Lazybones' Chinese Class

Lazybones' Chinese Class Dedicate to Chinese Language Lovers who want to learn it by fun and easy way........

05/04/2026

ယနေ့ ဧပြီလ (၅) ရက်နေ့ကတော့ တရုတ်ရိုးရာ ချင်းမင်ပွဲတော် (တရုတ်သင်္ချိုင်းကန်တော့ပွဲ) (清明節) ဖြစ်ပါတယ်။ တချို့ကလည်း အုတ်ဂူသန့်ရှင်းရေးနေ့ (掃墓節) လို့ ခေါ်ကြပါတယ်။ ဒီနေ့ဟာ ထိုင်ဝမ်လူမျိုးတွေအတွက်သာမက ကမ္ဘာတစ်ဝန်းက တရုတ်နွယ်ဖွားတွေဟာလည်း ဘိုးဘွားတွေကို ပူဇော်ကန်တော့ကြပြီး ကွယ်လွန်သူတွေကို အောက်မေ့သတိရကြတဲ့ နေ့လည်းတစ်နေ့လည်း ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ ချင်းမင်ပွဲတော်ကို နှစ်စဉ် ဧပြီလ (၅) ရက်နေ့မှာ များသောအားဖြင့် ကျင်းပလေ့ရှိပါတယ်။ ဒီနေ့က တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) သမ္မတဟောင်း ချန်ကေရှိတ် (蔣中正) ကွယ်လွန်တဲ့နေ့နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ပိုပြီးတော့တောင် ထူးခြားနေပါတယ်။ ၁၉၄၉ ခုနှစ်နောက်ပိုင်း တရုတ်ပြည်မကြီးမှာ ဒီယဉ်ကျေးမှုကို ပိတ်ပင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ထိုင်ဝမ်မှာတော့ ဒီရိုးရာကို မပျက်မကွက် ဆက်လက်ထိန်းသိမ်းလာခဲ့တာပါ။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ဒီလိုခိုင်ခိုင်မာမာ ထိန်းသိမ်းနိုင်ခဲ့တာဟာ ထိုင်ဝမ်လူမျိုးတွေအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ချင်းမင်ပွဲတော်ကာလကိုတော့ ပွဲတော်နေ့မတိုင်ခင် (၁၀) ရက်နဲ့ ပွဲတော်ပြီးနောက် (၁၀) ရက်အထိ သတ်မှတ်ထားကြပါတယ်။ ဒီနေ့မှာ မိသားစုတွေဟာ ဘိုးဘွားအုတ်ဂူတွေကို သန့်ရှင်းရေးလုပ်ကြတယ်၊ ဘိုးဘွားတွေ ကြိုက်တတ်တဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ အရက်တွေနဲ့ ပူဇော်ကြသလို တမလွန်မှာ အသုံးပြုနိုင်ဖို့ ရွှေစက္ကူ၊ ငွေစက္ကူတွေကိုလည်း မီးရှို့ပေးတတ်ကြပါတယ်။

ဒါ့အပြင် နွေဦးရာသီကို ကြိုဆိုတဲ့အနေနဲ့ ကလေးတွေက ဒန်းစီးတာ၊ ရှေးဟောင်းဘောလုံးကန်တာ၊ စွန်လွှတ်တာနဲ့ သစ်ပင်စိုက်တာ စတဲ့ ပျော်ပွဲစားထွက်တဲ့ ဓလေ့တွေကိုလည်း ပြုလုပ်ကြပါသေးတယ်။ နေရာဒေသအလိုက် စားသောက်ကြတဲ့ ရိုးရာမုန့်တွေ အနည်းငယ် ကွဲပြားနိုင်ပေမယ့် အနှစ်သာရကတော့ မိသားစုတွေ ပြန်လည်ဆုံစည်းပြီး မိမိတို့ရဲ့ မျိုးရိုးအမြစ်အကိုင်းအခက်တွေကို အသိအမှတ်ပြု တန်ဖိုးထားကြတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - 中央社記者張皓安攝 115年4月4日

30/09/2025
19/09/2025
18/09/2025

8

18/09/2025

4

17/09/2025

တရုတ်စာသင်သူတိုင်း သိရမဲ့ သီချင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lazybones' Chinese Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lazybones' Chinese Class:

Shortcuts

Share