WAI HLYAN

WAI HLYAN

Share

Physical&mentally development

12/09/2023

🥚Raw egg(ကြက်ဥ အစိမ်း)ကို
ဒီအတိုင်းသောက်မယ်ဆို
ကျန်းမာရေး ထိခိုက်စေနိင်သလား??

ans::Noပါ။

လိုတာထပ် ပိုသောက်မယ်ဆိုရင်တော့
ဆိုးကျိုးရှိနိင်ပါတယ်၊ဘယ်အရာမဆို
တန်ဆေးလွန်ဘေးပါ။
(သာမန်လူတွေဆို တစ်ရက်ကို
raw egg 1or 2ထိ သောက်ပေးနိင်ပါတယ်-bodybuilding အတွက်ဆို 4လုံးက အများဆုံးပါ)

Raw eggတစ်လုံးမှာ-healthy vitamins, minerals, antioxidants, carotenoids, and omega-3 fatty acids လိုကျန်းမာရေး အကျိုးပြု ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

အဓိကက သူ့မှာ choline&omega-3 fatty
ဓာတ်တို့လို အကျိုးပြု ဓာတ်တွေ ကြွယ်ဝတဲ့
အတွက် (male)19yr old or above 19တွေ
အတွက် အထူးသင့်တော်ပါတယ်။

✨What’s choline…?

Cholineက memory,mood,brain function
muscle control, liver disease, &neurological diseases တွေကို improve စေနိင်တဲ့ benefit
တွေအများကြီး ပါဝင်ပါတယ်။
(raw eggတစ်လုံးမှာ choline-147mg ပါဝင်ပါတယ်)

✨Why need to drink raw egg??

Raw eggက တခါတစ်လေ
အစားမစားချင်တဲ့ အခါမျိုးတွေ၊
နေမကောင်းတဲ့ အခါမျိုးတွေနဲ့
energy boost ဖို့လိုတဲ့ အခါမျိုးတွေမှာ
သောက်သုံးဖို့ သင့်လျှော်ပါတယ်။

ယောင်္ကျားလေးတွေ အတွက်main hormone
ဖြစ်တဲ့ testosterone ကိုရှယ် boostပေးနိင်လို့
testosterone booster အနေနဲ့လဲမှီဝဲမယ်ဆိုလဲ
သင့်လျှော်ပါတယ်။

✨How to drink raw eggs??

အစိမ်းဆိုတော့ အနည်းငယ် ညှီပါတယ်။
raw eggကို-ပျားရည်၊ဂျင်း၊နွားနို့၊သစ်ဂျပိုးခေါက်
chia seeds၊ဗနီလာ အနှစ်တို့နဲ့လဲ ရောစပ်
သောက်သုံးကြည့်ဖို့ recommend ပေးပါတယ်။

✨When can you drink??

မနက် နိုး”ချင်း အစားမစားခင်(or)
ညအိပ်ယာမဝင်ခင် တွေမှာလဲ သောက်သုံးနိင်ပါတယ်။
Low immune system(ကိုယ်ခံအားကျဆင်းနေချိန်)
တွေမှာလဲ energy booster အနေနဲ့ မှီဝဲနိင်ပါတယ်။

‼️Side effects‼️

လိုတာထက် ပိုသောက်သုံးမယ်ဆိုရင်
diarrhea(ဝမ်းလျှောခြင်း),cramps(ကြွက်တက်ခြင်း) and vomiting(အောအန်ခြင်း)တို့လို့
side effects အနည်းငယ်ရှိတာကိုလဲ
သတိပြုစေချင်ပါတယ်။

{12.9.23}{12:54pm}


27/08/2023

ဘဝမှာ မင်း ရည်မှန်းချက်ထက် ပိုတာ ဘာမှ မရပါ။

ex-တစ်ရက် 1သောင်းလောက်ပဲလို့ ရည်မှန်းထားရင် 1သောင်းပဲရမယ်၊ 10သိန်းလောက် ရည်မှန်းထားရင်တော့ 10သိန်းပေါ့🤍✨

ma wyutyee

23/08/2023

အစားအသောက် က
လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ
တွေမှာပါ သက်ရောက်မူရှိနိင်တယ်။

ပေါက်တက်ကရ processed food
တွေကရလာတဲ့ energy နဲ့
ခန္ဓာကိုယ် အတွက် တကယ်
အကျိုးရှိတဲ့အသီးအနှံ၊protein&complexcarbs
စတဲ့ ခန္ဓာကိုယ်အတွက် စွမ်းဆောင်ရည်ကောင်းတွေ
boost လုပ်ပေးနိင်တယ့် energy နဲ့က
အများကြီးကွာတယ်။

နောက်တစ်ခုက ခန္ဓာကိုယ်ရဲ့ ဒုတိယဦးနှောက်က
အူလမ်းကြောင်း ဖြစ်ပြီး၊ရောဂါ အများစုရဲ့
အစက အူလမ်းကြောင်းကနေပဲ စတာပါ။

ကျန်းမာရေးအတွက်အပြင်၊ကိုယ့်ရဲ့
daily lifeမှာ productivity ကောင်း”
နဲ့ ကိုယ့်ရဲ့ ဘဝခရီးကို ရေရှည်ထိ”ရောက်”
ခရီးဆက်နိင်ဖို့ ဆိုရင် ….

အစားအသောက်ရွှေးချယ်မူက
အရေးကြီးတဲ့ အချက်တစ်ခုဆိုတာကိုလဲ
မမေ့ပါနဲ့။

22/08/2023

ပျော်နေတဲ့အချိန်မှာ စိတ်ညစ်စရာမတွေးနဲ့
စိတ်ညစ်တဲ့ အချိန်ပေးညစ်လိုက်၊
အချိန်တန်ရင် အရာ”အဆင်ပြေသွားလိမ့်မယ်။

ကိုယ့်ကိုကိုယ် ပျော်အောင် ထားနိင်တယ်
ဆိုတာလဲ မုဒိသာ တစ်မျိုးပဲ။

တစ်ခုတော့ရှိတယ် ကိုယ့်ပျော်ရွှင်မူကို
အခြားသူရဲ့ နစ်နာ မူနဲ့တော့ မလဲနဲ့။

22/08/2023

လူ့ဘဝဟာ တို”လေး
အဲဒီ ဘဝတို”လေးမှာ
ကိုယ့်ကို ကိုယ်ပျော်အောင်ထား

အခြားသူတွေကြောင့် မပျော်ရွှင်ရဘူးဆိုတာ
ကိုယ်ဟာ သူတို့ရဲ့ victim ဖြစ်နေလို့။

victim ဘဝကို တတ်နိင်သမျှ
မရောက်အောင် ကိုယ့်ဘာသာ ရအောင်
သတိနဲ့ ရုံးထွက်၊မရုံးထွက်နိင်ရင်
အခြေနေတွေရဲ့ သားကောင်
ပဲဖြစ်နေလိမ့်မယ်။

21/08/2023

ပျော်စရာ ရှိတာပျော်
လုပ်စရာ ရှိတာလုပ်
သင်ယူစရာ ရှိတာသင်ယူ
ဝင်ငွေလမ်းကြောင်း ရှယ် ဖြစ်အောင်
တည်ဆောက်။

အဲတာဆို ဘဝက နေရတာ
ပျော်စရာကောင်းပြီး လွတ်လပ်လာလိမ့်မယ်။

21/08/2023

ဘဝ မှာ ကိုယ်ထိန်းချုပ်လို့ရတယ့်
အရာနဲ့၊ထိန်းချုပ်လို့ မရတဲ့ အရာ
နှစ်ခုပဲ ရှိတယ်။

ဆိုတော့ ကိုယ်ထိန်းချုပ်လို့ ရတယ့်
အရာ၊circle of influence ကို
တတ်နိင်သလောက် ချဲ့ထွင်။

Be proactive mindset ရိုက်သွင်းထား
အချိန်တန်ရင် proactive သမားနဲ့
reactive ကကွာခြားသွားလိမ့်မယ်။

ကိုယ့် ထိန်းချုပ်လို့ မရတဲ့ အရာတွေကို
ignore ထားလိုက်၊ကိုယ့် ထိန်းချုပ်လို့
ရတဲ့ အရာတွေ ပေါ်မှာ ကိုယ့်ရဲ့အချိန်တွေ၊
energy တွေကို အများဆုံးသုံး။

circle of influence ကြီးလာရင်
circle of concernက auto
ဖွံ့ဖြိုး၊ကြီးထွား လာလိမ့်မယ်။

.

18/08/2023

လူတစ်ယောက်မှာ idea ကောင်းတွေ
ဘယ်လောက်ရှိ” လက်တွေ့
အကောင်အထည် ဖော်မယ့်
ခိုင်မာတဲ့ decision မရှိရင် reality ထဲကို
မရောက်လာပဲ ideas တစ်ခုသာ ဖြစ်နေလိမ့်မယ်။

17/08/2023

Brain ထဲကို input

ကောင်း” မထည့်နေသရွှေ့

"ရှယ်" output တွေဆိုတာလဲ

ထွက်လာမှာ မဟုတ်။

17/08/2023

လူတစ်ယောက်ရဲ့ personality က
သူနေထိုင်၊ကျင်လည် ရတဲ့ ပတ်ဝန်းကျင်
ပေါ်မူတည် ပြီး ပြောင်းလဲနိင်စွမ်း
ရှိတယ်…နောက်ပြီး အတွေ့အကြုံ
ပေါ်မှာ အခြေခံပြီးလဲ ပြောင်းလဲသွားနိင်တယ်။

အဲဒီတော့ network,environment က
လူတစ်ယောက်အတွက် သိပ်အရေးပါတယ်။

15/08/2023

မုဒိတာ ဆိုတာ
ကိုယ့်ရဲ့ ကောင်းတဲ့ အချက်တွေ
အခြားသူတွေရဲ့ ကောင်းတဲ့
အချက်တွေကို ခံစားသိရှိနိင်တာက
မုဒိတာ လို့ ခေါ်နိင်တယ်။

မိမိကိုယ့်ကို ရော အခြား သူတပါး
တွေကိုပါ မုဒိတာ ဆိုတဲ့ positive-emotions
ထားနိင်ရင်…..ကိုယ့်ရဲ့စိတ်ထဲမှာ
ဒေါသ၊မနာလိုစိတ်၊အားငယ်တဲ့စိတ်
တွေ အထိုက်အလျှောက် လျှော့နည်းသွား
နိင်ပါတယ်။

မုဒိသာရဲ့ အနှစ်အရသာကိုက
positive ကို အခြေခံပြီး မိမိနဲ့ သူတပါးရဲ့
အောင်မြင်မူ၊ ကြိုးစားမူ ၊လုံလ ဝရိယ
တွေကို…မြင်အောင် ကြည့်တတ်ပြီး
စိတ်ထဲကနေ နစ်”ကာ” ဝမ်းမြောက်ပေး
နိင်တာလို့ ဆိုနိင်တယ်။

အရာရာ တိုင်းမှာသာ မုဒိသာစိတ်
ထားနိင်ရင် စိတ်ညစ်တာ၊စိတ်ကျတာ
မနာလိုစိတ်၊negative-thinking၊neg-emotions
တွေ လျော့ပါးလာနိင်တယ်-mental exercise
တစ်မျိုးအနေနဲ့ လေ့ကျင့်မယ်ဆို ရင်လဲ
တကယ် အကျိုးများပါတယ်။


11:38pm {15.8.23}

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Ygn, Northokkalapa
Yangon