Stepway Training Center Youth Development

Stepway Training Center Youth Development

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stepway Training Center Youth Development, School, No(2/25), Min Ye Kyaw Swar (9)th Street, (3)Quater, Hlaing Tharyar, Yangon.

16/11/2025

"မူကြိုကျောင်းစစ်စစ် နှင့် မူကြိုဆရာမစစ်စစ် "

မူကြိုကျောင်းပါ ။
စာရေးသင်တဲ့ကျောင်းမဟုတ်ပါဘူး။၃
နှစ်ကနေစတင်တဲ့ဒီမူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
မသန်မာသေးတဲ့လက်ကလေးတွေကို
ခဲတံကိုင်ပြီး စာမရေးခိုင်းကြပါနဲ့
ရေးနိုင်တဲ့အနေအထားရောက်ရင်
အရေးသင်ပေးမှာပါ။

နုနယ်တဲ့ ဦးနှောက်လေးတွေဟာ
အရာရာကို သင်ယူဖို့အဆင်သင့်ဖြစ်နေပြီး
သင်လွယ်တတ်လွယ်ကြတယ်ဆိုတိုင်း
မတန်တဆ စာတွေ ရိုက်သွင်းပြည့်သိပ်နေဖို့မဟုတ်ပါဘူး။

မူကြိုကလေးငယ်တို့မည်သည်
ဘဝတစ်လျှောက်လုံးအတွက်
သိပ်ကိုအရေးကြီးတဲ့
အခြေခံကောင်းတွေကို အုတ်မြစ်ချပေးရမဲ့
အရွယ်လေးတွေ ဖြစ်ပါတယ်။

အဲ့ဒါဆို ကျွန်မတို့ ဒီကလေးလေးတွေကို
ဘာတွေသင်ပေးကြမလဲ?

မွေးစမှစပြီး ဒီအရွယ်လေးတွေအထိဟာ
မိဘတွေနဲ့သာနေလာခဲ့ရတဲ့သူတို့လေးတွေကို
အပြင်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေဟာလဲ
ကိုယ့်ရဲ့ မိဘတွေလိုပဲ
ကိုယ့်ကို ချစ်တဲ့လူတွေရှိနေကြောင်းသိအောင်လုပ်ပေးရပါမယ်။

သူတို့လေးတွေရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့
ပတ်ဝန်းကျင်အသစ်မှာတွေ့ရမဲ့
မူကြိုဆရာမလေးတွေကနေရရှိတဲ့
ချစ်ခြင်းမေတ္တာတွေကတဆင့် သိရှိခံစားနိုင်ရပါမယ် ။

ကလေးတွေကို ဟန်ဆောင်ပြီးချစ်လို့မရပါဘူး။
သူတို့လေးတွေဟာ သူတို့အပေါ်တကယ်ချစ်မချစ်ဆိုတာကို
နှလုံးသားကနေ ခွဲခြားသိမြင်နိုင်တဲ့မွေးရာပါ စွမ်းအားတွေရတာမို့
ကလေးတွေအပေါ် ဟန်ဆောင်ပြီးတောင် ချစ်ဟန်ပြလို့မရပါဘူး ။
မခွဲခြားကြပဲ တန်းတူ ချစ်ပေးရပါမယ်။
အရေးမကြီးသလိုနဲ့ သိပ်ကိုအရေးကြီးတဲ့အရာပါ
မျက်နာလိုက်တတ်သော ဆရာမများမဖြစ်ဖို့ အထူးသတိပြုရပါမယ်။

ပန်းကလေးတွေ
တိရစ္တာန်လေးတွေ
စမ်းချောင်းလေးတွေ
တေးသီချင်းလေးတွေ
ငှက်ကလေးတွေနဲ့အတူ
သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်အောင် သင်ရပါမယ်။

မြန်မာ အင်္ဂလိပ်သင်္ချာ သိပ္ပံ လူမူရေး ဘာသာရပ်
အခြေခံတွေကို သိရှိနားလည်ထားအောင်
ဘာသာစကားအခြေခံတွေသိရှိ တတ်မြောက်အောင်

အကောင်းမြင်တတ်အောင်
ပူးပေါင်းဆောင်ရွက်တတ်အောင်
ဝေမျှတတ်အောင်
ကိုယ်ချင်းစာတတ်အောင်
ကိုယ့်အားကိုယ် ကိုးတတ်အောင်
ခေါင်းဆောင်နိုင်စွမ်းရှိသော
ရဲရင့်သောကလေးတွေဖြစ်အောင်
စိတ်ထားနူ့ညံ့သိမ်မွေ့အောင်
ဇွဲလုံ့လ ဝီရိယရှိအောင်
စည်းကမ်းရှိအောင်
ကျန်းမာရေးအသိရှိအောင်
ခုအရွယ်တည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင်
သူတစ်ပါးကို ကူညီတတ်အောင် သင်ပေးကြရပါမယ်။

ဘယ်လိုတွေသင်ကြမလဲ???

နုနယ်တဲ့နှလုံးသားလေးတွေနဲ့လိုက်တဲ့
ကဗျာလေးတွေဆိုရင်း
တေးသီချင်းလေးတွေနဲ့ကခုန်ရင်း
အရောင်လေးတွေ ပုံလေးတွေဆွဲရင်း
ကောင်းမွန်တဲ့ပညာပေးပုံပြင်လေးတွေ ဖန်တီးရင်း ဖတ်ပြပြောပြရင်း
လက်မှုလေးတွေလုပ်ရင်း
ဘာသာရေးစာပေလေးတွေ ကဗျာလေးတွေ သင်ပေးရင်း
ဗုဒ္ဓအဆုံးအမစာပေလေးတွေကို
သူတို့ဉာဏ်နဲ့နိုင်သလောက်လေး ပြောပြရင်း
လက်ချောင်းလေးတွေ သန်မာဖို့အတွက်
အမျိုးစုံသောနည်းတွေနဲ့ လေ့ကျင့်ပေးရင်း
ပျော်စရာကစားနည်းတွေဆော့ရင်းကနေ
ဦးနှောက်လေးတွေ ဖွံ့ဖြိုးစေရင်း.... အစရှိတဲ့
ECCDနည်းပညာရပ်တွေကို လက်တွေ့အသုံးချပြီး
စနစ်တကျပြုစုပျိုးထောင်ပေးရင်း
ကျွန်မတို့ ကလေးလေးတွေအတွက်
ကျန်းမာပျော်ရွှင် ဉာဏ်အမြော်အမြင်ရှိတဲ့ ဘဝလေးတွေကို
ဒီမူကြိုကျောင်းတွေကနေ စတင်ပေးကြမယ်ဆိုရင်
နောင်တစ်ချိန် လူကြီးလေးတွေ ဖြစ်လာကြမဲ့
ဒီကလေးငယ်လေးတွေဟာ တန်ဖိုးရှိသော
နိုင်ငံ့သားကောင်း သမီးကောင်း ရတနာလေးတွေ ဖြစ်လာကြမှာပါရှင်။

ဒါကြောင့်
မူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
နှစ်ခါပြန်မရတဲ့ ကလေးဘဝလေးတွေကို
ဘာဖိအားမှမပေးကြပဲ
လွတ်လွတ်လပ်လပ် ပျော်ရွှင်ခွင့်ပေးရင်း
မူကြိုကျောင်းစစ်စစ်တွေမှာသာ
နေခွင့်ပေးကြပါ။

အရွယ်မတိုင်ခင် စာရေးခိုင်းခြင်း
ဖတ်ခိုင်းစေခြင်းတွေကို
ECCDအသိပညာမရှိသော မိဘများရဲ့
အလိုကိုမလိုက် အကြိုက်ကိုမဆောင်သော
ကလေးအကျိုးကိုဆောင်သော
မူကြိုဆရာမစစ်စစ်များသာ ဖြစ်ကြပါစေ။

စာရေးမသင်လို့ ကျောင်းပြောင်းသွားကြတဲ့အခါမှာလဲ
စိတ်ဓာတ်ကျပြီး စိုးရိမ်နေစရာမလိုပဲ
ကိုယ်နဲ့လက်လှမ်းမှီရာ
ကလေးတွေရဲ့အကျိုးကိုသာတွေးပြီးဆောင်ရွက်ပါ
မူကြိုဆရာမစစ်စစ်အနေနဲ့
မူကြိုပညာရေးအမှန်အကန်ကိုသာ ဆက်၍ပေးပါ။

ကလေးတွေအပေါ်အမှန်တကယ်ချစ်နိုင်မှ
မူကြိုဆရာမ-လုပ်ပါ။
ကလေးအညစ်အကြေးမရွံရှာပဲ
ချေးကျုံး သေးသုတ် အန်ဖတ်ကျုံးပြီး
ကလေးတွေအပေါ် စေတနာအရင်းခံပြီး
အနစ်နာခံနိုင်မှ မူကြိုဆရာမလုပ်ပါ။

နောက်ဆုံး... ဒီကလေးတွေနဲ့နေရတဲ့
မူကြိုဆရာမအလုပ်ကိုသာ
နှစ်ရှည်လများ တစ်ဘဝစာလုံးလုပ်မယ်လို့ ရည်ရွယ်ကာမှ
မူကြိုဆရာမလုပ်ပါ ။

ကလေးတကယ်ချစ်တတ်ပြီး
ဝါသနာအရင်းခံစိတ် တကယ်ရှိမှ
မူကြိုဆရာမလုပ်ပါ။

ဒီကလေးတွေအတွက်
ကိုယ်ပိုင်အချိန်တွေကိုရင်းနှီးပေးပြီး
စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်မှ
မူကြိုဆရာမ လုပ်ပါ။

ဘယ်သူမွေးမွေး ကိုယ့်ကလေးဆိုတဲ့ စိတ်ထားနိုင်အောင် ကြိုးစားပါ။

ကျွန်မတို့မူကြိုဆရာမတွေရဲ့တာဝန်က
ကလေးတွေရဲ့ ဒုတိယမိခင်တွေအနေနဲ့
တပျော်တပါးကြီး ကြိုးစားပေးပြီး
နွေးထွေးတဲ့မေတ္တာတွေနဲ့ ပျိူးထောင်ပေးကြရမှာပါ။

Crd:

04/10/2025

တန်ဖိုးထားပြီး လက်ဆင့်ကမ်းရမည့်
ဓလေ့လေးတစ်ခုပါ။နေမကောင်းလို့ မရောက်လာသော သားသားမီးမီးလေးများကိုလဲ သတိရပါတယ်
3.10.2025

18/09/2025

‼️ မိဘများစောင့်မျှော်နေတဲ့ Phonics Class Batch-6 အတန်းမကြာခင်ဖွင့်ပါတော့မယ်ခင်ဗျာ ‼️

သားသား မီးမီးများအတွက် အောက်တိုဘာလ(4)ရက်(4.10.2025) ရက်နေ့တွင်ဖွင့်လှစ်မည့်Phonics Batch-6 Class(Level-1 to 5)
Sat-10:00A.M to 11:30A.M

Sun-10:00A.M to 11:30A.M
Phonic ကဘာအတွက်ကောင်းလဲ အဓိကရည်ရွယ်ချက်ကဘာလဲ 🚨🌟

💁🏻‍♀️ ကဲ မေမေတွေတော်တော်များများက Phonics ဆိုတာကို Speaking Skills ကောင်းအောင် ၊ Vocabulary ကောင်းအောင် သင်ကြားတာလို့အထင်မှားတတ်ကြပါတယ် ။ ဒီအတွက် ကျွန်တော်က ဒီနေ့ Phonic ရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဘာနဲ့ချိတ်ဆက်ပြီးသင်ကြားလေ့လာဖို့လိုသလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် ။ ✅

📖 ဒီလိုတွေအတွေးမှားရတာက ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေက English စာကို 2nd language အနေနဲ့သင်ကြားရတာဖြစ်တဲ့အတွက် စကားလုံးအသစ်တွေကိုမြင်လိုက်ရင်ဘာလဲဆိုတာ အကုန်ကိုမသိတာမလို့ သူ့ရဲ့Meaning ကိုသာ ဦးစားပေးပြီး လေ့လာခဲ့ကြရလို့လမ်းကြောင်းတွေလွဲကုန်တာပဲဖြစ်ပါတယ်။

🚨 တကယ်တော့ ဒီလိုမျိုး Speaking Skill ကောင်းအောင်ဆိုတာက Phonics ကိုသင်ကြားရခြင်းရဲ့ ဒုတိယ ဦးစားပေးသာဖြစ်ပြီး ၊Reading and Writing ပိုင်းကောင်းမွန်လာစေဖို့ကသာ 1st priority ပထမဦးစားပေးဖြစ်ပါတယ်။

📌💁🏻‍♀️ ကျွန်တော်တို့ တွေ မြန်မာစာရေးတတ်ဖို့ ၊စာဖတ်တတ်ဖို့ ဆိုရင် အဓိက စကားလုံးပေါင်းနည်းကိုသိရပါမယ် ။ဒီလိုမျိုးပါပဲ ကျွန်တော်တို့တွေအနေနဲ့ Phonics ကိုသိခြင်း၊တတ်ခြင်းအားဖြင့် English လို စာတွေကိုရေးတတ်လာမယ် ၊ စာလုံးတွေကိုဖတ်တတ်လာပါလိမ့်မယ်။

🌟✔️ ဥပမာပြောရရင် မုန့်ဟင်းခါး ကိုမမြင်ဖူးတဲ့သူတစ်ယောက်က မုန့် - ဟင်း - ခါး ဆိုပြီး စကားလုံးအခေါ်အဝေါ်ကိုတော့ဖတ်နိုင်ပေမဲ့ ဘယ်အရာကိုခေါ်တာလဲ ဆိုတာကိုတော့သေချာမသိသေးသလိုပါပဲ။ စာလုံးကိုအသံထွက်ဖတ်တတ်ရင်တောင် အဓိပ္ပါယ်တွေနဲ့အခြားဆက်စပ်နေတဲ့ သဒ္ဒါအခြေခံတွေကိုတော့သိဦးမှာမဟုတ်ပါဘူး။

✅ ဒါပေမဲ့ Phonics ကိုကျွမ်းသွားမယ်ဆိုရင်တော့ စကားလုံးအခေါ်အဝေါ်တွေကို ကျွမ်းကျင်စွာနဲ့ ဖတ်တတ်၊ရေးတတ်လာပြီး စကားလုံးတွေကိုပါ နားလည်လာမှာပဲဖြစ်ပါတယ်။ Phonics ဆိုတာက Speaking ကျွမ်းဖို့၊ အသံထွက်မှန်လာဖို့ အဓိကမဟုတ်ဘဲ Reading skill (comprehension skill ) / Writing skill တွေကို အစပြုပေးတဲ့ Intitial Point ပဲဖြစ်ပါတယ် ။

🚨 ပြောရရင် Phonics ဆိုတာကတော့Tool တစ်ခု ၊ Coding Method တစ်ခုသာဖြစ်ပါတယ် ။ Phonics ကိုကျွမ်းလာရင်တော့ ကလေးက စာပိုဒ်တစ်ပိုဒ်ကိုဖတ်လိုက်တာနဲ့ Meaning တိုင်းကိုနားမလည်ဘူးဆိုရင်တောင် ဒီစကားလုံး စကားစုလေးတွေက ဒီလိုအသံထွက်ပြီး ဖတ်ရပါလားဆိုတာကို သိလာမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုးအသံထွက်ဖတ်တတ်သွားပြီးဆိုမှ ခဏခဏ မြင်ရတာနဲ့ ဒီစကားလုံးကတော့ ဘာအဓိပ္ပါယ်လည်းဆိုတာကို ပုံလေးတွေနဲ့ Matching လုပ်ပြီးသိသွားတာမျိုး ၊ ခန့်မှန်းပြီးအလိုလိုသိလာတာမျိုးဖြစ်လာပါလိမ့်မယ် ။

💁🏻‍♀️ ဒီလိုမျိုးမသိတဲ့ ၊ နားမလည်တဲ့စကားလုံးကို အလွတ်ကျက်လိုက်တာထက် ခဏခဏ ဖတ်ရင်း မြင်ရင်းနဲ့ဘယ်စကားလုံးက ဘာအဓိပ္ပါယ်လဲဆိုတာကို ကိုယ့်ဘာသာ Figure လုပ်နိုင်မယ် ဆိုရင်တော့ဦးနှောက်ကမှတ်အား၊တွေးခေါ်မှုအားတွေပိုပြီးအားကောင်းစေတာမလို့ စကားလုံးတွေလည်းမှတ်မိလာပြီး စာရေးသားနိုင်စွမ်းလည်းတတ်မြောက်လာမှာဖြစ်ပါတယ်။ 🌟✔️

👩🏻 မေမေတို့အနေနဲ့ ကိုယ့်သားသားမီးမီးလေးတွေ ကို Phonics ကိုငယ်စဉ်ထဲက သင်ကြားလေ့ကျင့်ပေးထားမှReading ပိုင်း ရော ၊ Writing ပိုင်းပါ ကျင့်သားရသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Phonics သင်တဲ့အခါမှာ ကလေးကို သက်ဆိုင်ရာ Level အလိုက် သင်ယူသင့်တဲ့ Phonic Level ကိုသာ Reading နဲ့ Link လုပ်ပြီး စနစ်တကျသင်ပေးဖို့ကိုလည်းအကြံပေးချင်ပါတယ်ဗျ။ 🥰❤️

ဒါမှသာ Phonics ကိုသင်ကြားရခြင်းရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။ 🥰❤️📚

ဒီအတွက် Phonic Class ကောင်းကောင်းလေးရှာနေရင်တော့ STC မှာ ကလေးတွေအတွက် အတန်းလေးတွေ စပြီးအပ်လို့ရနေပါပြီနော် ။ 💯

အင်္ဂလိပ်စာအခြေခံပိုင်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ Stepway Training Center Youth Development School
ရဲ့ Oxford Phonic Class ကို အခုပဲတက်လိုက်ပါ။

တည်နေရာ- 🔥 No.(2/25), မင်းရဲကျော်စွာ၉လမ်း၊၃ထိပ်၊လှိုင်သာယာမြို့နယ်

🔈တက်ရောက်လိုသော သားသား မီးမီးများ အနေနှင့်
ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ။

🔈ကလေးတစ်ဦးချင်းစီကို ဂရုစိုက်မှုပေးနိုင်ရန်အတွက်

ကျောင်းသားဦးရေ ကန့်သတ်လက်ခံမည်ဖြစ်ကြောင်း

ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

အသေးစိတ် သိရှိလိုသော အကြောင်းအရာများကို

📞09-763708526(သို့)09-784140363(သို့) Page Messenger သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Photos from Stepway Training Center Youth Development's post 26/07/2025

ဝါဆိုသင်္ကန်းလက်ဆင့်ကမ်း

25.7.2025

16/06/2025

သားသားမီးမီးတို့ကျောင်းပြန်တက်နေပါပြီ💪

Our kids are back 🔙to school🏫 now!

ကျောင်းတွေပိတ်ထားလဲအေးဆေးပဲ😎

Even if schools are closed, it’s all good🔥💥

✨ သင့်ကလေးဟာ အကောင်းဆုံးပညာရေးနဲ့ ထိုက်တန်ပါတယ် ✨

Stepway Training Center Youth Developement Pre-school
ကျောင်းဖုန်း 📲- 09763708526, 09784140363
သို့ဖြစ်စေဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။

🔥လှိုင်သာယာကျောင်းလိပ်စာ - အမှတ်(၂/၂၅), မင်းရဲကျော်စွာ(၉)လမ်း၊(၃)ထိပ်၊လှိုင်သာယာမြို့နယ်

#မူကြို

04/06/2025

မူကြိုကို ကျောင်းကြီးသွားခါနီးမှ ကပ်မပို့ပါနဲ့🙏
၅နှစ်နဲ့ကျောင်းကြီးထားမယ် စိတ်ကူးရင် ၃နှစ်နဲ့ပို့ပါ❤
၆နှစ်မှ ထားမယ်စိတ်ကူးရင် ၄နှစ်နဲ့ပို့ပါ❤
ကလေးတွေကို သင်ပြပေးရတာ အချိန်အများကြီး လိုအပ်ပါတယ်👍
လွယ်လွယ်နဲ့သင်လို့မရသလို စာရွက်ကြီးပဲ ပြပီး သင်ပေးလို့ရတဲ့အရွယ်လေးတွေမဟုတ်ပါ🙅
မတူညီတဲ့ပုံစံတွေ သင်ယူမှုတွေအများကြီးရှိနေတဲ့အရွယ်လေးတွေဖြစ်တဲ့အတွက် အချိန်တစ်ခုကတော့ တော်တော်လေး လိုအပ်ပါတယ်🙏
စာတွေအရမ်းသင်မှာစိုးလို့ ၊ စိတ်မချ လို့ မထားခဲ့ဘဲ ကျောင်းကြီးသွားခါနီးမှ လာပို့တဲ့အခါ ကလေးရော ဆရာမတွေရော ကျောင်းတွေပါ အဆင်မပြေပါဘူး☺
စာတွေအရမ်းသင်မှာစိုးလို့ နောက်ကျမှ ထားခဲ့ပါပြီးမှ သူများကလေးတွေရနေပြီး ကိုယ့်ကလေးမရတဲ့အခါ ပိုလောဘကြီးတတ်ကြတာ ကျွန်မတို့ မိဘတွေကိုယ်တိုင်ပါပဲ☺
သင်ယူမှုတွေ မတူညီကြဘူးဆိုတာလေး သိထားဖို့ လိုအပ်ပါတယ်။
ကိုယ့်ကလေးနဲ့ သူများကလေးကိုလည်း နှိုင်းယှဉ်လို့မရပါဘူး။
ကိုယ့်ကလေးမှာရှိနေတဲ့အရာ သူများကလေးမှာမရှိသလို သူများကလေးမှာရှိနေတဲ့အရာ ကိုယ့်ကလေးမှာ ရှိချင်မှ ရှိမှာပါ။
၃နှစ်နဲ့ထားလို့လည်း စိတ်ပူစရာမလိုပါဘူး။ဒီအရွယ်လေးတွေအတွက် ကျောင်းပို့တာ စာကိုသင်ယူဖို့ထက် အများနဲ့နေတတ်ဖို့ ၊ သူကိုယ်တိုင် လုပ်တတ်ဖို့ စတာလေးတွေ အရင် သင်ယူစေဖို့ပါ။
တဖြည်းဖြည်းစီ တဆင့်စီ သင်ယူဖို့ပါ။
စာတန်းသင်ပေးရအောင် ကလေးလေးတွေ အတွက် အဆင်မပြေနိုင်သလို ဆရာမတွေအနေနဲ့လည်း အဲ့လောက်မရက်စက်ကြပါဘူး။
မိဘများအနေနဲ့လည်း ကြိုလေ့ကျင့်ပေးထားရမယ့် အရာလေးတွေရော ဆက်လေ့ကျင့်ပေးနေရမယ့်အရာလေးတွေရော အများကြီးပါ။

ကျောင်းကြီးသွားခါနီးမှ မူကြိုကို ကပ်မပို့ကြပါနဲ့နော်🙏🙏

🙏

03/06/2025

#မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။

💯3နှစ်အရွယ်ကလေးတွေရဲ့ ကြွက်သားတွေ အရိုးအဆစ်တွေက စာရေးဖို့ မသင့်တော်သေးတာကလည်း လက်ဖဝါးက အရိုးတွေ အဆစ်တွေဆက်ထားနိုင်တဲ့အချိန်အရွယ်မရောက်သေးတာကိုလည်း မြင်တွေ့ရပါတယ်။

💯ကလေးကို မူကြိုကျောင်းပို့တာနဲ့ စာစပြီးရေးတတ်စေချင်တဲ့အခါ ကလေးစာမရေးတတ်လို့ ငြိုငြင်လာတဲ့အခါ ဒီပုံလေးကြည့်ပြီး ဪ စာရေးခိုင်းဖို့ မလိုအပ်‌သေးပါလားဆိုတာကို နားလည်လက်ခံထားသင့်ပါတယ်။

✅မူကြိုကလေးတွေအတွက် အသင့်တော်ဆုံးက
အရောင်ခြယ်တာ
ရွံအတုတွေနယ်တာ
ကလေးကတ်ကြေးနဲ့ စက္ကူညှပ်တာ
စတေကာတွေ ခွာလိုက်ကပ်လိုက်ကစားတာ
အရုပ်ဆက်တာ သဲမြေကြီး ရွံဗွက်တွေကို
ကစားခွင့်ပြုရင်
အရိုးအကြောလေးတွေ ကြွက်သားတွေသန်မာလာအောင် ကလေးရဲ့ စားချိန်အိပ်ချိန် ကစားချိန်ကို နေ့စဉ်ပုံမှန်လည်ပါတ်လာအောင် ဂရုစိုက်ပေးရုံပါပဲ။

✅အဓိကက သဘာဝနဲ့ထိတွေ့ကစားခွင့်ပြုတာ
မိဘတွေနဲ့အတူကစားတာ သူငယ်ချင်းနဲ့ ကစားတာ
အကျီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင် လေ့ကျင့်တာ ဖိနပ်ကြိုးချည်နည်းတွေ အိမ်အလုပ်မှာ နိုင်သလောက်ပါဝင်ခွင့်ပြုတာနဲ့

တာဝန်ယူတတ် တာဝန်သိတတ်အောင် အစားစာကို ကောင်းကောင်းစားတတ်အောင် ကစားစရာတွေ ကိုယ်တိုင်သိမ်းတတ်အောင်ပဲ လမ်းပြပေးရမှာပါ

💯အများနဲ့နေထိုင်တဲ့အခါ စိတ်ခံစားမှုကို ထိမ်းတတ်အောင် နိုင်ငံတကာစံနုန်းအတိုင်းဒီသုံးချက်ကို လိုက်နာလာအောင်အချိန်ပေး သင်ရမှာပါ👇👇👇

❎ပစ္စည်းကိုပစ်ပေါက်ဖို့ခွင့်ပြုလို့မရကြောင်း

❎ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းနဲ့

❎သူတပါးကိုနာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းကို နားလည်အောင် အဓိကထား သင်ပေးရမှာဖြစ်ပါတယ်။

✍️ရေးဖို့ အရွယ်ရောက်လာချိန် ရေးတတ်လာမှာပါ။

အဓိကက အရွယ်လိုက်ပေးသင့်တဲ့စည်းကမ်းကို အရင်လိုက်နာတတ်အောင် သင်ပေးပါ စံပြနေပေးပါ လက်တွဲခေါ်ပေးပါလို့ မိဘတွေကို အကြံပြုတိုက်တွန်းပါတယ်ရှင့်။

မေတ္တာဖြင့် ✍️💖 Mommy of 3





2022 က ရေးထားတဲ့ ပိုစ့် ပြန်တင်ပြီး ခွန်အားပေးချင်ပါတယ်။🥰
Photo by Play Academy 🙏

Photos from Stepway Training Center Youth Development's post 29/05/2025

ကျေးဇူးတင်ရှိခြင်းနဲ့ လိုအပ်ချက်များရှိပါကတောင်းပန်ခြင်း။🙏🙏🙏

Stepway Training Center Youth Development (STC) prechool ရဲ့ 2024-2025 Certification Ceremony ကို(STC) preschool မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။🥰

သားသားမီးမီး ( ကျောင်းသား/သူ) များအား တခဲနက် အားပေးပြီး သားသားမီးမီးတွေကို နောက်ကွယ်မှနေ၍အောင်မြင်အောင် ပံ့ပိုး ကူညီခဲ့ကြတဲ့ ဖေဖေ မေမေ ( မိဘ)များ ကို (STC)prechool က လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။

ဆုချီးမြှင့်ခြင်း၊ ဖျော်ဖြေရေးများ၊ ဘွဲ့လက်မှတ် များချီးမြှင့်ခြင်းအစီအစဉ်များကိုအဆင်ပြေချောမွေ့အောင် ကျင်းပဖို့ကြိုးစားခဲ့ရပါသည်။🥺

ထိုသို့ကြိုးစားကျင်းပရာတွင် ဆုကြေညာတဲ့အစီအစဉ် တွင် ဆုရရှိသည့်သားသား မီးမီး ကို နေရာမှားခေါ်မိသည့် အဆင်မပြေမှု့ အတွက် တောင်းပန်အပ်ပါတယ်.🙏

ကျောင်းသား/သူ သားသားမီးမီးတို့အပေါ်မှာ စေတနာအပြည့်နဲ့ စာသင်နှစ် အစမှနေ ၍ စာသင်နှစ်ပြီးဆုံးသည့် အချိန်ထိ (STC)preschool ရဲ့ ကြိုးစားအားထုတ်မှုများ ကို စာနာနားလည်ပေးပြီး အဆင်မပြေမှု့ အပေါ်ချစ်သည့်စိတ်ဖြင့်ခွင့်လွတ်နားလည် ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါတယ်။ 🙏
ကျေးဇူးအထူးတင်ရှိပါတယ်။

Photos from Stepway Training Center Youth Development's post 24/05/2025

ဒီနေ့အတွက် readyပဲလားကလေးတို့ရေ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No(2/25), Min Ye Kyaw Swar (9)th Street, (3)Quater, Hlaing Tharyar
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 16:00
Saturday 17:00 - 19:00
Sunday 17:00 - 19:00