CMT Academic Institution

CMT Academic Institution

Share

စာတွေ့ လက်တွေ သင်ကြားရေးနည်းစနစ်များဖြင့် လုပ်ငန်းခွင်ဝင်နိုင်သည်အထိ သင်ကြားပို့ချပေးနေပါပြီ �

21/09/2023

မိမိကိုယ့်ကိုယ်တိုးတက်အောင်
ဘယ်လိုစီမံခန့်ခွဲလုပ်ဆောင်သင့်လဲ ✅

အောင်မြင်မှုတစ်ခုရဖို့ ဘယ်အရာတွေကို အရင်ပြောင်းလဲရမလဲလို့မေးရင် မိမိကိုယ့်ကိုယ်အရင်ပြောင်းလဲသင့်ပါတယ်။
သို့မှသာ အခြားအရာတွေကို ဖြေးဖြေးချင်း ပြောင်းလဲလို့ရနိုင်မှာဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကိုလည်း အနှေးနဲ့အမြန်ရရှိမှာပဲဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ့်ကိုယ်တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

-ကိုယ့်မှာရှိတဲ့ ခွန်အားကို အကောင်းဆုံးအသုံးချပါ။
-စိန်ခေါ်မှုကိုအကောင်းဆုံး လက်ခံပါ။
-ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကိုပြုစုပျိုးထောင်ပါ။
-တိကျသော ပန်းတိုင်ထားပါ။
-ကိုယ့်ရဲ့စိတ်ခံစားချက်ကို နားလည်ပါ။
-စိတ်ရှည်သီးခံပါ။
-ကိုယ်ပျော်ရွှင်စေမယ့်အရာကိုဦးစားပေးလုပ်ဆောင်ပါ။

ဒီအချက်လေးကိုသာ ဂရုစိုက်လုပ်ဆောင်မယ်ဆိုရင် မိမိကိုယ်ကိုလည်း ကောင်းစွာစီမံခန့်ခွဲနိုင်ပြီး အောင်မြင်မှုကိုလည်း ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။


Photos from CMT Academic Institution 's post 20/09/2023

Networking ပိုင်းကိုစိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ Networking Type (၇) မျိုး ✅

သင်က networking ကိုစိတ်ဝင်စားသူတစ်ယောက်ဆိုရင်တော့ သူနဲ့ပတ်သက်တဲ့ အမျိုးအစားလေးတွေကိုတော့ သိထားသင့်တယ်လို့ထင်ပါတယ်။

ဒါဆိုရင် အခုဖော်ပြပေးမယ့် အချက်လေးတွေကတော့ သင့်အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။
ဖော်ပြပေးမယ့်အရာလေးတွေကတော့ networking types (7)မျိုးပဲဖြစ်ပါတယ်။


17/09/2023

တိုးတက်မှုအမြဲတွေးပြီး တဖြေးဖြေးအရေးပါလာတဲ့ မလေးရှားက Lincoln University အကြောင်း✅

Lincoln လို့ကြားလိုက်တာနဲ့ ကျောင်းတတ်တဲ့သူအများစု ရင်းနှီးပြီးသား နာမည်တစ်ခုဖြစ်နေမယ်လို့ထင်ပါတယ်။
ဟုတ်ပါတယ်၊ အားလုံးသိကြတဲ့ နာမည်ကျော် ဘွဲ့လက်မှတ်တွေထုတ်ပေးနေတဲ့ Lincoln University ဖြစ်ပါတယ်။
Lincoln University ဆိုတာကတော့ မလေးရှားနိုင်ငံအစိုးရရဲ့ အသိအမှတ်ပြု ထိပ်တန်းသင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။
Lincoln University ကိုတော့ ၂၀၀၂ ခုနှစ်မှာ Lincoln College ဆိုသောနာမည်နဲ့စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ Lincoln University College ဆိုပြီးပြောင်းလဲနိုင်ငံပါတယ်။
အခုဆိုရင်တော့ ကျောင်းတည်ထောင်တာ (၂၁)နှစ်တိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပါတယ်။

၂၀၁၇ခုနှစ်မှာတော့ မလေးရှားပညာလေးဝန်ကြီးချုပ်အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့ပြီး နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် University တစ်ခုဖြစ်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ နိုင်ငံတကာအသိမှတ်ပြု ၂၅၁အဆင့်မှာတည်ရှိပါတယ်။
ဒါ့အပြင် Lincoln University ဟာ Association of Indian Universities (AIU)'၊ Association of Commonwealth Universities (ACU), London နှင့် 'International Association of Universities (IAU)'၊ Parisရဲ့ တွဲဖက်အဖွဲ့ဝင်တစ်ခုလည်းဖြစ်ပါတယ်။

Lincoln University မှာဆိုရင်တော့ Post Graduate, Under Graduate, Pre-University, American Degree Program အစရှိသော ပညာလေးနယ်ပယ်ပေါင်းများစွာကိုသင်ကြားပေးလျှက်ရှိပါတယ်။
Post Graduate ဆိုရင် မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် PHD ပရိုဂရမ်များကို အခြေခံသင်ရိုးများ၊ လက်တွေ့သုတေသန၊ ဇီဝဆေးသိပ္ပံနှင့် ပြည်သူ့ကျန်းမာရေးကဲ့သို့သော သုတေသနကို အခြေခံထားပြီးသင်ကြားပေးလျှက်ရှိပါတယ်။
ဆေး၊ သွားဘက်ဆိုင်ရာ၊ သူနာပြု၊ သိပ္ပံ၊ အင်ဂျင်နီယာ၊ ကွန်ပြူတာသိပ္ပံနှင့် မာလ်တီမီဒီယာ၊ လူမှုရေးသိပ္ပံအနုပညာနှင့် လူသားပညာ၊ ဗိသုကာပညာ၊ အမေရိကန်ဒီဂရီအစီအစဉ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဌာန၊ စီးပွားရေး & စာရင်းကိုင်ပညာအစရှိသောပညာရပ်များကို Under Graduate မှာသင်ယူနိုင်ပါတယ်။
Pre-University မှာဆိုရင်တော့ Lincoln University College ၏ အခြေခံအုတ်မြစ်ဖြစ်သော တက္ကသိုလ်အကြိုသင်တန်း၊ အရည်အချင်းများမြှင့်ခြင်းနှင့် ဘွဲ့ကာလအတွင်း ဆောင်ရွက်မည့် သင်တန်းများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကိုသင်ကြားပေးလျှက်ရှိပါတယ်။
American Degree Program ကတော့ စက်မှုလုပ်ငန်းစီမံခန့်ခွဲမှု၊ စည်းရုံးရေးနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ အထူးပြုပညာရပ်များနှင့်အတူ စီးပွားရေးစီမံခန့်ခွဲမှုတွင် အသိပညာများစွာကို သင်ကြားနိုင်ပါတယ်။
Lincoln University မှာတော့နှစ်စက် Scholarship အစီအစဥ်ပေါင်းများစွာရှိပြီး Scholar ရဲ့ 80 ရာခိုင်နှုန်း ပညာရေးထူးချွန်မှု၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှုနှင့် ကောင်းမွန်သောစရိုက်လက္ခဏာများရှိသော ပြည်တွင်းနှင့်နိုင်ငံတကာကျောင်းသား/သူအများစုကို ပေးအပ်လျှက်ရှိပါတယ်။

ကျောင်းစရိတ်များကိုလည်း တစ်လုံးထဲပေးဆောင်ရသောစနစ်ကိုကျင့်သုံးတာမဟုတ်ပဲ အရစ်ကျပေးဆောင်သော စနစ်ကိုကျင့်သုံးတာကြောင့် ကျောင်းသားအများစု အဆင်ပြေတဲ့စနစ်ပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း ယနေ့ခေတ်လူငယ်အများစုဟာ Lincoln University ကိုရွေးချယ်ပြီး မိမိလေ့လာချင်သော ပညာရပ်များကို သင်ယူကြတာကိုတွေ့ရပါတယ်။

နှစ်စဥ် တိုးတက်မှုလမ်းကြောင်းကိုအမြဲရှာဖွေနေတဲ့ Lincoln University ရဲ့ ပညာရပ်များကို တက်မြောက်သင်ကြားဖို့ အတွက်သိလိုသမျှကိုမေးမြန်းချင်ရင်တော့ page cb မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်။

Photos from CMT Academic Institution 's post 12/09/2023

Central Myanmar Technological Center

11/09/2023

လက်ရှိနိုင်ငံတကာမှာ ဝင်ငွေအကောင်းဆုံး
လုပ်ငန်းခွင် (11)ခု

ပညာရပ်တစ်ခုကိုစာတင်လေ့လာမယ့်သူများအတွက်တော့ ကိုယ့်လေ့လာမယ့်ပညာရပ်ဟာ အနာဂတ်အတွက် ဘယ်လောက်အထိအထောက်အပံ့ပေးနိုင်လဲဆိုတာ လေ့လာပြီး သင်ယူမယ်ဆိုရင် ပိုပြီးထိရောက်နိုင်မယ်လို့ထင်ပါတယ်။
အကယ်၍ မလေ့လာခဲ့ဘူးဆိုရင် ကိုယ်မျှော်မှန်းထားတာနဲ့ လက်တွေ့မှာထပ်တူမကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဒီလိုမဖြစ်ရအောင် လက်ရှိနိုင်ငံတကာမှာ ဝင်ငွေအကောင်းဆုံး လုပ်ငန်းခွင် (၁၁)ခုကိုဖော်ပြပေးချင်ပါတယ်။
ဒါလေးတွေကတော့ -
1. Chief Executive Officer (CEO)
2. Medical Professionals
3. Corporate Lawyer
4. Investment Banker
5. Data Scientist
6. Project Manager
7. Senior Software Engineer
8. Web Developers
9. Solution Architect
10. Engineering Manager
11. IT System Manager

ဒီလုပ်ငန်းခွင်(၁၁)ခုကတော့ လက်ရှိနိုင်ငံတကာမှာ ဝင်ငွေအကောင်းဆုံးဖြစ်ပြီး ဒီထဲကပညာရပ်တစ်ခုကိုကျွမ်းကျင်တက်မြောက်ထားခြင်းကလည်း သင့်အနာဂတ်အတွက် အထောက်အကူဖြစ်စေမယ့်လို့ မျှော်လင့်ပါတယ်။

ITပညာရပ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Page ကိုမေးမြန်းနိုင်ပါတယ်။

11/09/2023

Central Myanmar Technological ကျောင်းသစ်ဖွင့်ပွဲ
ပထမဆုံးအပ်နှံသူ ၁၂ဦးအတွက် ~ 1သိန်းကျပ်OFF ✔️
Diploma in Networking (Lincoln University)
(Theory+Lab+OJT+နိုင်ငံတကာအသိအမှတ်ပြု Diploma လက်မှတ်)
ပြည်တွင်း ISP ကုမ္ပဏီများမှာ On Job Trainingဆင်းခွင့်ရမည့်အပြင် မလေးရှားနိုင်ငံ Lincoln University မှပေးအပ်မည့် Diploma လက်မှတ်ပါရရှိမည့် အခွင့်အရေး 📢
သင်တန်းကြေး
ပုံမှန်သင်တန်းကြေး ~ 4သိန်းခွဲကျပ်
ယခုသင်တန်းကြေး ~ 3သိန်းခွဲကျပ်
(*ပထမဆုံးအပ်နှံသူ ၁၂ဦးအတွက်သာ)

အနာဂတ်မှာ လုပ်ငန်းခွင်တစ်ခုကို ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ် လုပ်ကိုင်ချင်သူများအတွက် Central Myanmar Technology School မှာမကြာခင် ဖွင့်လှစ်သင်ကြားတော့မယ့် Network အတန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီအတန်းလေးမှာတော့ Network အခြေခံ (Basic Network + Advanced Networking + Server Networking + Wireless Networking)များကိုစာတွေ့ အတန်းနဲ့ လက်တွေ့ On Job Training များဖြင့် တက်မြောက်သည်အထိအာမခံ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

သင်တန်းကာလအတွင်းမှာလည်း ရေမီးအစုံဖြင့် သင်ကြားနိုင်အောင် ပြင်ဆင်ပေးထားတဲ့အပြင် Air-Con ပါဖွင့်ပေးထားတာကြောင့် စိတ်အေးလက်အေးနဲ့ စာသင်ကြားနိုင်ပါတယ်။

Central Myanmar Technological School ဆိုတာဘာလဲ?
Central Myanmar Technological School ဆိုတာကတော့ IT နဲ့ပတ်သက်သော ဘာသာရပ်များကို လူငယ်များ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျွမ်းကျင်တက်မြောက်နိုင်အောင်ရည်ရွယ်ပြီး လုပ်ငန်းထိဝင်ရောက်နိုင်‌အောင်သင်ကြားပေးရန် ဖွင့်လှစ်ထားတဲ့ နည်းပညာသင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။

ဒီသင်တန်းလေးကို ဘယ်လိုလူတွေတက်ရောက်သင့်လဲ?
-ကျောင်းတက်ရင်း ကွန်ပျူတာကိုလေ့လာချင်တဲ့သူများ
-NETWORK ပိုင်းကိုစိတ်ဝင်စားသောလူငယ်များ
-လုပ်ငန်းတစ်ခုကိုစတင်ဝင်ရောက်ထဲက LEVEL တစ်ခုဖြင့်ဝင်ရောက်ချင်သူများ
-ဘဝရှေ့ရေးအတွက် အတက်ပညာတစ်ခုကို တစ်စိုက်မတ်မတ် သင်ယူလိုသော လူငယ်များ တက်ရောက်သင့်ပါတယ်။

Networking အတန်းမှာ ဘာတွေသင်ကြားပေးမှာလဲ?
Network ကို အခြေခံကနေ စပီးတော့ Professional Network Engineer တစ်ယောက်အဖြစ် အသက်မွေးမည့်သူများ အတွက်
Workgroup Network
Domain Network
Windows Server, Wireless
Virtualization သင်ခန်းစာများကို လက်တွေ့ လုပ်ငန်းခွင် သို့ ဝင်ရောက်နိုင်ရန် သင်ကြားပေးလျှက်ရှိပါသည်။
သင်ကြားရေး Course ဟာ Network Fundamentals ကနေအဆင့်မြင့်အထိ ဖွဲ့စည်းထားတဲ့ သင်ရိုးဖြစ်ပြီး
မဖြစ်မနေတက်မြောက်ထားသင့်သော Wireless သင်ခန်းစာကို Indoor ရော Outdoor သင်ခန်းစာကိုလည်းထပ်မံပြီး ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းပြီးရင် ဘယ်လိုနေရာတွေမှာဝင်ရောက်အလုပ်လုပ်ကိုင်နိုင်လဲ?
နည်းပညာခေတ်ဖြစ်တာကြောင့် သင်တန်းပြီးတာနဲ့ လေဆိပ်များ၊ ISP၊ TELECOM အစရှိသော IT DEPARTMENT များမှာ Network Administrator, Network Engineer အနေဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။


Network ကို (detail) အခြေခံကျကျကနေ Microsoft Server Management Theory + LAB တွေအပြင် wireless (indoor + outdoor) IPv6 configuration ကျွမ်းကျင် ဖို့အာမခံပါတယ်။
Dell Server ကို Physical မှာ လက်တွေ့ စမ်းသပ်နိုင်မှာဖြစ်ပြီး
1. Introduction to Computer Network
2. Network Concept
3. Network Topology
4. About IPV4 Addressing
5. Calculate IPV4 Addressing
6. Calculate Classless Addressing
7. Calculate Subnetting
8. MAC & IP Address
9. OSI 7 Layer Detail
10. Networking Devices Detail
11. collision domain
12. broadcast domain
13. CSMA/CD Method
14. Workgroup Network and Map Network Drive
15. Using TCP/IP Utility
16. Simple File Sharing Service
17. Hidden File Sharing
18. Printer Sharing
19. Default Sharing
20. Printer Sharing
အပြင်အခြား Networking န့ပတ်သက်သောဘာသာရပ်များကို သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

ဒီသင်တန်းလေးရဲ့ အထူးခြားဆုံးတစ်ချက်ကတော့ အတန်းပြီးလို့ ပညာရပ်ကိုအမှန်တတယ် မတက်ရောက်ပါက သင်တန်းကြေးပါ ပြန်လည်ပေးအပ်မယ့်အစီအစဥ်ပဲဖြစ်ပါတယ်။
နောက်ပြီး အတန်းကိုလည်း လူဦးရေ(၁၂)ဦး ကန့်သတ်ပေးထားတာကြောင့် စိတ်အေးလက်အေးနဲ့ ဂရုတစိုက်သင်ကြားလိုသောသူများအတွက် အထူးသင့်တော်တဲ့ အတန်းဖြစ်ပါတယ်။

သင်တန်းကပေးအပ်သော ဘွဲ့လက်မှတ်ကလည်း နိုင်ငံတကာအသိအမှတ်ပြု Lincoln University ကပေးအပ်သော Networking Diploma လက်မှတ်ပဲဖြစ်ပါတယ်။
နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်၊ လက်တွေ့ရော စာတွေ့ရောပါသင်ကြားပေးမယ့်အပြင် မတက်ရင် ငွေပါပြန်အမ်းမယ့်အပြင် ပထမဆုံးအပ်နှံမယ်သူ (၁၀)ယောက်အတွက်လည်း 10% Discounts ရှိနေတာဆိုတော့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

Starting Date -1st October 2023 (Sunday)
Weekend Class – Saturday & Sunday
Duration: 3months
Time – 9:00am To 12:00pm
လိပ်စာ -Building 1370, Corners Of Daewadaha St 38 &, Thanthumar Rd, Yangon, South Okkalapa, Myanmar
Ph no - 09799975169

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို CB မှာမေးမြန်းနိုင်သလို ဖုန်းနံပတ် 09799975169 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

# Central Myanmar Technological School

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Building 1370, Corners Of Daewadaha St 38 &, Thanthumar Road, Dagon
Yangon