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။
(၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။
အမျိုးကွဲသောသားသမီးသည်
တခြားသူဖြစ်သွား၏။
(၂၅) လူဖြစ်လာလျင် မအပါနှင့်၊
မိမိကျောကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။
(၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။
(၂၇) ပြောပြီးသော စကား၊
ဓားဖြင့်ခုတ်မိသွားသော အရာ၊
ကျိုးသွားသော ကျောက်ခဲတို့သည်
မူလအတိုင်း ပြန်မဖြစ်တော့။
(၂၈) အပြောကြီးသောသူသည်
ကျားအရှင်ကို ဖမ်းမိတတ်၏။
(၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊
ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။
အော်သံချင်း သိပ်မထူးပါဘူး။
(၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။
တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။
(၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။
(၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။
(၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျ နိုင်၊
နာခေါင်းဖြင့် စားလျင် ဗိုက်မ၀။
(အနံ့ခံရရုံဖြင့် ဗိုက်မ၀ဟု ဆိုလို၏)
(၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊
ကိုယ်ဘက် တစ်ချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊
လက်သူကြွယ်နှင့် လက်သန်းသည်
ကိုယ့်ဘက်ကို လှည့်နေ၏)
(၃၅) ထက်လှစွာသော ဓားသည်
သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။
(၃၆) အသွင်ပြောင်းသော သမန်းကျားသည်
နွားကိုဖျောက်၏။
အသွင်ပြောင်းသော သူသည်
အမျိုးပျောက်၏။
(၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။
ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။
(၃၈) ဆင်ပြောင်ကြီးသည်
သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့
စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။
(၃၉) မတ်တပ်ရပ်လျင်
အပေါ်ထုတ်တန်းကို ကြည့်ပါ၊
ထမင်းချက်လျင်
ထမင်းကျန်ကို အရင်ကြည့်ပါ။
(၄၀) ငါးရံ့သည်
ရေထဲတွင် တစ်သက်လုံး နေသော်လည်း
မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။
(၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေ။
(၄၃) ကံမကောင်းလျင်
သစ်ပင်ကို အမှီပြုသော်လည်း
သစ်ပင်သည် လဲကျ၏၊
တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။
(၄၄) ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ်
ကျားနှင့် ၀င်တိုးတတ်၏။
(၄၅) ၀ါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ၀ါးခေါင်းကို တီး။
(၄၆) ကိုရင်ကလေးသည်
ကြေးစည်ကြီးကို ရိုက်ခတ်၍
အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ
ကြေးစည်ကြီးသည် ကိုရင်ကလေးကို
ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည်
ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။
Ref: အရှင်သုခမိန္ဒ
Credit
20/05/2018
D E S T I N Y
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Yangon
11071
Opening Hours
Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00