Noble Enlightenment Education Centre

Noble Enlightenment Education Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Noble Enlightenment Education Centre, Education Website, Ah Kauk Khun 6th, Yangon.

16/08/2026

Effective English Communication အတန်းကို သင်ကြားပေးရင်း ကျောင်းသား၊ ကျောင်းသူများရဲ့ English Communication Skills နဲ့ Confidence တိုးတက်လာအောင် အမြဲတမ်း လမ်းညွှန်ပေးနေတဲ့ ဆရာမျိုးခိုင်ကျော်ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🌷
ဒီမွေးနေ့မှစပြီး ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းများနဲ့ ပြည့်စုံတဲ့ နှစ်သစ်တစ်နှစ် ဖြစ်ပါစေ။
သင်ကြားပေးနေတဲ့ ပညာအလင်းရောင်တွေကလည်း ပိုမိုများပြားတဲ့ လူငယ်တွေရဲ့ အနာဂတ်ကို ဆက်လက်လင်းပေးနိုင်ပါစေ။ ✨
Keep inspiring. Keep empowering. Keep making a difference. 💙
🎉 Happy Birthday, Tr. Myo Khaing Kyaw!
— NEEI Family 💐

🌿✨ **Day-1 မှ စတင်လိုက်တဲ့ TEFL Journey ✨🌿Diploma in Teaching of English as a Foreign Language (TEFL) အတန်းသစ်လေးကို စတင...
12/08/2026

🌿✨ **Day-1 မှ စတင်လိုက်တဲ့ TEFL Journey ✨🌿

Diploma in Teaching of English as a Foreign Language (TEFL) အတန်းသစ်လေးကို စတင်တက်ရောက်ကြပြီ ဖြစ်ပါတယ်။ 📚

သင်ကြားရေးအတွေ့အကြုံများကို မျှဝေပြီး အသစ်အသစ်သော Knowledge များကို ရယူခြင်းနဲ့အတူ Professional English Teacher တစ်ယောက်ဖြစ်လာဖို့ အတူတကွ ကြိုးစားသွားကြမယ်နော်။ 💙 ✨

Happy Birthday, Tr. Myat! 🎉✨Warmest birthday wishes to Tr. Myat from all of us at Noble Enlightenment Education Institut...
09/08/2026

Happy Birthday, Tr. Myat! 🎉✨

Warmest birthday wishes to Tr. Myat from all of us at Noble Enlightenment Education Institute!
May this special day bring you endless joy, peace, and inspiring new moments. Thank you for your hard work, dedicated passion, and constant encouragement as an educator. May the coming year be filled with success, good health, and wonderful milestones in both your personal and professional journey.
Have a joyful and memorable birthday celebration! 🎂🎁🌟

💙 Special needs ကလေးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေတို့အတွက်…တစ်ခါတလေ သားသား/မီးမီးလေးရဲ့ အပြုအမူတွေကို နားမလည်နိုင်ဖြစ်...
03/08/2026

💙 Special needs ကလေးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေတို့အတွက်…

တစ်ခါတလေ သားသား/မီးမီးလေးရဲ့ အပြုအမူတွေကို နားမလည်နိုင်ဖြစ်မိလား…?

“ဘာကြောင့် ဒီလိုဖြစ်နေတာလဲ…”
“ဘယ်လိုပြောရမလဲ…”
“ဘယ်လိုကူညီပေးရမလဲ…”

ဆိုပြီး စိုးရိမ်ပူပန်ရတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။

ဒါပေမယ့်…ကလေးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်ကမ္ဘာလေးတွေ ရှိပါတယ်။ 💙

ကိုယ့်ကလေးရဲ့ အပြုအမူတွေက ဘယ်လိုဖြစ်နေလဲ ဘယ်အရွယ်က စဖြစ်နေတာလဲဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် နဲ့ ဒီလို အပြုအမူတွေ ကိုနားလည်ပေးနိုင်ဖို့အတွက် မေမေတွေ ဆရာမတွေက သိရှိနားလည်ထားဖို့လိုအပ်ပါတယ် ။

သူတို့ကို ပြောင်းလဲဖို့ မဟုတ်ပါဘူး…
သူတို့ရဲ့ ကမ္ဘာလေးကို နားလည်ပေးဖို့လိုပါတယ်။

ကလေးရဲ့ အပြုအမူနောက်ကွယ်က အကြောင်းရင်းတွေကို သိရှိပြီး ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်ဖို့၊ လမ်းညွှန်ပေးနိုင်ဖို့အတွက်

🎓 Diploma in Applied Child Psychology and Behavioral Guidance

မှာ လေ့လာနိုင်ပါတယ်

ဒီသင်တန်းမှာတော့ —
🌱 Child Psychology & Development
🌱 Autism Spectrum Understanding
🌱 ADHD နှင့် Behavioral Challenges
🌱 ကလေးများ၏ စိတ်ခံစားမှုကို နားလည်ခြင်း
🌱 Positive Behavior Guidance Techniques

တို့ကို လေ့လာနိုင်မှာဖြစ်ပါတယ်။

မေမေတို့ရဲ့ နားလည်မှုတစ်ခုက…
ကလေးလေးရဲ့ အနာဂတ်အတွက် အရေးကြီးဆုံး အားပေးမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ 💙

👥 ဘယ်သူတွေ တက်သင့်လဲ?
✅ Autism (ASD) သို့မဟုတ် ADHD ရှိတဲ့ ကလေးများရဲ့ မိဘများ
✅ Preschool, Primary နှင့် Secondary School ဆရာ/ဆရာမများ
✅ Teaching Assistant များ
✅ Childcare Provider များ
✅ Counselor နှင့် Special Education ကို စိတ်ဝင်စားသူများ
✅ ကလေးများ၏ စိတ်ပညာနှင့် အပြုအမူကို နားလည်လိုသူတိုင်း

📅 Start Date: 5 August , 2026
⏰ Time: 6:00 PM – 8:00 PM
⌛ Duration: 3 Months
💳 Installment Payment Available

✨ Learn to Understand. Learn to Support. Learn to Guide.

🚀 Professional English Teacher တစ်ဦးအဖြစ် ရပ်တည်ရန် အသင့်ဖြစ်ပြီလား?Professional English Teacher တစ်ဦးအဖြစ် ရပ်တည်လိုသူမ...
02/08/2026

🚀 Professional English Teacher တစ်ဦးအဖြစ် ရပ်တည်ရန် အသင့်ဖြစ်ပြီလား?

Professional English Teacher တစ်ဦးအဖြစ် ရပ်တည်လိုသူများနှင့် ပြည်တွင်းသာမက နိုင်ငံတကာတွင်ပါ Teaching Career တည်ဆောက်လိုသူများအတွက် Noble Enlightenment Education Institute (N.E.E.I) မှ ဖွင့်လှစ်သည့် Professional Executive Diploma in Teaching of English as a Foreign Language (Professional Executive Dip in TEFL) – Batch (13) သို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

🎯 ဘယ်သူတွေ တက်ရောက်သင့်လဲ?

🎓 အင်္ဂလိပ်စာသင်ကြားနေသော ဆရာ၊ ဆရာမများ

🎓 English Teacher အဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်လိုသူများ

🎓 Teaching Skills ကို Professional Level အထိ မြှင့်တင်လိုသူများ

🎓 ကိုယ်ပိုင်သင်တန်းကျောင်း ဖွင့်လှစ်ရန်၊ Syllabus ရေးဆွဲရန်နှင့် Assessment များကို စနစ်တကျ ဖန်တီးလိုသူများ

🎓 တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် ဘွဲ့ရပြီး Teaching Career ကို စတင်လိုသူများ

✨ သင်တန်းပြီးဆုံးပါက...

✅ Professional Syllabus နှင့် Lesson Plan များကို ကိုယ်တိုင် ရေးဆွဲနိုင်မည်။

✅ Language Testing & Assessment များကို စနစ်တကျ ဒီဇိုင်းရေးဆွဲနိုင်မည်။

✅ Modern Teaching Methods & Methodologies များကို လက်တွေ့ Classroom တွင် အသုံးချနိုင်မည်။

✅ Listening, Speaking, Reading နှင့် Writing Skills လေးမျိုးလုံးကို ထိရောက်စွာ သင်ကြားပေးနိုင်မည်။

✅ English Pronunciation, IPA, Word Stress, Sentence Stress နှင့် Intonation တို့ကို စနစ်တကျ နားလည်သင်ကြားနိုင်မည်။

✅ သင်ယူသူဗဟိုပြု (Learner-Centered) သင်ကြားနည်းများကို အသုံးပြု၍ စိတ်ဝင်စားဖွယ်ကောင်းသော Classroom များကို ဖန်တီးနိုင်မည်။

✅ Professional English Teacher တစ်ဦးအဖြစ် လိုအပ်သော Teaching Knowledge, Practical Skills နှင့် Confidence များကို တိုးတက်ရရှိမည်။

📚 Course Modules

✨ Syllabus Design

✨ Language Testing and Assessment

✨ Methods and Methodology in Language Teaching

✨ Teaching Reading and Writing

✨ Teaching Listening and Speaking

✨ Phonetics and Phonology

👨‍🏫 သင်ကြားပေးမည့် ဆရာ၊ ဆရာမများ

👨‍🎓 Professor Dr. Aye Aye Myint
Former Rector, Yangon University of Education

👨‍🎓 Professor Dr. Htay Htay Win
Course Director
Former Head of English Department, Yangon University of Education

👩‍🎓 Tr. Hanna
Former Associate Professor, English Department, Yangon University of Education

👩‍🎓 Tr. Khine
Lecturer (N.E.E.I)
M.A. (TEFL)

👩‍🎓 Tr. Thet Htar
Australia Awards Scholar
Master of Applied Linguistics & TESOL (Macquarie University, Sydney)

👨‍🎓 Saya Naing
Lecturer (N.E.E.I)
M.A. (TEFL)

🌟 ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း)၊ ပါမောက္ခဌာနမှူး (ငြိမ်း)၊ တွဲဖက်ပါမောက္ခ (ငြိမ်း) များနှင့် TEFL အထူးပြု မဟာဘွဲ့ရ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများက သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်၍ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

💻 သင်ကြားမှုပုံစံ

📹 Zoom Live ဖြင့် တိုက်ရိုက်သင်ကြားပို့ချမည်။

📂 သင်ခန်းစာ Recording Videos များကို Telegram Private Group တွင် ပြန်လည်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားမည်ဖြစ်ပါသည်။

🎓 ပေးအပ်မည့်ဘွဲ့

Professional Executive Diploma in Teaching of English as a Foreign Language

📅 Course Information

🗓 Starting Date – 5 August 2026

🕗 Time – 8:00 PM – 9:30 PM

📆 Duration – (၃) လ

📚 Class Schedule – တစ်ပတ်လျှင် (၆) ရက်

💳 Course Fees

📌 Registration Fee – 30,000 MMK

📌 Training Fee – 350,000 MMK (အရစ်ကျပေးသွင်းနိုင်ပါသည်။)

📌 Examination Fee – 100 USD (သို့မဟုတ် 100 USD နှင့်ညီမျှသော မြန်မာကျပ်ငွေ)

📩 အသေးစိတ်အချက်အလက်များနှင့် စာရင်းပေးသွင်းလိုပါက Page Messenger (သို့မဟုတ်) ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

30/07/2026

🎙️ Pronunciation Boost | Day 3

Tongue Twisters Challenge! 👅✨

Day 3 မှာတော့ သင်တန်းသားများနဲ့အတူ Tongue Twisters တွေကို လေ့ကျင့်ခဲ့ပြီး အသံထွက်ကို ပိုမိုရှင်းလင်းတိကျစေဖို့၊ word stress နဲ့ fluency ကို တိုးတက်လာစေဖို့ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခဲ့ကြပါတယ်။

အစပိုင်းမှာ ခက်ခဲသလိုထင်ရပေမယ့် အကြိမ်ကြိမ်လေ့ကျင့်ရင်း ယုံကြည်မှုလည်း ပိုတိုးလာမှာပဲဖြစ်ပါတယ်။ ✨

💙 Learning through practice makes pronunciation better!

📸 Here are some highlights from our Day 3 session.

🌕 ဝါဆိုလပြည့်နေ့ အခါသမယ 🌕ယနေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသော ဝါဆိုလပြည့်နေ့ ဖြစ်ပါသည်။ဤနေ့သည် မြတ်စွာဘုရားရှင်က...
29/07/2026

🌕 ဝါဆိုလပြည့်နေ့ အခါသမယ 🌕

ယနေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသော ဝါဆိုလပြည့်နေ့ ဖြစ်ပါသည်။

ဤနေ့သည် မြတ်စွာဘုရားရှင်က ဓမ္မစကြာတရားတော်ကို ပထမဆုံး ဟောကြားတော်မူခဲ့သည့်နေ့ ဖြစ်ပြီး၊ သံဃာတော်အစပြု ပေါ်ပေါက်လာခဲ့သည့် နေ့လည်းဖြစ်ပါသည်။

ထို့အပြင် ဝါတွင်းကာလ၏ အစပြုချိန်ဖြစ်သောကြောင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ ငါးပါးသီလစောင့်ထိန်းခြင်း၊ တရားနာယူခြင်း၊ အလှူဒါနပြုလုပ်ခြင်းတို့ဖြင့် မိမိစိတ်နှလုံးကို အေးချမ်းကြည်လင်စေသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။

✨ ဝါဆိုလပြည့်နေ့တွင် အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကုသိုလ်ကောင်းမှုများဖြင့် ပြည့်စုံကာ မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🙏 သာယာအေးချမ်းသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။

Pronunciation Boost ⚡Day-2 မှာတော့  Phonetic symbol ကိုကြည့်ပြီး အသံသေချာထွက်တက်အောင် တူတူလေ့ကျင့်ကြပြီးတော့ သွားမပေါက်သ...
28/07/2026

Pronunciation Boost ⚡

Day-2 မှာတော့ Phonetic symbol ကိုကြည့်ပြီး အသံသေချာထွက်တက်အောင် တူတူလေ့ကျင့်ကြပြီးတော့

သွားမပေါက်သေးတဲ့ ခလေးတွေမှာ 👶 ပီပီသသ အသံမထွက်နိုင်သေးတာကြောင့် YLE teachers တို့ရဲ့ သင်ကြားရေးပုံစံ တချို့ကိုလည်း ဆွေးနွေး လေ့လာခဲ့ကြပါတယ် ။


🎙️ Pronunciation Boost – Day 1အမှန်ကန်ဆုံး အသံထွက်ကို လေ့လာရင်း၊ မိမိရဲ့ pronunciation ကို ယုံကြည်မှုရှိရှိ တိုးတက်လာစေဖ...
26/07/2026

🎙️ Pronunciation Boost – Day 1

အမှန်ကန်ဆုံး အသံထွက်ကို လေ့လာရင်း၊ မိမိရဲ့ pronunciation ကို ယုံကြည်မှုရှိရှိ တိုးတက်လာစေဖို့ ပါဝင်ခဲ့ကြပါတယ်။

Day 1 ပြီးသွားပြီဆိုတော့ … ပိုမိုတိုးတက်လာမယ့် အသံထွက်တွေ၊ ပိုမိုယုံကြည်မှုရှိလာမယ့် Speaking Skills တွေနဲ့ Day-2 မှာပြန်လည်တွေ့ဆုံကြပါမယ်။🩵

📸 Day 1 Highlights

🇲🇲 အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်)ယနေ့ အာဇာနည်နေ့တွင် မြန်မာနိုင်ငံအတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးမျ...
19/07/2026

🇲🇲 အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်)

ယနေ့ အာဇာနည်နေ့တွင် မြန်မာနိုင်ငံအတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ကျဆုံးလေပြီးသော သူရဲကောင်းအပေါင်းအား NEEI မှ လေးနက်စွာ ဂါရဝပြုအပ်ပါသည်။ 🕊️

🕊️ "We remember their sacrifice. We honor their legacy."
� � � �

Address

Ah Kauk Khun 6th
Yangon

Telephone

+959250721626

Website

Alerts

Be the first to know and let us send you an email when Noble Enlightenment Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Noble Enlightenment Education Centre:

Shortcuts

Share