Ids_design school

Ids_design school _ Diploma in Interior Design
( For Efficient Interior Designers to-be) _ Diploma in Interior Design

09/08/2026

တစ်ရက်က City Hall ဖက် ဟိုဟိုဒီဒီသွားရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး တစ်ပုံကနေ ... 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 မှာ “𝗦𝗽𝗮𝗰𝗲” ဆိုတာ အခန်းအကျယ် (Floor Area) တစ်ခုတည်း မဟုတ်ဘူးဆိုတာလေး ပြောပြမယ်နော် 😊

ဒီနေရာကို ကြည့်လိုက်ရင် ပထမဆုံးခံစားမိတာက “ကျယ်တယ်” ဆိုတာထက် “𝗢𝗽𝗲𝗻 & 𝗦𝗽𝗮𝗰𝗶𝗼𝘂𝘀” ဖြစ်တယ်ဆိုတဲ့ ခံစားချက်ပါပဲ။

အဲဒီ Feeling ကို ဖန်တီးပေးနေတာက Floor Area တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗗𝗲𝘀𝗶𝗴𝗻 ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့—

▪️𝗦𝗽𝗮𝗰𝗲 ရဲ့ ဘေးတိုက် အကျယ် (‌𝗪𝗶𝗱𝘁𝗵)

▪️ကြမ်းခင်းကနေ မျက်နှာကျက်အထိ အမြင့် (𝗖𝗲𝗶𝗹𝗶𝗻𝗴 𝗛𝗲𝗶𝗴𝗵𝘁)

▪️လူတစ်ယောက်ရဲ့ 𝗦𝗰𝗮𝗹𝗲 နဲ့ နှိုင်းယှဉ်ထားတဲ့ Vertical Space (𝗩𝗼𝗹𝘂𝗺𝗲)

▪️Canopy ထဲကနေ စီးဝင်လာတဲ့ သဘာဝအလင်းရောင် (𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗟𝗶𝗴𝗵𝘁)

▪️ အပင်တွေ၊ ဆိုင်တွေနဲ့ အပေါ်ဘက် Structure တွေရဲ့ အမြင်အာရုံချိတ်ဆက်မှု (𝗩𝗶𝘀𝘂𝗮𝗹 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻)

ဒီအရာတွေကို စနစ်တကျ ပေါင်းစပ်လိုက်မှသာ 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 ကောင်းတစ်ခု ဖြစ်လာတာပါ။

မျက်နှာကျက်မြင့်ရုံတင်မကဘဲ Overhead Canopy ကနေ သဘာဝအလင်းရောင် စီးဝင်လာအောင် ဖန်တီးထားတာက Space ကို အမိုးပိတ်အောက်ရောက်နေသလို မခံစားရစေဘဲ၊ ပြင်ပသဘာဝနဲ့ ထိစပ်နေသလို လွတ်လပ်ပြီး အေးချမ်းတဲ့ ခံစားမှုကို ပထမဆုံး ပေးစွမ်းပါတယ်။

အပေါ်ဘက်ကို မျက်စိတစ်ဆုံး မြင်နိုင်တဲ့ Vertical Volume ကြောင့် Space က ပိုမိုလွတ်လပ်ပြီး ကျယ်ဝန်းတယ်လို့ ခံစားရစေပါတယ်။

ဒါပေမယ့် Volume အလွန်ကြီးမားတဲ့ Atrium / Canopy Space တွေမှာ သတိမထားရင် လူက Space ထဲမှာ သေးငယ်ပျောက်ကွယ်သွားသလို Intimidating / Overwhelming ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာတော့ အောက်ခြေမှာရှိတဲ့ Planter Boxes၊ အပင်နိမ့်လေးတွေနဲ့ Low-profile Seating တွေက လူတွေရဲ့ Eye-level အတွင်းမှာ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ Micro-environment လေးတစ်ခုကို ဖန်တီးပေးထားပါတယ်။

ဒါကပဲ Large Volume ကို Human Scale နဲ့ Balance လုပ်ထားတဲ့ 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗗𝗲𝘀𝗶𝗴𝗻 လို့ ပြောလို့ရပါတယ်။

ဒါကြောင့် ဒီနေရာဟာ ကြီးမားတဲ့ Volume ရှိပေမယ့် လူတွေအတွက် သက်တောင့်သက်သာနဲ့ နွေးထွေးတဲ့ 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 ကို ဖန်တီးပေးထားနိုင်တာပါ။

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 စဉ်းစားတဲ့အခါ Furniture နဲ့ Decoration တွေကို မရွေးချယ်ခင် Space ရဲ့ Width, Height, Volume နဲ့ Human Scale ကို အရင်ဆုံး စဉ်းစားကြည့်ပါ။

အခု စာဖတ်နေသူအနေနဲ့ရော ဒီ Interior ကို ကြည့်တဲ့အခါ ဘာကို အရင်ဆုံး သတိထားမိလဲ?

🔹 Space ရဲ့ ကျယ်ဝန်းမှုလား?

🔹 Interior Decoration ရဲ့ အလှအပလား?

Comment မှာ အမြင်လေး ပြောခဲ့ပါဦးနော် 😊



Ids_design school
Leo Creation Design

26/07/2026

"Ids_design school မှာ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တွေ သင်ပေးလား?"

ဒါက IDS ကို သင်တန်းစုံစမ်းသူတွေ အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။

မဇင်တို့ရဲ့ အဖြေကတော့ ...
"သင်ရိုးထဲမှာ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တွေ မပါပါဘူး။"

ဘာကြောင့်လဲ?
▪️𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တစ်ခုချင်းစီက သီးသန့် အချိန်လိုပါတယ်။
AutoCAD, SketchUp, Revit, 3ds Max, Photoshop စတဲ့ Software တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ လေ့ကျင့်ချိန် များစွာ လိုအပ်ပါတယ်။

▪️ IDS ရဲ့ အဓိက ရည်ရွယ်ချက်က 𝗗𝗲𝘀𝗶𝗴𝗻 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ကို ခိုင်မာစွာ တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။
တစ်နှစ်တာ အချိန်ပိုင်းသင်တန်းအတွင်းမှာ Interior Design Theory, Design Thinking နဲ့ Design Process တွေကို ဦးစားပေး သင်ကြားပေးပါတယ်။

ဒါဆို Project တွေ ဘယ်လိုလုပ်မလဲ?
▪️ Project တင်နိုင်ဖို့အတွက် HomeStyler ကဲ့သို့ အသုံးပြုရလွယ်တဲ့ Tool တွေကို အသုံးပြတတ်‌အောင် လမ်းညွှန်ပြသပေးပါတယ်။

▪️ Presentation ပိုင်းအတွက်လည်း PowerPoint နဲ့ Photoshop ရဲ့ အခြေခံသဘောတရားတွေကို လိုအပ်သလို လမ်းညွှန်ပြသပေးပါတယ်။

မဇင်တို့ရဲ့ ယုံကြည်ချက်
Designer တွေအတွက် Software တွေက 𝗧𝗼𝗼𝗹 တွေဖြစ်တာကြောင့် မဖြစ်မနေ သုံးရပါတယ်။ ဒါ့ကြောင့်လည်း Software တွေကို သီးသန့် အချိန်ပေးပြီး စနစ်တကျ လေ့လာသင့်ပါတယ်။

ဒါပေမယ့် ရေရှည်မှာ Designer ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် 𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗵𝗶𝗻𝗸𝗶𝗻𝗴၊ 𝗦𝗽𝗮𝗰𝗲 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴 နဲ့ 𝗣𝗿𝗼𝗯𝗹𝗲𝗺 𝗦𝗼𝗹𝘃𝗶𝗻𝗴 𝗦𝗸𝗶𝗹𝗹𝘀 တွေက ပိုအရေးကြီးပါတယ်။

Design အခြေခံကို IDS မှာ ခိုင်ခိုင်မာမာ တည်ဆောက်ပြီး Software တွေကို သီးသန့် ဆက်လက်လေ့ကျင့်သွားမယ်ဆိုရင် ပိုမိုထိရောက်တဲ့ သင်ယူမှုနဲ့ ပိုမိုကောင်းမွန်တဲ့ Career လမ်းကြောင်းကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နောက် Post မှာတော့ ...

"𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်အတွက် ဘယ် 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တွေကို လေ့လာသင့်လဲ?" ဆိုတာကို မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦး 😊




19/07/2026
𝗜𝗡𝗧𝗔𝗞𝗘 𝟭𝟱  ရဲ့ 𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗖𝗲𝗿𝗲𝗺𝗼𝗻𝘆 ကို 𝟮𝟴.𝟬𝟲.𝟮𝟬𝟮𝟲(𝗦𝘂𝗻) မှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အချိန်ပေးတက်ရောက်ခဲ့ကြတ...
28/06/2026

𝗜𝗡𝗧𝗔𝗞𝗘 𝟭𝟱 ရဲ့ 𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗖𝗲𝗿𝗲𝗺𝗼𝗻𝘆 ကို 𝟮𝟴.𝟬𝟲.𝟮𝟬𝟮𝟲(𝗦𝘂𝗻) မှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အချိန်ပေးတက်ရောက်ခဲ့ကြတဲ့
🔹𝗜𝗡𝗧𝗔𝗞𝗘 𝟭𝟱 မှ သင်တန်းသားများ
🔹အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးခဲ့ကြတဲ့ ရှေ့ 𝗜𝗡𝗧𝗔𝗞𝗘 များမှ သင်တန်းသားများ
အားလုံးကို ကျွန်မတို့ 𝗜𝗗𝗦 𝗔𝗱𝗺𝗶𝗻 𝗧𝗲𝗮𝗺 မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ဒီနေ့မှာတော့ စာသင်ချိန်တွေ စတင်တော့မှာဖြစ်လို့ည (၈:၀၀)နာရီမှာ အတန်းထဲ ပြန်လည်ဆုံတွေ့ကြပါမယ်နော်။

✅ 𝗜𝗡𝗧𝗔𝗞𝗘 𝟭𝟱 သင်တန်းအပ်လက်ခံခြင်းကိုလည်း ပိတ်လိုက်ပြီဖြစ်ပါတယ် 🙏

𝑺𝒉𝒂𝒑𝒆 𝒚𝒐𝒖𝒓 𝒅𝒓𝒆𝒂𝒎.
𝑺𝒉𝒂𝒑𝒆 𝒚𝒐𝒖𝒓 𝒇𝒖𝒕𝒖𝒓𝒆.
𝑪𝒉𝒐𝒐𝒔𝒆 𝑰𝑫𝑺.




𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 ဖြစ်လိုသူများအတွက်𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗱𝗿𝗲𝗮𝗺. 𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗳𝘂𝘁𝘂𝗿𝗲. 𝗖𝗵𝗼𝗼𝘀𝗲 𝗜𝗗𝗦. Register Now:အတန်းအပ်နှံရန်နှင့် အသ...
19/06/2026

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 ဖြစ်လိုသူများအတွက်
𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗱𝗿𝗲𝗮𝗺. 𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗳𝘂𝘁𝘂𝗿𝗲. 𝗖𝗵𝗼𝗼𝘀𝗲 𝗜𝗗𝗦.

Register Now:
အတန်းအပ်နှံရန်နှင့် အသေးစိတ်ကြည့်ရှုရန်:
လင့်ခ်ကိုနှိပ်ပြီး 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 တွင် အချက်အလက်များကို အလွယ်တကူ ဖြည့်စွက်နိုင်ပါသည်။

https://docs.google.com/.../1FAIpQLSdxMhHAPsJ.../viewform...

အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်:
• 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿: Ids_design school
• 𝗣𝗵𝗼𝗻𝗲 / 𝗩𝗶𝗯𝗲𝗿: 𝟬𝟵 𝟳𝟳𝟰𝟵 𝟰𝟰𝟰 𝟬𝟭

“𝗧𝗵𝗶𝘀 𝗶𝘀 𝘆𝗼𝘂𝗿 𝘁𝗶𝗰𝗸𝗲𝘁 𝘁𝗼 𝗮 𝗯𝗲𝘁𝘁𝗲𝗿 𝗳𝘂𝘁𝘂𝗿𝗲. 𝗟𝗲𝘁’𝘀 𝗯𝗲𝗴𝗶𝗻 𝘁𝗵𝗶𝘀 𝗷𝗼𝘂𝗿𝗻𝗲𝘆 𝘁𝗼𝗴𝗲𝘁𝗵𝗲𝗿.”

#𝗜𝗗𝗦𝗱𝗲𝘀𝗶𝗴𝗻𝘀𝗰𝗵𝗼𝗼𝗹
#𝗶𝗻𝘁𝗲𝗿𝗶𝗼𝗿𝗱𝗲𝘀𝗶𝗴𝗻
#𝗼𝗻𝗹𝗶𝗻𝗲𝗰𝗹𝗮𝘀𝘀
#𝗱𝗶𝗽𝗹𝗼𝗺𝗮𝗶𝗻𝗶𝗻𝘁𝗲𝗿𝗶𝗼𝗿𝗱𝗲𝘀𝗶𝗴𝗻
#𝗜𝗻𝘁𝗮𝗸𝗲𝟭𝟱
#𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿𝗗𝗲𝘀𝗶𝗴𝗻𝗠𝘆𝗮𝗻𝗺𝗮𝗿

"အနိမ့် အမြင့် - အတွေးများ"  #အနိမ့် အမြင့်နှိုင်းယှဉ်ခြင်းကပဲအနိမ့်...အမြင့်...ကွဲသွားတယ်...။သူသာတယ်ငါနာတယ် ဆိုတဲ့စကားဝ...
17/06/2026

"အနိမ့် အမြင့် - အတွေးများ"

#အနိမ့် အမြင့်

နှိုင်းယှဉ်ခြင်းကပဲ
အနိမ့်...
အမြင့်...
ကွဲသွားတယ်...။

သူသာတယ်
ငါနာတယ် ဆိုတဲ့စကား
ဝိဝါဒတွေ ကွဲပြား...။
နေတတ်ရင်
ကျေနပ်စရာပါလေ…တဲ့…။

ရွှေအစစ်မြင်ဖူးမှ
အတုအစစ်ခွဲနိုင်မှာပေါ့ကွာ…။

အနိမ့်ဟာ
သူ့ထက်နိမ့်တာနဲ့တွေ့တော့
အမြင့် ဖြစ်သွားသလို
အမြင့်ဟာလည်း
သူ့ထက် မြင့်တာနဲ့တွေ့တော့
အနိမ့်ပြန်ဖြစ်သွားတာ
နှိုင်းယှဉ်တာကြောင့်ပဲ မဟုတ်လား…။

ဘဝဘုံမှာ
နိမ့်တုံ
မြင့်တုံ
အလှည့်အပြောင်း
ဒါတွေကပဲ
စိတ်တွေကို မောင်းနေကြတာ ပါပဲလေ..။

𝗠𝗠𝗢

လောကမှာ အရာရာတိုင်းဟာ နှိုင်းယှဉ်ခြင်းမှတစ်ဆင့် အဓိပ္ပာယ်ပေါ်လွင်လာပါတယ်။ အရာဝတ္ထုတစ်ခုကို အခြားတစ်ခုနှင့် နှိုင်းယှဉ်လိုက်မှသာ လှပမှု၊ အရုပ်ဆိုးမှု၊ အနိမ့်၊ အမြင့် စသည့် အရာများက ကွဲပြားသွားပါတယ်။ အတွင်းပိုင်းဒီဇိုင်းမှာလည်း ဒီအနိမ့်အမြင့် နှိုင်းယှဉ်ခြင်း နိယာမကို ဒီဇိုင်နာများ နှစ်သက်စွာ အသုံးပြုတတ်ကြပါတယ်။ ဒီဇိုင်နာတစ်ဦးဟာ နေရာတစ်ခုကို ဖန်တီးရာမှာ အရာဝတ္ထုများကို နေရာချထားပုံ၊ အရောင်ရွေးချယ်ပုံ၊ ပုံစံများကို ပေါင်းစပ်ပုံတို့ဟာ နှိုင်းယှဉ်ခြင်းအနုပညာရပ်ပင် ဖြစ်သပါတယ်။ နှိုင်းယှဉ်မှုရှိမှသာ နေရာတစ်ခု၏ ထူးခြားချက်များက ပေါ်လွင်ထင်ရှားလာပြီး နေချင့်စဖွယ်၊ စိတ်ဝင်စားဖွယ်ရာ နေရာတစ်ခု ဖြစ်လာပါမယ်။

ဒီဇိုင်းသီအိုရီများဖြစ်တဲ့
▪️ဟန်ချက်ညီခြင်း (Balance)
▪️အချိုးအစား (Proportion)
▪️စည်းချက် (Rhythm) နှင့်
▪️အာရုံစိုက်ရာနေရာ (Focal Point) စတဲ့ ဒီဇိုင်းသီအိုရီများဟာ နှိုင်းယှဉ်မှုအပေါ် အခြေခံထားပါတယ်။

၁။ ဟန်ချက်ညီခြင်း (Balance)
အတွင်းပိုင်းဒီဇိုင်းမှာ ဘယ်ညာ အပေါ်အောက် ဟန်ချက်ညီခြင်းဟာ အမြင်အာရုံခံစားမှုဆိုင်ရာမှာ အင်မတန် အရေးကြီးပါတယ်။
▪️ခေါက်ချိုးညီတဲ့ ဟန်ချက်ညီခြင်း(Symmetrical) နှင့်
▪️ခေါက်ချိုးမညီတဲ့ (Asymmetrical) ဟန်ချက်ညီခြင်း ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။

"ခေါက်ချိုးညီတဲ့ ဟန်ချက်" ဆိုတာ တစ်ဖက်နှင့်တစ်ဖက် အတိအကျတူညီတဲ့ ပုံစံဖြစ်ပြီးနှိုင်းယှဉ်မှုအရ လုံခြုံတည်ငြိမ်မှုနှင့် စည်းစနစ်ကျမှုကို ခံစားရစေပါတယ်။

"ခေါက်ချိုးမညီသော ဟန်ချက်" - ပုံစံ၊ အရွယ်အစားနှင့် အရာဝတ္ထုများကို ကွဲပြားစွာ နေရာချထားသော်လည်း အမြင်အရ တစ်ဖက်နှင့်တစ်ဖက် ဟန်ချက်ကို ညီမျှနေစေပါတယ်။ ဒီဇိုင်းပုံစံမှာစိတ်ဝင်စားစရာကောင်းပြီး လှုပ်ရှားမှုကို ပိုမိုပေးစွမ်းနိုင်ပါတယ်။

၂။ အချိုးအစား (Proportion)
အချိုးအစား ဆိုတာကတော့ အရာဝတ္ထုတစ်ခုရဲ့ အရွယ်အစားကို အခြားအရာဝတ္ထုတစ်ခု သို့မဟုတ် အခန်းတစ်ခုလုံးရဲ့ အရွယ်အစားနှင့် နှိုင်းယှဉ်ခြင်းဖြစ်ပါတယ်။ ဥပမာ- ဧည့်ခန်းကျယ်ကြီးထဲမှာ သေးငယ်လွန်းတဲ့ ဆိုဖာတစ်လုံးကို ထားရှိပါက အချိုးအစား မညီညာဘဲ အနိမ့်အမြင့် ခြားနားမှုကို ပိုမိုပေါ်လွင်စေနိုင်ပါတယ်။ အချိုးအစား မှန်ကန်စွာအသုံးပြုခြင်းဟာ နေရာတစ်ခုကို သဟဇာတဖြစ်ပြီး အမြင်မှာ နှစ်သက်ဖွယ် ဖြစ်အောင် ပြုလုပ်ပေးနိုင်တယ်။

၃။ စည်းချက် (Rhythm)
စည်းချက်မှာ ဒီဇိုင်းအရာဝတ္ထုများကို အမြင်အရ လှုပ်ရှားနေတဲ့ဟန် ဖော်ပြနိုင်ဖို့အတွက် ထပ်ခါတလဲလဲ အသုံးပြုခြင်းဖြစ်ပါတယ်။ အရောင်၊ ပုံစံ၊ ပုံသဏ္ဌာန် သို့မဟုတ် မျဉ်းကြောင်းများကို အစီအစဉ်တကျ ထပ်ခါတလဲလဲ အသုံးပြုခြင်းက အာရုံကို တစ်နေရာကနေ တခြားတစ်နေရာကို စီးဆင်းသွားစေ နိုင်ပါတယ်။ ဥပမာ- ပြတင်းပေါက်တွေကို စည်းချက်ကျကျ ထားရှိခြင်းဖြင့် မျက်စိကို သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။

၄။ အာရုံစိုက်ရာနေရာ (Focal Point)
အာရုံစိုက်ရာနေရာမှာ အခန်းရဲ့ အဓိကအလေးထားတဲ့ အရာဝတ္ထုဖြစ်ပြီး အခြားအရာဝတ္ထုတွေက အဲဒီအရာဝတ္ထုကို ပံ့ပိုးပေးထားတဲ့ အခြေအနေတွေဖြစ်ပါတယ်။ အဲလို ပြုလုပ်ဖန်တီးရာမှာ ပုံမှန်မဟုတ်တဲ့ အရွယ်အစား၊ တောက်ပတဲ့ အရောင်များ သို့မဟုတ် ထူးခြားတဲ့ ပုံသဏ္ဌာန်များဖြင့် ဖန်တီးနိုင်ပါတယ်။ ဥပမာ- ထင်ရှားတဲ့ ပန်းချီကားတစ်ချပ်၊ ပုံမှန်မဟုတ်တဲ့ မီးဆိုင်းတစ်လုံး သို့မဟုတ် ပုံစံထူးခြားတဲ့ ဆိုဖာတစ်လုံးစတဲ့ အရာတွေက အခန်းရဲ့ အာရုံစိုက်မှု အနိမ့်အမြင့် အတက်အကျတွေကို ခြားနားစွာ ပေါ်လွင်စေနိုင်ပါတယ်။ အခုလို အမြင်ဆိုင်ရာ ဖော်ပြခြင်းတွေဟာ "အနိမ့်အမြင့် နှိုင်းယှဉ်ခြင်း" ကို အမြင်အာရုံအရ အတက်အကျ ပေါ်လွင်အောင် တင်ပြ ခြင်းပင်ဖြစ်ပါတယ်။

အဆောက်အဦး အတွင်းပိုင်းဒီဇိုင်းပညာရပ်ကို တနည်းပြောလျှင် နှိုင်းယှဉ်ခြင်းရဲ့ အနုပညာ ဟုပင်ခေါ်ဆိုနိုင်ပါမယ်။ နေရာတစ်ခုမှာ အရာဝတ္ထုတစ်ခုစီကို တခြားအရာဝတ္ထုများနှင့် နှိုင်းယှဉ်ခြင်းမှတစ်ဆင့် လှပမှုနှင့် အနိမ့်အမြင့် ခြားနားချက်များ ပေါ်လွင်ထင်ရှားလာစေပါတယ်။ အရောင်ဖျော့နှင့် အရောင်ရင့်၊ မျက်နှာပြင်ပြောင်နှင့် ကြမ်းတမ်းသော မျက်နှာပြင်၊ အကြီးနှင့် အသေး၊ အနက်နှင့် အဖြူ စတဲ့ နှိုင်းယှဉ်မှုများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ထင်ရှားပြီး အာရုံညွှတ်နူးဖွယ် ဒီဇိုင်းကို ဖန်တီးနိုင်ပါတယ်။

မြန်မာစကားပုံတစ်ခုဖြစ်တဲ့ "သစ်ငုတ် မြင့်တုံ မြက်မြင့်တုံ" ဆိုတဲ့ စကားလို လောကသဘာဝ တစ်နေရာတည်းမှာ အမြဲတမ်းမြင့်မားနေခြင်းမရှိသကဲ့သို့ တစ်နေရာတည်းမှာ အမြဲတမ်းနိမ့်ကျနေခြင်းလည်းမရှိနိုင်ပေ။ နှိုင်းယှဉ်ခြင်းကို ဒီဇိုင်း၏ အခြေခံနိယာမအဖြစ် အသုံးချခြင်းဖြင့် ဒီဇိုင်နာတစ်ဦးဟာ နေရာတစ်ခုကို အသက်ဝင်စေကာ နေထိုင်သူများအတွက် စိတ်ကြည်နူးဖွယ်ရာ ပတ်ဝန်းကျင်တစ်ခုကို အမြဲတမ်းဖန်တီးနိုင်ပါတယ်။

ဘဝဟာ အမြဲပြောင်းလဲ စီးဆင်းနေပါတယ်။ နိမ့်မြင့်တက်ကျ ရေစီးတစ်ခါ ရေသာ တစ်လှည့် ဖြင့် လောကကို စုန်ဆန် ကူးခတ်ရင်း ကျွန်တော်တို့တွေ လောကအလှ ဘဝအလှ တို့ကို ဖွေရှာနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အနိမ့် အမြင့်၊ အတက် အကျ ဘဝတွေလည်း လှပနိုင်ကြပါစေ။







"𝗧𝘂𝗿𝗻 𝘆𝗼𝘂𝗿 𝗽𝗮𝘀𝘀𝗶𝗼𝗻 𝗳𝗼𝗿 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 𝗶𝗻𝘁𝗼 𝗮 𝘀𝘂𝗰𝗰𝗲𝘀𝘀𝗳𝘂𝗹 𝗰𝗮𝗿𝗲𝗲𝗿 𝘄𝗶𝘁𝗵 𝗜𝗗𝗦."𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 ဆိုတာ ဝင်ငွေကောင်းတဲ့ အလုပ်တစ်...
14/06/2026

"𝗧𝘂𝗿𝗻 𝘆𝗼𝘂𝗿 𝗽𝗮𝘀𝘀𝗶𝗼𝗻 𝗳𝗼𝗿 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 𝗶𝗻𝘁𝗼 𝗮 𝘀𝘂𝗰𝗰𝗲𝘀𝘀𝗳𝘂𝗹 𝗰𝗮𝗿𝗲𝗲𝗿 𝘄𝗶𝘁𝗵 𝗜𝗗𝗦."

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 ဆိုတာ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုတင် မဟုတ်ပါဘူး။ လူတွေ နေ့စဉ်ဖြတ်သန်းနေရတဲ့ အိမ်တွေ၊ အလုပ်ခွင်တွေ၊ ဆိုင်တွေကို ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်စရာကောင်းအောင် ဖန်တီးပေးရတဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အတတ်ပညာပါ။

ကိုယ့်မှာ ဝါသနာ (𝗣𝗮𝘀𝘀𝗶𝗼𝗻) ရှိနေပြီဆိုရင် ကျန်တဲ့ ရည်ရွယ်ချက် (𝗣𝘂𝗿𝗽𝗼𝘀𝗲)
နဲ့ စနစ်ကျတဲ့ နည်းလမ်းတွေကို လမ်းပြပေးဖို့က ကျွန်မတို့ 𝗜𝗗𝗦 ရဲ့ တာဝန်ပါ။

𝗜𝗗𝗦 ဟာ သင်တန်းပြီးသွားရုံနဲ့ ပြီးသွားတာမဟုတ်ဘဲ...
🔹 အတန်းစဉ်အလိုက် ချိတ်ဆက်မိနေတဲ့ ကျောင်းသား Community ရှိမယ်။
🔹 တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မျှဝေလို့ရမယ်။
🔹 လုပ်ငန်းခွင်ထဲ ရောက်တဲ့အထိ အားကိုးရတဲ့ Mentor တွေ ရှိနေမယ်။
ကိုယ်တိုင်လည်း ဝါသနာပါပြီး ဒီပညာရပ်နဲ့ Career တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ချင်တယ်ဆိုရင်တော့ အတန်းသစ်ဖြစ်တဲ့ 𝗜𝗗𝟭𝟱 မှာ အတူတူ စတင်လိုက်ရအောင်။

Register Now:
အတန်းအပ်နှံရန်နှင့် အသေးစိတ်ကြည့်ရှုရန်:

𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗱𝗿𝗲𝗮𝗺. 𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗳𝘂𝘁𝘂𝗿𝗲. 𝗖𝗵𝗼𝗼𝘀𝗲 𝗜𝗗𝗦.

လင့်ခ်ကိုနှိပ်ပြီး 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 တွင် အချက်အလက်များကို အလွယ်တကူ ဖြည့်စွက်နိုင်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSdxMhHAPsJ75yuPuGGuBqlP5bWmDPNtsvFQcOrkFd5m5I3NXQ/viewform

အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်:
• 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿: Ids_design school
• 𝗣𝗵𝗼𝗻𝗲 / 𝗩𝗶𝗯𝗲𝗿: 𝟬𝟵 𝟳𝟳𝟰𝟵 𝟰𝟰𝟰 𝟬𝟭

“𝗧𝗵𝗶𝘀 𝗶𝘀 𝘆𝗼𝘂𝗿 𝘁𝗶𝗰𝗸𝗲𝘁 𝘁𝗼 𝗮 𝗯𝗲𝘁𝘁𝗲𝗿 𝗳𝘂𝘁𝘂𝗿𝗲. 𝗟𝗲𝘁’𝘀 𝗯𝗲𝗴𝗶𝗻 𝘁𝗵𝗶𝘀 𝗷𝗼𝘂𝗿𝗻𝗲𝘆 𝘁𝗼𝗴𝗲𝘁𝗵𝗲𝗿.”

#𝗜𝗗𝗦𝗱𝗲𝘀𝗶𝗴𝗻𝘀𝗰𝗵𝗼𝗼𝗹
#𝗶𝗻𝘁𝗲𝗿𝗶𝗼𝗿𝗱𝗲𝘀𝗶𝗴𝗻
#𝗼𝗻𝗹𝗶𝗻𝗲𝗰𝗹𝗮𝘀𝘀
#𝗱𝗶𝗽𝗹𝗼𝗺𝗮𝗶𝗻𝗶𝗻𝘁𝗲𝗿𝗶𝗼𝗿𝗱𝗲𝘀𝗶𝗴𝗻
#𝗜𝗻𝘁𝗮𝗸𝗲𝟭𝟱
#𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿𝗗𝗲𝘀𝗶𝗴𝗻𝗠𝘆𝗮𝗻𝗺𝗮𝗿

"သင့်အိမ်ခန်းထဲက အရောင်တွေက သင့်စိတ်ခံစားချက်ကို ထိန်းချုပ်နေတာ သိပါသလား?"အိမ်ပြန်ရောက်တဲ့အခါ စိတ်အပန်းပြေဖို့အတွက် ဧည့်...
11/06/2026

"သင့်အိမ်ခန်းထဲက အရောင်တွေက သင့်စိတ်ခံစားချက်ကို ထိန်းချုပ်နေတာ သိပါသလား?"

အိမ်ပြန်ရောက်တဲ့အခါ စိတ်အပန်းပြေဖို့အတွက် ဧည့်ခန်းကို ဘယ်လိုအရောင်မျိုး သုံးမလဲ?

အိပ်ပျော်ရခက်တဲ့သူတွေအတွက် အိပ်ခန်းမှာ ဘယ်အရောင်က အကောင်းဆုံးဖြစ်မလဲ?

Interior Design တစ်ခုမှာ အလှပဆုံးနဲ့ စိတ်အပန်းပြေဆုံး Area တစ်ခုဖြစ်လာဖို့ "အရောင်ရွေးချယ်မှု" က 70% မက စွမ်းဆောင်နိုင်တယ်ဆိုတာ သင်သိပါသလား။ အရောင်တွေရွေးချယ်တာဟာ လှပဖို့သက်သက်တင်မဟုတ်ဘဲ အိမ်သူအိမ်သားတွေရဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားချက် (Mood & Emotion) ကိုပါ တိုက်ရိုက် သက်ရောက်မှုရှိစေတာ ဖြစ်ပါတယ်။

တောက်ပတဲ့ အရောင်များ: တက်ကြွမှုနဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။
ငြိမ်သက်တဲ့ Earth Tone အရောင်များ: စိတ်အေးချမ်းမှုနဲ့ သက်သောင့်သက်သာရှိမှုကို ခံစားရစေပါတယ်။
ဒါကြောင့် အရောင်တွေကို စနစ်တကျ အချိုးကျကျ အသုံးပြုတတ်ဖို့က Interior Designer တစ်ယောက်အတွက် အလွန်အရေးကြီးတဲ့ အတတ်ပညာတစ်ခု ဖြစ်ပါတယ်။

Ids_design school မှာတော့...
𝗖𝗼𝗹𝗼𝗿 𝗧𝗵𝗲𝗼𝗿𝘆 & 𝗖𝗼𝗹𝗼𝗿 𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 (အရောင်အသုံးချမှုနှင့် စိတ်ပညာ) သိကောင်းစရာတွေကို အခြေခံကစပြီး လုပ်ငန်းခွင်မှာအသုံးချ နိုင်သည်အထိ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ် -

Register Now:
အတန်းအပ်နှံရန်နှင့် အသေးစိတ်ကြည့်ရှုရန်:

𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗱𝗿𝗲𝗮𝗺. 𝗦𝗵𝗮𝗽𝗲 𝘆𝗼𝘂𝗿 𝗳𝘂𝘁𝘂𝗿𝗲. 𝗖𝗵𝗼𝗼𝘀𝗲 𝗜𝗗𝗦.

လင့်ခ်ကိုနှိပ်ပြီး 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 တွင် အချက်အလက်များကို အလွယ်တကူ ဖြည့်စွက်နိုင်ပါသည်။ 👉

https://docs.google.com/forms/d/e/1FAIpQLSdxMhHAPsJ75yuPuGGuBqlP5bWmDPNtsvFQcOrkFd5m5I3NXQ/viewform?usp=dialog

အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်:
• 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿: ℹ️ Ids_design school
• 𝗣𝗵𝗼𝗻𝗲 / 𝗩𝗶𝗯𝗲𝗿: 𝟬𝟵 𝟳𝟳𝟰𝟵 𝟰𝟰𝟰 𝟬𝟭

“𝗧𝗵𝗶𝘀 𝗶𝘀 𝘆𝗼𝘂𝗿 𝘁𝗶𝗰𝗸𝗲𝘁 𝘁𝗼 𝗮 𝗯𝗲𝘁𝘁𝗲𝗿 𝗳𝘂𝘁𝘂𝗿𝗲. 𝗟𝗲𝘁’𝘀 𝗯𝗲𝗴𝗶𝗻 𝘁𝗵𝗶𝘀 𝗷𝗼𝘂𝗿𝗻𝗲𝘆 𝘁𝗼𝗴𝗲𝘁𝗵𝗲𝗿.”

#𝗜𝗗𝗦𝗱𝗲𝘀𝗶𝗴𝗻𝘀𝗰𝗵𝗼𝗼𝗹
#𝗶𝗻𝘁𝗲𝗿𝗶𝗼𝗿𝗱𝗲𝘀𝗶𝗴𝗻
#𝗼𝗻𝗹𝗶𝗻𝗲𝗰𝗹𝗮𝘀𝘀
#𝗱𝗶𝗽𝗹𝗼𝗺𝗮𝗶𝗻𝗶𝗻𝘁𝗲𝗿𝗶𝗼𝗿𝗱𝗲𝘀𝗶𝗴𝗻
#𝗜𝗻𝘁𝗮𝗸𝗲𝟭𝟱
#𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿𝗗𝗲𝘀𝗶𝗴𝗻𝗠𝘆𝗮𝗻𝗺𝗮𝗿

"𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်အတွက် 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗹𝗹𝘀 လိုအပ်လား"𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်အတွက် Design ထုတ်တတ်ဖို့၊ Draw...
03/06/2026

"𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်အတွက် 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗹𝗹𝘀 လိုအပ်လား"

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်အတွက် Design ထုတ်တတ်ဖို့၊ Drawing ဆွဲတတ်ဖို့၊ Space Planning (နေရာချထားမှုပုံစံ) ကောင်းကောင်းလုပ်တတ်ဖို့က အရေးကြီးသလိုပဲ ... အောင်မြင်တဲ့ Designer တစ်ယောက်ဖြစ်လာဖို့ "𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗹𝗹𝘀 (ဆက်သွယ်ပြောဆိုရေး အတတ်ပညာ)" ကလည်း လုံးဝမရှိမဖြစ် လိုအပ်ပါတယ်။

​ဒီအချက်က ဘာကြောင့် ဒီလောက်တောင် အရေးကြီးရတာလဲဆိုတာကို ကျွန်မနဲ့ အတူတူစဥ်းစားကြည့်ရအောင်။

​၁။ 𝗖𝗹𝗶𝗲𝗻𝘁 ရဲ့ စိတ်ကူးအိမ်မက်ကို ပုံဖော်ပေးနိုင်ဖို့ (𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝘁𝗵𝗲 𝗖𝗹𝗶𝗲𝗻𝘁'𝘀 𝗩𝗶𝘀𝗶𝗼𝗻)

​အိမ်ရှင် သို့မဟုတ် ဆိုင်ရှင်တစ်ယောက်က သူတို့လိုချင်တဲ့ ပုံစံကို ရှင်းရှင်းလင်းလင်း မပြောပြတတ်တာမျိုး ရှိတတ်ပါတယ်။ Designer ဘက်က မေးခွန်းကောင်းကောင်းတွေ မေးတတ်ဖို့၊ သူတို့ရဲ့ စကားသံနောက်က တကယ့်လိုအပ်ချက်ကို သေချာနားထောင်တတ်ဖို့ (𝗔𝗰𝘁𝗶𝘃𝗲 𝗟𝗶𝘀𝘁𝗲𝗻𝗶𝗻𝗴) လိုအပ်ပါတယ်။ 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 ကောင်းမှသာ Client လိုချင်တဲ့ စိတ်ကူးကို ကွက်တိပုံဖော်ပေးနိုင်မှာပါ။

​၂။ ကိုယ့်ရဲ့ 𝗜𝗱𝗲𝗮 ကို ယုံကြည်မှုရှိရှိ ချပြနိုင်ဖို့ (𝗣𝗿𝗲𝘀𝗲𝗻𝘁𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗖𝗼𝗻𝗰𝗲𝗽𝘁𝘀)

​ကိုယ့်ရဲ့ Design က ဘယ်လောက်ပဲ ကောင်းနေပါစေ ... Client သဘောကျအောင်၊ နားလည်အောင် ခံစားချက်ပါပါနဲ့ ဆွဲဆောင်မှုရှိရှိ မရှင်းပြတတ်ရင် အဲဒီ Design က အရွေးခံရဖို့ ခဲယဉ်းသွားပါလိမ့်မယ်။ 𝗙𝘂𝗻𝗰𝘁𝗶𝗼𝗻𝗮𝗹 (အသုံးဝင်မှု) နဲ့ 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 (အလှအပ) ဘယ်လိုမျှတအောင် စဥ်းစားထားလဲဆိုတာကို Client နားလည်အောင် ပြောပြတတ်ဖို့ လိုပါတယ်။

​၃။ လုပ်ငန်းခွင်က Site Engineer တွေ၊ Contractor တွေနဲ့ အလုပ်လုပ်ရတဲ့အခါ (𝗦𝗶𝘁𝗲 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗶𝗼𝗻)

​Interior Design ဆိုတာ ရုံးခန်းထဲမှာတင် Design ထုတ်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ကိုယ်ဆွဲလိုက်တဲ့ design နဲ့ drawing အတိုင်း အပြင်မှာ ကွက်တိထွက်လာဖို့ဆိုရင် လျှပ်စစ်သမား၊ လက်သမား၊ ကန်ထရိုက်တာတွေ စသူတို့နဲ့ သေချာညှိနှိုင်း ဆက်သွယ်ရပါတယ်။ 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻n မကောင်းရင် အလုပ်တွေ လွဲချော်ပြီး ပစ္စည်းဖိတ်စင်တာ၊ အချိန်ကြန့်ကြာတာတွေ ဖြစ်တတ်ပါတယ်။

​၄။ စိတ်ကျေနပ်မှုရှိတဲ့ ရလဒ်နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ (𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗧𝗿𝘂𝘀𝘁 & 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽)

​အလုပ်လုပ်နေစဥ်အတွင်း Project ရဲ့ အခြေအနေ (Updates) တွေကို ပွင့်လင်းမြင်သာစွာ အမြဲအကြောင်းကြားပေးခြင်းက Client ရဲ့ ယုံကြည်မှုကို ရရှိစေပါတယ်။ ဒါ့အပြင် အငြင်းပွားစရာ အခက်အခဲလေးတွေ ရှိလာရင်လည်း စကားပြောပြေပြစ်မှုနဲ့ ဖြေရှင်းနိုင်တာက Designer ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။

​"ဒါ့ကြောင့်မို့လို့ 𝗜𝗗𝗦 𝗗𝗲𝘀𝗶𝗴𝗻 𝗦𝗰𝗵𝗼𝗼𝗹 ရဲ့ သင်ခန်းစာတွေထဲမှာ 𝗗𝗲𝘀𝗶𝗴𝗻 ပညာရပ်တွေအပြင် လုပ်ငန်းခွင်ထဲ တကယ့်ကို အသုံးဝင်မယ့် 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗹𝗹𝘀 ကိုပါ စနစ်တကျ ထည့်သွင်းသင်ကြားပေးနေတာ ဖြစ်ပါတယ်"

​𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 လောကထဲကို ခြေလှမ်းသစ် လှမ်းဖို့ ပြင်ဆင်နေတဲ့ မောင်လေး၊ ညီမလေးများအနေနဲ့ Design, Drawing & Space Planning အရည်အချင်းတွေတင်မကဘဲ လူတွေနဲ့ ထိရောက်စွာ အလုပ်လုပ်နိုင်မယ့် 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗸𝗶𝗹𝗹l ကိုပါ 𝗜𝗗𝗦 နဲ့အတူ အမိအရ လေ့ကျင့်ပြင်ဆင်ထားနိုင်ဖို့ တိုက်တွန်းချင်ပါတယ် 🥰

𝗭𝗶𝗻 𝗠𝗶𝗻 𝗔𝘆𝗲

​✨✨✨🌟✨✨✨🌟✨✨✨🌟✨✨✨

​📢 𝗝𝘂𝗻𝗲 လမှာ ဖွင့်လှစ်မယ့် 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 အတန်းသစ်အတွက် 👇 ဒီ Link မှာ စာရင်းပေးသွင်း အပ်နှံလို့ ရနေပါပြီ 📢

https://docs.google.com/forms/d/12rYj4byQ6khssGi9_RN1_Qzf4_SwJ7q92RNBA261k5I/edit






Address

အမှတ်/၁၂၉ (B)၊ မြေညီထပ်၊ အနော်မာလမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
Yangon

Opening Hours

Monday 00:00 - 17:00
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59

Telephone

+959774944401

Website

Alerts

Be the first to know and let us send you an email when Ids_design school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Ids_design school:

Shortcuts

Share

Category