Yoethar - Educational & Financial Consultant Advisory

Yoethar - Educational & Financial Consultant Advisory Yoethar - Educational & Financial Consultant Advisory

မြေငလျင်သတင်း၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် (၂၈၈)ကြိမ်မြေ...
01/04/2025

မြေငလျင်သတင်း

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် (၂၈၈)ကြိမ်မြောက်နောက်ဆက်တွဲငလျင်အဖြစ် မြန်မာနိုင်ငံပြည်တွင်း (စစ်ကိုင်းတိုင်း ရေခါးအင်းအနီး) မြောက်လတ္တီတွဒ် (၂၂.၀၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

အဝေးသင် သင်တန်းများ ကျောင်းအပ်လက်ခံရက် ထပ်မံကြေညာခြင်းပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်...
15/08/2024

အဝေးသင် သင်တန်းများ ကျောင်းအပ်လက်ခံရက် ထပ်မံကြေညာခြင်း

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာ သင်နှစ်၊ အဝေးသင် သင်တန်းများ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၁၆-၉-၂၀၂၄ ရက်နေ့အထိ သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်ကြရန် ရက်တိုးမြှင့် သတ်မှတ်လိုက် ကြောင်း ကြေညာလိုက်သည်။

အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန

၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပ...
15/08/2024

၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန် အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်ပါသည်။ အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) လက်ခံမည်ဖြစ်ပါသည်။
#အဝေးသင်News

14/08/2024

ဗဟိုဘဏ်၏အတိုးနှုန်း၊ ဘဏ်များကအပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်း

Post Date : 14-08-2024

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ချေးငွေ ထုတ်ချေးနိုင်မှု ပိုမိုလာပြီးစီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်-

(က) ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်သည်၊
(ခ) ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက်ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်သည်၊
(ဂ) ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်သည်။

၂။ နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်း များသည် ပြောင်းလဲမှုမရှိပါ။
၃။ ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
၁၄.၈.၂၀၂၄

03/08/2024
နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်ပ...
26/07/2024

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုး စီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် နိုင်ငံ့ ဝန်ထမ်းများ နိုင်ငံတော်၏တာဝန်ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့်သက်သာချောင်ချိရေး ကို အထောက်အကူဖြစ်စေရန်အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပို ထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လမှစတင်၍ နိုင်ငံ့ ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လ ကျပ် ၃၀,၀၀၀/- ကို လစဉ်ခံစားခွင့်ပြုခဲ့ပါသည်။ ယခုအခါ နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိ လစဉ်ထောက်ပံ့ လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀/- ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုမည် ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသော နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- ကို လစဉ် ခံစား ခွင့်ပြုမည်ဖြစ်ပါသည်။ အဆိုပါ ထောက်ပံ့ကြေးများအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ စတင် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်

တွေ့ ကြုံ ဆုံ ခွဲ
21/07/2024

တွေ့ ကြုံ ဆုံ ခွဲ

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ )ဖြစ်ပါသည်။
20/07/2024

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်
ထားရာ ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ )
ဖြစ်ပါသည်။

၂၀၂၅ခုနှစ်အတွက် အများပြည်သူရုံးပိတ်ရက်အား ယနေ့ဇွန်လ ၁၀ရက်နေ့မှာ အမိန့်ကြော်ငြာစာထွက်ပါတယ်
10/07/2024

၂၀၂၅ခုနှစ်အတွက် အများပြည်သူရုံးပိတ်ရက်အား ယနေ့ဇွန်လ ၁၀ရက်နေ့မှာ အမိန့်ကြော်ငြာစာထွက်ပါတယ်

29/06/2024

MPT သုံးတဲ့ ညိုကီတို့ရေ 📣

*2006*5 # ကိုခေါ်ဆိုပြီး ဒေတာလက်ဆောင် 500MB ရယူလိုက်ပါ။

ယနေ့ မေလ ၁ရက်နေ့မှာ မင်္ဂလာဆောင်လိုက်ပြီဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် Anonimous (ခ) သီဟထွန်း
01/05/2024

ယနေ့ မေလ ၁ရက်နေ့မှာ မင်္ဂလာဆောင်လိုက်ပြီဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် Anonimous (ခ) သီဟထွန်း

ရာသီစာလေး 😋မုန့်လုံးရေပေါ်သည် ကောက်ညှင်းဖြင့် ပြုလုပ်သည့် မြန်မာ့ သွားရည်စာ တစ်မျိုးဖြစ်သည်။ ကောက်ညှင်းလုံးအား ရေနှင့်ပြ...
02/04/2024

ရာသီစာလေး 😋

မုန့်လုံးရေပေါ်သည် ကောက်ညှင်းဖြင့် ပြုလုပ်သည့် မြန်မာ့ သွားရည်စာ တစ်မျိုးဖြစ်သည်။ ကောက်ညှင်းလုံးအား ရေနှင့်ပြုတ်ရာတွင် ကောက်ညှင်းကျက်ပါက ရေပေါ် ပေါ်လာသည့် အတွက် မုန့်လုံးရေပေါ်ဟုခေါ်တွင်ခြင်းဖြစ်ပါသည်။ ကောက်ညှင်းသက်သက်ဖြင့် သော်လည်းကောင်း၊ ထန်းလျက် သို့မဟုတ် ကြံသကာခဲကို အစာသွပ်၍သော်လည်းကောင်း ပြုလုပ်စားသုံးကြသည်။ မြန်မာ့ရိုးရာအလိုက် တန်ခူးလတွင် မုန့်လုံးရေပေါ်များဖြင့် အလှူလုပ်လေ့ရှိသည်။

Address

Yangon University Of Distance Education <47/A>, InyaRoad, University, P. O. , Kamaryut Township
Yangon
11041

Telephone

+951512865

Website

Alerts

Be the first to know and let us send you an email when Yoethar - Educational & Financial Consultant Advisory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Yoethar - Educational & Financial Consultant Advisory:

Shortcuts

Share