Manufacturing Account
Account
#ကိုယ်တိုင်ထုတ်လုပ်ရောင်းချခြင်း
ာအာလုံးပဲ မင်္ဂလာပါ ရှင့်ဒီနေ့မျှဝေပေးမည့်အကြောင်းအရာလေးကတော့ ကိုယ်တိုင်ထုတ်လုပ်ရောင်းချမည့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးရေးဆွဲရမည့်စာရင်းတွေအကြောင်းမျှဝေပေးချင်ပါတယ်။
ကိုယ်တိုင်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများတွင်ထုတ်လုပ်မှုကုန်ကျစရိတ်များကိုမှန်အောင်တွက်နိုင်ဖို့လိုသည်။.
ကိုယ်တိုင်ထုတ်ရောင်းသည့်လုပ်ငန်းများတွင်
Manufacturing Account ရေးဆွဲရမည်။Manufacturing Accountတွင်အောက်ပါစရိတ်များပါဝင်သည်။
♦ Ditect cost
ကုန်ပစ္စည်း ထုတ်လုပ်တဲ့အခါမှာတိုက်ရိုက်ပါဝင်တဲ့ကုန်ကျစရိတ်များဖြစ်သည်။ ကုန်ပစ္စည်း တခုစာ 1 unit အတွက် စရိတ်တွက်ရာတွင်လွယ်ကူစွာတွက်ချက်နိုင်ပါသည်။
1️⃣Direct material
ကုန်ကြမ်း ကုန်ပစ္စည်း ထုတ်လုပ်သည့်အခါမှာအဓိကပါဝင် ပစ္စည်း များ
ဥပမာ၊ အထည်ချုပ်စက်ရုံအတွက်ဆို ပိတ်စက ကုန်ကြမ်းပါ။ကုန်ကြမ်းများဝယ်ယူသည့်အခါ ပိုဝယ်ထားသည့်အတွက်ကုန်လက်ကျန်ရှိပါသည်။
Direct material cost=
opeing RM➕Purchase of RM➖closing RM
2️⃣Direct Labour
ကုန်ပစ္စည်း ထုတ်လုပ်သည့်အခါတွင် အဓိကပါဝင်လုပ်ဆောင်ရသည့် အလုပ်သမားများ
ဥပမာ ပိတ်စဖြတ်သူ၊ စက်ချုပ်သူများ၊
3️⃣Direct expense
eg.Royalty ခိုင်ကြေးများ
ထိုDirct costများပေါင်းခြင်းအားဖြင့် Prime cost ထုတ်လုပ်မှုအတွက်ကနဦးကုန်ကျစရိတ်ရမည်။
✅ Prime cost=
Direct Material ➕Direct Labour➕Ditect expense
♦Production overhead cost(indirect manufacture cost)
ကုန်ပစ္စည်း ထုတ်လုပ်ရာတွင်သွယ်ဝိုက်သောနည်းဖြင့် ကုန်သောစရိတ်များ။overhead စရိတ်များသည် တခုစာ 1 units စာအတွက် လွယ်ကူစွာတွက်၍မရပေ။
1️⃣Indirect materials
ဥပမာ စက်ရုံဝန်ထမ်းတွေအတွက်ပေးရတဲ့ လက်အိတ်များ
2️⃣Indirect labour.
သွယ်ဝိုက်ပြီးလုပ်ဆောင်ပေးရသောအလုပ်သမား။
ဥပမာ Supervisor
Direct labourတွေကိုကြီးကြပ်ပြီး အလုပ်ခွဲပေးခြင်း ။အမှန်တကယ်လုပ်မလုပ်စောင့်ကြည့်ခြင်းအားဖြင့်ပါဝင်သော ဝန်ထမ်းများ
3️⃣Indirect expense
သွယ်ဝိုက်ပြီးကုန်သောစရိတ်များ
Factory rent.Power.Factory insurance. Deprecation of Factory machinery.etc
ဥပမာ စက်ရုံဌားရမ်းခများ၊ မီတာခများ၊ စားသောက်ကျွေးမွေးစရိတ်များ၊ စက်ရုံအာမခံကြေး၊ စက်များကိုတန်းဖိုးလျော့ခြင်းအစရှိသဖြင့်စရိတ်များ
✅Production overhead(Factory overhead)=
rndirect materials ➕Indirect labour➕indirect expense
ဥပမာ Shirt တထည်တွင် ပိတ်စဘယ်လောက်တထည်ပြီးဖို့လအလုပ်သမားကြာချိန်သိဖို့ရာလွယ်ကူပေမယ့်
Shirtတထည်မှာ မီတာခ ဘယ်လောက်ပါလဲတွက်ဖို့ရာမလွယ်ကူပါဘူး ဒါပေမယ် ဒီမီတာခကလည်း shirtကပြန်ရှာရမှာဖြစ်လို့ Costတွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာစိစ်ဖို့ရာ Cost Accounting Management Accounting ဘာသာရပ်တွေကိုလေ့လာထားရမှာပါ။
✅Production cost= Prime cost➕indirect manufacturing cost
♦Inventory
ကိုယ်တိုင်ထုတ်လုပ်ရောင်းချသောလုပ်ငန်းများတွင် စာရင်းပိတ်သည့်အခါ ကုန်လက်ကျန်များကို အနေအထား 3️⃣မျိုးဖြင့်တွေ့နိုင်သည်။
1️⃣Raw Material (RM)ကုန်ကြမ်းကုန်လက်ကျန်
2️⃣Work in progress(WIP)ထုတ်လုပ်နေဆဲကုန်လက်ကျန်
3️⃣Finished Good(FG) ရောင်းချရန်အဆင်သင့်ဖြစ်နေသော
ကုန်ချောကုန်လက်ကျန် များဖြစ်သည်။
✅Production cost of Finished good=
Production cost➕opening WIP➖closing WIP
Manufacturing Account ရေးဆွဲရာတွင် အကုန်လုံးသည်စရိတ်များဖြစ်သည်။comment တွင် Format ဖော်ပြပေးထားပါသည်။
♦Statement of profit or lossသည် Trading လုပ်ငန်းကဲ့သို့ရေးဆွဲရမှာဖြစ်ပြီး Cost of sales နေရာတွင်သာပြောင်းလဲမည်။
✅cost of sales=
Production cost of FG➕opening FG➖Closing FG
♦Statement of financial Position တွင် Inventory တွင် inventory ၃မျိုးလုံး၏လက်ကျန်ကိုဖော်ပြပေးရမည်။
Costတွေနှင့်ပတ်သက်ပြီး နောက်ထပ်မျှဝေပေးပါဦးမယ်။စာရင်းပညာနှင့်ပတ်သက်ပြီးလွယ်ကူကြပါစေရှင်။နောက်postတွေမှာပြန်ဆုံပါဦးမယ်။
Hnin Si(MHS Accountancy Training Center)
MHS Accountancy Training Center
We will provide to get better opportunities for your successful career
16/05/2026
မင်္ဂလာပါရှင် ဒီနေမျှဝေပေးချင်တဲ့အကြောင်းအရာကတော့ လုပ်ငန်းတွေမှာ Assetsတွေနဲ့ပတ်သက်ပြီး
အသုံးပြုလိုက်နာရမည့် Standard တွေကိုမျှဝေပေးလိုက်ပါတယ်။
Assets.🚕🏭🏰🏡🐄🐎🌳
Assets ကိုကိုင်ဆောင်ထားနဲ့ရည်ရွယ်ချက်နဲ့လိုက်ပြီး လိုက်နာအသုံးပြုရမညိ့ Standardတွေမတူပါဘူး❓❓❓
2 Inventories
📦📦💰Tradeလုပ်ဖို့လုပ်ငနိးကပုံမှန်အရောင်းအဝယ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ကိုင်ထားလျှင်IAS 2
16 Property, Plant and Equipment
🏭🚜ကိုယ်ရဲ့လုပ်ငန်းမှာအသုံးပြုဖိုရညိရွယ်ချက်နဲ့ကိုင် ထားတဲ့Assetsများ( ဲ productionပစ္စည်းထုတိရန်, servicesဝန်ဆောင်မှုအတွက်အသုံးပြုရန်, plant & Equipment for rentel to othersဌားစားရနိ and Administrativeရုံးပိုင်းအတွက်သုံးရန် )IAS 16
40 Investment Property
🏠🏠Land or Building မြေနေရာအဆောက်အအုံတွေကို for rentalဌားစားရန် ၊ capital appreciation စျေးတက်လျှင်ပြန်ရောင်းရန် investment လုပ့်တဲ့ရည်ရွယ်ချက်နဲ့ ကိုင်ထားတဲ့Assetsဆိုလျှင် IAS 40
41 Agriculture
🐄🐂🐓🐟Biological Assets 🌳🌹 စိုက်ပျိုးရေးနှင့်မွေ့းမြူရေးလုပ်ရန် ရည်ရွယ်ချက်ဖြငိ့ဝယ်ထားသော အပင်များတိရိစ္ဆာန်များ IAS 41
5 Non current assets held for sale and discontinue operations
💰💰📆📆မသုံးတော့ဘဲပိုသွားတဲ့ Assets များကို ၁၂လအတွင်းရောင်းစားဖို့ ရည်ရွယ်ချက်ဖြင့် ကိုင်ဆောင်ထားသော Assetsများဖြစ်လျှင် IFRS 5ကိုလိုက်နာရမညိ။
Hnin Si( Accountancy Training Center)
16/05/2026
𝗕𝗮𝘀𝗶𝗰 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 𝗰𝗹𝗮𝘀𝘀
#စာရင်းပညာကိုအခြေခံကစပြီးလေ့လာလိုသူများအတွက်
LCCI Level 1 + 2 & ACCA FA1 (UK Course)
🔴 Zoom Only Class
🗓 Start Date – June 13
⏳ Duration – 3.5 Months
💰 Fees – 150,000 Ks
🕒 Zoom Timetable
• Saturday – 7:30 PM to 9:30 PM
• Sunday – 3:00 PM to 5:00 PM
• Tuesday – 7:00 PM to 8:30 PM
✅ Zoom Record ပြန်တင်ပေးပါတယ်။
👥 Zoom Section တစ်ခုလျှင် သင်တန်းသား 10 ယောက်သာ လက်ခံမှာဖြစ်ပါတယ်။
__________________________________________________
🔵 Video Lessons Only Class
🗓 Start Date – June 7
⏳ Duration – 3.5 Months
💰 Fees – 80,000 Ks
📲 အပတ်စဉ် Saturday & Sunday
Telegram Group မှတဆင့် Video Lesson များ ပို့ပေးမှာဖြစ်ပါတယ်။သင်ခန်းစာများတွက်ချက်သည်များကိုပုံမှန်စစ်ဆေးပေးမှာဖြစ်ပါတယ်။နားမလည်တာတွေရှိပါက အချိန်မရွေးမေးနိုင်ပါတယ်
🎓 Certificate
📌 သင်ခန်းစာများကို ပုံမှန်လိုက်တွက်ပြီးTutorial & Test များ ဝင်ရောက်ဖြေဆိုပါက Certificate ပေးပါမယ်
━━━━━━━━━━━━━
👩🏫 𝗟𝗲𝗰𝘁𝘂𝗿𝗲𝗿
𝗗𝗮𝘄 𝗠𝗼𝗲 𝗛𝗻𝗶𝗻 𝗦𝗶 (𝗠𝗛𝗦)
▪ Accounting Teaching Experience – 10 Years
▪ BCSc (Hons)(computer science), DA (UK), ACCA Part II
━━━━━━━━━━━━━━
📚 𝗦𝘁𝘂𝗱𝘆 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹𝘀
▪ Textbook PDF Files ပေးပါတယ်
▪ Physical Book ဝယ်ယူလိုပါက – Royal Express ဖြင့် ပို့ဆောင်ပေးပါတယ်။
━━━━━━━━━━━━━━
📞 𝗖𝗼𝗻𝘁𝗮𝗰𝘁
📱 09 774 355 100
📱 09 784 384 706
💬 အသေးစိတ်ကို Chat Box မှာ မေးနိုင်ပါတယ်
#သင်ကြားရေးvideo lessons များကို page တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။
Part 1
# Video lessons only class
Financial Accounting
Management Accounting
📅May 9ရက်နေ့စပါမယ်။
📺 Telegram group ကနေ Video lessons ပို့ပေးမှာဖြစ်ပါတယ်။
✅ Theory
✅ Kaplan kit
✅BPP kit
ပြီးပြည့်စုံစွာသင်ကြားပေးပြီး UK exam ဖြေဆိုရန်သင်တန်းသားတယောက်ချင်းစီကိုအနီးကပ် Revision(zoom) ပြန်ပေးပြီးmock exam practice လေ့ကျင့်ပေးမှာဖြစ်ပါတယ်။
Video lessons နမူနာများကို Page တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။အသေးစိတ်ကို Page chat box or 09 774355100 Telegram or Viber ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
06/05/2026
of correction
#စာရင်းအမှားပြင်ဆငိခြင်း
အားလုံးပဲ Minglar ပါရှင့်။ဒီနေမျှဝေပေးချင်တဲ့အကြောင်းအရာကတော့ အမှားပြင်ဆင်ခြင်း Error of correction အကြောင်းပဲဖြစ်ပါတယ်။
စာရင်းတွေပြင်ဆင်ရေးဆွဲတဲ့အခါမှာ အမှားတွေဖြစ်နိုင်ပါတယ်။ စာရင်းအမှားအမျိုးအစားပေါ်မူတည်ပြီး အမှားပြင်ဆင်ရမည့်ပုံစံမတူပါဘူး။ဒါကြောင့်အမှားအမျိုးအစားတွေကိုသိထားရမှာဖြစ်ပါတယ်။
💠Errors အမျိုးအစား အဓိက၂မျိုးရှိပါတယ်။
1️⃣Trial Balance ကိုက်ညီမှုကို မထိခိုက်တဲ့အမှား
2️⃣Trial Balance ကိုက်ညီမှုကို ထိခိုက်တဲ့အမှား
💠 အရင်ဆုံး Trial Balance (အစမ်းရှင်းတမ်း)ဆိုတာဘာလဲ
♦Source documents ▶Books of prime entry▶Ledger Account▶Trail balance ဆိုပြီးအဆင့်လိုက်ရေးဆွဲခဲ့တာဖြစ်ပါတယ်။
♦Trial Balance မှာ အဓိက Ledger Account တွေရဲ့Balance တွေကို စုစည်းပြီးDebit column Credit column နဲ့ ရေးဆွဲတာပါ။
♦Ledger Account ရေးဆွဲခဲ့ရာတွင်မှန်မမှန်စစ်ဆေးဖို့နှင့် Financial statement ရေးဆွဲပြင်ဆင်ရန်လွယ်ကူ ဖို့ရာ Trial balance ရေးဆွဲရတာဖြစ်ပါတယ်။
♦ယေဘုယျအားဖြင့် Double entry တွေမှန်အောင်သွင်းခဲ့ရင် Trial ရဲ့ Total debit=Total Credit ညီနေမှာဖြစ်ပါတယ်။
♦Trial Balance ကိုအသုံးပြုပြီး Financial Statements (အရှုံးအမြတ်ရှင်းတမ်း ၊ ဘဏ္ဍရေးရှင်းတမ်းများ)ရေးဆွဲကြတာဖြစ်ပါတယ်။
1️⃣Trial Balance ကိုက်ညီမှုကိုမထိခိုက်တဲ့အမှားများ
Trial Balance ကိုက်ညီမှုကိုမထိခိုက်သောအမှား အားလုံး (6)မျိုးရှိပါတယ်။
❌Errors of omissions (မေ့ကျန်သောအမှား)
စာရင်းသွင်းရန်မေ့ကျန်သောအမှားသည် Double entry နှစ်ဖက်စလုံးမေ့ကျန်ခဲ့သည်အတွက် Trial မထိပါ။
❌Errors of comission(ခေါင်းစဥ်မှားသွင်းသောအမှား)
Account အမျိုးအစားတူ သောစာရင်း
မှားသွင်းသောအမှား(Eg. ဌားခကို မီတာခတွင် သွင်းထားခြင်း ၊ Customer A တွင်သွင်းရမှာကို Customer Bတွင်သွင်းထားခြင်း) Double entry နှစ်ဖက်သွင်းခဲ့၍Trail မထိပါ။
❌ Errors of Principle(မူဝါဒမှားသွင်းသောအမှား)
Account အမျိုးအစား မတူသောစာရင်းတွင်မှားသွင်းခြင်း Eg.Non current Assets ဝယ်ခြင်းကို ကုန်ဝယ်စာရင်းတွင်မှားသွင်းခြင်း (စာရင်းမှသွင်းပေ့မယ် Debit သွင်းထားတာမှန်ခြင်းကြောင့် Trail မထိပါ။
❌Original entry (မူလစာရင်းသွင်းချက်အမှား)
စာရင်းစတင်သွင်းသည့်အဆင့် Book of Original entry များဖြစ့သည့် Cash book Day book များတွင်စသွင်းထဲကမှားခဲ့သည်အမှားဖြစ့သည်။(Eg. Sales invoice $150ကို $510မှားသွင်းခြင်း) Double entry နှစ်ဖက်စလုံး မှားသွင်းခဲ့၍ Trial မထိပါ။
❌Compensating Error(အပြန်အလှန်ကျေသောအမှား)
Double entry နှစ်ဖက်တွင် တိုက်တိုက်ဆိုင်ဆိုင်အမှားတူ၍ ကျေသွားသောအမှားဖြစ်သည်။(Eg. Sales Account တွင် ပိုနေသော $100နှင့် Purchase Account တွင်ပိုနေသော $100 တိုက်ဆိုင်စွာတူ၍ မှားခြင်းဖြစ်သည်။ Double entry နှစ်ဖက်စလုံး အမှားတူနေ၍ Trial မထိပါ။
❌Reversal entry(ပြောင်းပြန်မှားသွင်းခြင်း)
double entry ကိုပြောင်းပြန်သွင်းခြင်းဖြစ်သည်။ (Eg. Trade receivableမှ ငွေရခြင်းကို
Dr: Cash Account
Cr:Trade receivable ထည့်သွင်းရမည့်အစား
Dr: Trade receivable
Cr:Cash Account မှားသွင်းထားခြင်းဖြစ်သည်။ Double entry နှစ်ဖက်ပြည့်အောင်သွင်းထား၍ Trail ကိုမထိပါ။
💠အမှားပြင်ဆင်ချက်များကို Journal ကိုသုံးပြီးပြင်ဆင်ရမှာဖြစ်ပါတယ်။
💠 Trial balance ကိုက်ညီမှုကို မထိခိုကိသောအမှားများကိုပြင်ဆင်တဲ့အခါမှာ Double entry နှစ်ဖက်စာလုံးပြန်ပြင်ရသည့်အတွက် ယာယီစာရင်း Suspenseမလိုအပ်ပါ။
💠အမှားပြင်ဆင်ဖို့ ကိုယ်တိုင်က Double entry အမှန်ကိုသိထားဖို့က အရေးကြီးဆုံးပါ။ အမှားကိုပြင်ဆင် သည့်အခါ
🔰လိုလျှင် Side တူသွင်း
🔰ပိုလျှင် Side ပြောင်းပြန်သွင်း
🔰Side မှာသွင်းထားလျှင်side ပြောင်းပြန်နှစ်ဆသွင်း
🔰စာရင်းမှားဝင်ထားလျှင် side ပြောင်းပြန်သွင်းပြီးဖျောက်
💠Double entry နှင့်ပတ်သက်သော Link တွဲပေးလိုက်ပါတယ်။ Trail Balance ကိုက်ညီမှုကို ထိခိုက်ပြီး ယာယီစာရင်းSuspenseလိုသည့်အမှားများကို နောက် post မှာဖော်ပြပေးမှာဖြစ်ပါတယ်။
စာရင်းပညာနှင့်ပတိသက်ပြီး လွယ်ကူကြပါစေရှင့်။ နောက်post မှာပြန်ဆုံပါဦးမယ်။
Hnin Si ( Accountancy Training Center)
#စာသားများကူးယူးဖော်ပြခွင့်မပြုပါ
Errors Account
04/05/2026
Review လေးပြောပြပေးလို့ကျေးဇူးပါညီမရေ😘
01/05/2026
ကုန်ပစ္စည်းအကြွေးဝယ်သည့်အခါအများဆုံးသွင်းရမည့်Trade Payable /Supplier Transaction များ
01/05/2026
ACCA ၏အနာဂတ်အပြောင်းအလဲများ
ပုံတစ်ပုံချင်းစီမှာအသေးစိတ်လေ့လာလို့ရပါတယ်။
#2027 Julyမှစတင်ပြောင်းလဲမှာဖြစ်ပါတယ်။
ACCA 2025 June မှစပြီးAnnouncement လုပ်လိုက်တာပါ။ ခု 2025 ကနေ 2027 ထိအဆင့်ဆင့်လုပ်သွားမယ့် ACCA timeline အနှစ်ချုပိဖော်ပြပေးလိုက်ပါတယ်။
Exam က July 2027 မှာစဖြေလို့ရမှာပါ။
ဒီlinkကနေတဆင့် ကိုယ်ဖြေပြီးသားဘာသာရပ်တွေကိုmarkလုပ်ပြီး ကိုယ်ထပ်ဖြေဖို့လိုအပ်တဲ့ဘာသာရပ်တွေကို စစ်ကြည့်လို့ရပါတယ်။
https://www.accaglobal.com/future-acca-qualification-transition-tool.html
MHS Accountancy Training Center
30/04/2026
အာလုံးပဲ မင်္ဂလာပါရှင်။ဒီတခေါက်မျှဝေပေးချင်တဲ့အကြောင်းကတော့ incomplete records (single entry)မပြည့်စုံတဲ့မှတ်တမ်း ကနေ အရှုံးအမြတ်ရှင်းတမ်း (SOPL) ဘဏ္ဍရေးရှင်းတမ်း (SOFP) ဘယ်လိုရေးဆွဲရမလဲဆိုတာ မျှဝေပေးချင်ပါတယ်
🔺incomplete အကြောင်းမပြောခင် complete records ဆိုတာဘာလဲ အရင်ပြောပြ ပါမယ်
complete record ပြည့်စုံတဲ့မှတ်တမ်းဆိုတာ စာရင်းလုပ်ငန်းစဉ်တွေအတိုင်း စနစ်တကျ double entryနှစ်ဖက်စာရင်းသွင်းထားပြီး Final Account ရေးဆွဲရန် အဆင့်သင့်အနေထား Trail balance (အစမ်းရှင်းတမ်း)ရေးဆွဲထားပြီးသားကို complete recordsလို့ခေါ်ပါတယ်
🔺Incomplete records ဆိုတာက စာရင်းတွေကို စနစ်တကျနှစ်ဖက်စာရင်းသွင်းထားခြင်းမရှိ တာကိုမပြည့်စုံတဲ့မှတိတမ်းလို့ပြောပါတယ်
🔺incomplete record တွေကိုများသောအားဖြင့် လုပ်ငန်း ငယ်များ (small firms )၊ လက်လီဆိုင်၊စျေးဆိုင် စတိုးဆိုင်အစရှိသဖြင့်လုပ်ငန်းငယ်တွေမှာတွေ့ရပါတယ်။ဒီလုပ်ငန်းတွေဟာ အဓိက cash bookငွေဝင်ငွေထွက်စာရင်း customers . suppliers စာရင်းများသာရေးမှတ်ထားလေ့ရှိကြပါတယ်။
🔺ထိုလုပ်ငန့်းများသည် double entry သုံးပြီးစာရင်းရေးဆွဲရန်စာရင်းကိုင်ကုန်ကျစရိတ် အချိန်မပေးနိုင်ခြင်းအစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့်single entry သာသုံးပြီးစာရင်းမှတ်ထားကြသည်။
🔺ဒီလိုမျိုးမပြည့်စုံတဲ့မှတ်တမ်းတွေကနေ လုပ်ငန်းရဲ့အရှုံးအမြတ်ကိုသိချင်တဲ့အခါ ဘယ်လိုရှာပေးမလဲ။အခုပြောပြပေးမှာတော့ တစ်ဦးပိုင်လုပ်ငန်းအတွက်ဖြစ်ပါတယ်
နည်းလမ်း (3)ခုရှိပါတယ်
1.Accounting equationဖြင့်ရှာနည်း(profit ပဲသိနိုင်)
2.Ledger balance ဖြင့်ရှာ(balတခုချင်းဆီသိFS ဆွဲလို့ရ)
3.Ratio သုံးပြီးရှာ(Balance သိ FS ဆွဲလို့ရ)
🔺ပထမနည်းလမ်း
Capital
opening & Closing Assets. liabilities တွေသိတယ်ဆိုရင်တော့ capital ရှာလို့ရပါပြီ
Capital=Assets ➖liabilities
Capital သိပြီဆိုလျှင်အမြတိတွက်လို့ရပါပြီ
Net Profit=Closing capital ➕drawing➖opening capital➖Additional capital
(အမြတ်ကို အလွယ်ရှာလိုက်တာပါ)
🔺ဒုတိယနည်းလမ်း
Ledgerတွေရဲ့ balance သုံးပြီးရှာခြင်း
1️⃣Revenue = Cash sales➕Credit sales ➕Non bank sales
လက်ငင်းရောင်း၊နှင့်ဘဏ်ထဲမထည့်ဘဲသုံးလိုက်တဲ့ရောင်းရငွေ စာရင်းများသည် Cash book ကရမည်။
အကြွေးရောင်း စာရင်းအတွက် Trade receivable စာရင်းဆွဲကြည့်ရမည်။ဒီမှာတော့ အပေါင်းအနှုတ်နဲ့ပဲရှင်းပြပေးပါမယ်
credit sales= closing bal ➕cash received(cash book )➕Irrecoverable debts ➕Discount allowed ➖opening bal
2️⃣Purchase =cash Purchase ➕Credit Purchase
credit Purchase သိဖို့ရာ Trade pyable စာရင်းမှရှာရမည်။
credit Purchase =closing bal➕(Cash payments) cash book➕Discount received ➖Opening bal
3️⃣cash book မှသိရသမျှ income &expense ထည့်ပြီး
လိုအပ်သော Adjustmentများညှိပေးခြင်း ဖြင့် Statement ဆွဲလို့ရပါပြီ
🔺တတိယနည်းလမ်းကတော့
Accounting ratio သုံးပြီးရှာနည်းပါ
1️⃣Margin(GP to sale)
2️⃣Markup(GP to cost of sale)
ပုံမှန်ဆိုရင်တော့ Statements ဆွဲပြီးမှ ratio တွက်ကြည့်တာပါ အခုကတော့ပြောင်းပြန်ပုံစံ ratio မှ Statement ပြန်ဆွဲခြင့်းဖြစ်ပါတယ်။
ဥပမာ ကိုယ်ရောင်းတဲ့ကုန်စည်က အမြတ်ဘယ်လောက်တင်ထားသလဲ (Markup)
25%တင်ထားလျှင်
အရင်း COS 100+Profit 25=Sales 125
သို့မဟုတ်အရင်းပေါ်မှာ
သူများစျေးအတိုင်းလိုက်ရောင်းပြီးမှ အမြတ်ယူတာလား (Margin)
ratio postတွင်လေ့လာနိုင်ပါသည်။
ဒီနည်းလမ်းတွေသုံးပြီးရှာတဲ့အခါ မှာ သေချာတိကျတဲ့အမြတ်ကို မသိနိုင်ပေမယ့် ခန့်မှန်းခြေကိုတော့သိနိုင်ပါတယ်
ဒီလောက်ဆိုရင် incomplete records ကိုနားလည်မည်မျှော်လင့်ပါတယ်။စာရင်းပညာနှင့်ပတ်သက်ပြီးလွယ်ကူကြပါစေရှင့်။နောက် postတွေမှာပြန်ဆုံပါဦးမယ်ရှင့်💜
Hnin Si(MHS Accountancy Training Center)
#မျှဝေပေးလျှင်ကျေးဇူးတင်ပါတယ်။
#စာသာများကူးယူဖော်ပြခွင့်မပြုပါ
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
သာကေတမြို့နယ်
Yangon