29/03/2026
✨မင်္ဂလာပါရှင့်။ ယခု page လေးမှာဆိုရင်
✅ International Maths ( Singapore Curriculum) ကို စတင်လေ့လာချင်တယ် / ဘယ်ကနေ ဘယ်လိုစတင်လေ့လာရမယ်ဆိုတာ မသိသေးသော ကလေးများ ။
✅ Government School တက်ရောက်နေသော်လည်း Maths နှင့်ပတ်သက်ပြီး အခြေခံကောင်းကောင်းရစေရန် International Maths ( Singapore Curriculum ) ကိုထပ်မံဖြည့်စွက်သင်ယူလိုသော ကလေးများ ။
✅ Government School မှ International School သို့စတင်ပြောင်းလဲချိန်တွင် International Maths နှင့်ပတ်သက်၍ အတွေ့အကြုံမရှိသေးသည့်အတွက် အခက်အခဲရှိနေသော ကလေးများ ။
✅ Maths နှင့်ပတ်သက်ပြီးကလေးများ သူ့အသက်အရွယ်အလိုက် သိရှိထားသင့်သည့် အခြေခံသဘောတရားများအားလုံး ပိုင်ပိုင်နိုင်နိုင်ရယူလိုသော International School နှင့် Government School မှ ကလေးများအားလုံးအတွက် ရည်ရွယ်ပြီး တီချယ့်ရဲ့အတွေ့အကြုံများနှင့်ပေါင်းစပ်၍ ‛‛ Maths ’’ ဘာသာရပ်လေ့လာရာတွင် အလွယ်ကူဆုံးနည်းလမ်းများဖြင့် ထိရောက်အကျိုးရှိစေမည့် အသိပညာပေါင်းများစွာကို ယခု Page လေးကနေတစ်ဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင့် ။ 🌟
🛎 ဆက်လက်ပြီး ယခု page တွင် ကလေးများအတွက် Singapore Maths ကို
တာဝန်ယူသင်ကြားပေးမည့် တီချယ်နှင့် မိတ်ဆက်ပေးချင်ပါတယ်ရှင့် ။
🛎တီချယ့်နာမည်က Teacher Thoon ဖြစ်ပါတယ်ရှင့်။ တီချယ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် Maths , English , Physics, Bio ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်ရှင့် ။ ထို့ပြင် Teaching နှင့်ပတ်သက်တဲ့ Diplomaသင်တန်းများစွာကိုလေ့လာသင်ယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်ရှင့် ။
🛎 2014 မှစပြီးယနေ့အထိ ၁၀ နှစ်တိုင်တိုင် International School တွင်သင်ကြားပေးနေပြီး ယခုလက်ရှိတွင်လည်း International School နှင့် Government School မှကျောင်းသား/သူများကို Maths နှင့်ပတ်သက်ပြီး အခက်အခဲမရှိစေရန် ၊ Maths ဘာသာရပ်တွင် ထူးချွန်စေရန် ရည်ရွယ်၍ သင်ကြားလေ့ကျင့်ပေးနေသူတစ်ဦးဖြစ်ပါတယ်ရှင့်။
🛎ကလေးများအားလုံး Maths ဘာသာရပ်လေ့လာရာတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများစွာကို ကူညီလမ်းကြောင်းပေးနိင်ရန် ရည်ရွယ်မျှော်မှန်းလျက် 🔥