Deli

Deli Deli has grown to become the leading office supplies and stationery brand Beauty World Co., Ltd. has executive distributor of Myanmar. Let's work together!

Show Room Address:
No. S-B/5, Aung Zeya Housing Complex, Corner of Ahlone Street and Strand Road, AhloneTownship, Yangon.

ကျောပိုးအိတ်ကို မိုးလုံအောင် ထီးဆောင်းခိုင်းနေတုန်းလား? Report Card ထွက်တဲ့နေ့တွေ၊ အရေးကြီးကျောင်းစာရွက်တွေ အိမ်သယ်ရတဲ့န...
14/07/2026

ကျောပိုးအိတ်ကို မိုးလုံအောင် ထီးဆောင်းခိုင်းနေတုန်းလား?

Report Card ထွက်တဲ့နေ့တွေ၊ အရေးကြီးကျောင်းစာရွက်တွေ အိမ်သယ်ရတဲ့နေ့မှာ မိုးရွာပြီဆို မင်ပျံ့ပြီးဖတ်မရတော့တာ၊ ပျက်စီးသွားတာမျိုး ဖြစ်နိုင်ပါတယ်နော်။
ကလေးဆိုတာဟာလည်း ကလေးသဘာဝပဲမို့လို့ ဆူမဲ့အစား ဒီလိုမျိုးထပ်မဖြစ်စေဖို့ မိုးရေစိုခံတဲ့ ဖိုင်တွဲလေးတွေဝယ်ပေးလိုက်တာ အကောင်းဆုံးပဲပေါ့။

ကျောင်းစာရွက်တွေ၊ Report Card တွေကို သေချာလေးစနစ်တကျသယ်ဆောင်လာဖို့၊ မိုးရေကြောင့် ထိခိုက်မသွားစေဖို့
📁ကြယ်သီးပုံစံအပိတ်လေးနဲ့ အထဲကစာရွက်စာတမ်းတွေကို ကာကွယ်ပေးနိုင်တဲ့ Deli File Bag
📁တုတ်ချောင်းပုံစံ File တွဲလေးနဲ့ စာရွက်တွေ စုထားနိုင်တဲ့အပြင် စာရွက်တွေကို အလွယ်တကူလှန်ဖတ်နိုင်တဲ့ Deli Report File တွေဝယ်ထားပေးလိုက်တော့နော်။

Deli File လေးတွေသာရှိမယ်ဆို သူတို့လေးတွေလည်း ကျောပိုးအိတ်က စာရွက်တွေစိုသွားမှာ ဂရုစိုက်စရာမလိုဘဲ လူကိုလုံအောင် ထီးဆောင်းလို့ရတဲ့အပြင် မိုးမိလို့ ဖျားနာတာမျိုးတွေလည်း မကြုံရတော့ဘူးလေ။ Deli File လေးတွေဝယ်ယူချင်ရင်တော့ နီးစပ်ရာ စာရေးကိရိယာဆိုင်တွေမှာ အရောင်စုံရွေးချယ်နိုင်ပါပြီ။

"စမတ်ကျစေမည် Deli"

အရင်းလုံးဝမသုံးဘဲ တစ်လစာ မုန့်ဖိုးဘယ်လိုရှာမလဲ?  စီနီယာကျောင်းသားကြီးတွေကတော့ ဒီလိုအမြတ်ရှာကြမ်းခဲ့ဖူးကြတယ်။ အိမ်ကဝယ်ပေး...
12/07/2026

အရင်းလုံးဝမသုံးဘဲ တစ်လစာ မုန့်ဖိုးဘယ်လိုရှာမလဲ?

စီနီယာကျောင်းသားကြီးတွေကတော့ ဒီလိုအမြတ်ရှာကြမ်းခဲ့ဖူးကြတယ်။ အိမ်ကဝယ်ပေးတဲ့ စာရေးကိရိယာတွေကို သူငယ်ချင်းတွေဆီ အမြတ်တင်ပြီး ပြန်ရောင်း၊ အိမ်ကို ပျောက်သွားတယ်ဆိုပြီး လူလည်ကြခဲ့တဲ့သူတွေရှိကိုရှိတယ်။ ဘယ်လိုအချိန်မှာ ဒါကအလုပ်ဖြစ်လဲဆို ဘေးကသူငယ်ချင်း စာအုပ်ကုန်သွားပြီး အသစ်မပါတော့တဲ့ အချိန်မျိုး၊ အတန်းထဲမှာ ဘောပင်၊ ခဲတံတွေလိုက်စစ်တဲ့အခါမျိုးမှာ လက်မလည်အောင် ရောင်းရတော့တာပဲ။ တချို့ကျတော့လည်း အပြင်မှာဝယ်မရတော့တဲ့ 𝐃𝐞𝐥𝐢 စာရေးကိရိယာလှလှလေးတွေကို လိုချင်လွန်းလို့ ပြန်ဝယ်ကြတဲ့သူတွေလည်း ရှိသေးတယ်။ လိုချင်လွန်းတော့လည်း မဝယ်လို့မှမရတာကိုနော်…

ငယ်ငယ်လေးကတည်းက ကျောင်းမှာ မုန့်ဖိုးရှာနိုင်ခဲ့တဲ့ ဒီလိုစီးပွားရေးသမားတွေရှိရင် လက်ထောင်ခဲ့ကြပါဦးနော်။

"စမတ်ကျစေမည် Deli"

လက်ရေးမလှရင် လက်ဆစ်မခေါက်ပါနဲ့။ ကလေးတွေလက်ရေးမလှရင် လက်ဆစ်ခေါက်ပြီးဆုံးမမဲ့အစား ဒါတွေလုပ်ပေးပါနော်။ ကလေးလေးတွေ လက်ရေးလှဖ...
11/07/2026

လက်ရေးမလှရင် လက်ဆစ်မခေါက်ပါနဲ့။

ကလေးတွေလက်ရေးမလှရင် လက်ဆစ်ခေါက်ပြီးဆုံးမမဲ့အစား ဒါတွေလုပ်ပေးပါနော်။
ကလေးလေးတွေ လက်ရေးလှဖို့ဆိုတာ စာအုပ်ပေါ်မှာ စာအများကြီး အတင်းအကျပ် လိုက်ရေးခိုင်းရုံနဲ့ မရပါဘူး။ တကယ်တမ်းမှာ ကလေးရဲ့ လက်ချောင်း ကြွက်သားလေးတွေ ဖွံ့ဖြိုးမှုနဲ့ မှန်ကန်တဲ့ အလေ့အကျင့်တွေအပေါ် အများကြီး မူတည်နေတာပါ။

သားသားမီးမီးတို့ လက်ရေးဝိုင်းဝိုင်းစက်စက်နဲ့ သပ်သပ်ရပ်ရပ် ရေးတတ်လာစေဖို့ မိဘတွေအနေနဲ့ လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်း (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။

✍️လက်ချောင်း ကြွက်သားတွေကို အရင်သန်မာအောင်လုပ်ပါ
ကလေးတွေ ခဲတံကို အားရှိရှိနဲ့ တည်တည်ငြိမ်ငြိမ် ကိုင်နိုင်ဖို့ဆိုရင် လက်ချောင်းလေးတွေ အားရှိဖို့ လိုပါတယ်။ ကလေးကို ရွှံ့စေး (Playdough) နယ်ခိုင်းတာ၊ ကတ်ကြေးအဝိုင်းလေးတွေနဲ့ စက္ကူညှပ်ခိုင်းတာ၊ ဒါမှမဟုတ် ဆေးရောင်ခြယ်ခိုင်းတာမျိုးတွေ အရင်လုပ်ပေးပါ။ ဒါဟာ လက်ချောင်းကြွက်သားတွေကို အကောင်းဆုံး လေ့ကျင့်ခန်းပေးတာ ဖြစ်ပါတယ်။

✍️ခဲတံကို မှန်ကန်စွာ ကိုင်တွယ်တတ်ပါစေ
ကလေး အသက် (၄) နှစ်၊ (၅) နှစ်လောက် ရောက်ပြီဆိုရင် ခဲတံကို လက်ချောင်းတွေအကုန်လုံးနဲ့ ဆုပ်ကိုင်တာမျိုး မဟုတ်ဘဲ လက်မ၊ လက်ညှိုး၊ လက်ခလယ် (၃) ချောင်းတည်းနဲ့ ထိန်းကိုင်တဲ့ စနစ်မှန်ကို သင်ပေးရပါမယ်။ ကလေးတွေ ခဲတံကို တအားဖိရေးစရာမလိုဘဲ အားစိုက်ရ သက်သောင့်သက်သာဖြစ်စေမဲ့ ခဲတံမျိုးတွေကို အသုံးပြုခိုင်းပါ။ ဒီဇိုင်းက ကလေးတွေရဲ့ လက်ချောင်းလေးတွေကို ခဲတံပေါ်မှာ မှန်မှန်ကန်ကန် နေရာယူတတ်ဖို့ အလိုအလျောက် ကူညီပေးပါတယ်။

✍️ထိုင်ခုံနဲ့ စားပွဲ အနေအထားကို ညှိပေးပါ
လက်ရေးလှဖို့အတွက် ကလေးရဲ့ ထိုင်ပုံထိုင်နည်းကလည်း အရေးကြီးပါတယ်။ အိပ်ရာပေါ်မှာ မှောက်ရေးတာ၊ ကြမ်းပြင်ပေါ်မှာ ကုန်းရေးတာမျိုးက လက်ရေးကို မလှစေတဲ့အပြင် ဝါးတားတား ဖြစ်စေပါတယ်။

✍️လေးကြောင်းမျဉ်းသုံးပါ
အစပိုင်းမှာ စာရွက်အလွတ်ပေါ် ရေးခိုင်းရင် စာလုံးအရွယ်အစားတွေက တစ်လုံးကြီး၊ တစ်လုံးသေး ဖြစ်နေတတ်ပါတယ်။ စာလုံးတွေရဲ့ အချိုးအစား (အထက်၊ အောက်၊ အလယ်) ညီညာသွားစေဖို့ လေးကြောင်းမျဉ်းစာအုပ်တွေပေါ်မှာ ရေးခိုင်းပြီး အစပျိုးပေးပါ။ စာလုံးတစ်လုံးချင်းစီရဲ့ ဗျည်း၊ သရ နေရာချထားပုံကို အကွက်ထဲမှာ စနစ်တကျ မြင်သွားတဲ့အခါ ကလေးရဲ့ လက်ရေးက သိသိသာသာ ဝိုင်းလာပါလိမ့်မယ်။

ကလေးလေးတွေရဲ့ လက်ရေးလေးတွေဝိုင်းနေဖို့ ခဲတံကို ရွေးချယ်တဲ့အခါမှာ စာရေးရ သက်သောင့်သက်သာဖြစ်အောင် ထုတ်လုပ်ထားတဲ့
✏️𝐃𝐞𝐥𝐢 𝐓𝐡𝐢𝐧𝐤
✏️𝐃𝐞𝐥𝐢 𝐒𝐜𝐫𝐢𝐛𝐞 ခဲတံတွေကို ရွေးချယ်ပေးသင့်တဲ့အပြင် ခဲတံချွန်ရလွယ်ကူမြန်ဆန်စေတဲ့ 𝐃𝐞𝐥𝐢 ချွန်စက်တွေကိုလည်း တစ်ခါတည်းဝယ်ယူထားသင့်တယ်နော်။

"စမတ်ကျစေမည် Deli"

10/07/2026

Calculator က အမြဲတမ်းအဖြေမှန်ချည်းထွက်မနေပါဘူးနော်။ ဒါက ရှုပ်ထွေးတဲ့သင်္ချာ Equation တွေမဟုတ်ဘဲ သာမန်တွက်ချက်မှုတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဥပမာ - 1+1*2 ကို တွက်တဲ့အခါ သာမန် Calculator တွေက ရှေ့ကနေ အစဉ်လိုက်တွက်ချက်တာဖြစ်လို့ အဖြေ 4 ထွက်လာတတ်ပါတယ်။ တကယ်တမ်းမှာ သင်္ချာစည်းမျဉ်းအရ အမြှောက်ကို အရင်ရှင်းရမှာဖြစ်လို့ တကယ့်အဖြေမှန်က 3 ဖြစ်ရမှာပါ။ ဒါ့ကြောင့် တချို့ Calculator တွေမှာ အဖြေမှန်ထွက်မလာရတာဖြစ်ပါတယ်။ Scientific calculator တွေမှာတော့ ဒီ သင်္ချာ Formula ကို ထည့်သွင်းထားလို့ အဖြေမှန်ကိုပြသပေးနိုင်ပါတယ်။

Calculator ဆိုတာ နေ့စဉ်တွက်ချက်မှုတွေကို ကူညီနိုင်ဖို့ပဲဖြစ်ပြီး တွက်ချက်ဖို့ Data တွေထည့်သွင်းတဲ့အခါ အစဉ်လိုက်ကျဖို့တော့ အရေးကြီးပါတယ်။ သာမန်ထက်ပိုတဲ့တွက်ချက်မှုတွေ၊ ရှုပ်ထွေးတဲ့ သင်္ချာ Formula တွေကို အဖြေထုတ်ဖို့ Scientific Calculator လိုလာပြီဆိုရင်တော့ အရည်အသွေးပိုင်းမှာ စိတ်ချရတဲ့ Deli အမှတ်တံဆိပ်ကို ရွေးချယ်ဖို့ မမေ့ပါနဲ့။

"စမတ်ကျစေမည် Deli"

နှိပ်ဘောပင်တွေ့လိုက်တာနဲ့ တတောက်တောက်မြည်အောင် နှိပ်လိုက်ရမှဆိုတဲ့သူတွေရှိလား? ဘာရယ်ကြောင့်မှန်းမသိ ဒီလိုခဏခဏနှိပ်တာကလည်...
05/07/2026

နှိပ်ဘောပင်တွေ့လိုက်တာနဲ့ တတောက်တောက်မြည်အောင် နှိပ်လိုက်ရမှဆိုတဲ့သူတွေရှိလား?

ဘာရယ်ကြောင့်မှန်းမသိ ဒီလိုခဏခဏနှိပ်တာကလည်း Satisfying ဖြစ်စေတာတွေထဲက တစ်ခုပဲနော်။ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ Stress Ball တွေ၊ Fidget spinner တွေမပေါ်ခင်ကတည်းက ဒီနှိပ်ဘောပင်လေးတွေက ကျောင်းသားတွေရဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေကို တစ်ဖက်တစ်လမ်းက လျှော့ချပေးခဲ့တယ်ဆိုတာကတော့ ငြင်းမရဘူးမလား?

ရေးလို့လည်းကောင်းရမယ်၊ နှိပ်ဘောပင်လည်းဖြစ်ရမယ်ဆိုတဲ့သူတွေအတွက် 𝐃𝐞𝐥𝐢 ရဲ့ 𝐋𝐢𝐟𝐢𝐧𝐢 𝐆𝐞𝐥 𝐏𝐞𝐧 ရှိနေပြီနော်။ နှိပ်ဘောပင်ရဲ့ အရသာကို အပြည့်အဝရနိုင်မဲ့အပြင် အမြင်ဆန်းတဲ့အရောင်လေးတွေနဲ့ ရေးလို့ကောင်းတော့ စာသင်ချိန်တိုင်းမှာ စိတ်ကြည်လင်နေတော့မှာပေါ့။

"စမတ်ကျစေမည် Deli"

ကဲ... ကျောင်းဖွင့်တာ တစ်လပြည့်သွားပြီဆိုတော့ အိတ်ထဲကို ပြန်စစ်ကြည့်ရအောင်။ ဘာတွေကျန်နေသေးလဲဆိုတာ? တချို့တွေကတော့ ကျောင်း...
26/06/2026

ကဲ... ကျောင်းဖွင့်တာ တစ်လပြည့်သွားပြီဆိုတော့ အိတ်ထဲကို ပြန်စစ်ကြည့်ရအောင်။ ဘာတွေကျန်နေသေးလဲဆိုတာ?

တချို့တွေကတော့ ကျောင်းဖွင့်ပြီး သိပ်မကြာခင်မှာပဲ အသစ်စက်စက်စာရေးကိရိယာလေးတွေ ပျောက်သွားပြီလို့ သတင်းရရှိထားတယ်နော်။ ခုဖတ်နေတဲ့သူတွေထဲမှာရော ပစ္စည်းပျောက်သွားတဲ့သူ၊ ဘာပစ္စည်းတွေပျောက်သွားပြီလဲ ကောမန့်မှာ ဖြေခဲ့ပေးကြဦးနော်။

ပျောက်သွားတဲ့ စာရေးကိရိယာတွေကို Deli Stationery ဆိုင်တွေမှာဝယ်ယူပြီး အစားထိုးဖို့ မမေ့နဲ့ဦးနော်။

"စမတ်ကျစေမည် Deli”

ပုံလှလှလေးကို အရောင်ဖြည့်တော့မှ ပျက်စီးသွားတာမျိုး မဖြစ်ရအောင် အရောင်မဖြည့်ခင် Deli အမှတ်တံဆိပ် Colorun Sketch Mark အရင်...
25/06/2026

ပုံလှလှလေးကို အရောင်ဖြည့်တော့မှ ပျက်စီးသွားတာမျိုး မဖြစ်ရအောင် အရောင်မဖြည့်ခင် Deli အမှတ်တံဆိပ် Colorun Sketch Mark အရင်ပြေးဝယ်ထားပါဦး။

Sketch Marker သုံးတဲ့အခါ ဒီလိုပြဿနာတွေ တစ်ခုမဟုတ်တစ်ခု ကြုံကိုကြုံဖူးတယ်…👀
💢မင်အလိုက်များပြီး စာရွက်နောက်မှာ မင်တွေစွန်းသွားတာ ဒါမှမဟုတ် စာရွက်ပေါက်သွားတာ
💢မင်ခြောက်သွားတာ/ မင်မလိုက်တော့တာ
💢လက်နဲ့ပွတ်မိပြီး မင်တွေပျံ့သွားတာ

Sketch သမားတွေရဲ့ အကြိုက်ကိုလိုက်ပြီး ထုတ်လုပ်ထားတဲ့ ဒီ Colorun Sketch Mark က ဒီပြဿနာတွေကို ဖြေရှင်းပေးမဲ့အပြင်

🎨လိုအပ်ရာ Point အလိုက် အသေးအကြီးရွေးစရာမလိုတဲ့ Dual Tip,
🎨အရောင်စမ်းစရာမလိုအောင် marker မှာ color code ထည့်ထားပေးတဲ့အပြင်
🎨washable ink အမျိုးအစားဖြစ်တာကြောင့် အဝတ်အစားမှာ မတော်တဆပေကျံသွားတယ်ဆိုရင်လည်း အလွယ်တကူပြန်ဖျက်လို့ရသေးတယ်။

ဒါ့အပြင် ရှားပါးအရောင်တွေလည်း Colorun Sketch Mark မှာ ပါတဲ့အတွက် ကြိုတင်စုဆောင်း ထားချင်သူတွေ၊ Quality ကောင်းကောင်းလေးမှ သုံးချင်တဲ့သူတွေအနေနဲ့ လက်မနှေးဘဲ အမြန်ဝယ်ယူထားလိုက်တော့နော်။

"စမတ်ကျစေမည် Deli”

24/06/2026

Staple ကို အဆင်ပြေတာ ရွေးဝယ်နေတုန်းလား?

တော်တော်များများက Staple ကို အဆင်ပြေသလိုပဲ ရွေးဝယ်တတ်ကြပေမဲ့ တကယ်တမ်းမှာ Staple ကလည်း သေချာရွေးဝယ်သင့်တဲ့ ပစ္စည်းတွေထဲက တစ်ခုပဲနော်။

ဘာလို့ဆို Staple မကောင်းတဲ့အခါ
‼️Staple ကပျော့လွန်းတဲ့အခါ စာရွက်တွေကို သေချာမဖောက်ထားနိုင်ဘဲ ကွေးကောက်သွားနိုင် ပါတယ်
‼️Stapler ထဲမှာ ညပ်မိနေနိုင်ပါတယ်
‼️စာရွက်တွေကို ကြာကြာမထိန်းထားနိုင်ဘဲ စာရွက်လှန်လိုက်ရုံနဲ့တင် ပြုတ်ထွက်နိုင်ပါတယ်
‼️ဒါ့အပြင် သံချေးတက်လွယ်ပြီး စာရွက်တွေမှာ စွန်းထင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်

ဒါ့ကြောင့် Staple ရွေးချယ်တဲ့အခါမှာလည်း အမှတ်တံဆိပ်နဲ့ အရည်အသွေးကို အထူးဂရုစိုက်ပြီး ဝယ်ယူဖို့ လိုအပ်ပါတယ်နော်။ Deli အမှတ်တံဆိပ် Staple တွေကို Premium Grade Quality ကိုသာ အသုံးပြုထားပြီး ထိပ်အချွန်ကိုလည်း စာရွက်ထူထူတွေကို အလွယ်တကူ ဖောက်ထွင်းနိုင်အောင် ပြုလုပ်ထားလို့ ကြန့်ကြာမှုမရှိဘဲ အဆင်ပြေပြေအသုံးနိုင်မှာပဲဖြစ်ပါတယ်။

ကဲ… နောက်တစ်ခါ Staple ဝယ်မယ်ဆိုရင် သေချာစဉ်းစားပြီးမှ ဝယ်ဖို့မမေ့နဲ့နော်။

"စမတ်ကျစေမည် Deli”

Training တွေဆို presentation slide နဲ့ ပြရတာထက် ကိုယ်တိုင် whiteboard မှာ ရေးပြီးသင်ရတဲ့ သူတွေရှိလား? Whiteboard နဲ့ သင်...
23/06/2026

Training တွေဆို presentation slide နဲ့ ပြရတာထက် ကိုယ်တိုင် whiteboard မှာ ရေးပြီးသင်ရတဲ့ သူတွေရှိလား?

Whiteboard နဲ့ သင်ရတာက audience နဲ့ ပိုပြီး နီးစပ်လာစေသလို၊ စိတ်ကြိုက်ရေးခြစ်ပြီးရှင်းပြရလို့ အကြိုက်တွေ့တဲ့သူတွေ ရှိတုန်းပါပဲ။ ဒီလိုဆို Deli ရဲ့ “Meeting Whiteboard” ကို အကြိုက်တွေ့စေမှာ သေချာတယ်။

သာမန် whiteboard တွေနဲ့ ကွာတဲ့အချက်က
❇️Crossbar support ပါလို့ စိတ်ကြိုက်စာရေးလည်း whiteboard က လှုပ်ခါမှုမရှိဘူး
❇️Horizontal 360º ကို စိတ်ကြိုက်လှည့်လို့ရတယ်
❇️အရှေ့၊ အနောက် နှစ်ဖက်လုံးကို လှည့်ပြီးရေးလို့ရတဲ့အတွက် နေရာမဆံ့လို့ ဖျက်ပစ်ရတာမျိုး လုံးဝဖြစ်စရာမလိုဘူး
❇️အနိမ့်အမြင့် စိတ်ကြိုက်ချိန်ညှိလို့ရသလို
❇️အောက်ခြေမှာဘီးပါလို့ ရွှေ့ပြောင်းရလွယ်ကူတဲ့အပြင် ဘုတ်ပြား ရွေ့မသွားစေဖို့ ဘီးတွေကို Lock ချထားလို့ရတဲ့ စနစ် ပါဝင်ပါတယ်။

ဒီ whiteboard ကို training တွေအပြင် brainstorm session, meeting တွေမှာလည်း သုံးလို့ရသေးတယ်နော်။

Corporate နဲ့ ရုံးခန်းတွေအတွက် Deli “Meeting Whiteboard” တွေကို ဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ စာရေးကိရိယာဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

"စမတ်ကျစေမည် Deli”

အဖေတွေဆိုတာ ချစ်ကြောင်းကို ထုတ်မပြောတတ်ကြပေမဲ့ အသေးအမွှားလေးကအစ ဂရုတစိုက် ရှိကြတဲ့သူတွေပါ။ ခဲတံလေးကအစ ချွန်ထက်နေအောင် လက...
21/06/2026

အဖေတွေဆိုတာ ချစ်ကြောင်းကို ထုတ်မပြောတတ်ကြပေမဲ့ အသေးအမွှားလေးကအစ ဂရုတစိုက် ရှိကြတဲ့သူတွေပါ။

ခဲတံလေးကအစ ချွန်ထက်နေအောင် လက်အနာခံပြီးသေချာချွန်ပေးကြတာမဟုတ်လား? ချွန်စက်တွေပေါ်လာတာတောင်မှ ကိုယ်တိုင်ကိုယ်ကျ ချွန်ပေးလိုက်ရမှ စိတ်ကျေနပ်တဲ့ သူမျိုးတွေပေါ့။ ဒီလိုမျိုး ချစ်မေတ္တာကိုပြသခဲ့ကြတဲ့ချစ်တတ်သူကြီးတွေကို Deli က အမြဲလေးစား ဂုဏ်ပြုလျက်ရှိမြဲပါ။

Deli ချွန်စက်တွေရဲ့ ဒီလိုချစ်တတ်သူကြီးတွေရဲ့ ချစ်မေတ္တာကို အကောင်းဆုံးပြသဖို့ အမြဲတမ်းကူညီဖြည့်ဆည်းသွားဖို့လည်း အဆင်သင့်ပါပဲ။ အကြမ်းခံတဲ့ဒီဇိုင်း၊ အကောင်းဆုံး ချွန်ထက်မှုအတိုင်းအတာကို ချိန်ညှိထားနိုင်ခြင်းက ဟီးရိုးကြီးတွေအကြိုက်တွေ့မဲ့ ပစ္စည်းလေးတွေ ဖြစ်မှာ အသေအချာပါပဲ။

Deli ချွန်စက်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ အနီးအနားတစ်ဝိုက်က စာရေးကိရိယာဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

"စမတ်ကျစေမည် Deli”

#ချွန်စက်

Address

No. B-8, Mya Yadanar Road, Mya Sein Yaung Industrial Zone, Hlaing Thar Yar Township
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959740847354

Alerts

Be the first to know and let us send you an email when Deli posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Deli:

Shortcuts

Share