21/02/2026
Fair Value Hierarchy ဆိုတာ ဘာလဲ?
Fair Value ဆိုတာ
“ဒီ asset ကို ဒီနေ့ market မှာ ရောင်းလိုက်ရင် ဘယ်လောက်ရနိုင်မလဲ?” ဆိုတဲ့တန်ဖိုးပါ။
ဒါပေမယ့် problem က…
တချို့ asset တွေမှာ market price ရှင်းရှင်းလင်းလင်းရှိတယ်။
တချို့မှာ မရှိဘူး။
ဒါကြောင့် Accounting က Fair Value ကို
ယုံကြည်နိုင်မှုအလိုက် ၃ အဆင့်ခွဲထားတယ်။
ဒါကို Fair Value Hierarchy လို့ ခေါ်တယ်။
🔹 Level 1 – အမြင့်ဆုံး ယုံကြည်နိုင်မှု
Level 1 က အလွယ်ဆုံး။
Active Market မှာ quoted price ရှိပြီးသား။
ဥပမာ
Stock Exchange မှာ trade လုပ်နေတဲ့ share တစ်ခု။
ဒီနေ့ price ဘယ်လောက်လဲဆိုတာ
ချက်ချင်းကြည့်လို့ရတယ်။
ဒီလိုမျိုး Direct Market Price ရှိရင်
Level 1 ဖြစ်တယ်။
ယုံကြည်နိုင်မှု အမြင့်ဆုံး။
🔹 Level 2 – Direct မဟုတ်ပေမယ့် Market Data ရှိတယ်
Level 2 မှာ
Direct quoted price မရှိဘူး။
ဒါပေမယ့် Similar asset ရဲ့ market data ကိုသုံးလို့ရတယ်။
ဥပမာ
Real estate တစ်ခုကို တန်ဖိုးတွက်ရမယ်ဆိုရင်
အနီးနားတူညီတဲ့ property တွေရဲ့ market price ကို reference လုပ်တယ်။
Market data ရှိသေးတယ်
ဒါပေမယ့် 100% exact မဟုတ်ဘူး။
🔹 Level 3 – Management Estimate
Level 3 က အန္တရာယ်အများဆုံး။
Market data မရှိဘူး။
Internal model နဲ့
assumption တွေသုံးပြီး valuation လုပ်ရတယ်။
ဥပမာ
Private company investment တစ်ခု။
Market မှာ daily price မရှိဘူး။
Discounted cash flow model လိုမျိုးသုံးပြီး ခန့်မှန်းရတယ်။
ဒီမှာ Management Judgment အများကြီး ပါဝင်တယ်။
ယုံကြည်နိုင်မှု အနိမ့်ဆုံး။
လွယ်လွယ်မှတ်မယ်ဆိုရင်
Level 1 – Market price တိုက်ရိုက်ရှိတယ်
Level 2 – Similar market data ရှိတယ်
Level 3 – ခန့်မှန်းချက်များတယ်
Fair Value Hierarchy က
Number ကြီးမကြီး မဟုတ်ဘူး။
“ဒီ valuation ကို ဘယ်လောက်ယုံနိုင်လဲ?” ဆိုတာကို ပြထားတာပါ။
Investor တစ်ယောက်အနေနဲ့
Level 3 များလွန်းရင်
“ဒီတန်ဖိုးက ဘယ်လောက်မှန်လဲ?” လို့ မေးရမယ်။
Accounting က တန်ဖိုးတွက်တာထက်
ယုံကြည်နိုင်မှုကိုပါ ဖော်ပြပေးတာပါ။
ဒါက Fair Value Hierarchy ရဲ့ အဓိကအကြောင်းပါ။
20/02/2026
Materiality ဆိုတာ
ဒီအမှားက Financial Statement ကို ဖတ်တဲ့သူရဲ့ decision ကို ပြောင်းလဲစေနိုင်မလား? ဆိုတာကို စဉ်းစားတာပါ။
ဥပမာနှစ်ခုနဲ့ကြည့်ကြရအောင်။
🔹 Company A ရဲ့ Revenue က 500 million ဖြစ်တယ်ဆိုရင်
5,000 မှားတာက
Investor ရဲ့ decision ကို မပြောင်းနိုင်ပါဘူး။
ဒါဆိုရင် အဲ့ဒီ 5,000 က Not Material လို့ပြောလို့ရပါတယ်။
ဒါပေမယ့်…
🔹 Company B က Small Business တစ်ခုဖြစ်ပြီး
တစ်နှစ်လုံး Profit က 50,000 ပဲ ရှိတယ်ဆိုရင်
5,000 မှားတာက
Profit ရဲ့ 10% ဖြစ်သွားပြီ။
အဲ့ဒီအချိန်မှာ
Investor ဒါမှမဟုတ် Owner ရဲ့ decision ကို ပြောင်းနိုင်တယ်။
အဲ့ဒီအတွက်
5,000 က ဒီ Company အတွက် Material ဖြစ်တယ်လို့ပြောလို့ရပါတယ်။
ဒါကြောင့် Materiality က
Number အကြီးအသေးမဟုတ်ဘူး။
Context ပေါ်မူတည်တယ်။
အနှစ်ချုပ်ပြောရရင်
Material ဖြစ်မဖြစ်ဆိုတာ
“Financial Statement user ရဲ့ decision ကို သက်ရောက်မလား?” ဆိုတာပဲ။
Decision မပြောင်းရင် - Not Material
Decision ပြောင်းနိုင်ရင် - Material
Accounting က
Number တွေတွက်တာတင်မဟုတ်ဘူး။
User ရဲ့ အမြင်နဲ့ decision ကိုလည်း စဉ်းစားရတယ်။
19/02/2026
Going Concern ဆိုတာ
Company က နောက်လည်း ဆက်လုပ်မယ်လို့ ယုံကြည်ထားပြီး Financial Statement ပြင်ဆင်တာပါ။
ဘာလို့အရေးကြီးလဲ?
ဥပမာ
Machine တစ်လုံးကို 5 နှစ်သုံးမယ်လို့တွက်ပြီး Depreciation ခွဲတယ်။
ဒါက Company ဆက်လုပ်မယ်လို့ ယုံကြည်ထားလို့ပါ။
ဒါပေမယ့်
Company ပိတ်တော့မယ်ဆိုရင်
“5 နှစ်သုံးမယ်” ဆိုတဲ့ logic မမှန်တော့ဘူး။
အဲ့ဒီအချိန်မှာ
Machine ကို ချက်ချင်းရောင်းချနိုင်တဲ့တန်ဖိုးနဲ့တွက်ရမယ်။
ဒါကြောင့်
Company ဆက်လက်တည်ရှိမယ်လို့ ယူဆထားခြင်းက
Accounting calculation အများကြီးကို သက်ရောက်စေတယ်။
18/02/2026
Matching Principle ဆိုတာ
Revenue နဲ့ အဲ့ဒီ Revenue ရဖို့ သုံးထားတဲ့ Expense ကို တူညီတဲ့ period ထဲမှာ ထည့်သွင်းရမယ် ဆိုတဲ့ idea ပါ။
လွယ်လွယ် ဥပမာပေးရရင်
ဒီလမှာ 1,000,000 ကျပ်နဲ့ ပစ္စည်းရောင်းနိုင်ခဲ့တယ်ဆိုပါစို့။
အဲ့ဒီပစ္စည်းတွေကို ဝယ်ထားတဲ့ cost က 700,000 ဖြစ်တယ်။
အဲ့ဒီ 700,000 ကို
အရင်လတုန်းက ဝယ်ထားတာဖြစ်နိုင်ပေမယ့်
Revenue ဒီလမှာ ဝင်လာတဲ့အတွက်
Expense ကိုလည်း ဒီလထဲမှာပဲ ထည့်တွက်ရမယ်။
ဒါမှပဲ
Profit = 1,000,000 – 700,000
ဆိုပြီး အမှန်ကို မြင်ရမယ်။
Matching မလုပ်ဘူးဆိုရင်
Profit က လွဲသွားနိုင်တယ်။
Accounting က
“ဘယ်လမှာ တကယ် earning ဖြစ်ခဲ့လဲ” ဆိုတာကို ကြည့်တာပါ။
13/02/2026
ဘယ်လင်တိုင်းဒေး (Valentine's Day) မှာ တိုင်းစရာလင်ဆိုလို့ ဘန့်လင်ကွန်စီလေရင်းရှင်း (Bank Reconciliation) ပဲရှိသောမိမိ........
ဘယ်မှာလဲပျော်ရွှင်မူ ???
13/02/2026
June 2023 မှာ ISSB က Sustainability နဲ့ပတ်သက်တဲ့ Standard နှစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါတွေကတော့
IFRS S1: General Requirements for Disclosure of Sustainability-related Financial Information
နဲ့
IFRS S2: Climate-related Disclosures ဖြစ်ပါတယ်။
ဒီ Standard နှစ်ခုဟာ 1 January 2024 မှစပြီး အသက်ဝင်လာပြီပါ။
IFRS S1 ဆိုတာဘာလဲ?
IFRS S1 က Company တစ်ခုရဲ့ Sustainability နဲ့ပတ်သက်တဲ့ financial information တွေကို ဘယ်လိုဖော်ပြရမလဲဆိုတာ guideline ပေးထားတဲ့ Standard ပါ။
အဓိက ရည်ရွယ်ချက်ကတော့ ရင်းနှီးမြှုပ်နှံသူတွေ၊ lender တွေ၊ stakeholder တွေအနေနဲ့ Company ရဲ့ long-term sustainability ကို သေချာသုံးသပ်နိုင်အောင် လိုအပ်တဲ့ information တွေကို ပေးဖို့ပါ။
ဆိုလိုတာက
Company ဟာ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး စတဲ့ factor တွေကြောင့် ဘယ်လို risk နဲ့ opportunity တွေရှိလဲဆိုတာကို ဖော်ပြပေးရတာပါ။
IFRS S2 ဆိုတာဘာလဲ?
IFRS S2 ကတော့ Climate-related disclosures ကို အထူးအလေးထားထားတဲ့ Standard ဖြစ်ပါတယ်။
ဥပမာ -
Greenhouse Gas Emissions
Climate change ကြောင့် Company အပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်မလဲ
Transition risk / Physical risk စတာတွေကို အဓိက ဖော်ပြရပါတယ်။
IFRS S1 နဲ့ S2 ဘာကွာလဲ?
တစ်ခုပဲ ပြောရရင် -
IFRS S1 က ကျယ်ပြန့်တယ်။
Sustainability အားလုံးကို ခြုံငုံထားတယ်။
IFRS S2 က ပိုပြီး focus လုပ်ထားတယ်။
Climate တစ်ခုတည်းကို အသေးစိတ် ဖော်ပြဖို့အတွက်ပါ။
ဆိုတော့ S2 က S1 အောက်မှာပါတဲ့ climate section ကို အသေးစိတ်ထပ်ချဲ့ထားသလိုပဲလို့ တွေးလို့ရပါတယ်။
ဘာကြောင့် ISSB က ဒီ Standard နှစ်ခုကို ထုတ်ပြန်ခဲ့တာလဲ?
ယနေ့ခေတ်မှာ Company တစ်ခုရဲ့ performance ကို ကြည့်မယ်ဆိုရင်
“ဒီနှစ်အမြတ်ဘယ်လောက်ရလဲ” ဆိုတာတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။
Long-term မှာ ဒီလုပ်ငန်းဟာ ရပ်တည်နိုင်မလား?
Climate change ကြောင့် ဘယ်လောက်ထိ ထိခိုက်နိုင်မလဲ?
Sustainability strategy ရှိလား?
ဒီလို non-financial information တွေဟာ investment decision တွေအတွက် အရမ်းအရေးပါလာပါတယ်။
လက်ရှိ Financial Statements တွေကတော့ ဒီလို risk နဲ့ opportunity တွေကို မပြနိုင်တဲ့အတွက် ISSB က ဒီ Standard နှစ်ခုကို ထုတ်ပြန်ခဲ့တာပါ။ G7 နဲ့ G20 လို အဖွဲ့အစည်းကြီးတွေကလည်း ထောက်ခံထားပါတယ်။
နောက်တစ်ချက်ကတော့ Sustainability report ကို Annual Financial Statements နဲ့အတူ တင်ပြရမယ်ဆိုတာကြောင့် Financial reporting team တွေအတွက် ပိုပြီး စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။
အခြား IFRS Standards တွေနဲ့ ဘာကွာလဲ?
ပုံမှန် IFRS Standards တွေကတော့
Transaction တစ်ခုကို ဘယ်အချိန်မှာ ဘယ်လောက်နဲ့ စာရင်းမှတ်ရမလဲဆိုတာကို သတ်မှတ်ပေးပါတယ်။
ဒါပေမဲ့ IFRS S1 နဲ့ S2 ကတော့ Accounting entry ကို မပြောပါဘူး။
ဘယ်လို information တွေကို ဖော်ပြရမလဲဆိုတဲ့ disclosure framework ကိုပဲ သတ်မှတ်ပေးထားတာပါ။
Sustainability reporting က အခုမှစပြီး စာမေးပွဲထဲဝင်လာမယ့် chapter အသစ်တစ်ခုလိုပဲ။ မလေ့လာထားရင် လုပ်ငန်းလောကထဲမှာ နောက်ကျနိုင်တယ်။
Accounting လောကကလည်း စာရင်းမှတ်တာထက်ပိုပြီး Strategic thinking လိုလာနေပြီဆိုတာကို ဒီ Standard နှစ်ခုက ပြသနေပါတယ်။
ဒီအကြောင်းအရာအပေါ် သင့်အမြင်ကော ဘယ်လိုရှိလဲ။
12/02/2026
Accrual နဲ့ Deferral ကို ဘာလို့ ရောနေတာလဲ?
ဒီ topic ကို ကျောင်းသားအများစု confuse ဖြစ်တတ်ကြတယ်။
ကျွန်တော်လည်း အရင်တုန်းက “ဒါက ဘာလဲ…?” လို့ ခေါင်းကိုက်ခဲ့ဖူးတယ်။
အမှန်က လွယ်ပါတယ်။
Accrual ဆိုတာ
အလုပ်လုပ်ပြီးသား… ဒါပေမယ့် cash မရသေးဘူး။
Deferral ဆိုတာ
cash ရပြီးသား… ဒါပေမယ့် အလုပ်မလုပ်သေးဘူး။
Timing ကိုပဲ ကြည့်ပါ။
Cash ဘယ်အချိန် ဝင်/ထွက်သလဲ ဆိုတာပဲ စဉ်းစားလိုက်။
Exam မှာ question ကြည့်ပြီး panic မဖြစ်နဲ့။
Timing ကိုပဲ ပြန်စဉ်းစား။
အဲ့ဒီလောက်နဲ့ တော်တော် clear ဖြစ်သွားမယ်။
12/02/2026
📘 IFRS 18 က ဘာလို့ IAS 1 ကို အစားထိုးလာတာလဲ?
IAS 1 ဆိုတာ ကျွန်တော်တို့ accounting student တွေအတွက် အရမ်းရင်းနှီးတဲ့ standard တစ်ခုပါ။
Financial Statement Presentation ဆိုရင် IAS 1 လို့ပဲ အလွယ်သိထားကြတယ်။
ဒါပေမယ့် အချိန်ကြာလာတော့ ပြဿနာလေးတစ်ခု ပေါ်လာတယ်။
ကုမ္ပဏီတိုင်းရဲ့ Income Statement ပြပုံ မတူကြတော့ဘူး။
Operating profit ဆိုတာကိုတောင် တစ်ခုချင်းစီ မတူညီစွာ သတ်မှတ်ထားကြတယ်။
Investor တစ်ယောက်အနေနဲ့ ကုမ္ပဏီ A နဲ့ B ကို နှိုင်းယှဉ်ဖတ်မယ်ဆိုရင်
“ဒါ တူလား? မတူလား?” ဆိုပြီး စိတ်ရှုပ်ရတတ်တယ်။
အဲ့ဒီလို မရှင်းလင်းမှုတွေကြောင့်
Financial statement ကို ဖတ်ရှုတဲ့သူတွေ အတွက် ခက်ခဲလာခဲ့တယ်။
ဒါကြောင့် IASB က IFRS 18 ကို ထုတ်ပြန်လိုက်တာပါ။
IFRS 18 ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ -
✔ Income Statement ကို ပိုပြီး စနစ်တကျ ခွဲပြမယ်
✔ Operating / Investing / Financing ကို ပိုရှင်းစေမယ်
✔ ကုမ္ပဏီတွေကြား comparison ပိုလွယ်စေမယ်
တစ်လုံးတည်း ပြောရရင်
“ကုမ္ပဏီတိုင်း ပုံစံတူနီးပါး ပြကြရအောင်” လို့ ပြင်ဆင်လိုက်တာပါ။
📅 Effective Date
IFRS 18 ကို 1 January 2027 မှ စပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။
အစောပိုင်း အသုံးပြုနိုင်ပေမယ့် သက်ဆိုင်ရာ disclosure တွေ လိုအပ်ပါတယ်။
Accounting Standard တွေက တိတ်တိတ်လေး ပြောင်းလဲနေတယ်။
ကျွန်တော်တို့လည်း update ဖြစ်နေဖို့ လိုပါတယ်။
ဒီလို concept လေးတွေကို နားလည်ထားရင်
Exam မှာလည်း အားသာချက်ရမယ်
Future career အတွက်လည်း တန်ဖိုးရှိမယ်။
11/02/2026
Bank Reconciliation က ဘာလို့ အမြဲမှားနေတာလဲ?
Bank reconciliation ဆိုရင် လူတော်တော်များများ panic ဖြစ်တတ်တယ်
“Balance မတူဘူး…” ဆိုတာနဲ့ စိတ်ဖိစီးသွားတတ်ကြတယ်။
တကယ်တော့ ခက်လို့မဟုတ်ဘူး။
ဘယ် side ကို ပြင်ရမလဲ မသိလို့ပါ။
ဒီလိုပဲ စဉ်းစားလိုက်ပါ -
Outstanding check ဆိုတာ Bank က မသိသေးတဲ့ check။
ဒါဆို Bank balance ကို လျှော့ရမယ်ပေါ့။
Deposit in transit ဆိုတာ Company က သိပြီး Bank က မသိသေးတာ။
ဒါဆို Bank balance ကို ပေါင်းရမယ်။
ဒီ logic လေးပဲ clear ဖြစ်သွားရင် reconciliation က မခက်တော့ဘူး။