New Peak International Education

New Peak International Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Peak International Education, Education, No. (182), Shwe War Htun (1) Street, 33 Ward, Northdagon Township, Yangon.

01/06/2026

✨

Photos from New Peak International Education's post 26/05/2026

🔥New Peak International Education ရဲ့ 2026ခုနှစ်အတွက် ခြေလှမ်းအသစ်🏫

✨မြန်မာနိုင်ငံမှာပဲ IGCSE, GED တက်ပြီးတဲ့သူတွေအတွက် လွယ်ကူသက်သာစွာနဲ့ ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် New Peak ကနေ လမ်းကြောင်းတစ်ခုကို ဖော်ဆောင်လိုက်နိုင်ပါပြီ✨

📌 May 18, 2026 မှာဆိုရင်တော့ New Peak International Education ဟာ ဗီယက်နမ်နိုင်ငံက ထိပ်တန်းဆေးတက္ကသိုလ်ကြီးတစ်ခုနဲ့ Memorandum of Understanding(MOU) ကို အောင်အောင်မြင်မြင်နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ် 👏🏻

New Peak မှာ IGCSE, GED တက်ရောက်ပြီးတာနဲ့ Partner University ဖြစ်တဲ့ ဒီဆေးတက္ကသိုလ်ကြီးမှာ အထူးအခွင့်အရေးတွေနဲ့ ဆေးပညာနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ဆက်လက်ပြီးတော့ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။

ဒီပူးပေါင်းမှုဟာဆိုရင်တော့ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာအဆင့်မြင့်ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရန်နှင့် အနာဂတ်ပညာရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

New Peak International Education အနေနဲ့လည်း IGCSE နှင့် GED ပညာရေးလမ်းကြောင်းတွေကနေတဆင့် ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ်ပညာရေးနဲ့နိုင်ငံတကာအခွင့်အလမ်းတွေ တိုးတက်စေဖို့ အမြဲတမ်းကြိုးပမ်းနေပါတယ်။ ယခုလို နိုင်ငံတကာတက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ပူးပေါင်းမှုများကို ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

MOU Signing Ceremony တွင် ပါဝင်ပေးကြသော ဆေးတက္ကသိုလ်ကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များအား အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်.။



19/05/2026

New Peak ကျောင်းမှာ Pre IGCSE, IGCSE Olevel အတန်းသစ်လေးတွေ ဒီလမှာ စပြီးဖွင့်တော့မှာဖြစ်လို့ ကျောင်းအပ်လက်ခံနေပါပြီရှင့်✨

15/05/2026

✨🙏🏻အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏🏻✨

☀️မေလလယ်လည်း ရောက်ပြီဆိုတော့ နွေကျောင်းပိတ်ရက်တွေလည်းကုန်ပါတော့မယ်

ဒီတော့ သားသားမီးမီးတွေရဲ့ ပညာရေးအတွက် စူးစမ်းလေ့လာနေကြမဲ့ ဖေဖေမေအေတို့အတွက် New Peak International Education ရဲ့ IGCSE class အကြောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်…

New Peak International Education ဟာဆိုရင် IGCSE ဆိုတဲ့ ပညာရေးနယ်ပယ်မှာ ရပ်တည်လာတာ ဒီနှစ်နဲ့ဆိုရင် ဆယ်စုနှစ်သက်တမ်းတစ်ခုရဲ့ ထက်ဝက်ကျော်ကျော်ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

IGCSE နဲ့ GED School ရယ်လို့ မဖြစ်လာခင် အစကနဦးတည်ထောင်တဲ့ Peak Education မှာကတည်းက IGCSE class တွေနဲ့ ခိုင်ခိုင်မတ်မတ်ကို ရပ်တည်လာတာဖြစ်ပါတယ်။

IGCSE ကျောင်းတစ်ကျောင်းအနေနဲ့ မှတ်တိုင်ကောင်းများစိုက်ထူနိုင်ခဲ့သလို Peak Education ရဲ့ ပထမဆုံး IGCSE batch ကနေ မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေဟာဆိုရင်လည်း 🇯🇵ဂျပန်၊
🇨🇳တရုတ်၊
🇹🇭ထိုင်း၊
🇫🇮ဖင်လန်၊
🇬🇧အင်္ဂလန်စတဲ့ နိုင်ငံအသီးသီးမှာ အောင်မြင်စွာနှင့် ကိုယ်စီကိုယ်စီ ပန်းတိုင်အရောက် လျှောက်လှမ်းနေကြပြီပဲဖြစ်ပါတယ်။

ဒီလိုမျိုး ကျောင်းသားကျောင်းသူတွေကို အစဉ်မွေးထုတ်ပေးခဲ့တဲ့အပြင် နောက်ထပ်မှတ်တိုင်ကောင်းတွေ စိုက်ထူနိုင်ဖို့လည်း အမြဲကြိုးစားလျက်ရှိပါတယ်။

ဒါ့ကြောင့် အခုလာမဲ့စာသင်နှစ်မှာဖွင့်လှစ်မဲ့ New Peak ရဲ့ IGCSE အတန်းတွေအကြောင်းကို မိတ်ဆက်ပေးပါရစေ။

IGCSE အတန်းအသစ်လေးတွေကိုတော့ လာမဲ့ June 2026 မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး Oct/Nov 2027 အထိကို စုစုပေါင်း (၁၆) လ ကြာမြင့်မှာဖြစ်ပါတယ်။

ကျောင်းစအပ်တည်းကနေ စာမေးပွဲဖြေဆိုတဲ့အထိကို
✅placement test
✅one-by-one guidance and feedback
✅past part practice
✅computer-based labs
✅monthly and semester-end tests
✅Teaching Aids supply
စတဲ့ Quality control တွေနဲ့ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို သေချာလေး အနီးကပ် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့

📕1 subject = 100,000 MMK
📒First Language English = 120.000 MMK

ရယ်လို့ အခြေခံအားဖြင့် ဘာသာရပ် (၅) ခုမှစတင်ပြီးတော့ သင်ယူနိုင်ပါတယ်။

Cambridge Assessment International Education နဲ့ Pearson ရဲ့ Edexcel စတဲ့ Syllabus နှစ်မျိုးလုံးကို သေချာရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်။

🥇Syllabus အပြင် Extracurricular activities တွေပါ တကယ့် International School ကျောင်းကောင်းကောင်းမှာတက်ရတဲ့ Experience အတိုင်း ပါဝင်နိုင်မှာလည်းဖြစ်ပါတယ်။

အတန်းအမျိုးအစားအနေနဲ့ကတော့
📚Pre-IGCSE
📚IGCSE ရယ်လို့ (၂) မျိုးရှိပြီးတော့

မြန်မာကျောင်း (၇) တန်း၊ (၈) တန်း၊ International school Year (6), Year (7) ပြီးသွားတဲ့ကလေးတွေဆိုရင်တော့ Pre-IGCSE ကို တက်ရောက်နိုင်ပြီး…

မြန်မာကျောင်း (၉)တန်း၊ (၁၀) တန်း၊ International school Year (8), Year (9) ပြီးမြောက်သွားတဲ့သူတွေဆိုရင်တော့ IGCSE “O” Level ကို တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။

လိုချင်တဲ့ Grade, A* ရတဲ့အထိကို အထူးအနီးကပ်သက်ကြားလေ့ကျင့်ပေးမဲ့ Premium Class ကိုလည်း မကြာခင်မှာ မိတ်ဆက်တော့မှာပဲဖြစ်ပါတယ်။

အတန်းတိုင်းကိုတော့ လူဦးရေအကန့်အသတ်နဲ့အတူ အမှန်တကယ် နားလည်တတ်မြောက်ကျွမ်းကျင်နဲ့ ဆရာတွေနဲ့ ထိတွေ့သင်ကြားပေးမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ Pathway တွေအတွက် one-by-one consultation service လည်းရှိပါသေးတယ် ✨

ဒါကြောင့်မို့လို့ အတွေးများပြီး အရွေးမမှားရအောင် New Peak ရဲ့ 24/7 service နဲ့အတူ IGCSE class တွေအကြောင်း အောက်ပါလိပ်စာတွေကို ဆက်သွယ်စုံစမ်းမေးမြန်းလိုက်ပါတော့နော်။

📞09 955 600 547
📞09 699 401 407
📧[email protected]

🏫 အမှတ် (၁၈၂)၊ ရွှေဝါထွန်း (၁) လမ်း၊ (၃၃) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။






Acknowledgement: AI generated image

07/05/2026

🇻🇳 ဗီယက်နမ်မှာ ပညာဆက်သင်ကြမယ် ✈️

IGCSE တွေ GED တွေလုပ်ပြီး နိုင်ငံရပ်ခြားမှာ ဆက်လက် ပညာသင်ယူချင်နေတယ်ဆိုရင်တော့ Vietnam နိုင်ငံကိုလည်း မေ့ထားလို့မရဘူးနော်။

အများစုက နိုင်ငံခြားမှာပညာသင်မှာလို့ ပြောကြတာနဲ့ ထိုင်း၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ စတဲ့နိုင်ငံတွေကိုပဲပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကလည်း မေ့ထားလို့မရဘဲ ရွေးချယ်သင့်တဲ့အထဲပါပါတယ်။

ဒါ့ကြောင့် အရှေ့အာရှနိုင်ငံတွေထဲက ရွေးချယ်သင့်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာ ပညာသင်ဖို့အတွက်ကို Knowledge Sharing လုပ်ပေးလိုက်ပါတယ်။

IGCSE, GED ပြီးသွားလို့ ဗီယက်နမ်မှာ ကျောင်းတက်မယ်ဆိုရင်တော့ ဘွဲ့အမျိုးအစား နှစ်ခုကို ရွေးချယ်နိုင်ပါတယ်။

✅Associate degree - 3 years
✅Bachelor’s degree - 4 years

🏛️ အစိုးရ တက္ကသိုလ် (Public Universities)

ဗီယက်နမ်မှာ အစိုးရတက္ကသိုလ်တွေက အထောက်အပံ့တွေနဲ့ ပိုမိုစျေးသက်သာတာပဲဖြစ်ပါတယ်။

🏛️Vietnam National University (VNU)
🏛️Hanoi University of Science and Technology
🏛️Hue University
🏛️University of Da Nang

စတဲ့ တက္ကသိုလ်တွေရယ်လို့ ရွေးချယ်စရာရှိပါတယ်။

🏢 ပုဂ္ဂလိကတက္ကသိုလ်တွေမှာဆိုရင်တော့

🏢 RMIT University Vietnam
🏢 Vin University
🏢 FPT University
🏢 Duy Tan University — QS Asia Rankings

ရယ်လို့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

Public နဲ့ Private Universities တွေမှ International ကျောင်းသားတွေအတွက် ဗီယက်နမ်ဘာသာစကားနဲ့မဟုတ်ဘဲ အင်္ဂလိပ်လိုသင်တဲ့ International Programs တွေရယ်လို့ သီးသန့်ထပ်ရှိပါသေးတယ်။

✈️Visa နဲ့ Immigration

အရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့အလျောက် အလည်အပတ်အတွက်ဆို ၁၄ ရက် Visa free ရမှာဖြစ်သလို ပညာသင်ဖို့အတွက်ဆိုရင်တော့ visa DH လို့ခေါ်တဲ့ Student Visa ကိုလျှောက်ထားရမှာဖြစ်ပြီးတော့ အဲဒီဗီဇာနဲ့ TRC လို့ခေါ်တဲ့ Temporary Residence Card ကိုပါ တစ်ခါတည်းလျှောက်ထားနိုင်ပါတယ်။ သက်တမ်းကတော့ ၁၂ လ ဖြစ်ပါတယ်။

🌐ဗီယက်နမ် တက္ကသိုလ်ဝင်ခွင့်

⚠️အရေးကြီးတဲ့တစ်ခုကတော့ IGCSE တစ်ခုတည်းနဲ့ Vietnam ကျောင်းအများစုမှာ ဝင်ခွင့်မရနိုင်ပါဘူး။

IGCSE က ပျမ်းမျှ Grade 10 လောက်နဲ့ညီမျှတာဖြစ်တဲ့အတွက် တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်တက်ချင်တယ်ဆိုရင်တော့
✅A-Level
✅IB diploma
✅ဗီယက်နမ်တက္ကသိုလ်တစ်ခုခုက Foundation Program ကို တက်ဖို့လိုပါလိမ့်မယ်

⚠️GED နဲ့ဆိုရင်တော့ IGCSE ထက် ကျောင်းဝင်ခွင့်ကို လွယ်လွယ်ကူကူ ပိုရနိုငိပါတယ်။

‼️ကျောင်းဝင်ခွင့်ဆိုတာကတော့ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်အပေါ်မှာ မူတည်ပြီး သူတို့တောင်းတဲ့ requirements တွေကိုပေးရမှာဖြစ်ပါတယ်။ တစ်ကျောင်းနဲ့တစ်ကျောင်းလည်း မတူညီနိုင်သလို လိုအပ်ရင် Admission test ပါ ဖြေပေးရနိုင်ပါတယ်။

💸ကုန်ကျစရိတ်

တက်ချင်တဲ့ Uni ယူမဲ့ Program ပေါ်မူတည်ပြီး ကျောင်းလခကတော့ ကွဲသွားပါတယ်။

Public Uni, Vietnamese - $1.230-$2.720 (သိန်း ၃၅၀ မှ ၇၇၀)
Public Uni, Ibternational - $2,540-$3,300 (သိန်း ၇၂၀ မှ ၉၄၀)
Private Uni - $5,000-$13,900 (သိန်း ၁၄၂၀ မှ ၃၉၃၀)

နေထိုင်ဖို့အတွက်ကတော့ အပြင်မှာ နေမလား၊ ကျောင်းအဆောင်မှာနေမလား စတဲ့အပေါ်မှာမူတည်ပြီး
$30 ကနေ $125 အထိ အစားစားရှိပါလိမ့်မယ်။

အကျဉ်းချုပ်အားဖြင့် အထွေထွေကုန်ကျစရိတ်တွေပါထည့်တွက်ရင် တစ်နှစ်ကို ကုန်ကျစရိတ် $3700 ကနေ $18,000 အထိ ရှိနိုငိပါတယ်။

ဒါကတော့ Vietnam နိုင်ငံမှာ ဆက်လက်ပညာသင်ကြားဖို့ သိထားသင့်တဲ့ အခြေခံအချက်လက်လေးတွေဖြစ်ပါတယ်။

ဒီထက်ပိုမိုသိရှိချင်တယ်၊ သေချာလေး တိုင်ပင်ဆွေးနွေးပေးမဲ့ Consultation လည်းယူချင်တယ်ဆိုရင်တော့ New Peak ရဲ့ 24/7 service နဲ့အတူ အောက်ပါလိပ်စာတွေကို ဆက်သွယ်စုံစမ်းမေးမြန်းလို့ရနိုင်ပါပြီခင်ဗျာ။

📞09 955 600 547
📞09 699 401 407

🏫 အမှတ် (၁၈၂)၊ ရွှေဝါထွန်း (၁) လမ်း၊ (၃၃) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။


့

01/05/2026

မေလအတွင်း 𝑹𝒆𝒈𝒊𝒔𝒕𝒆𝒓 လုပ်ထားရုံနဲ့ တစ်နှစ်ပတ်လုံး 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 ရနိုင်မယ့် အထူးအစီအစဥ်တစ်ခုကို 𝐍𝐞𝐰 𝐏𝐞𝐚𝐤 က စီစဥ်ပေးလိုက်ပါပြီ🤗🤗

Juneလကနေစပြီး ကျောင်းအပ်နှံ့တဲ့စျေးနှုန်းထားတွေကို ပြောင်းလဲတော့မှာမို့လို့ Mayလမှာ 𝑹𝒆𝒈𝒊𝒔𝒕𝒆𝒓 လုပ်ထားရုံနဲ့ တစ်နှစ်ပတ်လုံး အရင်စျေးနှုန်းအတိုင်း ကျောင်းအပ်နှံလို့ရအောင် 𝐍𝐞𝐰 𝐏𝐞𝐚𝐤 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 မှာ ကျောင်းအပ်နှံမည့် ကျောင်းသား၊ကျောင်းသူမိဘတွေကို သတင်းကောင်းလေး ပန်ကြားအပ်ပါတယ်။✨👨‍🎓👩‍🎓

ဖွင့်လှစ်ထားသော 𝐆𝐄𝐃 တန်းခွဲများ…
✔️ 𝐏𝐫𝐞 𝐆𝐄𝐃 _300,000 ks
✔️ 𝐆𝐄𝐃_300,000 ks
✔️𝐆𝐄𝐃 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬_350,000 ks တို့ဟာ မူလစျေးနှုန်းထားလေးတွေပဲ ဖြစ်ပါတယ်။

ဖွင့်လှစ်ထားသော 𝐈𝐆𝐂𝐒𝐄 တန်းခွဲများ…
✔️ 𝐏𝐫𝐞 𝐈𝐆𝐂𝐒𝐄_350,000 ks
✔️ 𝐈𝐆𝐂𝐒𝐄 '𝐎' 𝐋𝐞𝐯𝐞𝐥_1 subject_100,000 ks
✔️ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 '𝐀' 𝐋𝐞𝐯𝐞𝐥 (𝐈𝐆𝐂𝐒𝐄 '𝐀' 𝐋𝐞𝐯𝐞𝐥) တို့ဟာ မူလစျေးနှုန်းထားလေးတွေပဲ ဖြစ်ပါတယ်။


ဘယ်လိုမျိုး သင်ကြားပေးလျက်ရှိသလဲ ❓

✨ သက်ဆိုင်ရာနယ်ပယ်အလိုက်အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ

✨ 𝐂𝐡𝐚𝐩𝐭𝐞𝐫 𝐄𝐧𝐝 𝐓𝐞𝐬𝐭 များကို ပုံမှန်စစ်ဆေးပေးခြင်း

✨ 𝐒𝐭𝐮𝐝𝐲 𝐓𝐨𝐮𝐫 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐚𝐧𝐝 𝐄𝐱𝐩𝐞𝐫𝐢𝐦𝐞𝐧𝐭 တို ပြုလုပ်ခြင်း

✨ 𝐒𝐡𝐨𝐫𝐭 𝐓𝐫𝐢𝐩 အစီစဉ်များ

✨ 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 များစွာကိုပါ အပတ်စဉ်ပြုလုပ်ပေးလျက်ရှိကာ

✨ 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 / 𝐎𝐧𝐥𝐢𝐧𝐞 မိမိနှစ်သက်ရာ အတန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

🍀 ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးပိုင်းဆိုင်ရာ တိုးတက်မှုအခြေအနေများ

🍀 နိုင်ငံခြားသိုပညာသင်သွားဖို လိုအပ်သည်များနှင့်ပတ်သက်၍ သိရှိနိုင်စေရန်

💯 ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆရာဆွေးနွေးတွေ့ဆုံပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

👩🏻‍🎓 အနာဂတ်ပညာရေးအတွက် ခြေလှမ်းစတင်လိုပါက နှစ်စဉ်ထူးချွန်းထက်မြက်သော ကလေးငယ်များစွာကို မွေးထုတ်ပေးလျက်ရှိတဲ့ 𝐍𝐞𝐰 𝐏𝐞𝐚𝐤 ရဲ့ 𝐆𝐄𝐃 နဲ့ 𝐈𝐆𝐂𝐒𝐄 𝐂𝐥𝐚𝐬𝐬 တွေမှာ အခုပဲ ကျောင်းအပ်နှံလိုက်ပါနော်။

✅ အခုနေ Register လုပ်ထားတာနဲ့ တစ်နှစ်ပတ်လုံး ယခင်ဈေးအတိုင်း အတန်းအပ်နှံနိုင်ခွင့်ကို ရရှိမှာဖြစ်တာကြောင့် နှစ်ခေါက်ပြန်မရနိုင်တဲ့ အခွင့်အရေးကြီးမို့လို့ အခုပဲ 𝑹𝒆𝒈𝒊𝒔𝒕𝒆𝒓 လုပ်ထားလိုက်တော့နော်…

သင်တန်းနှင့်ပတ်သက်ပြီး အ သေးစိတ် မေးမြန်းစုံစမ်းလိုပါက ဖုန်း 09 955 600 547 ဆက်သွယ်နိုင်သလို Page Messenger က နေလည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။

Address - No.102, Shwe War Tun (1) Street, 33 Ward, North Dagon Township, Yangon.

22/04/2026

ကဲ… သင်္ကြန်လည်းပြီးသွားပြီဆိုတော့ 🌿💦

🚨IGCSE ကျောင်းသားကျောင်းသူတွေအတွက် May/June exam ကြီးလာပြီနော်‼️

ကလေးတွေလည်း အနည်းနဲ့အများတော့ ဖိအားတွေရှိနေကြမှာပါ။ Exam pressure တွေနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်နေကြပေမဲ့လည်း သေသေချာချာ Smart ဖြစ်တဲ့နည်းလမိးတွေနဲ့ဆိုရင်တော့ flying color scores တွေကတော့ လက်တကမ်းမှာပါပဲနော် ✨

ဒီတော့ New Peak ကနေ Smart study နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျ 💡

၁။ "Past Paper is your Best Friend" (မေးခွန်းဟောင်းက မင်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်း) 📚

စာအုပ်ကြီးပဲ ထိုင်ဖတ်နေတာ၊ notes တွေပံ အပြန်ပြန်အလှန်လှန်ဖတ်နေတာမျိုးထက် မေးခွန်းဟောင်းတွေ အများကြီးဖြေတာက ပိုထိရောက်ပါတယ်။

✅ Timer လေးမှတ်ထားပါ: တကယ့်စာမေးပွဲခန်းထဲ ရောက်နေသလိုမျိုး အချိန်သတ်မှတ်ပြီး ဖြေကြည့်ပါ။ ဒါမှ အချိန်စီမံခန့်ခွဲမှုနဲ့ Exam pressure ကို ကျင့်သားရသွားမှာပါ။

✅ Marking Scheme ကို ဆရာတင်ပါ: ကိုယ်မှားတဲ့အချက်ကို Marking Scheme မှာ ပြန်ကြည့်ပါ။ Examiner တွေက ဘာကိုအမှတ်ပေးတာလဲဆိုတာထက် ဘယ်လိုမျိုးကို အမှတ်ပေးတာလဲဆိုတာ သိမှ အဖြေက ထိမိပြီး လိုချင်တဲ့ရမှတ်ကို ရနိုင်မှာပါ။

၂။ "Study Smart, Not Just Hard" (စမတ်ကျကျ လေ့လာမယ်) 🧠

စာတွေအများကြီးကို ခေါင်းထဲအတင်းရိုက်သွင်းမယ့်အစား ဒီနည်းလမ်းလေးတွေ သုံးကြည့်ပါ။

✅Mind Maps ဆွဲပါ: သင်ခန်းစာတွေကို ပုံလေးတွေ၊ မြှားလေးတွေနဲ့ ချိတ်ဆက်ဆွဲထားရင် မှတ်ရတာ ပိုလွယ်ပါတယ်။

✅Active Recall: စာဖတ်ပြီးတာနဲ့ စာအုပ်ပိတ်လိုက်ပါ။ ပြီးရင် ကိုယ်အခုဖတ်လိုက်တဲ့အထဲက ဘာတွေမှတ်မိလဲဆိုတာ စာရွက်အလွတ်ပေါ်မှာ ပြန်ချရေးပါ။ ဒါက ဦးနှောက်ကို ပိုအလုပ်လုပ်စေပါတယ်။

✅Weak topics တွေကိုပိုဦးစားပေးပါ။ ရပြီးသားတွေကို ထပ်တလဲလဲလုပ်နေတာမျိုးထက် ကိုယ်အားနည်းတဲ့အပိုင်းတွေလည်း လေ့လာပေးသင့်ပါတယ်။

✅ သူငယ်ချင်းတွေနဲ့ Group Study လုပ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပြန်ရှင်းပြပေးပါ။ သူများကို ပြန်ရှင်းပြနိုင်တဲ့အဆင့်ရောက်ရင် အဲ့ဒီ Topic ကို ကိုယ်ကသေချာပေါက် ပိုင်နိုင်သွားပါပြီ။

‼️ပြီးတော့ Cramming ဆိုတဲ့ အနားနီးမှ ပြွတ်သိပ်ထည့်တာမျိုးကိုတော့ အထူးရှောင်ပေးဖို့လိုပါတယ်။ မတော်ရင် ရပြီးသားစာတွေပါ မေ့သွားနိုင်ပါတယ်။

၃။ "The Power of Sleep" (အိပ်စက်ခြင်းရဲ့ စွမ်းအား) 😴
"ညလုံးပေါက် စာကျက်မှ အမှတ်ကောင်းမယ်" ဆိုတာကြီးက အယူအဆအမှားကြီးပါ။ ညဘက် အိပ်ရေးမဝရင် နောက်နေ့မှာ ဦးနှောက်က ဘာမှအသစ်မမှတ်နိုင်တော့ပါဘူး။ အနည်းဆုံး ၇ နာရီလောက် အိပ်ပေးမှ သင်ယူခဲ့သမျှတွေက Long-term Memory ထဲ ရောက်သွားမှာပါ။

၄။ "Don't Forget to Breathe" (အနားယူဖို့ မမေ့နဲ့ဦး) ☕
တစ်နေကုန် စာကြည့်စားပွဲမှာပဲ ကပ်မနေပါနဲ့။ Pomodoro Technique လေး သုံးကြည့်ပါ။ (စာ ၂၅ မိနစ် လုပ်၊ ၅ မိနစ် နား)။ နားတဲ့အချိန်မှာ ဖုန်းသုံးတာထက် ရေအေးအေးလေးသောက်တာ၊ လမ်းလျှောက်တာ ဒါမှမဟုတ် သီချင်းအေးအေးလေး နားထောင်တာမျိုး လုပ်ပေးနိုင်ပါတယ်။

၅။ "You are more than your grades" (မင်းရဲ့တန်ဖိုးက အမှတ်တစ်ခုတည်းမဟုတ်ဘူး) ❤️

ဒါက အရေးကြီးဆုံးပဲ! စာမေးပွဲဆိုတာ ကိုယ့်ရဲ့ ကြိုးစားမှုကို စမ်းသပ်တာပါ။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်အထိ ကြိုးစားလာတာကိုက ဂုဏ်ယူစရာကြီးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ဖြေခဲ့ပါ။ Achievements တွေအပေါ်မှာလည်း ဂုဏ်ယူဖို့မမေ့ပါနဲ ✨

🌟 နောက်ဆုံးအနေနဲ့ အကြံပေးချင်တာက -

Exam ကာလတစ်လျှောက်လုံး အရေးကြီးတာ Passion နဲ့ Consistency ပါ။ လနဲ့ချီအောင် အကြာကြီးဖြေရမှာဖြစ်တဲ့အတွက် အစပိုင်းမှာ စိတ်အားထက်ထက်သန်သန် ဖြစ်နေပေမဲ့ နောက်ပိုင်းကျရင် သွေးအေးသွားတတ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ အားစိုက်ပြီး နောက်မှ အဖျားရှုးသွားတာမျိုး မဖြစ်စေဘဲနဲ့ အစကနေအဆုံးထိ Consistent ဖြစ်ဖြစ်နဲ့ သေသေချာချာပုံမှန်လေး စာလုပ်သွားနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးတွေပဲဖြစ်မှာ အသေအချာပါပဲ။

ဒီတော့… အားလုံးပဲ Fighting ပါ! သင်္ကြန်မှာ ပျော်ချင်တာပျော်ပြီးပြီဆိုတော့ အခု လုပ်သင့်တာတွေ လုပ်လိုက်ကြးအောင်။ အားလုံးပဲ တောက်ပတဲ့ ရလဒ်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ New Peak ကနေ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။ 💯🔥

စာမေးပွဲကာလမှာ ဘာတွေအခက်အခဲဖြစ်နေလဲဆိုတာကိုလည်း New Peak ရဲ့ 24/7 service နဲ့အတူ အောက်ပါလိပ်စာတွေကို ဆက်သွယ်စုံစမ်းမေးမြန်းလို့ရနိုင်ပါပြီခင်ဗျာ။

📞09 955 600 547
📞09 699 401 407

🏫 အမှတ် (၁၈၂)၊ ရွှေဝါထွန်း (၁) လမ်း၊ (၃၃) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့



[Acknowledgement: AI generated poster]

03/04/2026

GED အတန်းအကြောင်း အသေအချာလေးရှင်းပြပေးထားပါတယ်ရှင့်✨

02/04/2026

🌏🎓 𝑮𝑬𝑫 နဲ့ 𝑺𝒐𝒖𝒕𝒉𝒆𝒂𝒔𝒕 𝑨𝒔𝒊𝒂 မှာပညာသင်နိုင်မယ်!!

ဒီတစ်ခေါက်မှာတော့ ကျောင်းသားကျောင်းသူတွေအတွက် GED ပညာရေးလမ်းကြောင်းလေးကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

GED တက်ပြီးလို့ မြန်မာနိုင်ငံမှာလည်း မတက်ချင်ဘူး အနောက်နိုင်ငံတွေလည်း မသွားနိုင်ဘူးဆိုရင်တော့ SEA ဆိုတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ရွေးချယ်လို့ရပါတယ်!

GED နဲ့ဆိုရင်တော့

🇹🇭 Thailand
🇲🇾 Malaysia
🇸🇬 Singapore
🇻🇳 Vietnam

စတဲ့နိုင်ငံတွေမှာ ဆက်လက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

💡 ဘာကြောင့်ရွေးသင့်လဲ?

အရှေ့တောင်အာရှနိုင်ငံတွေဟာဆိုရင်တော့

✅ အနောက်ဥရောပနဲ့ အခြားအာရှနိုင်ငံတွေနဲ့ယှဉ်ရင် သိသိသာသာလေးကို ကုန်ကျစရိတ်သက်သာပါတယ် 💰

✅ဘာသာစကားထပ်သင်စရာမလိုဘဲ English နဲ့ပဲသင်တဲ့ International Programs တွေရှိပါတယ်

✅Visa နဲ့ Immigration status တွေကလည်း လွယ်ကူလို့ လျင်မြန်တဲ့ Pathway တစ်ခုလည်းဖြစ်ပါတယ် ✈️

✅Culture ကလည်း အရမ်းကြီးကွာခြားတာမျိုးမရှိတာမို့ Safe environment တစ်ခုလည်းဖြစ်စေမှာပါ

📊ဘာတွေလိုအပ်လဲ!

🎓 GED score 600 နဲ့အထက်လိုအပ်ပါတယ်

📘IELTS, TOEFL, Duolingo စတဲ့ English proficiency test တစ်မျိုးမျိုး ပြင်ထားသင့်ပါတယ်

ဆိုတော့ GED နဲ့ဆိုရင်

GED → Foundation (optional) → Bachelor Degree ⭐️

ဆိုပြီးတော့ လွယ်လွယ်ကူကူ သွားနိုင်မှာပဲဖြစ်ပါတယ်

👉🏻အချို့တက္ကသိုလ်တွေမှာတော့ Foundation မလိုဘဲ First Year ကို Direct entry ရတယ်နော်

ဒီတော့ GED နဲ့ နိုင်ငံခြားမှာ ပညာတော်သင်ဖို့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အဆင့်သင့်ပဲလား?

New Peak မှာဆိုတော့ GED ကို
📚Pre GED
📚Regular Class
📚Premium Class
ရယ်လို့ (၃) မျိုးရှိပြီးတော့ အတန်းတစ်ခုချင်းစီမှာ လူဦးရေအကန့်အသတ်နဲ့ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို ထိထိရောက်ရောက် သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုးသင်ကြားပေးတဲ့အပြင် သေသေချာချာဆွေးနွေးတိုင်ပင်ပေးတဲ့ Consultation service လေးလည်းရှိပါတယ်နော် ✨

ဒါကြောင့်မို့လို့ New Peak ရဲ့ 24/7 service နဲ့အတူ GED class တွေအကြောင်း အောက်ပါလိပ်စာတွေကို ဆက်သွယ်စုံစမ်းမေးမြန်းလို့ရနိုင်ပါပြီခင်ဗျာ။

📞09 955 600 547
📞09 699 401 407

🏫 အမှတ် (၁၈၂)၊ ရွှေဝါထွန်း (၁) လမ်း၊ (၃၃) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

[Acknowledgement: AI generated poster]

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. (182), Shwe War Htun (1) Street, 33 Ward, Northdagon Township
Yangon
16.871839,96.18655