Excel ၏ Absolute Cell Reference အကြောင်း
ACA Computer Training
ACA-LearnFree (Online)
Excel တွင် Emoji icon များ ဘယ်လိုထည့်မလဲ ?
Excel တွင် Barcode Generate ဘယ်လိုလုပ်မလဲ ?
လိုအပ်သော Font Download link
https://fonts.google.com/specimen/Libre+Barcode+39
Excel တွင် ကုန်ပစ္စည်း တစ်ခု၏ သက်တမ်းကုန် ရက် (Expire Date) တွက်ချက်ခြင်း
18/04/2025
𝐏𝐨𝐰𝐞𝐫 𝐁𝐮𝐭𝐭𝐨𝐧 ရဲ့ သင်္ကေတက ဘာကိုဆိုလိုတာလဲ။ အဲဒီ သင်္ကေတက ဘယ်လိုဖြစ်လာတာလဲ။
----------------------------------------------------
ကျွန်ုပ်တို့နေ့စဉ်အသုံးပြုနေသော သင်္ကေတများစွာတွင် ၎င်းတို့၏မူလအဓိပ္ပါယ်ကို နားမလည်ဘဲ အလေ့အထဖြင့်သာ နှိပ်မိကြသည်။
ဒါပေမဲ့ power button ပေါ်မှာမြင်ရတဲ့ စက်ဝိုင်းတစ်လုံးကြားထဲမှာ မျဉ်းတစ်ကြောင်း ရှိတဲ့သင်္ကေတလေးကတော့ ခုထိ တော်တော်များများအသုံးပြုနေဆဲပါ။
ပါဝါသင်္ကေတ၏ သမိုင်းကြောင်း
Power symbol (🔘) ဟာ ၁၉၅၀ ခုနှစ်တွင် စတင်အသုံးပြုခဲ့တာပါ။ အဲ့အချိန်က ကိရိယာတွေမှာ "On/Off" လုပ်ဖို့ physical switch တွေသုံးရတယ်။ ဒါပေမဲ့ "ON" / "OFF" ဆိုတဲ့စာလုံးတွေကို ဘာသာစကားအခြေအနေမတူတဲ့ နိုင်ငံအမျိုးမျိုးမှာ သုံးဖို့မလွယ်လို့ ဘာသာမပါတဲ့ သင်္ကေတတစ်ခုကို ဖန်တီးဖို့ စဥ်းစားလာကြပါတွ။ ထို့ကြောင့် ဘာသာစကား ခွဲခြားမှုမရှိသော သင်္ကေတတစ်ခု လိုအပ်လာ၍ Binary ကို အခြေခံပီး သင်္ကေတ ပြုလုပ်ရန် အဖြေကိုရှာခဲ့ကြသည်။
🌸 1 = “ON” (ဖွင့်ခြင်း)
🌸 0 = “OFF” (ပိတ်ခြင်း)
ဒီတော့ ဒီ binary နဲ့အညီ
🌸 စက်ဝိုင်း (0) သည် စက်ပိတ်ခြင်းကို ဆိုလိုပီး
🌸 မျဉ်းတစ်ကြောင်း (1) သည် စက်ဖွင့်ခြင်းကို ဆိုလိုခြင်းဖြစ်သည်
ဤသင်္ကေတ နှစ်ခုကို ပေါင်းစပ်ပြီး ဒီနေ့ကျွန်တော်တို့သိတဲ့ power symbol ကိုဖန်တီးခဲ့တာပါ။ အခုမြင်နေရတဲ့ စက်ဝိုင်းထဲမှာ မျဉ်းတစ်ခုဖြတ်ပြီးရှိတာကိုမြင်ရတာမျိုး ဖြစ်လာပါတယ်။
18/04/2025
🌸 NFC ဆိုတာဘာလဲ ၄င်းနည်းပညာက ကျွန်ုပ်တို့ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့သလဲ 🌸
ဒီဂျစ်တယ်ခေတ်တွင် Near Field Communication (NFC) နည်းပညာသည် နေ့စဉ်ဘဝနှင့် နည်းပညာအသုံးပြုမှုပုံစံများကို ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။ ဤနည်းပညာဖြင့် စက်ပစ္စည်းများအကြား အလွယ်တကူဆက်သွယ်နိုင်ပြီး အလုပ်များကို မြန်ဆန်၊ လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။ ဤဆောင်းပါးတွင် NFC ၏ အရေးပါမှု၊ အသုံးဝင်ပုံများနှင့် လူမှုဘဝအပေါ် သက်ရောက်မှုများကို ဖော်ပြသွားမည်။
________________________________________
NFC ဆိုတာဘာလဲ?
NFC သည် အကွာအဝေးတိုသော ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာ တစ်ခုဖြစ်ပြီး စက်နှစ်ခုကို အနီးကပ် (၄ စင်တီမီတာအတွင်း) ထားလိုက်ရုံဖြင့် အချက်အလက်များဖလှယ်နိုင်သည်။ Bluetooth နှင့်မတူဘဲ ချိတ်ဆက်ရန် (Pairing) မလိုအပ်ဘဲ အလိုအလျောက်အလုပ်လုပ်နိုင်သောကြောင့် အသုံးပြုရလွယ်ကူသည်။
________________________________________
နေ့စဉ်ဘဝတွင် NFC ၏အသုံးဝင်မှုများ
၁။ ငွေပေးချေမှုစနစ် (Contactless Payments)
• Apple Pay, Google Wallet, Samsung Pay ကဲ့သို့သော ဒီဂျစ်တယ်ပိုက်ဆံအိတ်များဖြင့် NFC ဖြင့် ငွေပေးချေနိုင်သည်။
• ဖုန်းကို POS စက်တွင် တစ်ချက်တို့ရုံဖြင့် ငွေလွှဲပြီးသားဖြစ်စေသည်။
• လုံခြုံမှုပိုမိုကောင်းမွန်ပြီး ငွေသားနှင့်ကတ်များ မလိုအပ်တော့ပေ။
၂။ အများပြည်သူသယ်ယူပို့ဆောင်ရေး
• YBS ဘတ်စ် ကားလိုင်းများ၏ YBS Card စနစ်များတွင် NFC ကို အသုံးပြုကာ ဘတ်စ်ကားခ အား အလွယ်တကူပေးချေနိုင်သည်။
• လက်မှတ်ဝယ်စာတန်းစီရန် မလိုအပ်တော့ဘဲ အချိန်ကုန်သက်သာစေသည်။
၃။ လုံခြုံရေးနှင့် ဝင်ရောက်ခွင့်ထိန်းချုပ်မှု
• ဟိုတယ်အခန်း၊ ရုံးခန်းနှင့် အိမ်များတွင် NFC ကတ်များ/ဖုန်းများဖြင့် သော့မလိုဘဲ ဝင်ရောက်နိုင်သည်။
• အလုပ်ခွင်လုံခြုံရေးအတွက် NFC ကတ်များဖြင့် ဝန်ထမ်းများ၏ အချက်အလက်များကို စီမံနိုင်သည်။
________________________________________
စီးပွားရေးနှင့် စျေးကွက်ရှာဖွေရေးတွင် NFC အခန်းကဏ္ဍ
၁။ ဖောက်သည်များနှင့် ထိတွေ့မှုတိုးတက်စေခြင်း
• ကြော်ငြာပိုစတာ၊ ထုပ်ပိုးမှုများတွင် NFC tag များ ထည့်သွင်းကာ ဖောက်သည်များအား ဝဘ်ဆိုဒ်၊ ဗီဒီယိုနှင့် လျှော့စျေးကူပွန်များ ကို တစ်ချက်တို့ရုံဖြင့် ရယူနိုင်စေသည်။
၂။ ကုန်ပစ္စည်းစီမံခန့်ခွဲမှု
• ဆိုင်များနှင့် ကုန်စည်စီးဆင်းမှုတွင် NFC tag များ သုံးကာ အချိန်နှင့်တစ်ပြေးညီ စာရင်းကိုက်ညှိခြင်း၊ အမှားနည်းစေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
________________________________________
ကျန်းမာရေးစောင့်ရှောက်မှုတွင် NFC
• လူနာများ၏ ဆေးမှတ်တမ်းများကို NFC ခါးပတ်/ကတ်များဖြင့် အရေးပေါ်အခြေအနေတွင် မြန်မြန်ဆန်ဆန် ရယူနိုင်သည်။
• ဆေးညွှန်းများတွင် NFC သုံး၍ မှန်ကန်သောဆေးဝါးနှင့် ပမာဏကို သေချာစေသည်။
________________________________________
NFC ၏ အနာဂတ်
• IoT (Internet of Things) နှင့်ပေါင်းစပ်ကာ Smart Home များ၊ မော်တော်ယာဉ်များ၊ ဝတ်ဆင်ကိရိယာများတွင် အလိုအလျောက်ထိန်းချုပ်မှုများ ပြုလုပ်နိုင်မည်။
• ပိုမိုလုံခြုံသော ငွေပေးချေမှုစနစ်များ နှင့် ဇီဝမှတ်ပုံတင်ခြင်း (Biometric NFC) ကဲ့သို့သော နည်းပညာများ ပေါ်ထွက်လာမည်။
________________________________________
နိဂုံး
NFC နည်းပညာသည် ငွေပေးချေမှု၊ ခရီးသွားလာမှု၊ လုံခြုံရေးနှင့် ကျန်းမာရေးကဏ္ဍများအထိ ကျယ်ပြန့်စွာ အထောက်အကူပြုနေပြီး အနာဂတ်တွင် ပိုမိုတိုးတက်လာဦးမည်။ ဤနည်းပညာကို အသုံးပြုခြင်းဖြင့် နေ့စဉ်ဘဝကို ပိုမိုလွယ်ကူ၊ မြန်ဆန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်။
18/04/2025
🌸အင်တာနက်လုံခြုံရေးအတွက် အားကောင်းသောစကားဝှက်ဖန်တီးနည်း (၁၀) ချက် 🌸
ဒီဂျစ်တယ်ခေတ်တွင် သင့်အွန်လိုင်းအချက်အလက်များကို ကာကွယ်ရန်မှာ အရေးကြီးပါသည်။ အားကောင်းသောစကားဝှက် (Password) တစ်ခုသည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ အရေးကြီးသောဖိုင်များနှင့် ငွေကြေးဆိုင်ရာအချက်အလက်များကို အန္တရာယ်များမှ ကာကွယ်ပေးသည့် ပထမဆုံးသော အကာအကွယ်တစ်ခုဖြစ်သည်။ လွယ်ကူသောစကားဝှက် (Password) များကို အသုံးပြုခြင်းသည် အန္တရာယ်ရှိနိုင်သည်ကို သတိမထားမိဘဲ လူအများစုက အဆင်ပြေစေရန်အတွက် ရိုးရှင်းသောစကားဝှက် (Password)များကိုသာ ရွေးချယ်တတ်ကြသည်။ သင့်အကောင့်များကို လုံခြုံစွာထိန်းသိမ်းနိုင်ရန် အောက်ပါအဆင့်များအတိုင်း အားကောင်းပြီး မှတ်မှားလွယ်သော စကားဝှက် (Password)တစ်ခုကို ဖန်တီးနိုင်ပါသည်။
🌸 အားကောင်းသောစကားဝှက် (Password ) ဖန်တီးနည်း
၁။ စကားဝှက် (Password) ကို ရှည်လျားစွာဖန်တီးပါ
• အွန်လိုင်းစကားဝှက်များတွင် အနည်းဆုံး စာလုံး (၆) လုံးပါရန်လိုအပ်သော်လည်း ပိုမိုလုံခြုံစေရန် (၁၂) လုံးမှ (၁၆) လုံးအထိ သတ်မှတ်ပါ။
• ရှည်လျားသောစကားဝှက်များသည် ဟက်ကာများအတွက် ခန့်မှန်းရခက်ပြီး စာလုံးတစ်လုံးချင်းစီတိုးလာသည်နှင့်အမျှ ဖြစ်နိုင်ခြေပေါင်းစပ်မှုများ များပြားလာသည်။
၂။ အခြေခံစကားလုံး (Base-Word) ကိုအသုံးပြုပါ
• Base-Word ဆိုသည်မှာ သင့်အတွက်သာ မှတ်မှားလွယ်သော စကားလုံးများ သို့မဟုတ် စကားစုတစ်ခုဖြစ်သည်။
• ဥပမာ: သင်နှစ်သက်သောကားအမည်များ (Pontiac, Ford, Dodge) ကိုပေါင်းကာ "ponfordo" ဟုအတိုကောက်ဖန်တီးနိုင်သည်။
၃။ နံပါတ်များထည့်သွင်းပါ
• သင့်စကားဝှက် (Password) ကို ပိုမိုလုံခြုံစေရန် အဓိပ္ပာယ်ရှိသောနံပါတ်များ (မွေးနေ့၊ နှစ်သက်သည့်နှစ်များ) ထည့်ပါ။
• ဥပမာ: "ponfordo" + "697274" = "ponfordo697274"
၄။ သင်္ကေတနှင့်အထူးစာလုံးများထည့်ပါ
• "!", "@", " #", "_" ကဲ့သို့သော သင်္ကေတများထည့်ခြင်းဖြင့် စကားဝှက်ကိုပိုမိုရှုပ်ထွေးစေသည်။
• ဥပမာ: "ponfordo_697274"
၅။ အကြီးစာလုံးနှင့်အသေးစာလုံးများရောစပ်ပါ
• စာလုံးအကြီးအသေးရောစပ်ခြင်းဖြင့် ခန့်မှန်းရခက်စေသည်။
• ဥပမာ: "PonForDo_697274"
၆။ ကိုယ်ပိုင်အရိပ်အမြွက်တစ်ခုထည့်ပါ
• သင့်စကားဝှက်နှင့်သက်ဆိုင်သော ကိုယ်ပိုင်အရိပ်အမြွက်တစ်ခုဖန်တီးပါ။
• ဥပမာ: "MyAmMusclePonForDo_697274" (အမေရိကန်မြင်းကောင်ရေကားများကို ရည်ညွှန်း)
၇။ ရိုးရှင်းသောစကားလုံးများကိုရှောင်ပါ
• "password123", "qwerty", "123456" ကဲ့သို့သော ရိုးရှင်းသည့်စကားဝှက်များကို လုံးဝမသုံးပါနှင့်။
၈။ စကားဝှက်စီမံခန့်ခွဲမှုကိရိယာ (Password Manager) သုံးပါ
• LastPass, Bitwarden, 1Password ကဲ့သို့သော စကားဝှက်စီမံခန့်ခွဲမှုကိရိယာများကို အသုံးပြုပါ။
• ၎င်းတို့သည် ရှုပ်ထွေးသောစကားဝှက်များကို ဖန်တီးပေးပြီး လုံခြုံစွာ
သိမ်းဆည်းပေးနိုင်သည်။
၉။ စကားဝှက်များကို ပုံမှန်ပြောင်းလဲပါ
• အနည်းဆုံး (၆) လတစ်ကြိမ် သို့မဟုတ် နှစ်စဉ် စကားဝှက်များကို အသစ်ပြောင်းပါ။
• အထူးသဖြင့် ဘဏ်အကောင့်၊ အီးမေးလ်နှင့် အရေးကြီးသောအကောင့်များအတွက် လုပ်ဆောင်ပါ။
၁၀။ နှစ်ဆင့်အတည်ပြုခြင်း (2FA) ကိုဖွင့်ပါ
• SMS သို့မဟုတ် Authenticator App (Google Authenticator, Authy) မှ ကုဒ်တစ်ခုကို အပိုအတည်ပြုချက်အဖြစ်သုံးပါ။
• ဤနည်းဖြင့် စကားဝှက်သိရှိပါက ဒုတိယလုံခြုံရေးအဆင့်ဖြင့် ကာကွယ်နိုင်သည်။
________________________________________
စကားဝှက်နှင့်ပတ်သက်၍ လုံးဝမလုပ်သင့်သောအရာများ
• မိမိ၏မွေးနေ့၊ ဖုန်းနံပါတ် သို့မဟုတ် "admin123" ကဲ့သို့သော ရိုးရှင်းသည့်စကားဝှက်များကို မသုံးပါနှင့်။
• အကောင့်အားလုံးအတွက် တူညီသောစကားဝှက်ကို မသုံးပါနှင့်။
• စကားဝှက်ကို စာရွက်ပေါ်တွင်ရေးမှတ်ခြင်း သို့မဟုတ် အွန်လိုင်းတွင် သိမ်းဆည်းခြင်း မပြုပါနှင့်။
ဤနည်းလမ်းများကို အသုံးပြုခြင်းဖြင့် သင့်အွန်လိုင်းအကောင့်များကို လုံခြုံစွာ ကာကွယ်နိုင်မည်ဖြစ်သည်။
to:Security
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Botahtuang
Yangon
Opening Hours
| Monday | 08:00 - 19:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 19:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 19:00 |
| Saturday | 08:00 - 19:00 |
| Sunday | 08:00 - 19:00 |