21/12/2025
အထက(၄)ပုဇွန်တောင် မြတ်ဆရာပူဇော်ပွဲ အပူဇော်ခံ ဆရာမ ဒေါ်ခင်စန်းရီ (ခ) ပက်ဂီအေး Peggy Aye အ.လ.ပြ (ငြိမ်း) - ဖွံ့ဖြိုးရေး ဘာသာရပ်ပြ သည် ၂၁.၁၂.၂၀၂၅ (တနင်္ဂနွေနေ့) မနက် ၂ နာရီ တွင် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းရပါသည်။ (ယခင် ထ ၄ ပုဇွန်တောင်၊ ထ ၃ ဗိုလ်တထောင် ကျောင်းသားဟောင်း)
23.12.2025 ရက်နေ့ နေ့လည် 12:00 နာရီ အချိန်တွင် ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ် ပါမည်။ နေအိမ်မှ ကားများ နံနက် 10:00 နာရီတွင် ထွက်ခါပါမည်။ အမှတ် ၅၅၊ ဝတ်ကျောင်းလမ်း၊ ၈ရပ်ကွက်၊ ရေကျော် ၊ပုဇွန်တောင်မြို့နယ်။
Crd.
တီချယ် အမြဲပြောနေကျ တီချယ်သင်တဲ့ ဖွံ့ဖြိုးရေးဘာသာဆိုတာကို တီချယ့်နောက်ဆုံးခရီးမှာ ထည့်ရေးပေးထားပါတယ်ခင်ဗျာ
01/08/2025
အ.ထ.က(၄) ပုဇွန်တောင် ကန်တော့ခံဆရာမ
ဒေါ်မြင့်မြင့်ဝင်း(၆၃နှစ်)
မူပြ/ လယ်တန်းပြ (ငြိမ်း) သည်
31 July 2025 မနက် (ဒေသစံတော်ချိန် 12:56)
Kolkata Apollo Hospital Onco Dept; ICU တွင် ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။
မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့
Crd
25/01/2025
အငြိမ်းစား ဆရာကြီး / ဆရာမကြီးများနှင့် ကျောင်းသား / ကျောင်းသူဟောင်းများအား လေးစားစွာ အသိပေးအပ်ပါသည် ခင်ဗျား။
Crd
22/10/2024
ဆရာမဒေါ်ကြူးမေလေး
အသက်(၆၇) နှစ်
တီချယ် ကောင်းမွန်ရာဘုံဘဝသို့ရောက်ရှိပါစေ။
Crd
11/07/2024
အထူးဝမ်းနည်းခြင်း
အထက(၄)ပုဇွန်တောင် တွင် မက်သဒစ်ခေတ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သော မူလတန်းအင်္ဂလိပ်စာ ဆရာမ ဒေါ်ပီသိန်းအောင် တီချယ် ဖီးလစ် (Teacher Phylli)
10.7.2024 နေ့တွင် ကွယ်လွန်ကြောင်းသိရသဖြင့်မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။
မက်သဒစ်ပညာသင်ဌာန ကတည်းက တာဝန်ထမ်းဆောင်နေခဲ့သော နောက်ဆုံးကျန်ရှိတဲ့ဆရာမ ဖြစ်ပါတယ်။
09/04/2024
သူရိယဆောင်ကြီးဝယ်....
At Garmo Hall....
Photo - 2017,2019,2020,2022
09/01/2024
ယနေ့ကျရောက်သော 9.1.2024 ရက်နေ့တွင်
ကျောင်းတည်နှစ်ပေါင်း ၁၂၀ ပြည့်ပါပြီ
Happy 120th Anniversary of BEHS 4 Pazundaung 🎉 မက်သဒစ် မြန်မာ မိန်းကလေးများ အထက်တန်းကျောင်း , 9.1.1904
-Methodist Burmese Girls' High School
-Methodist Educational Centre
-အ.လ.က(၁)ပုဇွန်တောင်
-အ.ထ.က(၄)ပုဇွန်တောင်
16/12/2023
ကျွန်တော်တို့ကျောင်း၏ ကျောင်းအုပ်သက်တမ်းအရှည်ဆုံးနှင့် အသက်အရှည်ဆုံး ကျောင်းအုပ်ဆရာမကြီး အဖွားရိုး အသက်(၁၀၀)ပြည့်မွေးနေ့အမှတ်တရ..
11/11/2023
အ.ထ.က(၄)ပုဇွန်တောင် ကျောင်းအုပ်ဆရာမကြီး
ဒေါ်ရီရီသန်း (၁၉၉၈-၂၀၀၃) အသက် (၈၃) နှစ် သည် ၁၁.၁၁.၂၀၂၃ နေ့လည် ၂:၀၅ တွင် ကွမ်းခြံကုန်းမြို့နယ် နေအိမ်၌ ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်။ ကောင်းရာသုဂတိလားပါစေ တီချယ်ကြီးခင်ဗျာ🙏🙏🙏
B.E.H.S(4)PZD page
28/10/2023
Halloween costume လေးတွေနဲ့
မက်သဒစ်ကျောင်းသူများ
ကျောင်းတည်နေရာ - လွစ္စလမ်း မူလကျောင်းနေရာ လို့ခန့်မှန်းရ
Methodist Episcopal Girls' High School - Lewis St.
(မနက်ဖြန် လပြည့်နေ့ဖြစ်လို့ ဒီနေ့တင်လိုက်တာပါ)