Younglish

Younglish

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Younglish, Yangon.

Photos from Younglish's post 07/12/2025

Unplanned trekking and unmatched outfits 🙃

05/12/2025

နှစ်ကုန်ခါနီး ပညာဒါနအတန်းလေးjoinချင်ရင် ဟိုဘက်pageကိုလာခဲ့လို့ရပါတယ်ရှင်

Edit—private group ကို joinထားလို့ရပါပြီ။Mondayကနေစပြီး video တင်ပေးပါမယ်ရှင်
Comment မှာ linkပေးထားပါတယ် ။



ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုဘဲ English Tenses တွေကို အခမဲ့ သင်ယူနိုင်မယ့် အခွင့်အရေး!
လူတိုင်းအတွက် အရေးကြီးတဲ့ Grammar အခန်းကဏ္ဍဖြစ်တဲ့ Tenses (ကာလများ) အကြောင်းကို အခြေခံကနေ စနစ်တကျ နားလည်အောင် ပညာဒါနအနေနဲ့ Video Class များ ဖွင့်လှစ်ပေးပါမယ်။
• ဘာတွေ သင်ယူရမလဲ?
• Tenses (12 မျိုး) အကြောင်း အသေးစိတ် ရှင်းပြချက်များ
• ဖွဲ့စည်းပုံ (Structure)
• အသုံးပြုပုံ (Usage)
• ဥပမာ ဝါကျများ (Example Sentences)
• သင်တန်းပုံစံ: Facebook Group တွင် Video ဖြင့် ပညာဒါန ပြုလုပ်ပေးသွားပါမည်။
• ဘယ်သူတွေ တက်ရောက်သင့်လဲ?
• English စာကို စတင်လေ့လာသူများ
• Tenses အကြောင်း သေချာနားမလည်သေးသူများ
• အခြေခံ Grammar ကို ခိုင်မာစေလိုသူများတက်ရောက်နိုင်ပါတယ် ။
Facebook group မှာ ကိုယ့်စိတ်ကြိုက် ကြိုက်တဲ့အချိန် သင်ယူနိုင်မှာဖြစ်လို့ မီးလာ မလာလည်း စိတ်ပူစရာမလိုပါဘူး
ဘယ်အချိန်စမှာလဲ ???
Mondayက စပြီး lesson videoတွေကို တစ်ပုဒ်ချင်း သင်ပေးသွားမှာဖြစ်ပါတယ် ။
(2020ကစပြီးတော့ ပညာဒါနအတန်းတွေ အများကြီး ဖွင့်ဖြစ်ခဲ့ပေမဲ့ ဒီtenses အတန်းလေးကတော့ ပထမဆုံးဖြစ်ပါတယ်)
တက်ရောက်ချင်သူများကတော့ postကို shareထားခြင်းဖြစ်စေ comment မှာnoti ယူထားခြင်းဖြစ်စေ ပြုလုပ်နိုင်ပါတယ်
Facebook group linkကိုတော့ ဒီလာမယ့် Sundayမှာ linkချပေးပါမယ်ရှင်။


Photos from Younglish's post 26/10/2025

ဘယ်တော့မှ မရိုးသွားတဲ့ မြန်မာဝတ်စုံ
“Myanmar attire never fails me”

19/10/2025

Do နဲ့ make ဘယ်လိုကွာလဲ?

do ---
1.နေ့စဉ်လုပ်နေတဲ့ daily activities တွေကိုပြောချင်ရင်
e.g. I do the ironing (မီးပူတိုက်တယ်)/ do housework (အိမ်အလုပ်လုပ်)/do exercise (ex.လုပ်တယ်)

2.အလှအပနဲ့ ပတ်သက်ရင်
e.g. do skincare (စကင်းကဲတယ်)/ do makeup (မိတ်ကပ်လိမ်းတယ်)

3.အိမ်စာလုပ်တာတို့/အလုပ်လုပ်တာတို့ဆိုရင်လဲ သုံးပါတယ်
e.g. do homework (အိမ်စာလုပ်တယ်)/ What do you do?(နင်ဘာအလုပ်လုပ်လဲ)

Make ကိုတော့

အသစ်တစ်ခုခုကို result အသစ်ရအောင်ဖန်တီးတာ /ချက်ပြုတ်ပြင်ဆင်တဲ့နေရာတွေမှာ သုံးပါတယ်။

Make coffee (ကော်ဖီဖျော်တယ် )(အမှုန့်မှ အရည်ဘဝသို့ပြောင်း)
make pancake (ပန်ကိတ်လုပ်တယ်) (ဂျုံ ဘဝမှ ကိတ်ဘဝ)
make dinner (ညစာချက်တယ်)

make နဲ့တွဲသုံးတဲ့ တွဲဖက် စာလုံးတစ်ချို့ကတော့..........

make mistake(အမှားလုပ်သည်)
make friend (မိတ်ဆွေဖွဲ့သည်)
make a choice (ရွေးချယ်မှုပြုလုပ်သည်)
make a call (ဖုန်းခေါ်သည်)
make a speech (မိန့်ခွန်းပြောသည်)

ဒီလောက်ဆိုရင်make နဲ့ doရဲ့ကွာခြားချက်ကိုသေချာလေး သိသွားပြီထင်ပါတယ်

07/10/2025

will နဲ့ going to ဘယ်လိုကွာလဲ???

will....

1.တစ်ခုခုလုပ်ဖို့ အခုလေးတင်မှ ဆုံးဖြတ်လိုက်တာ (immediate response)
e.g.အအေးဆိုင်သွားတဲ့အချိန် waiter ကဘာမှာမလဲလို့မေးရင်
"I will have a glass of milk.
နွားနို့တစ်ခွက်ယူမယ် (အခုမှချက်ချင်းဆုံးဖြတ်လိုက်တာ)

2.တောင်းဆိုတဲ့နေရာမှာ(request)
e.g. Will you shut the door,pls?
တံခါးလေးပိတ်ပေးပါလား?

3.ယုံကြည်ထားတာ၊ ခန့်မှန်းထားတာ

e.g.she will pass the exam with flying colours.
သူစာ‌မေးပွဲကိုဂုဏ်ထူးတွေနဲ့အောင်မှာ (အစမ်းစာမေးပွဲတွေမှာ အမြဲဂုဏ်ထူးထွက်ခဲ့တာမို့လို့)

going to..........................................

1.ဆုံးဖြတ်ထားပြီးသား ၊လုပ်ဖို့ရည်ရွယ်ထားပြီးသား....
I am going to watch the movies tomorrow.
မနက်ဖြန်ငါရုပ်ရှင်ကြည့်မလို့

2.လက်ရှိအခြေအနေကိုကြည့်ပြီး အနာဂတ်ကိုခန့်မှန်းလို့ရတယ်ဆိုရင်...
e.g.look at the clouds! It is going to rain.
တိမ်တွေကိုကြည့်လိုက် ၊မိုးရွာတော့မယ်။

****အတိတ်မှာ လုပ်မလို့တွေးထားခဲ့တာ ဒါပေမဲ့မလုပ်ဖြစ်ခဲ့ဘူးဆိုရင်တော့
I was going to confess my love . But I didn't.
ငါသူ့ကိုဖွင့်ပြောမလို့တွေးထားခဲ့တာ ဒါပေမဲ့ မပြောဖြစ်ခဲ့ဘူး...

အမြဲတမ်းEnglishနဲ့ပတ်သတ်တာလေးတွေတင်ပေးနေတာမို့ စောင့်ကြည့်ပေးပါဦးနော်♥️

Photos from Younglish's post 05/10/2025

သီတင်းကျွတ်နဲ့ ဆိုင်တဲ့စကားလုံးများ

03/10/2025
29/09/2025
28/09/2025
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon