အမြင်သစ်စာကြည့်တိုက် IT-School

အမြင်သစ်စာကြည့်တိုက် IT-School

Share

ပညာရှာရာ တက္ကသိုလ်တစ်ခုပါ။ Education

14/04/2026
25/01/2021

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွက် Digital Literacy Training (ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု သင်တန်း) လျှောက်လွှာများခေါ်ယူခြင်း။

ရန်ကုန်တိုင်းဒေသကြီးl မန္တလေးတိုင်းဒေသကြီးl ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်ရှာဖွေနေသော လူငယ်များအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှု သင်တန်း "Digital Literacy" ကို Online မှတစ်ဆင့် သင်ကြားပို့ချပေးမည်။


Go Digital ASEAN စီမံကိန်း၏ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းသည် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ဖန်တီးပေးမည့်သင်တန်းတစ်ခု ဖြစ်ပါသည်။

စီမံကိန်းသည် ASEAN (၁၀) နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် တို့မှ စွန့်ဦးတီထွင်သူများ၊ အလုပ်မရရှိသေးသည့် လူငယ်များနှင့် အမျိူးသမီးများအပါအဝင် ကျေးလက်ဒေသနှင့် အခွင့်အရေးနည်းပါးသည့်ရပ်ရွာများမှ လူဦးရေ နှစ်သိန်း ကို သင်တန်းပေးသွားမည်ဖြစ်ပါသည်။ ယခုအစီအစဉ်ကိုGoogle ကုမ္ပဏီ ၏ ပရဟိတဌာနခွဲဖြစ်သော Google.org ၏ပံ့ပိုးမှုဖြင့်အာရှဖောင်ဒေးရှင်းမှ မိမိ၏ဒေသတွင်းရှိ ကွန်ယက်များနှင့်ပူးပေါင်း၍ အလိုအပ်ဆုံးသူများကို ဒစ်ဂျစ်တယ်စွမ်းရည်သင်တန်းများ တိုက်ရိုက်ပေးသွားမည်ဖြစ်ပါသည်။

အာရှဖောင်ဒေးရှင်း၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA)အနေနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အလုပ်အကိုင်ရှာဖွေသူ လူငယ် ၂၀၀၀ ကို တာဝန်ယူသင်ကြားပေးမည်ဖြစ်ပါသည်။

လျှောက်ထားနိုင်သူများ - ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့မှ အလုပ်အကိုင်ရှာဖွေနေသောလူငယ်များ(အသက် ၁၈ -၂၅ နှစ်) သင်တန်း (၃) ရက်ကို ပြီးဆုံးသည့်အထိတက်ရောက်နိုင်သူ

လက်ခံမည့်သင်တန်းသားဦးရေ- သင်တန်းတစ်ခုလျှင် ၅၀ - ၆၀

သင်တန်းရက် များ -
အပါတ်စဉ်ဗုဒ္ဓဟူး ကြာသပတေး သောကြာ နေ့
သင်တန်းတစ်ခုစီသတ်မှတ်ကာလ- (၃) ရက်သင်တန်း
(အပတ်စဉ် ဗုဒ္ဓဟူးနေ့ မှ သောကြာနေ့အထိ)

သင်တန်းချိန် - နေ့စဉ် နေ့လည် ၁:၀၀ မှ ၄:၃၀ ထိ

Online Platform: Zoom
သင်တန်းလျှောက်လွှာ link -
https://forms.gle/JUxdcTCWYjAMda5d8


ဆက်သွယ်ရန်
- ကိုစိုင်းဘုန်းမြတ် (09254803770)
[email protected]

- ကိုဝင်းဇော်လတ် (09450627226)
[email protected]

*Google မှ တရားဝင်သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိမည်ဖြစ်ပါသဖြင့် အထက်ပါ လိပ်စာများသို့ ဆက်သွယ်တက်ရောက်နိုင်ပြီး အခက်အခဲ တစုံတရာရှိလျှင် အမြင်သစ်-စာကြည့်တိုက် (သို့) ကိုဇေယျာမျိုး (ဖုန်း-၀၉၄၂၅၀၂၃၇၆၂) အား ဆက်သွယ်၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ စာကြည့်တိုက်တွင်လည်း အွန်လိုင်းဖြင့် လာရောက်၍ သင်တန်းတက်ရောက်နိုင်ပါသည်။

https://www.google.org/?fbclid=IwAR0bIBB-vJRjVLDUCkn1f0O7eZ_CnlQsb3sCKzMEN5KIohpjwO6JOE4rfnY

25/09/2020

လူသားတိုင်း ကပ်ရောဂါဆိုးကြီးကို အင်တိုက်အားတိုက်ရင်ဆိုင်နေချိန်မှာ ကျွန်တော်တို့ Sweety Home ကလည်း အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဖေးမကူညီလိုသောကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိသော များသို့ ရေမြုပ်မွေ့ရာအချပ်ရေ (၂၀၀၀) ၊ စီလီကွန်ခေါင်းအုံး အလုံးရေ (၂၀၀၀) နဲ့ ခေါင်းအုံးစွပ်အလုံးရေ (၂၀၀၀) လှူဒါန်းဖို့စီစဉ်ထားရှိပါသည်။

သို့ဖြစ်ပါသောကြောင့် ရေမြုပ်မွေ့ရာ၊ ခေါင်းအုံးနှင့် ခေါင်းအုံးစွပ် များလိုအပ်ချက်ရှိသော မြန်မာနိုင်ငံတစ်ဝန်းလုံးမှ Quarantine Centre များအနေဖြင့် Sweety Home Chat Box မှ တစ်ဆင့် (သို့မဟုတ်) [email protected] သို့ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရန်ကုန်နှင့်မန္တလေးမြို့ပေါ်ရှိ Quarantine Centre များကို သက်ဆိုင်ရာ မြို့နယ် Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီသတ်မှတ်ချက်များနှင့်အညီ စင်တာအရောက် တိုက်ရိုက်ပို့ဆောင် လှူဒါန်းပေးသွားမှာဖြစ်ပြီး ကျန်ဒေသများကိုတော့ သက်ဆိုင်ရာ ရန်ကုန်၊ မန္တလေးကားဂိတ်များအထိသာ ပို့ဆောင်ပေးသွားနိုင်မှာဖြစ်ပါသည်။အသွားအလာအခက်ခဲရှိသောကာလ အခြေအနေဖြစ်နေပါ၍ အခြားဒေသများသို့ ပို့ပေးရန် အဆင်မပြေသည်ကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။

ယခုလိုလှူဒါန်းနိုင်မူ သည် ၊ ဆွိတီးဟုမ်းသုံးစွဲသူ၊ မိဘပြည်သူများ၏ကျေးဇူးကြောင့်သာဖြစ်ပါ၍၊ကျွန်တော်တို့နှင့်အတူ ပြည်သူများအားလံုးထပ်တူကုသိုလ်ရကြပါစေ၊

မြန်မာနိုင်ငံသားအားလုံးလည်း ကိုဗစ်ရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

When everyone is fighting strongly for this pandemic, our Sweety Home wants to contribute as a part of it. So we are going to donate 2000 cotton foam mattresses, 2000 silicon pillows and 2000 pillow cases for nationwide quarantine centers.

In order to fulfil this, we would like to hereby inform all quarantine centers around Myanmar to contact us via Sweety Home chat box or [email protected] for any requirements for foam mattresses, pillows and pillow cases.

We will donate and deliver directly to Yangon and Mandaly quarantine centers and will deliver the rest of the cities in Myanmar via Yangon and Mandalay bus terminals. We seek your understanding and forgiveness for any inconvenience that we cannot deliver directly to the rest of the cities during this difficult period.

We are only able to make this kind of donation because of our sweety home users' supports. Hence we would like to share our good deeds together with you all.

We wish all Myanmar nationalities can escape from this covid pandemic quickly.







02/08/2020

fresher welcome အတွက် သင်တန်းသူ/သားများ ယခု လင့် သို့ ဝင်ရောက်တွေ့ဆုံပေးကြပါရန်။

Meet Real-time meetings by Google. Using your browser, share your video, desktop, and presentations with teammates and customers.

new vision - Google Drive 30/07/2020

သင်တန်းများအား (၃.၈.၂၀၂၀)ရက်နေ့တွင် စတင်ပါမည်။ ကျောင်းသားများအတွက် application အသုံးပြုပုံကို ကျောင်းသားမိဘများရဲ့smsသို့ပို့ပေးထားပါသည်။ မိမိ၏ကျောင်းချိန်အား အချိန်စာရင်းတွင် ကြည့်ရှု၍ တက်ရောက်ရမည်ဖြစ်သည်။ ကျောင်းခေါ်ချိန်(၃)ချိန်ပျက်ကွက်လျှင် အကောင့်ဝင်ခွင့်အား ပိတ်ပါမည်။ လာမည့်တနင်္ဂနွေနေ့ ညနေ(၄း၀၀)နာရီအချိန်တွင် ကျောင်းသားများနှင့် တွေ့ဆုံရန် google meet လင့်အား ထပ်မံပို့ပေးပါမည်။ application အား ဒေါင်းလော့လုပ်နိုင်ရန်အတွက် အောက်ပါလင့်အား ဝင်ရောက်ပေးပါရန်။ google meetအသုံးပြုရန်အတွက်လည်း ဒေါင်းလော့လုပ်ပေးထားပါရန်။

new vision - Google Drive

25/07/2020

PlayStore က ကျွန်တော်တို့ အပ်ပလီကေးရှင်းကို အတည်မပြုသေးလို့ Web version လေး အရင်သုံးပေးပါနော်။ စာသင်ချိန်အမှီတော့ အပ်ပလီကေးရှင်း ဒေါင်းလို့ရပါလိမ့်မယ်။ ပြထားတဲ့ပုံထဲက chat icon လေးမှာ သိချင်မေးထားလို့ရတယ်တယ်နော် admin ဆို ရှာလိုက်နော်။ သိချင်တာတွေမေးထားလို့ရတယ်။ (အားရင်ဖြေပေးပါမယ်) မိဘတွေဆီကိုလဲ ပို့ပေးထားပါတယ်။ အသုံးပြုပုံကို video link ပေးထားပါတယ်။ ဖွင့်ကြည့်ပြီး မသိရင် facebook မှာလဲ လာမေးလို့ရပါတယ်။ သင်တန်းချိန်တွေပါပြီးသားပါ ဘယ်နေ့စတက်ရမယ်ဆိုတာကို ထပ်မံအကြောင်းကြားပေးပါ့မယ် ခင်ဗျား။

20/07/2020

Free Course အတွက် ဖောင်များ ပိတ်သွားပါပြီခင်ဗျာ။ယခုလကုန်တွင် သင်တန်းတက်ရောက်နိုင်ရန်အတွက် လာမည် ၂၅.၇.၂၀၂၀ ရက်တွင် မိုလ်ဘိုင်း အပ်ပလီကေးရှင်းဖြင့် ဝင်ရောက်ရမည့်အချက်အလက်များနှင့် ဝင်ရောက်အသုံးပြုပုံများအား သင်တန်းသားများနှင့် သင်တန်းသားအုပ်ထိန်းသူများထံသို့ SMS ပေးပို့ပေးပါမည် ခင်ဗျား။ အခု လကုန်အထိ ဖောင်ဖြည့်တက်ရောက်နိုင်မည့် Course (2) ကတော့ သင်တန်းကြေးအနည်းငယ်ဖြင့် up to date ဘာသာရပ်များဖြစ်သည့် Web Site များ ရေးသားနည်းအား အခြေခံမှစ၍ မိမိစိတ်ကြိုက်ရေးသားနိုင်သည် အထိ လက်တွေ့ရေးသားနိုင်မည့် Web Development ဘာသာရပ်၊ မိုလ်ဘိုင်း အပ်ပလီကေးရှင်း၊ web အပ်ပလီကေးရှင်း၊ window softwareများအားလုံးအား ဖန်တီးတည်ဆောက်နိုင်မည့် Dart & Flutter Course တို့အား ၂၈.၇.၂၀၂၀ ရက်နေ့အထိ ဖောင်များဖြည့်သွင်း၍ တက်ရောက်နိုင်ပါမည်။

အမြင်သစ်-စာကြည့်တိုက်(IT-School)
(free course ထပ်မံတက်ရောက်နိုင်ရန် ထပ်မံကြေငြာပေးပါမည်)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Shwe Wah 2nd Street, Insein Township
Yangon
11011