11/05/2023
ချစ်ဇနီးလေး ပိုးကြာဖြူခင်ကြောင့် ပြုံးပျော်တတ်လာပြီဆိုပြီး ပြောလာတဲ့ အကိုထွန်း😍
A page intended to upload awesome idea based videos to entertain especially myanmar people
11/05/2023
ချစ်ဇနီးလေး ပိုးကြာဖြူခင်ကြောင့် ပြုံးပျော်တတ်လာပြီဆိုပြီး ပြောလာတဲ့ အကိုထွန်း😍
07/05/2023
❗️ကယ် အစဉ်အလာမပျက် 4-0 😂
အောင်လဖန်တွေရှိလားဟေ့
❗️ညကထိုးသွားတဲ့ မြန််မာပြည်သား အောင်လနဲ့ရှောင်လင်တရုတ်ကြီး ဖန်ရောင် တို့ရဲ့ပွဲ
🎉 ဒီပွဲမှာ ကိုအောင်လတစ်ယောက် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပေမယ့်
တစ်ချို့ကလည်း
🗣️ “အရင်ကထက် နှေးနေတယ်”
🗣️ “အကျပိုင်းရောက်နေပြီ”
စသဖြင့် ဝေဖန်မှုတွေလည်း ရှိနေဆဲပါ ရှင့်။
👉 Mtube ပရိသတ်ကြီးတို့ရော ဒီပွဲအပေါ် ဘယ်လိုထင်မြင်ကြလဲ ?
👉 comment မှာသုံးသပ်ပေးသွားလို့ရပါတယ် ရှင့်။
05/05/2023
ကမ္ဘာပေါ်မှာ ရက်စက်ဆုံးက လူသားတွေပဲ..
ဒီနေ့ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခု
တရုတ်ပြည်မှာ ကြောင်လေးကို သူ့သခင်က Blender ထဲ အရှင်လတ်လတ်ထည့် ကြိတ်ပစ်တာကို video ရိုက်ထားတာ…
🚫(စိတ်ခိုင်မှကြည့်ကြပါနော်)🚫
Blender ထဲ ထည့်ကြိတ်ရုံတင်အားမရပဲ စက်ကိုရပ်ပြီး ခြေပြတ်လက်ပြတ် သွေးတွေနဲ့ အော်ပြီး မသေမရှင် ဖြစ်နေတဲ့ အချိန်မှာ microwave ထဲ ထည့်ပြီး မီးကင်ပြီး ရက်ရက်စက်စက် သတ်ပစ်ခဲ့တာပါတဲ့။
ဘယ်လောက်တောင် ခံစားသွားရမလဲ ခလေးရယ်…
မချစ်ရင်နေပါ ဒီလိုတော့ မရက်စက်သင့်ဘူးမလား။
Video က ဒီ link ရဲ့ comment မှာ ရှိပါတယ်။
👉🏻 https://www.facebook.com/100087518100309/posts/186962390897697/?app=fbl
* သူဒီလိုလုပ်နေတာ ဒီကလေးတကောင်တည်းမဟုတ်ပါဘူး။ ဖမ်းမိတဲ့အချိန် တခြားကြောင်လေးတွေအများကြီးလည်းတွေ့တယ်ပြောပါတယ်။ ၂၀၁၃ လောက်ကတည်းက လုပ်နေတာပါတဲ့။ လုပ်တဲ့သူကို ရဲဖမ်းသွားပေမယ့် ခံရတဲ့ ပြစ်ဒဏ်က ဘာမှ မနာမကျဉ်ရပဲ ထောင်တစ်သက်တစ်ကျွန်းကျရုံပဲ ဆိုတော့ တကယ် မကျေနပ်ပါဘူး။ တန်ပြန်ခံစားသင့်တာ။
Crd to owner
04/05/2023
ိုပြန်စိုးရိမ်နေတဲ့_AIရဲ့ဂေါ့ဒ်ဖားသား
အစွမ်းထက်တဲ့ AI စနစ်တွေ လေ့ကျင့်ပေးတာ ခြောက်လရပ်ပေးဖို့ သိပ္ပံပညာရှင် ၁၀၀၀ ကျော် လက်မှတ်ထိုး တောင်းဆိုတုန်းကတော့ သူမပါခဲ့ဘူး၊
ဘယ်ပါမလဲ သူက AI ရဲ့ ဂေါ့ဒ်ဖားသားလို့ အသိအမှတ်ပြုခံထားရတဲ့ပုဂ္ဂိုလ်၊ ဂျက်ဖရီ ဟင်တန် - Google မှာ AI နဲ့ ပတ်သက်လို့ ဆယ်စုနှစ်ချီ အလုပ်လုပ်နေတဲ့ပညာရှင်၊ အသက် ၇၅ နှစ် ရှိတာတောင် အလုပ်ပေးထားရတဲ့ AI နဲ့ ပတ်သက်ရင် တကယ့်ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး။
.. ..
ဒါပေမယ့် အခုတော့ AI နဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ မပြောမဖြစ်ပြောမှ ဖြစ်တော့မယ်ဆိုပြီး Google ကနေ အလုပ်ထွက်လိုက်တယ်။
"AI တွေ ဘယ်လောက် လိမ္မာပါးနပ်လာတယ်ဆိုတာ ရုတ်တရက် သဘောပေါက်လာတဲ့နောက် ဒီနည်းပညာနဲ့ ပတ်သက်လို့ အတွင်းရေးဖော်ထုတ်ဖို့ တစ်နည်း သံချောင်းခေါက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့
ဂျက်ဖရီ ဟင်တန်က မေလ ၂ ရက်နေ့မှာ CNN နဲ့ အင်တာဗျူးမှာ ပြောလိုက်တယ်။
"ဒီအရာတွေကို ဘယ်လိုရပ်တန့်ရမလဲဆိုတာကို အလေးအနက်ထား စိုးရိမ်သင့်တယ်လို့ ပြောချင်ပါတယ်"
လို့ ဆိုပါတယ်။
မေလ ၁ ရက်မှာလည်း ဟင်တန်ဟာ New York Times နဲ့ အင်တာဗျူးလုပ်ခဲ့ပါတယ်- အဲဒီမှာလည်း သူက AI ကြောင့် အလုပ်တွေပြုတ်ကြမှာရယ် အမှန်တရားကို ဒီထက်ပိုပြီး မသိနိုင်တော့တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးမိမှာကို စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
AI တွေဟာ မျှော်မှန်းထားတာထက် ကျော်လွန်ပြီး အံ့မခန်း တိုးတက်မှု အရှိန်အဟုန် ရနေပြီ ဆိုပါတယ်။
..
"ကျွန်တော်တို့ဆီက သင်ယူထားပြီးဖြစ်လို့ AI က ကျွန်တော်တို့ထက် အများကြီး ထက်မြက်လာမယ်ဆိုရင် သူတို့က ကြိုးကိုင်ချယ်လှယ်တဲ့နေရာမှာ အလွန်ကောင်းပါလိမ့်မယ်၊ ထက်မြက်မှုနည်းပါးတဲ့အရာက ပိုဉာဏ်ရည်ထက်တဲ့ အရာတွေကို ထိန်းချုပ်ထားနိုင်တယ်ဆိုတာ ဥပမာနည်းနည်းပဲ ရှိတာကြောင့်ပါ" လို့ ဟင်တန်က ရှင်းပြခဲ့ပါတယ်။
..
ဘယ်လို ပရိုဂရမ်လုပ်ရမလဲဆိုတာ AI က သိနေတဲ့အတွက် လူတွေချမှတ်ထားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ပြေလည်အောင် နည်းလမ်းတွေ ရှာနိုင်လိမ့်မယ်၊ အဲဒီကနေ လူတွေကို လိုချင်တာကို လုပ်ဖို့ ကြိုးကိုင်တဲ့ နည်းလမ်းတွေကို ရှာတွေ့လိမ့်မယ် လို့ ဆိုပါတယ်။
.. ..
အီလွန်မတ်စ် အပါအဝင် နည်းပညာကျွမ်းကျင်သူတွေ လက်မှတ်ထိုးကြတဲ့ AI လေ့ကျင့်မှုတွေ ခြောက်လရပ်ဖို့ တောင်းဆိုစာမှာ ဘာကြောင့် လက်မှတ်မထိုးလဲဆိုတော့ .. တိုးတက်မှုကို ရပ်တန့်နိုင်မယ်မထင်လို့ .. အမေရိကန်တွေ ရပ်ထားလည်း တရုတ်တွေကတော့ ရပ်မှာမဟုတ်တဲ့အတွက်ကြောင့်လို့ ဟင်တန်က ပြောပါတယ်။
.
တခြားပညာရှင်တွေထက် ဟင်တန်က AI အကြောင်းပြောတာ ဘယ်လောက်လေးနက်တယ်ဆိုတာ သိရဖို့ ဟင်တန့်အကြောင်း နည်းနည်းထည့်ပြောမှ ဖြစ်ပါမယ်။
.. ..
ဂျင်ဖရီဟင်တန်ဟာ A.I တော်လှန်ရေးကို ဖြစ်ပေါ်စေတဲ့ အခြေခံ သုတေသနစာတမ်းပေါင်း ၂၀၀ ရေးသားခဲ့ပြီး A.I လောက စူပါစတားတစ်ဦး ဖြစ်လာသူပါ။ အရင်က စိတ်ပညာကိုလေ့လာခဲ့ပြီး နောက်တော့ ကွန်ပြူတာသိပ္ပံကို ပြောင်းလေ့လာခဲ့ပါတယ်။
AI လောကရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်တွေဟာ စိတ်ပညာရှင်တွေ ဖြစ်ခဲ့ပါတယ်၊ ၁၉၅၇ ခုနှစ်က စိတ်ပညာရှင် ဖရန့် ရိုဆန်ဘလတ်က ဦးနှောက်အာရုံကြောတချို့ကို အတုယူဖို့ ဒစ်ဂျစ်တယ် အာရုံကြောကွန်ရက်တစ်ခုကို ဒီဇိုင်းထုတ်ခဲ့ပြီး ဒါကို perceptron လို့ ခေါ်ပါတယ်။ ဖရန့်က perceptron ရဲ့ ပထမဆုံးအလုပ်အဖြစ် ယောကျ်ားနဲ့ မိန်းမပုံတွေ စကင်န်ဖတ်ပေးရင်း ကြာကြာနေရင် မှတ်မိလာမယ်လို့ ထင်ခဲ့ပါတယ်။
ဒါနဲ့ အဲဒီစက် နာမည်ကြီးသွားပြီး လမ်းလျှောက်နိုင် စကားပြောနိုင် မြင်နိုင် စာရေးနိုင် သူ့ဘာသာသူ မျိုးပွားနိုင်ပြီး သူ့ဖြစ်တည်မှုကို သတိရှိစေမယ့် အီလက်ထရွန်းနစ် ကွန်ပြူတာ သန္ဓေသားလောင်း ပေါ်လာပြီလို့ နယူးယောက်တိုင်းမ်က အဲဒီတုန်းက ရေးခဲ့ပါတယ်။
ဒါပေမယ့် အားနည်းချက်တွေရှိနေပြီး အဲဒီတုန်းက ကွန်ပျူတာတွေက စွမ်းရည်နိမ့်လို့ ဖရန့်လိုချင်တာကို မဖြေရှင်းနိုင်ဘဲ ၁၀ နှစ်လောက်ကြာတော့ perceptron ကို ဘယ်သူမှ စိတ်မဝင်စားတော့ပါဘူး။
ဒါပေမယ့် လူ့ဦးနှောက်ဟာ အမှန်ပဲ အာရုံကြောကွန်ရက်တစ်ခုဖြစ်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ စနစ်တစ်ခုအတွက် ဖန်တီးထားတာ ထင်ရှားတယ်၊ ဒါကို သက်သေပြဖို့က အာရုံကြောကွန်ရက်တွေ တစ်နည်းနည်းနဲ့ အလုပ်လုပ်ဖို့ဖြစ်တယ်လို့ ယုံကြည်တဲ့သူ ပေါ်လာပါတယ်၊ သူကတော့ ဂျက်ဖရီဟင်တန်ပါပဲ။
..
ဟင်တန်ဟာ တိုရွန်တို တက္ကသိုလ်ကို ပြောင်းတက်ခဲ့ပြီး ဖရန့် ရိုဆန်ဘလတ်ရဲ့ အာရုံကြောကွန်ရက်ကို ပိုတိုးတက်တဲ့နည်းနဲ့ သုတေသနလုပ်ခဲ့ပါတယ်၊ အဲဒီအချိန်မှာ ကွန်ပျူတာတွေကလည်း အရင်ထက် ကောင်းလာပါပြီ။
၁၉၈၅ ခုနှစ်မှာတော့ ဟင်တန်ဟာ Boltzmann စက်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနေ့ခေတ် AI တွေက မာစီးဒီးကားဆိုရင် Boltzmann က ဖို့ဒ်မော်ဒယ်-တီလို့ အဓိပ်ပါယျရပါတယျ။
... ..
ဒါပေမယ့်လည်း တိုတိုပြောရရင် ဟင်တန်ရဲ့ Boltzmann ဟာလည်း ဖရန့်ရဲ့ perceptron လိုပဲ ကြာကြာနေတော့ မျှော်မှန်းသလို ဖြစ်မလာပြန်ပါဘူး၊ ဟင်တန်ဟာ လှောင်ပြောင်ခံရပြီး သိပ္ပံပညာရှင်အသိုင်းအဝိုင်းမှာကို စိတ်ကူးယဉ်သမားလို့ လှောင်ပြောင်ခံခဲ့ရပါတယ်၊ သုတေသနရန်ပုံငွေ မရတော့ပါဘူး။
.. .
တကယ်တော့ ဟင်တန်က ရှေ့ရောက်လွန်းနေတာဖြစ်ပြီး ကမ္ဘာကြီးက သူ့ကို လိုက်မမှီတာပါ၊ ကွန်ပျူတာတွေ အရှိန်အဟုန်နဲ့ မြန်ဆန်လာတဲ့နောက်ပိုင်း အင်တာနက်ကလည်းပေါ်လာချိန် ၂၀၀၆ လောက်ကျမှ ကမ္ဘာကြီးက သူ့ကို လိုက်မှီသွားပါတယ်။
ဟင်တန် ပြန်အသိအမှတ်ပြုခံရပြီး AI နဲ့ ပတ်သက်တဲ့စက်တွေ ပူးတွဲတီထွင်တာ၊ စာတမ်းတွေ ရေးတာတွေ ဆက်လုပ်နိုင်ပါတယ်။
.. ..
၂၀၁၂ ခုနှစ်ရောက်တော့ အသက် ၆၄ နှစ်ရှိနေပြီး ထိုင်တဲ့အခါတိုင်း ကျောရိုးချော်ထွက်စေတဲ့ နောက်ကျောဒဏ်ရာကြောင့် အမြဲတန်း မတ်တပ်ရပ်နေရတဲ့ ဟင်တန်နဲ့အဖွဲ့ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ မှာ IMAGENET လို့ခေါ်တဲ့ ပထမဆုံးသော နက်နဲအာရုံကြောကွန်ရက်တုကို ဖန်တီးခဲ့ပါတယ်။
ဒီစက်စွမ်းရည်ကို သိပ္ပံအသိုက်အဝန်းကတဆင့် ငလျင်လှုပ်ခတ်သွားစေပြီး အာရုံကြောကွန်ရက် ဆန်းသစ်တီထွင်မှုလှိုင်း စတင်ခဲ့ပါတယ်၊ အာရုံကြောကွန်ရက်ကို စသုံးပြီး ခုနစ်နှစ်တာအချိန်လောက်အတွင်းမှာ အရာဝတ္ထုတွေကို မှတ်မိနိုင်မှုစံနှုန်းဟာ ဂျက်ဖရီရဲ့စက်ဟာ ၇၅ % ကနေ ၉၅ %အထိ တိကျလာပါတယ်။
လူသားတွေထက် အရာတွေကို ပိုမှတ်မိတဲ့ ကွန်ပျူတာဆိုတာ သမိုင်းမှာ မကြုံစဖူးပါ။
မကြာခင်မှာပဲ အာရုံကြော ကွန်ရက်တွေပေါ် သုတေသနနဲ့ အထွေထွေ စိတ်ဝင်စားမှုဟာ ရေလွှဲတံခါးပွင့်သလို ဖြစ်လာပြီး ကမ္ဘာကြီးကို ပြောင်းလဲစေပါတော့တယ်။
... .
ဟင်တန်ရဲ့ စက်က ရုပ်ပုံတွေကို ကောင်းကောင်း မှတ်မိနိုင်တဲ့အချက်က ၂၀၁၀ ခုနှစ်နှောင်းပိုင်းမှာ ရောဂါနဲ့ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်မှုကိစ္စတွေကို သာမာန်ဖြစ်စေခဲ့ပါတယ်၊ ပုံဖော်တယ်ဆိုတာ အစပဲ ရှိပါသေးတယ်၊ မကြာခင်မှာ အာရုံကြောကွန်ရက် A.I နည်းပညာကို ဗီဒီယိုတွေ စကားပြောတွေ သိပ္ပံပညာနဲ့ ဂိမ်းတွေမှာပါ တွေ့လာရပါတယ်။
...
ဟင်တန်လည်း တိုရန်တိုတက္ကသိုလ်က ပါမောက္ခအလုပ်အပြင် Google မှာ ဒုဥက္ကဌပါ ဖြစ်လာပါတယ်။ သူနဲ့တွဲဖက် လီကွန်(Facebook ဒုတိယဥက္ကဌ) တို့ဟာ A.I ကို ပံ့ပိုးကူညီမှုအတွက် ၂၀၁၈ ခုနှစ်မှာ Turing ဂုဏ်ပြုဆု ရခဲ့ပါတယ်၊ ဒီဆုဟာ ကွန်ပြူတာလောကရဲ့ နိုဘယ်လ်ဆုလို့ သတ်မှတ်ခံထားရပါတယ်။
... ..
ဒီနေ့တော့ A.I ကို နေရာတိုင်းမှာ တွေ့နေရပြီ ဖြစ်ပြီး အခု Open AI က ဖန်တီးလိုက်တဲ့ Chatbot မော်ဒယ်တစ်မျိုး ဖြစ်တဲ့ ChatGPT ကြောင့် ကမ္ဘာကြီး လှုပ်ခတ်သွားရာက..
အခုလို AI ဖွံ့ဖြိုးမှုအပေါ် AI ဂေါ့ဒ်ဖားသားရဲ့ သတိပေးမှုပါ ဖြစ်လာတော့တာပါပဲ။
.. ...
~ မင်းမြတ်စံ ~
crd
ကူးယူ ဖော်ပြပေးလိုက်ပါတယ် ။
03/05/2023
😎 ကယ်” ဝှေးစေ့မှာ တက်တူးထိုးထားတဲ့သူတွေ AI jersey တစ်ထည်ရမယ် 🙄
❗️ဓာတ်ပုံရိုက်ပြီးသက်သေနဲ့တစ်ကွ chat box မှာလာတောင်းလို့ရပါတယ်ရှင့် 😒
02/05/2023
❗️ရင်သားထဲ ဆီလီကွန်ထည့်ထားတယ်ဆိုတဲ့ မော်ဒယ် ခင်ရတီသင်း 🫡
👉 ယခုလို ပွင့်လင်းမြင်သာခေတ်ကြီးမှာ ဆက်ဆီမမ ခင်ရတီသင်းကတော့ သူ့ချိုချို🍼ထဲ ဆီလီကွန် ထည့်ထားတဲ့အကြောင်းကို ပြောင်ပြောင်တင်းတင်းဘဲ ဖွင့်ဟလာခဲ့ပါတယ် 😐
👉 အရင်က မြန်မာဝတ်စုံလေးတွေနဲ့ နာမည်ကြီးခဲ့တဲ့ ရတီဟာ ဆီလီကွန်ထိုးပြီးနောက်ပိုင်း အတိုအပြတ် အတွန့်အတက်တွေကိုဘဲ ခပ်စိတ်စိတ် ဝတ်လာခဲ့တာအသိသာကြီးပါ🌚
👉 ဘာသာရေး အစွန်းရောက်ပရိသတ်တွေရဲ့ဝေဖန်မှုများရှိနေပေမယ့်လည်း မမကတော့ ပြပြီးရင်းပြပါဘဲ😬
👉 mtube ပရိသတ်လေးတို့ရော ? ရတီ့ကို
ဝေဖန်မှာလား ? အရင်လိုဘဲချစ်နေပေးဦးမှာလားဟင် ? 🙄😒
***s
30/04/2023
ဘယ်သူ့ကိုအချစ်ဆုံးလဲ ? ဖြေခဲ့ 😒
27/04/2023
❗️ချစ်သူအသစ်လေးရဲ့ နာမည်ကို တက်တူးထိုးပြီး မိတ်ဆက်လိုက်တဲ့ ဘီဘီဆာဆာကို ပရိသတ်များဝိုင်းဆဲ ☹️
🚀 လွှမ်းပိုင်နဲ့သူနဲ့ ပြတ်တာ လွှမ်းပိုင်ကြောင့်ပါလို့ ညာတာပါတေး ပရိသတ်တွေကို ပလာတာကျွေးခဲ့တဲ့ ကြောင်သူတော်မလေး ဘီဘီဆာဆာဟာ သူ့ရဲ့ လက်ရှိချပြနေဆဲ ချစ်သူပါကင်ပိတ်လေးနဲ့ တွဲသွားတွဲလာလုပ်နေတာဟာ ရည်းစားဟောင်း ဘိုပိုင်ကြီးနဲ့ မပြတ်ခင်ကတည်းကပါ။
🚀 မကြာသေးခင်က ဟိုးလေးတစ်ဂျော်ဖြစ်ခဲ့တဲ့ တရားဝင်ပြတ်စဲကြောင်း Facebookပေါ် အသီးသီးတင်ခဲ့ကြတဲ့ post တွေမှာလည်း အရှုပ်အရှင်း အပုတ်အပင်းကင်းတဲ့ လမ်းခွဲမှုပါလို့ အတိအလင်းချပြထားခဲ့တာပါ။
🚀 တရားဝင်ပြတ်စဲပြီးကတည်းက ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို မတဘဲ တဝကြီး ခံယူခဲ့ရတာက ဘိုပိုင်ကြီး ခေါ် လွှမ်းပိုင်။ မိန်းကလေးတစ်ယောက်ကို တကယ်အတည်မယူဘဲ နှစ်တွေအများကြီး တွဲခဲ့လို့ပါတဲ့။
🚀 ဒါပေမယ့် တစ်ဖက်မှာ သူ့ရဲ့ချစ်သူအသစ်လေးနဲ့ အပြုံးမပျက် အမုန်းမဖက် ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေခဲ့တာက ငါးစိမ်းမြင်ငါးကင်ပစ်ခဲ့တဲ့ ပရိသတ်အချစ်တော် ဘီဘီဆာဆာ။
🚀 ဒါပေမယ့်မကြာပါဘူးရှင့်။ မကြာသေးခင်က သူကိုယ်တိုင်ချပြလာတဲ့ သူ့ခါးပေါ်မှာတက်တူးအဖြစ်ထိုးထားတဲ့ ရည်းစားအသစ်လေးရဲ့ နာမည်နဲ့အတူ သူ့ချစ်သူကောင်လေးတင်ခဲ့တဲ့ သူတို့နှစ်ယောက် တွဲသွားတွဲလာ လုပ်နေခဲ့တဲ့ပုံတွေဟာ ပရိသတ်တွေရဲ့ မေတ္တာဓာတ်ကို ဝေဖန်သံတွေအဖြစ် ပြောင်းလဲစေခဲ့ပါပြီ။
❗️ကဲ….အဆဲသန်တဲ့ပရိသတ်နဲ့ အကဲသန်တဲ့ဘီဘီဆာဆာတို့ တွေ့ကြပြီပေါ့ရှင်။ 🤣
👉 Mtube ပရိသတ်လေးတို့ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း comment အောက်မှာရေးသွားဖို့မမေ့ရဘူးနော်။