31/12/2020
ခဏနေဆို 2020 ကို နှုတ်ဆက်ရတော့မှာဆိုတော့ ကျွန်တော်တို့ YTU Astronomy Club(YAC) ကလည်း အားလုံးကို Happy New Year လို့ နှုတ်ခွန်းဆက်ပါရစေ။🙆♂️❤️
ဆိုတော့ ဒီ 2020 ကို နှုတ်ဆက်ဖို့အတွက် အကောင်းဆုံးတွေထဲက တစ်ချက်ကတော့ The Hubble Space Telescope ကနေ ရိုက်ကူးထားတဲ့ ပုံလေးတွေကို ကြည့်ရှုခြင်း ဖြစ်ပါတယ်။😉
ဒီပုံလေးတွေကတော့ 2020 ခုနှစ်အတွင်းမှာ The Hubble Telescope ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေထဲက အကောင်းဆုံး ၁၀ ပုံကို ရွေးထုတ်ထားတာ ဖြစ်ပါတယ်။🤗
ဒီလို လှပတဲ့ ပုံလေးတွေ ကြည့်ပြီးတော့ 2021 ကို ပျော်ပျော်ကြီး ကြိုဆိုနိုင်ကြပါစေဗျာ။
Hubble Telescope အကြောင်းမသိရင်တော့ အောက်ပါ link ထဲ ဝင်ကြည့်နိုင်ပါတယ်။
https://www.facebook.com/117603836664727/posts/142921917466252/?d=n
Astrophotography အကြောင်း သေချာသိချင်ရင်လည်း ဒီ link ထဲမှာ အသေးစိတ်ရှင်းပြထားပါတယ်။
https://fb.watch/2JKAChrpBi/
Source : https://www.forbes.com/sites/startswithabang/2021/12/28/say-goodbye-to-2020-with-the-years-top-10-hubble-photos/?sh=2125ff977dd4&utm_source=FBPAGE&utm_medium=social&utm_content=4363780108&utm_campaign=sprinklrForbes+Asia
ကဲ အားလုံးပဲ Happy New Year ပါဗျာ!!
🥳❤️
27/12/2020
Monthly Talk Show Time 🌠
"𝗔𝘀𝘁𝗿𝗼𝗽𝗵𝗼𝘁𝗼𝗴𝗿𝗮𝗽𝗵𝘆 𝗧𝗮𝗹𝗸 𝗦𝗵𝗼𝘄 𝘄𝗶𝘁𝗵 𝗞𝗼 𝗕𝗼𝗼𝘁𝗵𝗲𝗲 𝗧𝗵𝗮𝗶𝗸 𝗛𝘁𝘂𝗻
"
အားလုံးပဲ မင်္ဂလာပါ။ 🛸
2020 ရဲ့ ဒီဇင်ဘာဆောင်းကို Geminids Meteor Shower, The Great Conjuction တွေနဲ့ လှပစွာ ဖြတ်သန်းခဲ့ကြရမယ်ထင်ပါတယ်။ Astronomy နဲ့ ပတ်သက်ရင် ကျွန်တော်တို့ကို အာကာသထဲဆီ တမျိုးတဖုံ ခေါ်ဆောင်သွားနိုင်တာက ဓာတ်ပုံတွေလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ 🌌
ဒီလရဲ့ Talk Show လေးမှာတော့
Astrophotography နယ်ပယ်မှာ ကျင်လည်နေတဲ့ Ko Boothee Thaik Htun က "𝗔𝘀𝘁𝗿𝗼𝗽𝗵𝗼𝘁𝗼𝗴𝗿𝗮𝗽𝗵𝘆 𝗳𝗼𝗿 𝗕𝗲𝗴𝗶𝗻𝗻𝗲𝗿𝘀" ဆိုတဲ့ Presentation နဲ့အတူ Experience sharing လေးတွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။ 🔭
Monthly Talk Show ရဲ့ ထုံးစံအတိုင်း အမေးအဖြေ session လေးလည်းရှိတာမို့ Astrophotography အကြောင်း သိချင်တာလေးတွေရှိရင် Live video ရဲ့ Comment box မှာမေးခွန်းလေးတွေချန်ထားခဲ့လို့ရပါတယ်။ Q&A Session ရောက်တဲ့အခါ မေးခွန်းလေးတွေကို ပြန်လည် ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။ 💫
ဒါ့ကြောင့်မို့ Astrophotography နဲ့အတူ ဒီဇင်ဘာညလေးကိုကုန်ဆုံးဖို့ ဒီ Talk Show လေးကနေ ကမ်းလှမ်းလိုက်ရပါတယ်...။ ❄📮🛸
Date: 30.12.2020 (Wednesday)
Time: 8:00 P.M.
Venue: YTU Astronomy Club page
11/12/2020
"𝗗𝗮𝗿𝗸 𝗘𝗻𝗲𝗿𝗴𝘆 𝗮𝗻𝗱 𝗗𝗮𝗿𝗸 𝗠𝗮𝘁𝘁𝗲𝗿"
ကျွန်တော်တို့ မြင်တွေ့နိုင်တဲ့၊ ခံစားနိုင်တဲ့ ဒြပ်ဝတ္ထု၊ စွမ်းအင်တွေဟာ ကျွန်တော်တို့ရဲ့ လက်ရှိ စကြဝဠာကြီးမှာ ပါဝင်သမျှ အရာတွေရဲ့ ၅% အောက်ပဲ ရှိတယ်ဆိုတာ သိပါသလား။
ဟုတ်ပါတယ်။
ကျန်တဲ့ ၉၅% နှုန်းကျော်က လက်ရှိနည်းပညာတွေ၊ သီအိုရီတွေနဲ့ ခြေရာခံလို့ မရနိုင်သေးတဲ့ Dark energy စွမ်းအင်တွေနဲ့ Dark matter ဒြပ်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။
လက်ရှိနည်းပညာတွေနဲ့ ရှာမတွေ့နိုင်ဘူးဆိုရင် ဒီအရာတွေ ရှိနေတာကို ဘယ်လိုမျိုး သိခဲ့ရတာပါလိမ့်?
စကြဝဠာကြီးမှာ အများစုပါဝင်နေတဲ့ ဒီအရာတွေက ဘယ်လို အရေးပါနိုင်ပါသလဲ?
အခုတစ်ခေါက်မှာတော့ Dark Energy နဲ့ Dark Matter တို့ရဲ့ စိတ်ဝင်စားစရာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
04/12/2020
𝗞𝗲𝗽𝗹𝗲𝗿’𝘀 𝗟𝗮𝘄𝘀 𝗼𝗳 𝗣𝗹𝗮𝗻𝗲𝘁𝗮𝗿𝘆 𝗺𝗼𝘁𝗶𝗼𝗻
သိပ္ပံနှင့်နည်းပညာတို့မွေးဖွားရာ ဂရိနဲ့ရောမခေတ်တို့မှာ လူတွေဟာ စကြာဝဠာကြီးကို geocentricဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် နေနှင့် အခြားသောဂြိုဟ်တွေဟာ ကမ္ဘာကို ဗဟိုပြု ပြီး လှည့်ပတ်နေတယ်လို့ ယူဆခဲ့ကြပါတယ်။
အေဒီ ၁၅ရာစုနှစ်ကိုရောက်တဲ့အခါမှာတော့ Nicolai Copernicus က စကြာဝဠာကြီးဟာ
Geocentric မဟုတ်ဘဲ Heliocentric ဖြစ်တယ်(နေကို ဗဟိုပြုလို့ ကမ္ဘာနှင့် အခြားသောဂြိုဟ်တွေဟာ နေကို လှည့်ပတ်နေတယ်) ဆိုတဲ့ အယူအဆကို တင်ပြခဲ့ပါတယ်။ ဒီအဆိုကို Galileo Galilei ရဲ့ တိုင်းတာမှုတွေကလဲ သက်သေထူလျှက်ရှိပါတယ်။
16ရာစုနှစ်အတွင်းမှာတော့ Tycho Brahe ဟာ အခြားသောဂြိုဟ်တွေရဲ့ လှုပ်ရှားသွားလာမှုတွေကို တိကျစွာ မှတ်တမ်းတင်ခဲ့ပါတယ်။ထို့နောက် Johannes Kepler ကို သူ့ရဲ့လက်ထောက် အဖြစ်ခန့်ခဲ့ပါတယ်။
Tycho Brahe ဟာ သူ့ရဲ့ တိုင်းတာတွေ့ရှိချက်တွေကို သူတစ်ပါးကို ပြောပြခြင်းမရှိတာကြောင့်
Kepler ဟာလဲ Tycho ရဲ့ တိုင်းတာမှုအချက်အလက်တွေကို သိရှိခဲ့ခြင်းမရှိပါဘူး။Tycho သေဆုံးချိန်မှာမှသာ
Kepler ဟာ ဂြိုဟ်တွေရဲ့ သွားလာလှုပ်ရှားမှုတွေအပေါ် မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို သိရှိခဲ့တာ ဖြစ်ပါတယ်။သူ့လက်ထဲရောက်ရှိလာတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အသုံးပြုပြီး Kepler ဟာ
Laws of Planetary Motion တွေကို ပြုစုခဲ့ပါတယ်။
29/11/2020
🏆𝗪𝗶𝗻𝗻𝗲𝗿 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁🏆
အားလုံးပဲ မင်္ဂလာပါ။ 🛸
November တစ်လလုံး အပတ်စဥ်ပြုလုပ်နေကြဖြစ်တဲ့ YTU Astronomy Club နဲ့ Science and Technological Association - YTU တို့ရဲ့ "November: Astronomy Month" အစီအစဥ်လေးက အခုဆိုရင် ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အပတ်စဥ်တိုင်းမှာ အချိန်ပေးပြီး စိတ်ဝင်တစား ပါဝင်ယှဥ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ 🚀
"November:Astronmy Month" ရဲ့ Quiz လေးမှာ အမှတ်အများဆုံးရပြီး Winner အဖြစ်နဲ့ ဆုငွေ တစ်သောင်းကျပ်တိတိကို ပိုင်ဆိုင်သွားသူကတော့ CEIT 5th Year မှ "ကိုပိုင်မင်းခန့်" ဖြစ်ပါတယ်။ 🏆🎉
Winner ဆုရရှိသွားတဲ့အတွက် လှိုက်လှဲစွာ ဂုဏ်ပြုပါတယ်နော်...။ 👏🎉
ပါဝင်ယှဥ်ပြိုင်သူတွေအနေနဲ့လည်း အခုလို "November: Astronomy Month" Quiz အစီအစဥ်လေးကတစ်ဆင့် အာကာသသိပ္ပံအကြောင်းတွေကို ပိုမိုသိရှိစိတ်ဝင်စားလာမယ်လို့ မျှော်လင့်ပါတယ်...။ 💫
29/11/2020
❗𝗤𝘂𝗶𝘇 𝗔𝗻𝘀𝘄𝗲𝗿𝘀❗
အားလုံးပဲ မင်္ဂလာပါ။ 🛸
"November: Astronomy Month" ရဲ့ Quiz အဖြေလေးတွေဖြစ်ပါတယ်။ 🚀
Blank, Concept နဲ့ Calculation တို့ရဲ့ အဖြေတွေကို ဒီ post လေးမှာဖတ်ရှုနိုင်ပြီး True/False နဲ့ MCQ တို့အတွက် အဖြေတွေကိုတော့ Science and Technological Association - YTU page မှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။
https://www.facebook.com/1084316991636849/posts/3390857424316116/
အမှတ်အများဆုံးရရှိခဲ့တဲ့ Winner ကိုလည်း ခဏနေ ကြေညာပေးသွားမှာပါ။
𝗦𝘁𝗮𝘆 𝗧𝘂𝗻𝗲𝗱!😉
25/11/2020
𝗜𝘁'𝘀 𝗧𝗔𝗟𝗞-𝗦𝗛𝗢𝗪 𝗧𝗜𝗠𝗘!!
အားလုံးပဲ မင်္ဂလာပါ။ 🛸
YTU Astronomy Club ရဲ့ လစဥ်ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ Monthly Talk Show အချိန်လေးကို ရောက်ရှိလာပါပြီ။ 🌠
ဒီတစ်ခေါက် Talk Show လေးမှာတော့ ဂျပန်နိုင်ငံ Kyushu Institute of Technology မှာ Space Engineering ကို Master တက်ရောက်နေတဲ့
"ကိုဇွဲသီဟ"ကို ဖိတ်ခေါ်ထားပါတယ်။ 👨🚀
ကိုဇွဲသီဟအနေနဲ့ New Space ရဲ့ အဓိပ္ပာယ်၊ New Space ဆိုတာကို လူတွေဘယ်လိုခေါ်ကြလဲ၊ တိုးတက်ပြောင်းလဲလာတဲ့ခေတ်ထဲက Space ရဲ့ Revolution တစ်ခုအကြောင်းကို
"𝗪𝗵𝗮𝘁 𝗶𝘀 𝗡𝗲𝘄 𝗦𝗽𝗮𝗰𝗲?" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ Live Presentation လေးနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ 🚀
ဒါ့အပြင် Space Engineering Master ကျောင်းသားဘဝရဲ့ အတွေ့အကြုံတွေကိုပါ Sharing လုပ်ပေးသွားမှာပါ။ 🤩
ကြည့်ရှုသူတွေအနေနဲ့ မေးလိုရာမေးလို့ရအောင် အမေးအဖြေ Session လေးလည်းရှိတဲ့အကြောင်း ထပ်ဆင့်ပြောပြချင်ပါတယ်။ Live လွှင့်နေတဲ့အချိန်အတွင်း သိချင်တဲ့မေးခွန်းတွေကို Comment မှာ ချန်ထားခဲ့ပေးပါ။ Presentation လေးပြီးတဲ့အခါ မေးခွန်းလေးတွေကို ပြန်လည်ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။ 🤗
အဲ့ဒါကြောင့် Space အကြောင်းကို စိတ်ဝင်စားတယ်၊ Space Engineer တစ်ယောက်အနေနဲ့ ဘာတွေကို လေ့လာရတယ်ဆိုတာကို သိချင်တယ်ဆိုရင် ဒီ Talk show လေးဆီ မမေ့မလျော့ အပြေးလေးသာ လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်...။ 💜
Date: 29.11.2020 (Sunday).
Time: 8:00 P.M.
Venue: YTU Astronomy Club page.
23/11/2020
အားလုံးပဲမင်္ဂလာပါ။ 🛸
ဒါကတော့ YTU Astronomy Club နဲ့ Science and Technological Association - YTU တို့ ပူးပေါင်းဖန်တီးထားတဲ့ "November: Astronomy Month" အစီအစဉ်ရဲ့ မေးခွန်းလေးတွေပါ။ ဒီမေးခွန်းလေးတွေကို ဒီညကစပြီး သောကြာနေ့ည ၁၂ နာရီအတွင်းဖြေလို့ရပါတယ်။ 🚀
နောက်အပါတ်တနင်္ဂနွေနေ့မှာ အမှတ်အများဆုံးရရှိတဲ့ Winner ကို ကြေငြာပေးမှာဖြစ်လို့ အားလုံးပဲ Good luck ပါ...။ 💫🍀
Google Forms - create and analyze surveys, for free.
Create a new survey on your own or with others at the same time. Choose from a variety of survey types and analyze results in Google Forms. Free from Google.
22/11/2020
🏆𝗪𝗶𝗻𝗻𝗲𝗿 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁🏆
အားလုံးပဲ မင်္ဂလာပါ။ 🛸
"November: Astronomy Month" ရဲ့ Quiz လေးရဲ့ အမှတ်အများဆုံးသူ ထွက်ပေါ်လာပါပြီ။ အချိန်ပေးပြီး အားတက်သရောပါဝင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ 🚀
ဒီ Week ရဲ့ MCQ မေးခွန်းလေးမှာ နားလည်မှုလွဲနိုင်စရာ မေးခွန်းလေးတစ်ခုပါသွားတဲ့အတွက် အဲ့ဒီ့မေးခွန်းအတွက် အမှတ်ကိုဖယ်ပြီး အဖြေတွေကို အမှတ်တွေပြန်ပေးထားပါတယ်။ ဒီမေးခွန်းလေးကို ဖယ်ပြီး အမှတ်ပြန်စစ်လိုက်တာတောင် Winner ကတော့ မပြောင်းမလဲပါပဲ။ အခုလို မေးခွန်းမှာ နားလည်မှုလွဲနိုင်စရာဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ဘက်ကနေ အနူးအညွှတ်တောင်းပန်ပါတယ်။ 🙇♂️🙁
ဒီတစ်ပတ်ရဲ့ Winner အဖြစ်နဲ့ ဆုငွေ တစ်သောင်းကျပ်တိတိကို ပိုင်ဆိုင်သွားသူကတော့ PE 4th year မှ "မအိမ့်ကေခိုင်ကျော်" ဖြစ်ပါတယ်။ 🏆🎉
ယှဥ်ပြိုင်သူတွေထဲ အမှတ်အများဆုံးရပြီး Winner ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်နော်...။ 👏🎉
YTU မှကျောင်းသားကျောင်းသူများအနေနဲ့လည်း နောက်အပတ်တွေမှာ "November: Astronomy Month" ရဲ့ Quiz အစီအစဥ်မှာပါဝင်ပြီး ဆုငွေတွေသိမ်းပိုက်လိုက်ပါ။ 😉
Quiz အကြောင်းအသေးစိတ်ကိုတော့ ပေးထားတဲ့ Link လေးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/117603836664727/posts/195856265506150/
မေးချင်တာရှိရင်လည်း Comment မှာ ချန်ထားခဲ့လို့ရပါတယ်။ 🤗
22/11/2020
❗𝗤𝘂𝗶𝘇 𝗔𝗻𝘀𝘄𝗲𝗿𝘀❗
အားလုံးပဲ မင်္ဂလာပါ။ 🛸
"November: Astronomy Month" ရဲ့ Quiz အဖြေလေးတွေဖြစ်ပါတယ်။ 🚀
True/False နဲ့ MCQ တို့ရဲ့ အဖြေတွေကို ဒီ post လေးမှာဖတ်ရှုနိုင်ပြီး Blank, Concept နဲ့ Calculation တို့အတွက် အဖြေတွေကိုတော့ Science and Technological Association - YTU page မှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။
https://www.facebook.com/1084316991636849/posts/3372163636185495/
အမှတ်အများဆုံးရရှိခဲ့တဲ့ Winner ကိုလည်း ခဏနေ ကြေညာပေးသွားမှာမို့ Stay Tuned ပါနော်။ 😉
Quiz အကြောင်းအသေးစိတ်ကိုတော့ ပေးထားတဲ့ Link လေးမှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/117603836664727/posts/195856265506150/
မေးချင်တာရှိရင်လည်း Comment မှာ ချန်ထားခဲ့လို့ရပါတယ်။ 🤗
20/11/2020
"ပလူတိုဟာ ဂြိုဟ်တဲ့လား?"
𝗣𝗹𝘂𝘁𝗼 𝗮𝗻𝗱 𝗶𝘁𝘀 𝗻𝗲𝘄 𝗳𝗮𝗺𝗶𝗹𝘆:
𝗗𝘄𝗮𝗿𝗳 𝗽𝗹𝗮𝗻𝗲𝘁𝘀
အရင်တုန်းက ဂြိုဟ်ကြီး(၉)လုံးရှိတယ်ဆိုပြီး သတ်မှတ်ခဲ့ကြရာမှ နောက်ပိုင်း Pluto မပါတော့ပဲ ဂြိုဟ်ကြီး (၈)လုံးဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ ဘာကြောင့်များ ပလူတိုဂြိုဟ်က ဂြိုဟ်ကြီး(၉)လုံးထဲက အဖြုတ်ခံခဲ့ရတာလဲ၊ ဘယ်သူတွေကဖြုတ်ခဲ့တာလဲဆိုတာကို ဒီ Article မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
16/11/2020
အားလုံးပဲမင်္ဂလာပါ။ 🛸
ဒါကတော့ YTU Astronomy Club နဲ့ Science and Technological Association - YTU တို့ ပူးပေါင်းဖန်တီးထားတဲ့ "November: Astronomy Month" အစီအစဉ်ရဲ့ မေးခွန်းလေးတွေပါ။ ဒီမေးခွန်းလေးတွေကို ဒီညကစပြီး သောကြာနေ့ည ၁၂ နာရီအတွင်းဖြေလို့ရပါတယ်။ 🚀
နောက်အပါတ်တနင်္ဂနွေနေ့မှာ အမှတ်အများဆုံးရရှိတဲ့ Winner ကို ကြေငြာပေးမှာဖြစ်လို့ အားလုံးပဲ Good luck ပါ...။ 💫🍀
Google Forms - create and analyze surveys, for free.
Create a new survey on your own or with others at the same time. Choose from a variety of survey types and analyze results in Google Forms. Free from Google.