Business Development Training Center

Business Development Training Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Business Development Training Center, Education, North Dagon Township, Yangon.

27/09/2023

ဖာလူဒါ | ရွှေရင်အေး_ပြုလုပ်နည်း
🍨🌧🌧🌧💧💧❄️❄️💦💦💦
ရင်ထဲကို အေးမြသွားမယ် ရေခဲ ရေ🍦🍦🍦

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး

ဖာလူဒါအတွက် ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ
၁။ ပူတင်းပေါင်းထားရမည်။
၂။ သာကူစေ့ ပြုတ်ထားရမည်။
၃။ မျှော့ချောင်း ပြုတ်ထားရမည်။
၁။ ရေခဲမုန့် ၁လုံး
၂။ ပူတင်း ၁ဇွန်း(ထမင်းစားဇွန်း)
၃။ နို့ဆီ ၁ဇွန်း(ထမင်းစားဇွန်း)
၄။ သကြားရည် ၃ဇွန်း(ထမင်းစားဇွန်း)
၅။ နွားနို့ ၃ဇွန်း(ထမင်းစားဇွန်း)
၆။ သာကူစေ့ပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၇။ မျှော့ချောင်းပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၉။ သင်္ဘောယို ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၀။ စပျစ်ခြောက် ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၁။ ဇီးဖျော်ရည်အဆီ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၂။ ရေသန့်ရေခဲ ၃တုံး
၁၃။ ကျောက်ကျော အနည်းငယ်
ပြုလုပ်ပုံ
- ပါ၀င်ပစ္စည်းများကို ဖန်ခွက်အတွင်းသို့ အဆင်ပြေသလိုထည့်ပါရှင်။ ပုံမှာပါတဲ့အတိုင်းလေး ပေါ့နော်။

C. R. D
✅✅✅✅✅✅✅
⛈⛈❄️❄️❄️❄️❄️❄️

ဒီနေ့ နေတအားပူလို့
ရွှေရင်အေး လုပ်စားကြရအောင်နော် 😋

ရွှေရင်အေး(၁၀)ပြဲစာ အတွက်
ဖြစ်ပါတယ်။ပွဲနည်းရင်နည်းသလိူ မျှတအောင်ထည့်ပေးပါ

ပါ၀င်ပစ္စည်းများကတော့

1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ

2. သာကူ ၂၅ ကျပ်သား ကျို ထားပါ

3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ

4. ပေါင်မုန့် ၁၀ ချပ်

5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တထုတ် ကျိုထားပါ။

6. အုန်းနို့ရည် ၁ ဗူး ခြဲ ( ၆၀၀ မီလီလီတာ)

7. သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

8. ရေခဲ လိုသလောက်

9. ဆား သင့်ရုံ

ပြုလုပ်နည်း

ပထမဦးစြာ ရွှေရင်အေး လုပ်နည်းထဲမှာ လက်အဝင်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးမှာပါ။ဆန်မုန့် ထမင်းစားဇွန်း ၈ဇွန်း၊ကော်မုန့် ထမင်းစားဇွန်း ၂ဇွန်း၊ဆား၊ဆွမ်းမွှေးရည် အနည်းငယ်တို့ လိုအပ်ပါမည်။ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများ ထည့်ပါ။ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ။ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။ရလာလျှင် ရေခဲရေထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ဒါဆိုရင်တော့ သန့်ရှင်းတဲ့ မုန့်လက်ဆောင်းဖတ် ရပါပြီ။ဆိုင်မှာလည်း မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားကို ဝယ်လို့ ရပါတယ်။

အုန်းနို့ကျောက်ကျော အတြက္ကေတာ့ အရင်ဆုံး သကြား ၃၀၀ဂရန္ကို အုန်းနို့ တဗူး ရေ(၁ဒသမ၅လီတာ) ကျောက်ကျောမုန့် ၅၀ဂရနျုတို့ဖွငျ့ ရေမှာ ပျော်ဝင်သွားအောင် ကျိုပါ။ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ဗန်းမှာ ၂လက်မအနက်ရှိလျှင် သင့်တော်ပါသည်။

ကောက်ညှင်းပေါင်း/ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊

ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပီးပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန္ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်။

အုန်းနို့ရည် ၁ ဗူး ခြဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။
သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းပြီး ရေခဲ၁တုံး ၂တုံး လောက်ထည့်လိုက်မယ်ဆိုရင် တစ္မိသားစုလုံး အရသာရွိစြာ စားနိုင်တဲ့ ရွှေရင်အေး အေးအေးလေး ရပါပြီ။

Credit to original uploader

ကျန်းမာရေး နဲ့ညီညွတ်ပြီးအရသာရှိလှတဲ့မုန့်မျိုးစုံ
လုပ်နည်းနဲ့ဟင်းချက်နည်းမျိုးစုံကိုတင်ပေးဉီးမှာဖြစ်လို့PageကိုLike & Follow လုပ်ခဲ့ဖို့မမေ့နဲ့နော်😉😍

https://m.facebook.com/story.php?story_fbid=808606924023551&id=100046227530754&mibextid=Nif5oz
02/06/2023

https://m.facebook.com/story.php?story_fbid=808606924023551&id=100046227530754&mibextid=Nif5oz

Self Development
Ko Saw Zayyar Lin
Consultant ( HRCS )

ကုမ္ပဏီ တစ်ခုက Product တစ်ခုကိုရောင်းတာပဲဖြစ်ဖြစ် Service ကိုရောင်းတာဖြစ်ဖြစ် အဓိကအရေးကြီးတာက ဝန်ထမ်းတွေပါ ခုချိန်မှာ Product ကကောင်းလိုပဲဖြစ်ဖြစ် Service ကကောင်းလိုပဲဖြစ်ဖြစ် လက်တ​​လော အဆင်ပြေနေပေမဲ့ ဝန်ထမ်းတွေက ကိုယ့်ကိုကိုယ် ဖွံဖြိုးတိုးတက်အောင်မလုပ်ဘူးဆိုရင် ကုမ္ပဏီကလည်း အနှေးနဲ့အမြန်ကျဆုံးသွားပါလိမ့်မယ်။
အဲ့လို မဖြစ်ရအောင်ကျွန်တော်တို့ဘယ်လို့ပြင်ဆင်သင့်လဲ၊
ဝန်းထမ်းတွေအနေနဲ့ Self Development လို့ခေါ်တဲ့ ကိုယ်ကိုကိုယ် Development အမြဲလုပ်သင့်ပါတယ်၊

Self Development ဆိုတာဘာလဲ?
အောက်ဖော်ပြထားတဲ့ ထဲကအချက်အလက်တွေ့ ပဲဖြစ်ပါတယ်၊⤵️
ဤအချက်တွေကိုအကောင်းဆုံးပြင်ဆင်သင့်ပါတယ်။
1.Skills✅
2.Knowledge✅
3.Health ✅
4.Emotional Intelligence✅
5.Time Management ✅

1. Skills
ဘာ Skills တွေရှိသင့်တာလဲ communication လို့ခေါ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ လိုက်လျောညီထွေစွာပေါင်းသင်း ဆက်ဆံနိုင်ရမယ်၊ leadership skills လို့ခေါ်တဲ့ ကိုယ်ရဲ့အသင်းအဖွဲ့ အပေါ် ဦးဆောင်လမ်းပြလက်တွဲခေါ်နိုင်ရမယ်၊ Problem solving skills လို့ခေါ်တဲ့ ပြဿနာဖြေရှင်းခြင်း‌တွင် ဝေဖန်ပိုင်းခြားတွေခေါ်ပြီးအသင်းအဖွဲ့ နဲ့ပူပေါင်းဆောင်ရွက်ရမယ်၊self motivation လို့ခေါ်တဲ့ မိမိကိုယ်ကို မိမိလည်း ပန်းတိုင်သတ်မှတ်ပြီး ကိုယ်ရဲ့ပန်းတိုင်အပေါ်အာရုံစိုက်နိုင်ရပါမယ်
2. Knowledge
Continuous learning လို့ခေါ်တဲ့ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းများဖြစ်တဲ့ လုပ်ငန်းခွင်နဲ့ပတ်သတ်တဲ့ သင်တန်းတွေတက်တာတို့၊ အသိပညာတိုးစေမဲ့ဟောပြောပွဲတွေတတ်‌ရောက်နားထောင်တာတို့စသဖြင့် ကိုယ့်အတွက်အကျိုးရှိပြီး အသိပညာပိုတိုးနိုင်မယ့်အရာတွေလေ့သင်ယူသင့်ပါတယ်။
3. Health
ကျန်းမားရေးနဲ့ပက်သတ်ပြီးတော့လည်း ကျွန်တော်‌တို့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မူကို ဦးစားပေးရမယ်။စိတ်ဖိစီးမူတွေကို ထိရောက်‌စွာစီမံခန့်ခွဲရမယ်။ဥပမာ- တရားထိုင်တာတို့ အားကစားလုပ်တာတို့ လုပ်ဖို့လိုပါတယ်။

4.Emotional Intelligence
Self - Awareness လို့ခေါ်တဲ့ ကိုယ်ရဲ့ အားသာချက်၊အားနည်းချက်တွေ၊ အပြုအမူ၊ယုံကြည်ချက် အားလုံးသေချာပြန်လည်သိမြင်နိုင်ဖိုကို့ Review လုပ်ရပါမယ်။တစ်ခုခုကို ဆုံးဖြတ်ချက်ချရာတွင် ကျွန်တော်တို့ ဤအတွေးအမြင်၊အမူအကျင့်နဲ့ စိတ်ခံစားချက်‌ပေါ် မူတည်ပြီး ဆုံးဖြတ်လေ့ရှိတာကြောင့် ဤအရာတွေရဲ့ သက်ရောက်မူ‌ကောင်းအောင် ကျွန်တော်တို့ Emotionကို ကောင်းကောင်းနားလည်ရပါမယ်။

5.Time Management

ကျွန်တော်ရဲ့ဘဝ အချိန်ကအရမ်းတန်ဖိုးရှိပါတယ်အလုပ်ခွင့်မှာကော အလုပ်ခွင့်ပြင်ပမှာကော အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့လိုပါတယ်၊ ဒါကြောင့် ပထမဦးစားပေး၊ ဒုတိယဦးစားပေး ဆိုပြီးစီမံခန့်ခွဲလုပ်ဆောင်ပါ၊ကျန်မားသော အလုပ်နဲ့ဘဝမျှတမူရှိအောင်ဖန်တီးပါ။

30/05/2023
03/09/2022

လူမူဆက်ဆံရေးမှာ အဓိကအရေးပါတဲ့ အရည်အချင်းတစ်ရပ်က သူတစ်ပါးနေရာဝင်ပြီးစဥ်းစားပေးတာပဲ၊ဒါဟာ အလုပ်မှာလည်း မိတ်ဆွေ Customer တွေနဲ့ ဆက်ဆံရေးမှာ အဓိကကျတဲ့သော့ချက်လိုဆိုရင်မမှားဘူးဗျ၊ ဘာလိုလဲဆိုတော့ သူနေရာဝင်စဥ်းစားရင်သူတွေးတာတွေ သူလိုချင်တာတွေ သူလိုအပ်ချက်တွေ သိပီးပေါ့ ဒါဆိုရင်မိတ်ဆွေက Customer တွေအတွက်အကောင်းဆုံးစဥ်းစားပေးပီး Customer Satisfaction ရအောင်လုပ်နိုင်ပီးပေါ့ဗျ။

21/08/2022

ဘဝမှာ ဘယ်လောက်ပဲ ရှင်သန်ချိန်နည်းပါစေ အဲ့ဒီအချိန်ကို ဘယ်လိုအသုံးချသလဲဆိုတာဟာ သင့်ဘဝရဲ့ တန်းဖိုးပါပဲ။

12/07/2022

လူအများစုအရင်တုန်းကလည်းငါတို့ဒီလိုလုပ်ခဲ့တာအခုထိဒီလိုပဲလုပ်တာအဆင်ပြေတယ်လေဆိုတဲ့စကားသုံးလေ့ရှိတယ်၊ဒီလိုရှေးရိုးစွဲ အတွေးအခေါ် တွေဟာ သာမန်ရလဒ်ကိုရစေမှာပါ။လူအများစုကသာမန်ပါ၊ဒါကြောင့်ကျွန်တော်တို့ကလူအများစုလိုလိုက်တွေးရင် သာမန်လောက်ပဲဖြစ်မှာပါ။ကျွန်တော်တို့ရဲ့အောင်မြင်နိုင်ခြေကို ကန့်သတ်ထားသလိုဖြစ်ပါလိမ့်မယ်။အဲ့ဒါဟာ လုံ့လမစိုက်ထုတ်ဘဲအောင်မြင်ချင်တာနဲ့ အတူတူပါပဲ။သာမန်မဟုတ်တဲ့ ရလဒ်တွေကိုလိုချင်တယ်ဆိုရင် သာမန်လူတွေလက်ခံသလို မစဥ်းစားဖို့ လိုပါလိမ့်မယ်။


12/06/2022

❝အနာဂါတ်ကို ပုံဖော်ပါ❞
☛ 🤍🤍🤍🤍🤍🤍

လူတွေ အလိုကျ အတိုင်း
လိုက်လုပ် မနေနဲ့၊
လမ်းပျောက် သွားလိမ့်မယ်။

လူတွေ ဝေဖန်တိုင်းလည်း
လိုက်ခံစား မနေနဲ့၊
စိတ်ညစ် ရလိမ့်မယ်။

လူတွေ ကဲ့ရဲ့တိုင်းလည်း
ဒေါသထွက် မနေနဲ့၊
စိတ်ပူလောင် ရလိမ့်မယ်။

လူတွေ အကောင်းမမြင်တိုင်းလည်း
အားငယ် မနေပါနဲ့၊
စိတ်ဓာတ် ကျတတ်တယ်။

လူတွေ မလိုအပ်ဘဲ
ဘာမှ ပေးချင်မနေပါနဲ့၊
တန်ဖိုး ကျတတ်တယ်။

လူတွေရဲ့ အမှိုက်တစ်စလို
စွန့်ပစ်ခံရလည်း
အထီးကျန်တယ်လို့ တွေးမနေပါနဲ့၊
ဘဝအမှောင် ကျတတ်တယ်။

👉 လူတိုင်းက
မင်းနဲ့ အတွေး မတူနိုင်ဘူး၊

👉 လူတိုင်းက
မင်း စိတ်ချမ်းသာအောင်
လုပ်ပေးနေမှာ မဟုတ်ဘူး၊

👉 လူတိုင်းက
မင်းကို ကိုယ်ချင်းစာ ပေးနေမှာ
မဟုတ်ဘူး။

👉 လူတိုင်းက
မင်းကို စိတ်ဝင်စား နေကြမှာ
မဟုတ်ဘူး။

👉 လူတိုင်းကြိုက်အောင်
မင်းနေနိုင်မှာ မဟုတ်ဘူး။

👉 လူတိုင်းရဲ့ နှလုံးသားထဲမှာလည်း
မင်း နေရာ မယူနိုင်ဘူး။

မင်းဘဝကို မင်းပိုင်တယ်၊
မင်း အတွေးတွေကို မင်းပဲ ထိန်းချုပ်ပါ၊
မင်း လျှောက်မယ့် လမ်းကို
မင်းပဲ ရွေးချယ်ပါ။
မင်းကိုယ်မင်း ယုံကြည်မှု ရှိပါ။

မင်း စိတ်တွေ ပျော်အောင် လုပ်နိုင်တာ
မင်းပဲ ရှိတယ်၊ ဒါကြောင့်
မင်းအနာဂတ်ကို မင်းကိုယ်တိုင်ပဲပုံဖော်ထုဆစ်ပါ။

#𝕮𝕽𝕯 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫:

24/05/2022

12/03/2022

There's four things you can't get back in life
The word after it's said
The moment after its missed
Time after it's gone
Trust after it's lost.

Address

North Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when Business Development Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category