22/01/2025
ကျွန်တော့်လက်ရာ နဂါးရုံရားလာဖူးကြသော မောင်မောင်ဖိုးပြည့်၊ အေသင်ချိုဆွေ ၊ ရှင်ဖုန်း တို့နှင့် အမှတ်တရ ။
အနုပညာ ပန်းချီပန်းပု
22/01/2025
ကျွန်တော့်လက်ရာ နဂါးရုံရားလာဖူးကြသော မောင်မောင်ဖိုးပြည့်၊ အေသင်ချိုဆွေ ၊ ရှင်ဖုန်း တို့နှင့် အမှတ်တရ ။
22/01/2025
မဂ်လာရှိသော နေ့ရက်လေးဖြစ်ကြပါစေခင်ဗျာ 🥰🥰🥰 ။
01/09/2023
အသစ်ထွက်လာမယ့် စာပွဲတင်အိုး ဒီဇိုင်းအသစ်လေးပေါ့ 🤩🤩🤩
01/09/2023
အိမ်အထိ လာပီး စိတ်ကြိုက်အရောင် ခြယ်၀ယ်ယူသွားတဲ့ ၊ Client ကာကာအသစ်များ ၊ ကျေးဇူးပါခင်ဗျာ😘😘😘
31/08/2023
I am groot ကျွန်တော် groot ပါဗျာ ၊ ကျွန်တော့်ကို မင်မင်က 6500 ကျပ်နဲ့ ရောင်းပါတယ် ၊ 10 ခု ယူရင် 5500ကျပ် နဲ့ ရပါမယ်တဲ့ ၊ လက်ကား ယူမယ်ဆို Cb (or) 09679791235 ☺️☺️☺️
30/08/2023
အသစ်ထွက်ရှိလာမယ့် စာပွဲတင် ပန်းအိုးလေးတွေပါ ကြိုးစားထုတ်လုပ်နေပါပီ 😘☺️☺️☺️
26/08/2023
ကြောင်ချစ်သူတို့အတွက်စားပွဲတင်အလှပန်းအိုး လေးနဲ့ မိတ်ဆက်ပေးပါရစေ🙏🙏🙏 ။ ကွန်ကရစ်နဲ့ ပြုလုပ်ထားလို့ ၊ Indoor ၊ Outdoor နေရာမ ရွေး စိတ်ကြိုက်အလှဆင်လို့ ရပါတယ်🤩🤩🤩 ။
မြတ်နိုးစရာပန်းလေးတွေကိုတယုတယနဲ့ စိုက်မလား 😍။
စာကြည့်စားပွဲပါ်မှာ Pen House အနေနဲ့သုံးမလား😍 ။
စိတ်ကြိုက် ဖန်တီးအလှဆင်ဖို့😃။
အလျား 18cm / အနံ 14cm / အမြင့် 9 cm
ကြောင်ပန်းအိုးလေး တလုံးမှ 12000 ကျပ်
10 လုံးနှင့်အထက် 10000 ကျပ် #
အလုံး 30 နှင့် အထက် 8500 ကျပ်ဖြင့် #
လက်လီ ၊ လက်ကား ၀ယ်ယူချင်တယ်ဆိုရင်တော့🤩။
Cb (or) 09/ 402735663
ဆက်သွယ်၀ယ်ယူနိုင်ပါတယ်ခင်ဗျာ။
Myanmar Traiditional Art By Aung Ko
ရန်ကုန်မန်းလေး လမ်းဟောင်းဘေး
လှည်းကူးမြို့ ၊ ရဲမွန် ကျေးရွာ
လမ်းသစ်မှတ်တိုင်။
15/07/2023
ဆီလီကွန် ၊ ရာဘာ ၊ ဖိုက်ဘာဂလပ် မိုလ်ခွက်မျိုးစုံ အလုပ်လာအပ်ပေးကြသူများကို ကျေးဇူးတင်ပါတယ်ဗျ 🙏🙏🙏
21/06/2023
မဂ်လာရှိသော ယနေ့ 21.6.2023 ၊ ကွန်ကရစ်ပန်းအိုး အစုံ 250000 ကျပ်ဖိုးအား ၊ အွန်လိုင်းမှတဆင့် ယုံကြည်စွာ အော်ဒါ မှာယူ၍ ၊ မှော်ဘီမြို့ သဇင်မြိုင် ကျောင်းတိုက်သို့ သဒ္ဒါ ကြည် ပေးလှူ ပါသော
ဒေါက်တာမောင်မောင်မိုး+ဒေါ်သန္တာမြင့်
သား မောင်အောင်မိုးသွေး
မောင်ကောင်းမင်းခန့်
သမီး မဆုနန္ဒရိယ(မိသားစု) ၏ ၊ ကောင်းမူ့ အလှူ အတွက် အားဖြည့်ကူညီ ပါရမီဖြည့် ခွင့်ရသည့်အတွက် ၊ အတိုင်းမသိ ကျေနပ်မိပါတယ်ခင်ဗျ ၊ အလှူ့ရှင်မိသားစု ယခုထပ်မက ပေးလှူနိုင်ကြပါစေ 🙏🙏🙏
14/06/2023
မဂ်လာပါခင်ဗျာ
Aung ko ၏ မြင့်မိုရ်ဦး မြန်မာမှုနှင့်ကွန်ကရစ်
လုပ်ငန်း သို့ ယုံကြည်စိတ်ချစွာ အားပေးကြသောမိတ်ဆွေများအပေါ် ကျေးဇူးအထူးတင်ရှိပါတယ်ဗျ
🙏🙏🙏
လူ ကြီးမင်း တို့ အော်ဒါ မှာယူထားသောကွန်ကရစ် ပစ္စည်းများအားလုံး ပုံလောင်း ထုတ်လုပ် ၍ပြီး ပါပြီခင်ဗျာ
သို့ပါသော် လည်း ယခုရက်ပိုင်း အတွင်း
မိုး ဆက်တိုက် ရွာသွန်းသည်မှာ10 ရက်ဆက်တိုက်ခန့်ရှိ သောကြောင့်
ထုတ်လုပ်ထားတဲ့ကွန်ကရစ်အိုးများကို ကွန်ကရစ် အရည်အသွေးစံချိန်စံညွှန်းနှင့် အညီ ထုတ်လုပ်ထားပြီး ဖြစ်ပါသည်။
ကွန်ကရစ်၏ သဘောသဘောဝရ ထိုက်သင့် အပူချိန် နှင့် ခြောက်သွေ့ရန် လိုအပ်သည်။ ထိုသို့ မရရှိပါ ကွန်ကရစ်မျက်နှာပြင်များပေါ်တွင်အစိုပြန်နေတတ်ပါသည်။
အစိုပြန်တဲ့ အိုးတွေကို အ၀တ်နဲ့ သုပ်ပြီး၎င်းပေါ်ကို ၊ခံ ဆေးတွေသုပ်၍ရသော် လည်း ဆေးသားတွေက 100% ခြောက်သွေ့ခြင်းမရှိပဲခဏ တာ ခြောက်သွေ့ယုံသာရှိပါသည်။
ယင်း အခြေအနေမျိုူးတွက်ဈေး၀ယ်သူလက်ထဲသို့ ပို့ဆောင်ပေးပီး 3 ရက်ခန့် အကြာမှာမိုးရွာထဲကို ထားမိတဲ့အချိန်မှာ ဆေးတွေ ပြန်ကွာလို့
မျက်နှာပျက်ရသလို။၀ယ်ယူကြသူတွေရအိမ်တိုင်ရာရောက် ၊ ဆေးအသစ်ပြန်သုပ်ပေးရတဲ့ အနေအထားမျိုးတွေကြုံရတဲ့ ပြသနာတွေ ဖြစ်ခဲ့ဖူးပါသည်။ ဝယ်ယူသူ နှင့် ထုတ်လုပ်ရောင်းချသူတို့အကြား အခက်ခဲ ပြသနာ တချို့ ဖြစ်စေပါသည်။
သို့ပါသောကြောငိ့ကျွနိတော်တို့ လုပ်ငန်းစု အနေဖြင့်လုံး၀ ကွန်ကရစ်သားခြောက်မှ ၊ ဆေးခြောက်မှသာ ယူဆောင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျ။
ထို့ကြောင့် စရံငွေများကြိုတင် ပို့ဆောင်၍ အောက်ဒါအမှာ တင်ထားကြသော မိတ်ဟောင်းမိတ်သစ် မိတ်ဆွေများအတွက် ၊ သက်မှတ်ရက်ချိန်း အမှီ ပန်းအိုးများ မပေးပို့နိုင်သည့်အတွက် ၊ အနူးအညွှတ် တောင်းပါအပ်သည်ခင်ဗျာ 🙏🙏🙏
မြင့်မိုရ်ဦး
မြန်မာမှု နှင့် ကွန်ကရစ်လုပ်ငန်း
လှည်းကူးမြို့နယ် ၊ ရဲမွန်စံပြကျေးရွာ
လမ်းသစ်မှတ်တိုင် 09402735663
07/06/2023
"မဂ်လာပန်း" "အမဂ်လာပန်း "ခွဲခြားနည်း ပညာ
မြန်မာ့ရိုးရာ ပန်းတော့ ပညာရပ်နဲ့ပက်သက်သော အသိပညာ ဗဟုသုတတွေကို ယခု page လေးက ၊ စီစဉ်တင်ဆက်ပေးမှာဖြစ်လို့ page လေးကို like and share ပြုလုပ်ပေးကြပါလို့ တိုက်တွန်းနိူးဆော်ပါရစေ ☺️☺️☺️
ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ ဘုန်းကြီးပျံစပ်ပန်းချီကို ၊ မလှဘူးတို့ ၊ ဖြစ်ကတက်ဆန်းလုပ်ထားတာတို့
တောဘုန်းကြီးပျံအဆင့်တို့၊ ဝေဖန်နေတာတွေ့ရပါတယ် ။
ကနူတ်ပန်းပညာအကြောင်းကောင်းစွာမသိကြသူတွေက ဝေဖန်နေကြတာပါ 😕😕😕။
မြန်မာ့ရိုးရာ ကနူတ်ပန်း မှာ
" မဂ်လာပန်း" "အမဂ်လာပန်း" ဆိုပီး နှစ်မျိုးရှိပါတယ်။
ဘုန်းကြီးတပါး ပျံလွန်တော်မူတာဟာ မဂ်လာရှိတာမဟုတ်ဘူး ၊ "အမဂ်လာ" ဈာပနာပွဲ တခုပါ ၊ နေအိမ် ဘုရားစဉ် များ၊ ရာဇပလ္လင်များ၊ သီဟာသန ပလ္လင်များ ၊ ဘုရားကျောင်းကန်တွေမှာ အလှဆင်တဲ့ပန်းတွေဟာ အိမ်ကျက်သရေ တိုးစေဖို့ ၊ ဘုန်းကံ မြင့်မားစေဖို့ ၊ အညွှန့်တလူလူ တက်နေစေဖိုရည်ရွယ်ထုဆစ်ပေးကြရပါတယ် ။
ဘုန်းကြီးပျံပွဲမှာ အထက်စာစုပါ "မဂ်လာပန်း" ကို မသာချတဲ့နေရာတွေမှာ အညွှန့်တလူလူ တက်နေဖို့ ရည်ရွယ်ပုံဖော်မိလိုက်ရင် ပညာရှင်ဘယ်ပီသတော့မလဲ ၊စျာပနာ ပွဲကို သွယ်ဝိုက်အားပေးရာရောက်ပါတယ်🥹။
မြန်မာ့ရိုးရာကနူတ်ပန်းပညာဟာ မသာချလည်းဒီပန်း ၊ အလှဆင်လည်းဒီပန်းပဲ ရောကျိတ် သုံးလို့မရပါဘူး ။
ပန်းကနူတ်တခုမှာ
အညွှန့်
အတက်
အပွင့်
ရွက်လိပ်
ရွက်ခေါက်
ရိုးဖုံး
ရိုးမကြီး
ခွေကြီး
စိန်ခွေ
ပုရစ်ဖူး
ပွင့်ညှာ
ပွင့်ဖက် ၊ စသည် အမည်နာမ မျိုးစုံ ဒီဇိုင်းလက်ရာမျိုးစုံနဲ့ပေါင်းစပ်ဖန်တီးကြရပါတယ် ၊ အထက်ပါ အချက်တွေနဲ့ ကိုက်ညီအောင်ထုဆစ်ထားတဲ့ပန်းကို " မဂ်လာပန်း" လို့ခေါ်ဆိုပါတယ် ။
အမဂ်လာပန်း ထုဆစ်ကြရင်
အညွှန့် ၊ အတက် တွေမပါအောင် ထုဆစ်ကြရပါတယ် ။
မသာချရင် အလှဆင်တဲ့ပန်းဆိုတာ "အမဂ်လာ" ပန်းလို့ခေါ်တယ် ၊ တနိုင်ငံလုံး အလှဆင်ထားတဲ့ မဂ်လာပန်းနဲ့ သွားမယှဉ်ရပါဘူး ။
ဒူးနေရာဒူး ၊ တော်နေရာတော်ဆိုသလို ယခင်က ဘုန်းကြီးပျံတွေ မှာ အထူးစပါယ်ရှယ် ပုံဖော် ခဲ့ကြတဲ့ စပ်ပန်းချီတွေ ဟာ တကယ်တော့ မဂ်လာပန်းထားသိုရမယ့် နေရာကို ကောင်းစွာမသိကြပဲ ရမ်းလုပ်ခဲ့ကြတာပါလို့ဝေဖန်ပါရစေ ။
အမြင်မှာ ပိုလှပပေမယ့် ၊ စနစ်တခုနဲ့မကိုက်ညီခဲ့ကြဘူး ၊ ကနူတ်ပန်းအကြောင်းမသိတဲ့လူတွေက
ပိုလှလေ ပိုအနုပညာမြောက်လေလို့ ထင်နေတက်ကြတယ်😑😑😑။
တကယ်တော့ အခု ပြင်ဆင်ထားတဲ့ ပန်းကမှ ဘုန်းကြီးပျံနဲ့ ကိုက်ညီတဲ့ အမဂ်လာပန်းအစစ် ပါလို အကြံပြုမျှဝေပေးလိုက်ရပါတယ်ခင်ဗျာ ။
အောင်ကို (အမရပူရ)
နဂါးရုံဘုရားတည်ထားပူဇော်ခြင်း ကိုယ်တွေ့မှတ်စုများမှ
07/06/2023
မိုးတွေရွာလို့စိတ်ညစ်နေပီလား💦💦💦 စိုစွတ်တဲ့ မိုးရာသီလေးမှာ သစ်ပင် ပန်းပင်လေးတွေစိုက်ရင်း အပန်းဖြေလိုက်ရအောင် 😛
ဒီတခါ မင်မင်ရောင်းချပေးမယ့် ကွန်ကရစ်ပန်းအိုးလေးတွေ က မိတ်ဆွေတို့ အတွက် အကောင်းဆုံးရွေးခြယ်မူ့ ဖြစ်စေဖို့ အာမခံ ပါတယ်ခင်ဗျာ ၊ ကဲ ပန်းစိုက်ရတာ ဝါသနာပါတဲ့ အကိုတို့အမတို့အတွက်
အရည်သွေးကောင်းဈေးနှုန်းချိုသာတဲ့😍
ဘိလပ်သားပေါ်သုပ်ဆေး ကောင်းကောင်းသုံးထားတဲ့
ဂန္ဓ၀င်ဆန်ဆန်လက်ရာ ကွန်ကရစ်ပန်းအိုးလေးတွေကို
ကျွန်တော့်ဆီမှာလက်လီလက်ကားဝယ်လို့ရပါပြီဗျ😊
အရွယ်အစားနဲ့ ဈေးနူန်းလေးတွေကို ပုံလေးတွေမှာ အတိအကျ ဖော်ပြပေးထားလို့ ၊ ပုံတပုံချင်းစီထောက်ကြည့်ပီး စိတ်ကြိုက်သာရွေးလိုက် ပါ ကာကာတို့ရေ 😍😍
ကျပ်တသိန်းဖိုးနှင့်အထက် ၀ယ်ယူပါက 10% discound
ခံစားရရှိမှာဖြစ်ပါတယ်
အလုပ်ရုံအထိ လက်လီလက်ကားလာရောက် ၀ယ်ယူလိုပါက ၊ ရဲမွန် လမ်းသစ်မှတ်တိုင် ၊ ရဲမွန်ကျေးရွာ ၊ လှည်းကူးမြို့နယ် သို့ လည်း လာရောက်လေ့လာ ၀ယ်ယူနိုင်ပါတယ်ခင်ဗျာ 🙏🙏🙏
09402735663 (or) Cbမှာ
ဆက်သွယ်မှာယူလို့ရပါပြီခင်ဗျ .....