18/05/2026
ဂျပန်ကိုရောက်ရှိသွားပါပြီ 💕
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hikari Japanese Language School, Education, Yangon and Kyaiklat, Yangon.
日本語で一人一人の未来を結ぶ
Connect each person's future with Japanese
လူတစ်ဦးချင်းစီကို သူတို့ရဲ့ အနာဂါတ်များနဲ့ ချိတ်ဆက်ပေးခြင်း
📌ကျွမ်းကျင်လုပ်သားဗီဇာအလုပ်များနှင့် အိုင်တီ၊ အင်ဂျင်နီယာအလုပ်များကိုသာ မိတ်ဆက်ပေးနေပါသည်။ 📌
18/05/2026
ဂျပန်ကိုရောက်ရှိသွားပါပြီ 💕
16/05/2026
အားလုံးပဲ မင်္ဂလာပါရှင်။
こんにちは (konnichiwa) 🌸
❣️ဒီနေ့မှာတော့ ကျွန်မတို့ Hikari JLS ရဲ့ စကားပြောအတန်းကို သင်ပေးတဲ့ဆရာမဖြစ်တဲ့ ဖြိုးဆန်းဆေးကို မိတ်ဆက်ပေးပါရစေရှင်။
❣️ဖြိုးဆန်းဆေးဟာ MUFL (Japanese) နဲ့ ဘွဲ့ရထားပြီးတော့ ဂျပန်မှာ ဘာသာစကားကျောင်းနဲ့ ဟိုတယ်ပညာရပ်သင်ကောလိပ်တွေကို တက်ရောက်ခဲ့ပါတယ်။ အဲ့နောက်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ ဟိုတယ်မှာ ဝင်ရောက်အလုပ်လုပ်နေတာ ဒီနှစ်နဲ့ဆို ၆ နှစ်ရှိပြီ ဖြစ်ပါတယ်။
❣️ဖြိုးဆန်းဆေးဟာ N1 ရရှိထားသူဖြစ်ပြီး ဂျပန်အစိုးရအသိအမှတ်ပြု ဟိုတယ်လက်မှတ်များ၊ ခရီးသွားခြင်းဆိုင်ရာ လက်မှတ်များကိုလည်း ရရှိထားပါတယ်။
💫နောက်များမှာလည်း Hikari မှာ ဖြိုးဆန်းဆေးရဲ့ အွန်လိုင်းစကားပြောအတန်းများကို ဖွင့်လှစ်ပေးသွားပါမယ်။
ありがとう 🌸
14/05/2026
အားလုံးပဲ မင်္ဂလာပါရှင်။
こんにちは (konnichiwa) 🌸
▫ ဘိုးဘွားစောင့်ရှောက်ရေး (ခိုင်းဂေါ့) အလုပ်ကိုရွေးချယ်ပြီး ဂျပန်ကို သွားသင့်လား?
▫ ကိုယ့်ရဲ့ဝါသနာနဲ့ ခိုင်းဂေါ့အလုပ်နဲ့ ကိုက်ညီလား?
▫ ကိုယ်ဟာ ခိုင်းဂေါ့အလုပ်ကို အနည်းဆုံး ၃နှစ် လုပ်ကိုင်နိုင်မှာလား?
ဟုတ်ကဲ့ အဲ့အချက်တွေကို သိရှိနိုင်ဖို့အတွက်ဆိုရင်တော့ အရင်ဆုံး ခိုင်းဂေါ့အလုပ်က ဘယ်လိုမျိုးလဲဆိုတာ မျက်စိထဲ ပုံဖော်ကြည့်နိုင်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်ရှင်။
အဲ့လိုပုံဖော်နိုင်ဖို့အတွက် အရင်ဆုံး ခိုင်းဂေါ့ လုပ်ကိုင်သူရဲ့ တနေ့တာ အကြောင်းအရာတွေကို ကျွန်မတို့ Hikari ဂျပန်စာသင်တန်းကျောင်းကနေ ပြောပြသွားချင်ပါတယ်ရှင်။
ဒီအကြောင်းအရာကို 介護福祉士 ခိုင်းဂေါ့ဖုခုရှိရှိ ဆရာမ ၂ ယောက်ဖြစ်တဲ့ Koshiba Sensei နဲ့ လင်းဆန်းဆေးတို့က ၂၉ ရက်နေ့ (သောကြာနေ့) မြန်မာအချိန် ည ၇ နာရီမှာ facebook live ကနေ ပြောပြသွားမှာဖြစ်ပါတယ်ရှင်။
✨ Koshiba Sensei မိတ်ဆက် ✨
Koshiba Sensei ဟာ 介護福祉士 ခိုင်းဂေါ့ဖုခုရှိရှိ၊
社会福祉士 ရှကိုင်းဖုခုရှိရှိနဲ့ ဂျပန်ဗီဇာရှေ့နေ လက်မှတ်များကို ကိုင်ဆောင်ထားတဲ့ ဆရာမဖြစ်ပါတယ်။
介護福祉士 ခိုင်းဂေါ့ဖုခုရှိရှိ၊ 社会福祉士 ရှကိုင်းဖုခုရှိရှိ အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာတော့ ဂျပန်ဗီဇာရှေ့နေအနေနဲ့ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်ရှင်။
Koshiba Sensei ရဲ့ စိတ်ဝင်စားစရာအချက်ကတော့ Koshiba Sensei ဟာ အိုဆာကာနိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာစကားအထူးပြုနဲ့ ဘွဲ့ရထားပြီး အထူးသဖြင့် မြန်မာစကား အရေးနဲ့အဖတ်ကို ကျွမ်းကျင်ပါတယ်။
✨ လင်းဆန်းဆေး မိတ်ဆက် ✨
လင်းဆန်းဆေးကတော့ Hikari ဂျပန်စာသင်တန်းကျောင်းရဲ့ co-founder တစ်ဦးဖြစ်ပြီး 介護福祉士
ခိုင်းဂေါ့ဖုခုရှိရှိ လက်မှတ်ယူထားသူလည်းဖြစ်ပါတယ်။ လင်းဆန်းဆေးဟာ မန္တလေးနိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ ဂျပန်ဘာသာစကားအထူးပြုနဲ့ ဘွဲ့ရထားသူဖြစ်ပြီး လက်ရှိ ခိုင်းဂေါ့ဂေဟာမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်ရှင်။
Koshiba Sensei နဲ့ လင်းဆန်းဆေးတို့ရဲ့ ခိုင်းဂေ့ါလုပ်ငန်းခွင်က အတွေ့အကြုံများကို facebook live မှာ နားထောင်ပြီး ခိုင်းဂေါ့အလုပ်ကို ပိုမိုနားလည်လာမယ်လို့ မျှော်လင့်ပါတယ်ရှင်။
Live လွှင့်မည့်ရက် - 🗓️ ၂၉ ရက်နေ့ (သောကြာနေ့) 🗓️
Live လွှင့်မည့်အချိန် - 🕖 မြန်မာအချိန် ည ၇ နာရီ 🕖
Live မှာဆုံကြမယ်နော် 🤗
ありがとう 🌸
13/05/2026
အားလုံးပဲ မင်္ဂလာပါရှင်။
こんにちは (konnichiwa) 🌸
ကျွန်မတို့ရဲ့ Hikari JLS ရဲ့ Co-Founder လည်းဖြစ်၊ ကျောင်းအုပ်ဆရာလည်း ဖြစ်တဲ့ အောင်ဆန်းဆေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။
အောင်ဆန်းဆေးဟာ ဂျပန်နိုင်ငံမှာ Language School တက်ရောက်ခဲ့ပြီး ကျောင်းတက်နေစဥ်အတွင်းမှာပဲ N1 ကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ကျောင်းမှဆရာ၊ ဆရာမများက အောင်ဆန်းဆေးရဲ့ အရည်အချင်းကို နှစ်သက်သဘောကျတာကြောင့် ဆရာ၊ ဆရာမများရဲ့ ထောက်ခံခြင်း၊ မိတ်ဆက်ပေးခြင်းနဲ့ ကန်ဆိုင်းဒေသမှာရှိတဲ့ Group of Companies တစ်ခုမှာ Language School ပြီးတာနဲ့ အလုပ်တန်းဝင်နိုင်ခဲ့သူပဲ ဖြစ်ပါတယ်။
စာသင်ကြားခြင်း အတွေ့အကြုံ ၅နှစ်ခန့်ရှိပြီး အသက် ၂၁နှစ် အရွယ်ကတည်းက ကိုယ်ပိုင်ဂျပန်စာသင်တန်းကျောင်းကို တည်ထောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ Group of Companies မှာ ကန်ဆိုင်းဒေသတဝိုက်ရှိ နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူများအတွက် အိမ်မိတ်ဆက်ပေးခြင်းကို တာဝန်ခံအနေနဲ့ လုပ်ကိုင်လျက်ရှိပါတယ်။
အောင်ဆန်းဆေးဟာ ကျွန်မတို့ Hikari JLS မှာ ကျောင်းအုပ်ချုပ်ခြင်းနှင့်တကွ ကျောင်းမိတ်ဆက်ခြင်းအပိုင်းကို အဓိက တာဝန်ယူ လုပ်ကိုင်လျက် ရှိပါတယ်။
အောင်ဆန်းဆေးရဲ့ ကြိုးစားအားထုတ်မှုများကြောင့် ကျွန်မတို့ရဲ့ Hikari JLS ဟာ ဂျပန်နိုင်ငံရဲ့ Class 1 Language School များနဲ့ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပါတယ်ရှင်။
ありがとう 🌸
29/04/2026
အားလုံးပဲ မင်္ဂလာပါရှင်။
こんにちは (konnichiwa) 🌸
ဒီနေ့မှာတော့ Hikari JLS ရဲ့ သင်ကြားရေးတာဝန်ခံ
တစ်ဦးဖြစ်တဲ့ ဝင်းလဲ့ဆန်းဆေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ရှင် 🤗
ဝင်းလဲ့ဆန်းဆေးဟာ ဂျပန်နိုင်ငံမှာ Language School ကို တက်ရောက်ခဲ့ပြီး အလုပ်ဗီဇာနဲ့တန်းပြီး အလုပ်ရခဲ့သူဖြစ်ပါတယ်။
N1 လက်မှတ်ရရှိထားသူဖြစ်ပြီး လက်ရှိမှာ ကျိုတိုမြို့ရဲ့ စားသောက်ဆိုင်တစ်ခုနဲ့ အဆောင်လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီမှာ မန်နေဂျာအနေနဲ့ လုပ်ကိုင်နေတာ ၄ နှစ်ကျော်ပြီပဲ ဖြစ်ပါတယ်ရှင်။
ဝင်းလဲ့ဆန်းဆေးဟာ ကျွန်မတို့ Hikari JLS မှာ စားသောက်ဆိုင်နှင့် စားသောက်ကုန်ထုတ် ဘာသာရပ်များ သင်ကြားပေးခြင်းကို အဓိက တာဝန်ယူ လုပ်ကိုင်လျက် ရှိပါတယ်။
ဝင်းလဲ့ဆန်းဆေးရဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး Hikari JLS ရဲ့ ကျောင်းသား၊ ကျောင်းသူများကို စားသောက်ဆိုင်နှင့် စားသောက်ကုန်ထုတ် ဘာသာရပ်တွေကို သင်ကြားပေးပြီး ဂျပန်နိုင်ငံမှာ အလုပ်အကိုင်များ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။
ありがとう 🌸
28/04/2026
အားလုံးပဲ မင်္ဂလာပါရှင်
こんにちは (konnichiwa) 🌸
ဒီနေ့မှာတော့ Hikari JLS ရဲ့ Co-Founder လည်းဖြစ်၊
ဒုကျောင်းအုပ်လည်းဖြစ်တဲ့ လင်းဆန်းဆေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ရှင်။
လင်းဆန်းဆေးဟာ MUFL ကနေ ဂျပန်ဘာသာစကားနဲ့ ဘွဲ့ရထားပြီး ဂျပန်နိုင်ငံမှာ Language School နဲ့ ကောလိပ်ကျောင်းတွေကို တက်ရောက်ခဲ့ပါတယ်။
介護福祉士(かいごふくしし)လက်မှတ်များကို
ရရှိထားသူဖြစ်ပြီး လက်ရှိမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာကြီးမှာ အဖွဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်လျက် ရှိပါတယ်ရှင်။
လင်းဆန်းဆေးဟာ ကျွန်မတို့ Hikari JLS မှာ ဘိုးဘွားစောင့်ရှောက်ရေးဘာသာရပ်များကို သင်ကြားပေးခြင်းနှင့်တကွ ကျောင်းမိတ်ဆက်ခြင်းအပိုင်းကို အဓိက တာဝန်ယူ လုပ်ကိုင်လျက် ရှိပါတယ်။
Hikari JLS အနေနဲ့ ယခုနှစ်မှစတင်ပြီး လင်းဆန်းဆေးရဲ့ ညွှန်ကြားမှုနဲ့ Kaigo Program တွေကို ရေးဆွဲ ဖွင့်လှစ်ပြီး ဂျပန်နိုင်ငံမှာ အလုပ်အကိုင် မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။
ありがとう 🌸
25/04/2026
おめでとうございます! 🤩🥳
သိုခုတေးဂိနော စားသောက်ကုန်ထုတ် အလုပ်နဲ့ အင်တာဗျူးဝင်ရောက်ဖြေဆိုပြီး အောင်မြင်သွားတဲ့ ညီမလေးတွေဖြစ်ပါတယ်။
သူဌေးက ၂ ယောက်ပဲ ခန့်မယ်ပြောထားတဲ့ အလုပ်ခေါ် စာပေမယ့် ၄ ယောက်စလုံးကို ခန့်သွားပါတယ်။
ဂျပန်ကနေ ညီမလေးတွေကို စောင့်မျှော်နေမယ်နော်။
--------------------------------------------------------
ကျွန်မတို့ Hikari သင်တန်းကျောင်းဟာ ဂျပန်ကုမ္ပဏီ Myanmar HR Support LLC မှ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။
Myanmar HR Support LLC ဟာ ဂျပန်နိုင်ငံရဲ့ လိုင်စင်များဖြစ်တဲ့
▫️အလုပ်အကိုင်မိတ်ဆက်တဲ့လိုင်စင် 有料職紹介事業 27-ユ-304208
▫️ကျွမ်းကျင်လုပ်သား ကူညီစောင့်ရှောက်ရေးအဖွဲအစည်းလိုင်စင် 登録支援機関 24登- 009653
စတဲ့ လိုင်စင်များကို ရယူထားလို မြန်မာလူမျိုးပူးတွဲတည်ထောင်ထားတဲ့ ဂျပန်ကုမ္ပဏီ Myanmar HR Support LLC နဲ့ ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါတယ်။
25/04/2026
မနေ့က အင်တာဗျူးကြီးပါ 💖
24/04/2026
အင်တာဗျူးကြီးအတွက် လေ့ကျင့်ခြင်း
မင်္ဂလာပါရှင် こんにちは (konnichiwa) 🙏
သိပ်မကြာခင်မှာ ဖြေဆိုရမယ့် ကုန်ထုတ်အင်တာဗျူးကြီးအတွက် အင်တာဗျူး အစမ်းလေ့ကျင့်ခြင်းပဲဖြစ်ပါတယ်ရှင်။
ပထမရက်မှာ CV Form နဲ့ ပတ်သက်ပြီး စကားလုံးများကို Moe Sensei မှ ပြောပြခဲ့ပါတယ်။
ဒုတိယရက်မှာ အင်တာဗျူးဖြေဆိုပုံနဲ့ ပတ်သက်ပြီး Phyo Sensei မှ လေ့ကျင့်ပေးခဲ့ပါတယ်။
တတိယရက်မှာတော့ အစမ်းဖြေဆိုခြင်းအနေနဲ့ ဂျပန်ဆရာမ Kishioka Sensei မှ လေ့ကျင့်ပေးခဲ့ပါတယ်ရှင်။
၃ ရက်ဆက်တိုက် ကြိုးစားပေးတဲ့ ညီမလေးများ お疲れ様でした。💪
Interview ကြီးမှာ ညီမလေး လေးယောက်စလုံး အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော် 🫶
22/04/2026
အမြန်လူလိုနေလို့ အမြန်လာရောက်လျှောက်ထားနိုင်ပါတယ်။
📢 ကိုဘေးမြို့ (Kobe) တွင် အစားအသောက်ထုတ်လုပ်ရေး (Tokutei Gino) အလုပ်ခေါ်ယူခြင်း 🍱✨
特定技能1号 食品製造業 兵庫県
အလုပ်ခေါ်စာ TG26005
ခန့်အပ်မည့်လူဦးရေ - အမျိုးသား (၁) ဦး
---------------------------------------------------------
မြန်မာမှ ဂျပန်လာချင်နေသူ မောင်ငယ်၊ ညီငယ်များအတွက် အထူးသတင်းကောင်းလေး👇🏾👇🏾
📢 ဂျပန်နိုင်ငံ ကိုဘေးမြို့မှာအလုပ်လုပ်ရင်း အဆောင်ခ "အခမဲ့" နဲ့ ပိုက်ဆံအများကြီး စုချင်သူတွေအတွက် အခွင့်အလမ်းကောင်းတစ်ခု လာပါပြီ။
ဒီအလုပ်က ဗီယက်နမ်ဝန်ထမ်းတွေကို သေချာဂရုစိုက်ပြီး လက်တွဲလုပ်ကိုင်လာတာ (၇) နှစ်ကျော်ပြီဖြစ်လို့ မြန်မာဝန်ထမ်းသစ်တွေအတွက်လည်း စိတ်ချလက်ချ လုပ်ကိုင်နိုင်မယ့်နေရာတစ်ခု ဖြစ်ပါတယ်။
📌 အလုပ်အကိုင်အသေးစိတ်
၁။ အလုပ်နေရာ Hyogo-ken, Kobe-shi (ဟျောဂိုခရိုင်၊ ကိုဘေးမြို့)။
၂။ လစာအခြေခံလစာ ၁၉ သောင်း
(စနေ၊ တနင်္ဂနွေ အလုပ်ဆင်းပါက တစ်နာရီလျှင် ၁၃၀၀ ယန်း အထိ တိုးပေးပါမည်။)
၃။ အထူးခံစားခွင့်များ
• ရက်မှန်ကြေး (Attendance Bonus) - လစဉ် ၅၀၀၀ ယန်း။
• နှစ်သစ်ကူးကာလတွင် အပိုဆုကြေး (寸志) ချီးမြှင့်ပေးပါမည်။
၄။ အဆောင်နှင့် သွားလာရေး
• အဆောင်ခ လုံးဝ (အခမဲ့) ဖြစ်ပြီး အလုပ်ခွင်သို့ ခြေကျင် (၅) မိနစ်ခရီးသာ ဝေးပါသည်။
• တစ်ဦးလျှင် တစ်ခန်းနှုန်းဖြင့် သီးသန့်နေထိုင်ရပါမည်။ (အစပိုင်းလများတွင်သာ ၂ ဦးတစ်ခန်း ဖြစ်နိုင်သည်)။
• အသုံးပြုရန် စက်ဘီးလည်း ထုတ်ပေးပါမည်။
⏰ အလုပ်ချိန်နှင့် အချိန်ပို
• မနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ (8:00 - 17:00)။
• အချိန်ပို (OT) မှာ ပုံမှန်အားဖြင့် တစ်လလျှင် (၁၀) နာရီဝန်းကျင်ရှိပြီး၊
အလုပ်များသည့် နွေရာသီနှင့် ဒီဇင်ဘာလများတွင် နာရီ (၃၀) ခန့်အထိ ရှိတတ်ပါသည်။
✅ အလုပ်ခွင်အခြေအနေ
လက်ရှိမှာ ဗီယက်နမ်ဝန်ထမ်း (၁၃) ဦးခန့်ရှိပြီး အစောဆုံးရောက်ခဲ့တဲ့သူတွေဆိုရင် သိုခုတေးဂိနော အမှတ် ၂ အဆင့်အထိ တက်လှမ်းနေကြပါပြီ။ နိုင်ငံခြားသားတွေကို မိသားစုလို နွေးနွေးထွေးထွေး ဆက်ဆံတဲ့ အလုပ်ခွင်ကောင်းတစ်ခု ဖြစ်ပါတယ်။
❗️ လျှောက်ထားလိုသူများ လုပ်ဆောင်ရန်
၁။ အောက်ပါ goolge form ကို ဖြည့်ပါ။
https://forms.gle/ssSkuY1NMnGYTsm5A
၂။ scan ဖတ်ထားသော သို့မဟုတ် screenshot
ရိုက်ထားသော အောင်လက်မှတ်များကို Page Messenger သို့ ပို့ပေးပါ။
အဲ့ဒီနောက် လျှောက်ထားသူကို အစဥ်လိုက်ဆက်သွယ်ပြီး ပထမအဆင့်အင်တာဗျူးအတွက် ရက်နဲ့ အချိန်သတ်မှတ်တာကို လုပ်ဆောင်သွားပါမယ်။
ကျေးဇူးတင်ပါတယ်။
20/04/2026
🌸 こんにちは (konnichiwa) 🌸
အားလုံးပဲ မဂ်လာပါရှင် ...
ကျွန်မတို့ရဲ့ Hikari JLS ရဲ့ Co-Founder လည်းဖြစ်၊ ကျောင်းအုပ်ဆရာလည်း ဖြစ်တဲ့ အောင်ဆန်းဆေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။
အောင်ဆန်းဆေးဟာ ဂျပန်နိုင်ငံမှာ Language School တက်ရောက်ခဲ့ပြီး ကျောင်းတက်နေစဥ်အတွင်းမှာပဲ N1 ကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ကျောင်းမှဆရာ၊ ဆရာမများက အောင်ဆန်းဆေးရဲ့ အရည်အချင်းကို နှစ်သက်သဘောကျတာကြောင့် ဆရာ၊ ဆရာမများရဲ့ ထောက်ခံခြင်း၊ မိတ်ဆက်ပေးခြင်းနဲ့ ကန်ဆိုင်းဒေသမှာရှိတဲ့ Group of Companies တစ်ခုမှာ Language School ပြီးတာနဲ့ အလုပ်တန်းဝင်နိုင်ခဲ့သူပဲ ဖြစ်ပါတယ်။
စာသင်ကြားခြင်း အတွေ့အကြုံ ၅နှစ်ခန့်ရှိပြီး အသက် ၂၁နှစ် အရွယ်ကတည်းက ကိုယ်ပိုင်ဂျပန်စာသင်တန်းကျောင်းကို တည်ထောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ Group of Companies မှာ ကန်ဆိုင်းဒေသတဝိုက်ရှိ နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူများအတွက် အိမ်မိတ်ဆက်ပေးခြင်းကို တာဝန်ခံအနေနဲ့ လုပ်ကိုင်လျက်ရှိပါတယ်။
အောင်ဆန်းဆေးဟာ ကျွန်မတို့ Hikari JLS မှာ ကျောင်းအုပ်ချုပ်ခြင်းနှင့်တကွ ကျောင်းမိတ်ဆက်ခြင်းအပိုင်းကို အဓိက တာဝန်ယူ လုပ်ကိုင်လျက် ရှိပါတယ်။
အောင်ဆန်းဆေးရဲ့ ကြိုးစားအားထုတ်မှုများကြောင့် ကျွန်မတို့ရဲ့ Hikari JLS ဟာ ဂျပန်နိုင်ငံရဲ့ Class 1 Language School များနဲ့ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပါတယ်ရှင်။
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |