Fukuzatsu Channel

Fukuzatsu Channel ဂျပန်နိုင်ငံ​၏ နေ့စဉ်သုံးစာစောင်များကို ဖတ်ရှုလေ့လာပြီး ဗဟုသုတရစရာများကို တင်ဆက်ပေးသွားမည်။

JLPT N4 မေးခွန်းဟောင်းလေ့ကျင့်တဲ့အခါ  အဓိပ္ပါယ်အနည်းဆင်တူပြီး N4/N3 ရောထားတက်တဲ့  みたい  、ような  、そうだ  、らしい  、っぽい တို့ကိုမကြ...
20/06/2023

JLPT N4 မေးခွန်းဟောင်းလေ့ကျင့်တဲ့အခါ အဓိပ္ပါယ်အနည်းဆင်တူပြီး N4/N3 ရောထားတက်တဲ့ みたい 、ような 、そうだ 、らしい 、っぽい တို့ကိုမကြာခဏတွေ့တက်ကြပါတယ်။

ဒီGrammar (၅)မျိုးရဲ့အသုံးပြုပုံ သေချာမှတ်သားထားမယ်ဆိုရင် စာမေးပွဲမှာReading ဖတ်တဲ့အခါအမှတ်ကောင်း၂ရယူနိုင်မှာပါ။

•••••••••••••••••••••••••••••••••••••••••••••••
~みたい /~よう(な) /~そうだ /~らしい /~っぽい
•••••••••••••••••••••••••••••••••••••••••••••••

🏮みたい~လိုမျိုး၊ ပုံပေါ်တယ်၊~တူတယ်
🏮よう(な) ~လိုမျိုး၊ ~ပုံပဲ၊~တူတယ်။

🔑ဒီသဒ္ဒါ(၂)ခုက တကယ်လက်တွေ့နဲ့အပြင်နဲ့မတူဘူးဆိုပေမဲ့ အဲ့ဒီအတိုင်းခံစားနေရတယ်လို့ပြောချင်တဲ့ပုံစံပါ။အာရုံ၅ပါးကိုဖြတ်သန်းခံစားပြီးပြောတဲ့အခါမှာလဲသုံးပါတယ်။

🔗みたいအသုံးပြုပုံ
********************
Verbふつうけい +みたい
Adj い +みたい
Adjな +みたい
Noun +みたい

🔗よう(な) အသုံးပြုပုံ
**********************
Verbふつうけい + よう(な)
Adj い + よう(な)
Adjな + よう(な)
Noun+の + よう(な)

例文..

⭕️いま はふゆです。でも今日は あたたかくて、はるみたいな天気ですね。

⭕️いま はふゆです。でも今日は あたたかくて、はるのような天気ですね。

~အခုကဆောင်းရာသီဖြစ်ပါတယ်။ ဒါပေမဲ့ဒီနေ့ကတော့ နွေး၂ထွေး၂ဖြစ်နေပြီး နွေဦးရာသီနဲ့တူတဲ့ ရာသီဥတု ပုံပေါက်နေတယ်။

⭕️これはお茶のような味だ。

⭕️これはお茶みたいな味だ。

ဒီဟာက ရေနွေးကြမ်းလိုမျိုး အရသာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🏮(တိုက်ရိုက်အကြား)そうだ
~တယ်တဲ့၊~ကြားတယ်။
🏮(သွယ်ဝိုက်အကြား)らしい
~မယ်တဲ့၊ ~ပုံပဲ၊ ~တူတယ်၊ ~ပီသတယ်။

🔑ဒီသဒ္ဒါ(၂)ခုကတော့ကိုယ်ကြားသိခဲ့ရတဲ့ သတင်း၊တဆင့်စကားတွေကိုပြန်လည်တဆင့်ပြန်ပြောပြရာမှာသုံးပြီး ( らしいကတော့ နောက်ထပ်အကြောင်းအရာတခုကိုအခြေခံပြီး မှန်းဆယူဆချက်က ဒါပဲဖြစ်သင့်တယ်လို့ ဖေါ်ပြချင်တဲ့အခါသုံးတက်သည်။)

🔗 (တိုက်ရိုက်အကြား)そうだအသုံးပြုပုံ
**************************************
Verbふつうけい + そうだ
Adj い + そうだ
Adjなဖြုတ်だထည့် + そうだ
Noun+だ + そうだ

🔗 (သွယ်ဝိုက်အကြား)らしいအသုံးပြုပုံ
**************************************
Verbふつうけい +らしい
Adj い +らしい
Adjな +らしい
Noun +らしい

例文..

⭕️天気予報によると、今日は雨が降るそうだ(→降るらしい)。
မိုးလေဝသသတင်းကြေငြာချက်အရ, ဒီနေ့က မိုးရွှာမယ်တဲ့။

⭕️手紙によると、鈴木さんは元気だそうだ(→元気らしい)。
စာအရဆိုရင် , စုဇူကီးက ကျန်း၂မာ၂ပါပဲတဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

✨နောက်ဆုံးတခုကတော့ N3 Grammar っぽいပဲဖြစ်ပါတယ်။✨

🏮っぽい~ဆန်တယ်၊~ပုံပဲ၊ ~အတိုင်းပဲ၊ လွယ်တယ်။

🔗 っぽい အသုံးပြုပုံ
*********************
Verbますဖြုတ် + っぽい
Adj いဖြုတ် + っぽい 
Adjな + っぽい
Noun + っぽい

🔑~っぽいကတကယ့်အပြင်လက်တွေ့နဲ့ထပ်တူမကျတဲ့အခါみたいလိုမျိုးပဲ အဲ့ဒီလိုခံစားနေရတယ်လို့ဆိုချင်တဲ့အခါသုံးပါသည်။ တခုခုကိုမြင်တွေ့ပြီးခံစားမိတဲ့အခါ၊အကျင့်စရိုက်ကိုပြောချင်တဲ့အခါတိုင်းလည်းသုံးတက်သည်။

例文..

⭕️かのじょ は おとこっぽい
ဒီမိန်းကလေးက ယောကျ်ားဆန်တယ်。
( ထပ်တူမကျတဲ့ခံစားမိမှု )

⭕️このふく は やすっぼい。
ဒီအဝတ်အစားက ဈေးပေါတဲ့ပုံပဲ။
( မြင်တွေခံစား )

⭕️かれ は おこりっぽい。
ဒီကောင်လေးက စိတ်ဆိုးလွယ်တယ်။
( အကျင့်စရိုက် )

အရောင်တွေနဲ့လည်း 🔴赤っぽい、⚫️黒っぽいလည်းသုံးတက်ပါသည်။

27/03/2023

みなさん、こんにちは.....
Fukuzatsu Channel ကိုဝင်ရောက်ကြည့်ရှုကြတဲ့
ဂျပန်စာလေ့လာနေသူတွေအားလုံး မင်္ဂလာပါခင်ဗျ။
ဒီပေ့ချ်က မိတ်ဆွေတို့ရဲ့ဂျပန်စာခရီးကို လျှောက်လှမ်းရာမှာ တစိတ်တဒေသဖြစ်ဖြစ် အထောက်အကူပြုစေရန်
ရည်ရွှယ်တင်ဆက်နေခြင်းဖြစ်ပါတယ်။
ဂျပန်စာကိုအသုံးပြု၍ ဂျပန်နိုင်ငံသို့မသွားရောက်ခင်
ဂျပန်နိုင်ငံရဲ့ ဘာသာစကားရေးနည်းများနဲ့အသားကျသွားဖို့က တကယ်ကိုအရေးကြီးလှပါတယ်။
အဲ့ဒီအတွက်နေ့စဉ်စာလေ့လာနေကြရတဲ့အပြင် အခုလို့
ကျွှန်တော်တို့လို့ ပေ့ခ်ျများကို ကြည့်ရှုလေ့လာပြီးအသားကျစေရန် အမြဲဘာသာစကားနဲ့ ထိတွေ့မှုရှိနေဖို့ကလည်းလိုအပ်ပါတယ်။
ဒါကြောင့်ဂျပန်စာ အခြေခံရှိပြီဆိုရင်ဒီပေ့ချ်မှ ဘာသာပြန်တွေနဲ့အတူ ဝင်ရောက်လေ့လာနိုင်ပါပြီခင်ဗျာ။

Address

Yangon

Telephone

+959421125701

Website

Alerts

Be the first to know and let us send you an email when Fukuzatsu Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category