Honest Success Japanese Language School

Honest Success Japanese Language School Japanese Language School

တခါမှ မတင်ပေမယ် 😄😎😈💸💸💸
21/08/2023

တခါမှ မတင်ပေမယ်
😄😎😈💸💸💸

11/04/2023

ဂျပန်အစိုးရက ဂိနိုးဂျီရှူး(ထရိန်နင်အလုပ်သင်)စနစ်ကို ဖျက်သိမ်းပြီး စနစ်သစ်တစ်ခု ဖန်တီးရန်
တောင်းဆိုသည့် အဆိုပြုချက်ကို ဆွေးနွေးနေသည်။
ခန့်မှန်းထားတဲ့အတိုင်း နှစ် ၃၀ ကျော်ကြာပြီးနောက် အလုပ်သင်စနစ်က နွေဦးရာသီမှာ အပြောင်းအရွေ့ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဖြစ်နိုင်ခြေရှိပြီး တရားဝင်ပြောင်းလဲမှုက 2024 ခုနှစ်နောက်ပိုင်းတွင် ဖြစ်လာမည်ဖြစ်သည်။

လက်ရှိနည်းပညာဆိုင်ရာ အလုပ်သင်သင်တန်းနှင့် ပတ်သက်၍ ကုမ္ပဏီများက လုပ်ခလစာ မပေးခြင်း ၊လုပ်ငန်းခွင်မှ သင်တန်းသားများ ထွက်ပြေးခြင်း၊သင်တန်းသားများ အလုပ်ပြောင်းခွင့် မရှိခြင်းကြောင့် လူ့အခွင့်အရေးကိုချိုးဖောက်သည်ဟု ပြည်ပမှ ‌ေ၀ဖန်ခံနေရခြင်း ကဲ့သို့သောပြသာနာများစွာ ရှိနေပါတယ်။

2024ခုနှစ်စနစ်သစ် အတွက် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းအဆိုပြုတင်သွားထား :
※အလုပ်သင်စနစ်ကို ဖျက်သိမ်းပြီး အဲဒီအစား စနစ်အသစ်ကို တည်ဆောက်မည်။ (Personal opinion : Tokutei Gino နဲ့တော့ မပေါင်းလောက်ဘူး )
※အလုပ်သင်ပြောင်းရွှေ့မှု မဖြစ်ပေါ်စေရေး(အချို့အခြေအနေများ ကြုံတွေ့ပါက ကုမ္ပဏီပြောင်းခွင့်ပြုရန် အလုပ်သင်များကို ထည့်သွင်းစဉ်းစားမည်)
※ဂျပန်မသွားခင်မှာ ဂျပန်စာ Level တစ်ခုရောက်မှ သွားရပါမယ်။
※အမှန်အကန်မလုပ်တဲ့ ခုမိအအိများကို ဖြတ်သိမ်းခြင်း
※အလုပ်သင် 86 ခုက Tokutei ရဲ့ ပညာရပ် 12 ခုလိုပဲ နယ်ပယ်သတ်ခြင်း
※အလုပ်သင် ၃ နှစ်အထက်များအတွက် Tokutei လက်မှတ် မဖြစ်မနေရရှိနိုင်သည်။
※ စာမေးပွဲကို တစ်လ ၁-၂ ကြိမ် ဆက်လက်ကျင်းပသွားမှာဖြစ်သည်။

😊အလုပ်သင်စနစ်ကစနစ်သစ်ပြောင်းမယ်တဲ့😇နည်းပညာသင်ယူပြီးတဲ့သူတွေကိုတိုခုတဲအိအဆင့်၁ကိုအဆင်ပြေချောမွေ့စွာပြောင်းနိုင်ဖို့လို့လည...
11/04/2023

😊အလုပ်သင်စနစ်ကစနစ်သစ်ပြောင်းမယ်တဲ့😇

နည်းပညာသင်ယူပြီးတဲ့သူတွေကိုတိုခုတဲအိအဆင့်၁ကိုအဆင်ပြေချောမွေ့စွာပြောင်းနိုင်ဖို့လို့လည်းပြောထားပါတယ်
အလုပ်သင်စနစ်နဲ့ အထူးကျွမ်းကျင်လုပ်သားစနစ်ကိုပြန်လည်သုံးသပ်ဖို့အစည်းအဝေးကိုဒီနေ့၁၀ရက်နေ့မှကျင်းပခဲ့ပါတယ်။
နိုင်ငံတကာကိုပံ့ပိုးကူညီရန်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်နည်းပညာအလုပ်သမားများကိုလက်ခံခဲ့သော်လည်း၊တကယ့်လက်ရှိမှာတော့ အလုပ်သမားများကိုလက်ခံနေတဲ့စနစ်တခုလိုဖြစ်နေပါတယ်😏😏😏😏😏😏
(မင်မင်သဘောပေါက်တာကဒီလိုပါ
နည်းပညာအလုပ်သမားဆိုသည်မှာ နည်းပညာတွေကိုသင်ပေးရမှာပါဖြစ်ပြီးအလုပ်သင်တွေကနည်းပညာကိုကြိုးစားသင်ယူပြီးမိခင်နိုင်ငံကိုလက်ဆင့်ကမ်းပေးရမဲ့တာဝန်ထမ်းဆောင်ရမှာပါ၊ခုတော့အလုပ်သမားတယောက်လိုခိုင်းနေတယ်လို့ပြောချင်နေတာလို့ထင်ပါတယ်)😒😒😒😒😒😒😒😒
သင်တန်းသားများကိုမတရားသဖြင့်စေခိုင်းခြင်းနှင့်အလုပ်သင်များမှထွက်ပြေးခြင်းစတဲ့ပြဿနာများမှာများပြားလာလျက်ရှိပြီးပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်းကိုထည့်သွင်းစဥ်းစားခဲ့ပါတယ်

မူကြမ်းမှာ နိုင်ငံခြားသား အလုပ်သမားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ဆန့်ကျင်ရေး ဆိုင်ရာ အရေးယူမှုများလည်း ပါဝင်ပါတယ်။

အခြေခံအားဖြင့် နည်းပညာဆိုင်ရာ အလုပ်သင် သင်တန်းသားများအား အလုပ်ရှင်အား သုံးနှစ်ကြာ ပြောင်းလဲခွင့် မပြုဘဲ၊ မတရားပြုကျင့်ခံရခြင်းကြောင့် သင်တန်းသားများ ပျောက်ဆုံး/ထွက်ပြေးခြင်းရဲ့ အကြောင်းရင်းတစ်ခု လည်းဖြစ်ပါတယ်။

အလုပ်သင်တွေအတွက်ခန့်အပ်ထားပေးတဲ့ကြီးကြပ်ရေးအဖွဲ့အစည်းနဲ့တိုခုတဲအိတွေအတွက်ခန့်အပ်ထားပေးတဲ့တွေဟာလူ့အခွင့်ရေးချိုးဖောက်မှုတွေကိုတားဆီးခြင်းနဲ့သင့်တင့်လျောက်ပတ်တဲ့ထောက်ပံ့မှုမျိုးကိုလုပ်ပေးခြင်းမရှိတဲ့အတွက်ကြောင့်ပယ်ဖျက်ရန်ဆွေးနွေးခဲ့ကြသော်လည်း ၊ထိုလုပ်ငန်းဆောင်တာများမှာအရေးပါသောလုပ်ဆောင်မှုများဖြစ်ကြောင်းကိုအသိမှတ်ပြုခဲ့ပြီးဆက်လက်ထားရှိဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်။
သို့သော်အရည်ချင်းမပြည့်မှီသောနဲ့ကိုတော့ဖယ်ထုတ်ရန်အတွက်တင်းကျပ်တဲ့စနစ်တခုကိုပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်

အပြည့်စုံဖတ်ရန်

| https://t.co/dgxfwMcywy

https://www.nikkei.com/article/DGXZQOUA080510Y3A400C2000000/

ဘာသာပြန်မှားတာရှိရင်ခွင့်လွှတ်ပါ
by

#
#

JLPT 2023 JULYတစ်ဦးချင်းလျှောက်လွှာလက်ခံခြင်းနှင့် ပတ်သက်၍ ကြေငြာချက်၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အ...
11/02/2023

JLPT 2023 JULY
တစ်ဦးချင်းလျှောက်လွှာလက်ခံခြင်းနှင့် ပတ်သက်၍ ကြေငြာချက်

၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ (၂) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုလိုသူများအတွက် တစ်ဦးချင်းလျှောက်လွှာလျှောက်ထားခြင်းအား Online မှသာ အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက် (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ Online လျှောက်လွှာလက်ခံမည့် လူဦးရေ

Level အားလုံးအတွက် လူဦးရေ အကန့်အသတ်မရှိ လက်ခံပေးသွားမည် ဖြစ်ပါသည်။

၄။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N2 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N3 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N4 - ၃၇,၀၀၀ + ၃,၀၀၀ = (၄၀,၀၀၀ ကျပ်)
Level N5 - ၃၇,၀၀၀ + ၃,၀၀၀ = (၄၀,၀၀၀ ကျပ်)

၅။ Online လျှောက်လွှာလက်ခံကာလ

Level N1 - ၂၁.၂.၂၀၂၃ (အင်္ဂါနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)

Level N2 - ၂၁.၂.၂၀၂၃ (အင်္ဂါနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)

Level N3 - ၂၂.၂.၂၀၂၃ (ဗုဒ္ဓဟူးနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)

Level N4 - ၂၃.၂.၂၀၂၃ (ကြာသပတေးနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)

Level N5 - ၂၄.၂.၂၀၂၃ (သောကြာနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)

၂၅.၂.၂၀၂၃ ရက်နေ့ (စနေနေ့)၊ ၂၆.၂.၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့) နှင့် ၂.၃.၂၀၂၃ (ကြာသပတေးနေ့) များ ပိတ်ပါသည်။

**ရန်ကုန်စာဖြေဌာနနှင့် မန္တလေးစာဖြေဌာနအတွက် level အလိုက် တစ်ပြိုင်နက် လက်ခံသွားမည်ဖြစ်ပါသည်။**

၆။ Online လျှောက်လွှာလက်ခံမည့် အချိန်

System သို့ တစ်ပြိုင်နက်ထဲဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာစတင်လက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လူဦးရေ ကန့်သတ်ထားခြင်းမရှိသည့်အတွက် လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင်ပြေသည့်ရက်တွင် (နံနက် ၉း၀၀ နာရီမှ ညနေ ၆း၀၀ နာရီအတွင်း) Online System သို့ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။)

၇။ Online လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍

ကြိုတင်ပြင်ဆင်ရန်များ

 လျှောက်လွှာလက်ခံကာလမတိုင်မီ ၂၀.၂.၂၀၂၃ (တနင်္လာနေ့) တွင် Online System သို့ ဝင်ရောက်၍ Registration စတင်ပြုလုပ်နိုင်မည် ဖြစ်သည်။

 Registration ပြုလုပ်ခြင်းမှာ လျှောက်လွှာမတင်မီ အချက်အလက်များ ကြိုတင်ဖြည့်သွင်းခြင်းအဆင့်ဖြစ်ပြီး၊ လျှောက်လွှာလက်ခံကာလတလျှောက်လုံးတွင်လည်း Registration ပြုလုပ်နေနိုင်မည်ဖြစ်သည်။

 Registration ပြုလုပ်ရာတွင် အမည်၊ မွေးသက္ကရာဇ် အပါအဝင် ကိုယ်ရေးအချက်အလက်များအား ဖြည့်စွက်ရမည်ဖြစ်ပြီး၊ အဆိုပါ ကိုယ်ရေးအချက်အလက်များသည် လျှောက်လွှာတွင် အလိုအလျောက် ဖြည့်သွင်းပြီး ဖြစ်နေမည်ဖြစ်ပါသည်။

 လျှောက်လွှာတင်သူအနေဖြင့် လျှောက်လွှာလက်ခံသည့်ရက်တွင် Registration ပြုလုပ်ရာတွင်မပါဝင်ခဲ့သည့် အချက်အလက်များကိုသာ ဆက်လက်ဖြည့်သွင်းရမည်ဖြစ်ပါသည်။

 သက်သေခံကတ်ပြားတစ်ခုအတွက် Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ မှတ်ပုံတင်တစ်ခုလျှင် လျှောက်လွှာတစ်စောင်သာ တင်ခွင့်ရမည်ဖြစ်သည်။)

 Online System မှတဆင့် Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာတင်ခြင်းများအတွက် မိမိကိုယ်ပိုင် Mail Address တစ်ခုအား မဖြစ်မနေပြင်ဆင်ထားရန် လိုအပ်ပါသည်။

 ဓါတ်ပုံ (၃လအတွင်း ရိုက်ကူးထားသည့် ကြည်လင်ပြတ်သားသော ဓါတ်ပုံဖြစ်ရမည်။ အလင်းပြန်နေသော/ အရိပ်ကျနေသော/ ဝါးနေသော/ စွန်းပေနေသောပုံများ မဖြစ်ရပါ။ နောက်ခံမှာ အဖြူ၊ အနက်၊ အပြာ စသဖြင့် တစ်ရောင်တည်းသာ ဖြစ်ရမည်။ မိမိကိုယ်ကို ရိုက်ကူးထားသည့် selfie ပုံ၊ အခြားသူများနှင့် အတူရိုက်ကူးထားသည့် ပုံများ မဖြစ်ရပါ။ ဦးထုတ်၊ နေကာမျက်မှန်၊ Mask အစရှိသည်တို့ ဝတ်ဆင်ထားသည့် ပုံများ မဖြစ်ရပါ။)

 သက်သေခံကတ်ပြား (မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အသုံးပြုလျှောက်ထားမည်ဆိုပါက မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းရော၊ နောက်ခြမ်းပါ လိုအပ်ပါသည်။ နိုင်ငံကူးလက်မှတ် အသုံးပြု၍ လျှောက်ထားမည်ဆိုပါက ဓါတ်ပုံနှင့်အချက်အလက်များ ပါဝင်သည့် စာမျက်နှာအား လိုအပ်ပါသည်။)

ကျောင်းအလိုက်လျှောက်လွှာတင်ခြင်း၊ Online System ဖြင့် လျှောက်လွှာတင်ခြင်းလမ်းညွှန်၊ ကြိုတင် Registration ပြုလုပ် ခြင်းလမ်းညွှန်တို့နှင့် ပတ်သက်၍ ထပ်မံကြေငြာပေးသွားမည်ဖြစ်ပြီး၊ JLPT စာမေးပွဲနှင့် ပတ်သက်၍ စုံစမ်းမေးမြန်း လိုသည်များအား အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဖုန်း- ၀၉ ၄၂၈ ၇၅၆ ၇၄၆၊ ၀၉ ၉၈၆ ၀၉၃ ၆၃၇

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
https://www.facebook.com/117985645021854/posts/2526321674188227/

04/11/2022

ဒီနေ့ကတော့ ကုိယ်စိုက်ပျိုးခဲ့တဲ့ ပန်းခင်းကြီးကိုကြည်ရသလို့ပဲ ဝမ်းသာ ပိတီဖြစ်ရပါတယ်

အလုပ်တွေရူပ်နေတာနဲ့ အတန်းသစ်ပုံလေးတွေတောင်မရိုက်​ဖြစ်၊ မတင်မိဘူး😌N3 အတန်းသစ်လေးပါ 🤓တပတ်မှ ၃ရက်ဆိုတော့ စာကျက်ချိန်ပိုပေးထ...
28/10/2022

အလုပ်တွေရူပ်နေတာနဲ့ အတန်းသစ်ပုံလေးတွေတောင်မရိုက်​ဖြစ်၊ မတင်မိဘူး😌
N3 အတန်းသစ်လေးပါ 🤓
တပတ်မှ ၃ရက်ဆိုတော့ စာကျက်ချိန်ပိုပေးထားပါတယ်🤗

Address

79/81 Anawrahta Road, Central Tower R(304), Kyauktada Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Honest Success Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Honest Success Japanese Language School:

Shortcuts

Share