21/03/2024
ဖတ်ကြည့်ပါ တခြားသူတွေသိအောင်လည်း မူရင်းပို့စ်ကို Share သွားပေးကြပါနော်
GED စာမေးပွဲဖြေဖို့ အချိန်ဘယ်လောက်ယူရမလဲ ❔
📌 3လအပြတ် 6 လအပြတ် အစရှိသဖြင့် GED သင်တန်းအမျိုးမျိုးကို ကြားဖူးကြမှာပါ။
ဒါပေမဲ့ ဘယ်သင်တန်းကမှ အချိန်ဘယ်လောက်ကြာသင့်တယ်ဆိုတာမျိုးကိုတော့ ညွှန်ကြားထားခြင်းမရှိပါဘူး။
GED စာမေးပွဲဖြေဖို့ အချိန်ဘယ်လောက် လိုလဲအပေါ် စဉ်းစားထားရမဲ့အချက်လေးတွေ ရှိပါတယ်။
1. Minimum Requirements
English စာ level အနည်းဆုံး intermediate level ရှိရပါမယ်။ GED စာတွေ အကုန်လုံးက English လိုပဲ သင်ကြားရမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စာအနည်းဆုံး လိုအပ်ပါတယ်။
မြန်မာ စနစ်ဟောင်း 8တန်းအောင်ထားမှ Maths နဲ့ science သင်ယူဖို့ အဆင်ပြေမှာဖြစ်ပါတယ်။
2. Subject Duration
ဘာသာရပ်တစ်ခုနဲ့ တစ်ခု လေ့လာရတာမတူတဲ့အပြင် တစ်ဦးတစ်ယောက်ချင်းမတူညီတဲ့အတွက် ဘာသာရပ်အလိုက် ကြာချိန်ကွာနိုင်ပါတယ်။
- ပျမ်းမျှ ဘယ်လောက်ကြာမလဲ ❔
ပျမ်းမျှအားဖြင့် ၃ လကနေ ၁ နှစ် အတွင်းကြာနိုင်ပါတယ်။ အုပ်စု ၃ ခုခွဲပြီး ပြောပြရရင်
1️⃣ မြန်မာ ၁၀ တန်းအောင်ထားသူတွေအနေနဲ့ ၃ လ ကနေ ၄ လ အနည်းဆုံးအချိန်ယူရပါမယ်။
2️⃣ မြန်မာ ၉ တန်းအောင်ထားသူတွေအနေနဲ့ ၄ လကနေ ၆ လ အနည်းဆုံး အချိန်ယူရပါတယ်။
3️⃣မြန်မာ ၈ တန်းအောင်ထားသူတွေအနေနဲ့ Pre GED ကစတင်ပြီး ၄ လကနေ ၁နှစ်ထိ အချိန်ယူသင့်ပါတယ်ရှင်။
❗️သတိပြုရန်
ကျောင်းသားတစ်ဦးနဲ့တစ်ဦး နားလည်တတ်မြောက်မှုခြင်း မတူညီနိုင်တဲ့အတွက် တထစ်ချ မှတ်ယူထားလို့တော့မရပါဘူးရှင်။🙅🏼♀️
✅GED , Social Studies ဘာသာရပ်အတွက် online Video Class တက်ရောက်လိုပါက Page Chat Box ကနေအသေးစိတ်မေးမြန်း၍ လေ့လာနိုင်ပါသည် ။
📣 GED Foundation + Preparation VIDEO CLASS
📌Self study Learners တွေအတွက် GED Social Studies ဘာသာရပ်ရဲ့ Foundation and Preparation VIDEO Class
▪️ GED ကို အခုမှစပြီးလေ့လာနေတဲ့သူတွေ
▪️ သင်တန်းတက်ဖို့ အချိန်သီးသန့်မပေးနိုင်သူတွေ
▪️ Video Class နဲ့ Self study လုပ်ချင်သူတွေအတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်
📌 Video Class ဖြစ်တာကြောင့် လိုင်းမကောင်းတာ၊ သင်တန်းအချိန်အဆင်မပြေတာမျိုး စိတ်ပူစရာမလိုတော့ပါဘူးနော်
📗MC Graw Hill Pre GED Foundation
📗 MC Graw Hill GED Preparation
📗 Kaplan GED Test Prep Plus
( Social Studies ဘာသာရပ် အတွက်သာဖြစ်ပါသည် )
📚 စာအုပ်သုံးအုပ်မှာပါသော အပုဒ်တိုင်းကို ခေါင်းစဉ်အလိုက် ရှင်းပြထားတဲ့ Vedio file တွေကို Telegram Group နဲ့ Facebook Group မှာ နေ့စဉ် Video တွေတင်ပေးသွားမှာဖြစ်ပါတယ်
📚 သုံးအုပ်လုံးက သင်ခန်းစာတွေကို တစ်နှစ်အတွင်း အပြီး တင်ပေးမှာဖြစ်ပါတယ်
📚 Video တွေကို အချိန်မရွေးပြန်ကြည့်နိုင်အောင် အချိန် အကန့်အသတ်မရှိ ထားပေးမှာဖြစ်ပါတယ်
( အနည်းဆုံး သုံးနှစ် အထိ groupမဖျက်ပါဘူးရှင့် )
🔹Fee - 50000 MMK
👉 စာအုပ်သုံးအုပ်လုံးမှ social studies ဘာသာရပ်၏ သင်ခန်းစာ အားလုံး
❣️သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက
✍️ Page Messenger
☎️ 09942863476 တွင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
06/03/2024
✅ GED ဆိုတာဘာလဲ ?
GED ရဲ့ အရှည်ကောက်ကတော့ General Educational Development ဖြစ်ပါတယ် ။ GED ဟာ အမေရိကန်နိုင်ငံရဲ့ အထက်တန်း ပညာရေး ( ၁၂ ) တန်း (Grade 12) နဲ့ ညီမျှတဲ့ USA High School Diploma တစ်ခုဖြစ်ပါတယ်
ယခုအခါ USA နှင့် Canada / Thailand / Australia / Singapore/ UAE နှင့် New Zealand နိုင်ငံများအပြင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံတကာ တက္ကသိုလ်နှင့် ကောလိပ်များမှလည်း GED Diploma ကိုအသိအမှတ်ပြုလက်ခံနေပြီဖြစ်ပါတယ်။
✅ GED Diploma တစ်ခု ၏သက်တမ်းသည် မိမိတစ်ဘဝလုံးအတွက် အသုံးပြုနိုင်ပါသည်။
GED Diploma သည် IGCSE , SAT တို့ ကဲ့သို့ပင် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိထားပါတယ်။
✅ GED ရဲ့အားသာချက်ကတော့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် တက်ရောက်သင်ကြားနိုင် ခြင်း၊ အထက်တန်းမပြီးမြောက်သေးပေမယ့်လည်း GED ဖြေဆိုကာကမ္ဘာတစ်ဝန်းရှိနိုင်ငံတစ်ကာတက္ကသိုလ် နှင့်ကောလိပ်များတွင်ဆက်လက်ပညာသင်ကြား နိုင်ခြင်း တို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ လည်း ပိုမိုရရှိနိုင်ပါတယ်။
✅ GED Class ကိုဘယ်သူတွေတက်သင့်လဲ ???
မြန်မာနိုင်ငံမှ အထက်တန်းပညာရေး (၉ တန်း/၁၀ တန်း တက်ရောက်နေသူများနှင့် တက်ရောက်ပြီးသူများ) ၊ အလယ်တန်းပညာရေးပြီးဆုံးထားသူများ ၊ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းမပြီးတဲ့သူများ၊ Foreign University တက်ချင်ကြတဲ့သူများ၊ Admission Requirement ကြောင့် GED လိုအပ်သူများ ၊ IGCSE မဖြေဆိုချင်သောသူများ၊ USA, Canada, Thailand, Australia, Singapore အစရှိသည့်နိုင်ငံ များတွင် ပညာဆက်လက်သင်ကြားလိုသူများ တက်ရောက်သင့်ပါသည်။
✅ GED မှာ ဘာတွေလေ့လာရမှာလဲ ???
• 𝑴𝒂𝒕𝒉𝒆𝒎𝒂𝒕𝒊𝒄𝒂𝒍 𝑹𝒆𝒂𝒔𝒐𝒏𝒊𝒏𝒈
• 𝑹𝒆𝒂𝒔𝒐𝒏𝒊𝒏𝒈 𝑻𝒉𝒓𝒐𝒖𝒈𝒉 𝑳𝒂𝒏𝒈𝒖𝒂𝒈𝒆 𝑨𝒓𝒕𝒔
• 𝑺𝒐𝒄𝒊𝒂𝒍 𝑺𝒕𝒖𝒅𝒊𝒆𝒔
• 𝑺𝒄𝒊𝒆𝒏𝒄𝒆
ဆိုတဲ့ ဘာသာရပ် (၄)ခုကိုလေ့လာသင်ကြားရမှာဖြစ်ပါတယ်။
✅ GED Test ကိုဘယ်လိုသူတွေဖြေဆိုနိုင်လဲ ???
အသက် ၁၈ နှစ်နှင့်အထက် မည်သူမဆိုဝင်ရောက်ဖြေဆိုနိုင်ပါသည်။ သို့သော် (၁၆)နှစ် ပြည့်ပြီး (၁၈)နှစ် မပြည့်သေးသူများဆိုလျှင် Parent Consent Form ကို ဖြေဆိုမည့်ကျောင်းသား နှင့် မိဘ အုပ်ထိန်းသူ တို့မှ လက်မှတ်ထိုးပြီး ဖြေဆိုမည့် ကျောင်းသားကိုယ်တိုင် GED သို့ မေးလ် ပို့ပြီး Approval Request လုပ်ရပါ တယ်။
✅ GED Test ကိုဘယ်လိုဖြေဆိုရမလဲ ???
GED Tesst ကို အလွယ်တကူ Online Testing ဖြင့်ဖြေဆိုနိုင်ပြီး GED ရဲ့ Official Website ဖြစ်သည့် ged.com တွင် မိမိဖြေဆိုလိုသော နေ့ရက်ကို ကြိုတင်ပြီးစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။ ဘာသာရပ်အား လုံးကို တစ်ပြိုင်ထဲဖြေဆိုစရာမလိုဘဲ ဘာသာရပ်တစ်ခုချင်းစီဖြေဆိုရမည်ဖြစ်ပါသည်။ စာမေးပွဲကြေးမှာ တစ်ဘာသာ US$ 80 ပေးသွင်းရမှာဖြစ်ပြီး ဖြေဆိုအာင်မြင်ပါက Transcript နှင့် Diploma ရရှိမှာဖြစ်ပါ တယ်။
✅ GED အောင်မှတ် ကိုဘယ်လိုသတ်မှတ်ထားသလဲ ???
အောင်မှတ်သည် တစ်ဘာသာ စုစုပေါင်း 200 မှတ် တွင် 145 မှတ် ရမှအောင်မြင်မည်ဖြစ်ပါသည်။ အသေးစိတ်မှာ 145 (passing score) , 165-174 (College Ready ) and 175-200 ( College Ready + Credit) ဖြစ်ပါတယ်။ GED Test ကိုတစ်ကြိမ်ဖြင့် မအောင် မြင်ခဲ့ပါက အချိန်ကြာကြာထပ်စောင့်စရာမလိုဘဲ ပြန်လည်ဖြေဆိုနိုင်ခွင့် ရရှိပါမည်။
✅ GED ဖြေဆိုအောင်မြင်ပြီးရင်ရော???
GED ဖြေဆိုအောင်မြင်ပြီးရင် အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ စင်ကာပူ၊ ထိုင်း၊ နယူးဇီလန် စသည်ဖြင့် နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ဆက်လက်ပညာသင်ယူနိုင်ရန် လျှောက်ထားနိုင်ပါသည်။
05/03/2024
💭GED , Social Studies ကို နားလည်အောင် ဘယ်လိုလေ့လာမလဲ ?
မြန်မာနိုင်ငံကကျောင်းသားတွေအတွက် GED , Social Studies ဘာသာရပ်ဟာ မြန်မာသင်ရိုးနဲ့ မဆက်စပ်တာကြောင့် ခက်ခဲတယ်လို့ထင်ကြပါတယ် ။ အဓိကအားဖြင့်တော့ Social မှာ သမိုင်း /အုပ်ချုပ်ရေး / ပထဝီဝင် နဲ့ စီးပွားရေးဆိုပြီး အပိုင်းတွေ ပါပြီး အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့အခင်အကျင်းတခုလုံးစာကို ခြုံငုံပြီးမေးကြပါတယ် ။
GED မှာ Social Studies ဘာသာရပ်အနေနဲ့ Knowledge ပိုင်းကို စစ်တာကြောင့် ပထမဦးဆုံးအနေနဲ့ လေ့လာရတာကျယ်ပြန့်တယ်လို့ ယူဆလို့ရပါတယ် ... GED အတွက် ပြဌာန်းစာအုပ်မရှိပေမယ့် အများစုက MC Graw Hill , Kaplan စတဲ့ စာအုပ်တွေကို ဖတ်ရှုလေ့လာကြပါတယ် ။ Foundation, Preparation, Pre Plus စသည်ဖြင့် စာအုပ်တွေရှိပါတယ်
Social Studies ဘာသာရပ်မှာ American History, Government, Economic and Geographyအကြောင်းကို ဖြေဆိုကြရမှာဖြစ်ပြီး စာမေးပွဲကြာချိန် ၇၀ မိနစ်ဖြစ်ပါတယ်။
📌 လေ့လာကြရမဲ့ topics တွေကတော့
- Reading for Meaning in Social Studies
- Analyzing Historical Events and Arguments in Social Studies
- Using numbers and graphs in social studies တို့ပဲဖြစ်ပါတယ်။
✅ ဆရာမအနေနဲ့ အကြံပေးလိုတာက စာအုပ်တစ်အုပ်ချင်းစီ မဖတ်ပဲ Timeline နဲ့လေ့လာတာက သမိုင်းကြောင်းကို ပိုပြီးမှတ်မိစေပါတယ်
သမိုင်းကြောင်းကို သေချာသိလာရင် အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရရဲ့ အခန်းကဏ္ဍတွေကို လေ့လာရတာ ပိုပြီး နားလည်သဘောပေါက်စေပါတယ်
ဒါကြောင့် ဆရာမအနေနဲ့ video lesson တွေကို Timeline အလိုက် သေချာရှင်းပြထားပြီး Google က ရှာဖွေလေ့လာမှုတွေကိုပါ ပေါင်းစပ်သင်ကြားပေးထားတာမို့ ကျောင်းသားတွေ စိတ်သက်သာ လူသက်သာပြီး လေ့လာရလွယ်ကူစေမှာပါ
✅ GED , Social Studies ဘာသာရပ်အတွက် online Class များကို " GED , Social Studies By Tr.Htet Wai " ... page တွင် အသေးစိတ်မေးမြန်း၍ လေ့လာနိုင်ပါသည် ။
Telegram User Name -
GED , Social studies ဘာသာရပ်အား ပထမဆုံးစတင်လေ့လာရန် " The earliest civilization " #mcgrawhill
GED , Social Studies ကို နားလည်အောင် ဘယ်လိုလေ့လာမလဲ ? မြန်မာနိုင်ငံကကျောင်းသားတွေအတွက် GED , Social Studies ဘာသာရပ်ဟာ မြန်မာသင်ရိုးန.....