29/07/2023
GED က ဘာလဲ⁉️🤷♀️
အမေရိကန် အထက်တန်းကျောင်းနဲ့ ညီမျှတဲ့ diploma ဖြစ်ပြီး US ယူနီများ အကုန်လုံး လက်ခံတဲ့ diploma ဖြစ်ပါတယ်။ ကျောင်းသာမက အလုပ်လျှောက်ရာတွင်လဲ အလုပ်ရှင်များအကုန်လက်ခံ သောစာမေးပွဲဖြစ်တာကြောင့် လစာပိုရနိုင်ပါတယ်
’’Most colleges and employers see the GED and a high school diploma as the same. Just under 100% of U.S. schools accept the GED, including community colleges, private secondary or technical institutes, and universities.’’
‘’Coupling your GED with a decent ACT or SAT score will improve your chances of getting accepted into a top school.’’
‘’Many employers view these achievements equally, and getting a GED can lead to a higher salary. Many GED graduates can make more than $8,500 more every year than those without a GED or diploma.’’
(GED.com)
⚜️GED Exam ကရောဘယ်လိုတွေလဲ?
⚜️ဘယ်လိုလူတွေတက်လို့ရမလဲ?
⚜️ဘယ်နေရာမှာဖြေရမှာလဲ?
⚜️အသက်အရွယ်အကန့်အသတ်ရှိလား?
“ဒါတွေအကုန်လုံးကို ရှင်းပြပေးသွားပါမယ် အဆုံးထိဖတ်ပေးကြပါရှင်💁
ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းကတော့➡ GED ( General Educational Development)
တစ်နည်းအားဖြင့် အထက်တန်းပညာရေး ပဲ ဖြစ်ပါတယ်
ဒီနှစ်တွေအတွင်းမှာ GED Test ကို လေ့လာသင်ယူ ဖြေဆိုသူတွေများပြားလာပါတယ်
ဒါပေမဲ့ သူများက GED လို့ဆိုတိုင်း လိုက်တက်တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်က GED ဆိုတာက ဘာလဲဆိုတာကို သေချာသိဖို့လိုပါတယ်☑ ( ညီမလဲ GED ကိုလေ့လာနေတဲ့ သူတစ်ယောက်အနေနဲ့ sharing လုပ်ပေးသွားပါမယ်)
ကဲဒီတော့ စလိုက်ကြမယ်⏩
GED ဆိုတာက ( General Educational Development)
တစ်နည်းအားဖြင့် (high school equivalency credential) အထက်တန်းပညာရေးတစ်မျိုး ပဲ ဖြစ်ပါတယ်
Internationally accpected ပါ
ဒီGED Test အောင်ရင် ကိုယ်က အထက်တန်းပြီးစီးကြောင်း အောင်လက်မှတ်ကို ကိုင်ထားသလိုပါပဲ. 💯
GED ကို အထက်တန်းမပြီးသေးသော ကျောင်းသားတွေ ၊ အထက်တန်းပြီးသွားပေမဲ့လည်း ကတက္ကသိုလ်/ ကောလိပ်အတွက် လိုအပ်တဲ့သူတွေ စသည်ဖြင့် သင်ယူလို့ရပါတယ်(တစ်ခါတလေ တစ်ချို့ကျောင်းတွေမှာက ဆယ်တန်းအောင်လက်မှတ်နဲ့ မရတာမျိုးရှိပါတယ် ဒါကြောင့် GED ထပ်ဖြေဖို့လိုတာပါ ကိုယ်တက်မယ့်uni/college နဲ့ဆိုင်ပါတယ်)
တစ်ချို့ကမေးကြတယ် "GED ကို grade-8 အောင်တဲ့သူတွေရော တက်လို့ရလား❓ ”
တချို့ကတော့ grade-9 တက်ပြီးတဲ့သူတွေမှ စလေ့လာရင်ကောင်းမယ်လို့ အကြံပြုကြပါတယ်
ဒါမဲ့...
ညီမ အနေနဲ့ဖြေရရင် ကိုယ်က English Skills လုံလုံလောက်လောက်ရှိပြီး တကယ်စာလိုက်လုပ်ပြီး လေ့လာမယ်ဆိုရင် GED ကို စလေ့လာလို့ရပါတယ်✔
အခုဆိုရင်တော့ Pre-GED ဆိုပြီးပေါ်နေပါပြီ.
❗ GED ကို အသက်18 ပြည့်ရင်စဖြေလို့ရပါတယ် ဒါပေမဲ့ ကိုယ်က အသက်မပြည့်သေးဘူးဆိုရင်လဲ (မိဘရဲ့ ထောက်ခံချက်) Parental Content Form ကို GED website ကိုပို့ပေးရပါတယ်. ged.com Website ထဲမှာလဲ ရှင်းပြပေးထားပါတယ်
GED ကိုဘယ်နှလ လောက်လေ့လာရမှာလဲ?
ဟုတ်ပြီ ဒါက ကိုယ့်ရဲ့ သင်ယူနိုင်စွမ်းပေါ်မှာမူတည်ပါတယ်
ပုံမှန်ဆိုရင် 4-6လ အတွင်း သင်တန်းတွေတက်ပြီး ဖြေဆိုကြပါတယ် အမှတ်ကောင်းကောင်းရချင်ရင်တော့ သေချာအချိန်ယူပြီး လေ့ကျင့်ဖို့ လိုအပ်တယ်လို့ထင်ပါတယ်.
❗ အရင်ဆုံး သိထားရမှာက
GED ကိုတက်တော့မယ်ဆိုရင် ကိုယ်တိုင်က Englsih Level- Intermediate လောက်အနဲဆုံးရှိထားဖို့လိုအပ်ပါတယ်. Why?
အကြောင်းက ဘာသာရပ်4 ခုလုံးက English လိုပဲဖြစ်ပြီး Reading အားကောင်းမှ အဆင်ပြေမှာပါ. ( critical thinking ပိုင်းလဲ vital ဖြစ်ပါတယ်)
GED မှာ …
Reasoning Through Language Arts(RLA)
Mathematical Reasoning
Science
Social Studies
ဆိုပြီး ဘာသာရပ်4 ခုရှိပါတယ်.
🔸RLA က Reading ဖတ်ပြီး Analysis လုပ်ရတာမျိုးပါ.
🔸Mathematics ကတော့ လွယ်တယ်လို့ပြောလို့ရပါတယ်.
🔸Science မှာက Physics, Chemistry, Earth and Space and Life Science( တစ်နည်းအားဖြင့် Bio) ဆိုပြီး 4ခန်းရှိပါတယ်
🔸Social Studies ကြတော့ US ရဲ့ History, Government, Economic နဲ့ Geography အကြောင်းကို လေ့လာရတာပဲ ဖြစ်ပါတယ်.
🔸 Exam အကြောင်း
ဘာသာရပ်တစ်ခုစီကို 80 USD ဖြစ်ပြီး
လေးဘာသာဆို $320 ကျသင့်မှာဖြစ်ပါတယ်. Exam ရဲ့ထူးခြားချက်က ဘယ်ဘာသာကိုမဆို ကြိုက်တဲ့နေ့ဖြေလို့ရပါတယ်.
ဖြေဆိုသူက အဆင်သင့်ဖြစ်တဲ့အချိန် တစ်လကို တစ်ဘာသာနူန်းနဲ့ ဖြေလို့လဲရပါတယ်.
မဖြေခင် https://ged.com ပြထားတဲ့ website မှာ အနဲဆုံး တစ်လလောက်ကြိုပြီး schedule ယူဖို့ အကြံပေးပါတယ်.
Exam ရဲ့ အမှတ်ပေး စဉ်းမျဉ်းကတော့ 📄
တစ်ဘာသာကို အမှတ် 200 ဖိုးဖြေရမှာဖြစ်ပြီး 145/200 ဖြစ်မှ အောင်မြင်မှာပါ
145-164 ဆိုရင် Passing Score ဖြစ်ပြီး
165-174 ဆိုရင်တော့ College Ready ဖြစ်ပါတယ်
175-200 ဆိုရင် College Ready+ ဖြစ်ပါတယ်
Scholarship Try မယ့်သူတွေအတွက်ကတော့ 180-200 ရရင် ပညာသင်ဆုရနိုင်မယ့် အခွင့်အရေး ပိုရှိပါတယ်.”
✔ ပညာသင်ဆု နဲ့ college credits သေချာရချင်ရင်တော့ AP exam လဲဖြေဆိုဖို့အားပေးပါတယ်
GED ကို ဘယ်မှာဖြေရမှာလဲ❓
မြန်မာနိုင်ငံမှာ အခုလက်ရှိ GED ဖြေလို့ရမယ့် Test Center နှစ်ခုရှိပါတယ်
✅ Royal Academic Institute No. 275 , 3rd Floor , Red Hill Tower , Pyay Road , Yangon 11111 Myanmar
✅ INSTITUTE OF MANAGEMENT CONSULTANTS MYANMAR CO LTD Room 6 , Building 7 , First Floor , Myanmar Info - Tech , Hlaing Township , Yangon 11052 Myanmar
❗GED အောင်ပြီးလို့ နိုင်ငံခြားက University or College သွားတက်ရင် ဒီuni တွေ college တွေရဲ့ requirements တွေအရ English Language Proficiency Test Score (IELTS, etc.)တွေထပ်ပြရပါတယ်. တိုင်ပင်ရန် အခမဲ့ဆက်သွယ်လိုက်ပါ။ 💬 CB
☎️ Ph no. - 09685768656
🏢လိပ်စာ - နတ်မောက်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ နန်ယန်းကျောင်းနား
Get your GED using official GED test study material, classes, and practice questions. Learn how to get a high school equivalency diploma with GED®.