Biology For All

Biology For All Biology ကိုနားလည်ဖို့၊ အခြေခံ အချက်လေးတွေကို ပြောပြဖို့ ရည်ရွယ်ချက်ဖြင့် Page လေးကိုဖန်တီးပါတယ်။

27/08/2025

ကျောင်းသူ၊ကျောင်းသား အများစုဟာ
Physiological ဆိုတဲ့ စာလုံးတွေ့တာနဲ့ ရုပ်ပိုင်းဆိုင်ရာ၊
ရုပ်နဲ့ပတ်သက်တာဆိုပြီး အထင်မှားပါတယ်။
ဘာသာပြန်တော့လည်း ဇီဝကမ္မပိုင်းဆိုင်ရာဆိုတော့
နားလည်သလိုလိုနဲ့ မသိပြန်ဘူး။ တပည့်တွေကိုမေးကြည့်တဲ့ အခါ အဲဒီ ပါဠိစကားလုံးပဲ ပြန်ပြန်ပြောကြပါတယ်။

ပညာရပ်ဆိုင်ရာ စကားလုံးများကို ဘာသာပြန်တဲ့အခါ ပါဠိစကားလုံးများကို သုံးလေ့ရှိပါတယ်။ ဒါကလည်း Biology ဆိုတဲ့ စကားလုံးတောင် Greek စကားလုံးကို ယူသုံးထားတာပါ။

ဇီဝ ဆိုတာ အသက်၊ သက်ရှိဖြစ်ပြီး၊ ကမ္မ ဆိုတာ လုပ်ငန်းဆောင်တာလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒါကြောင့် ဇီဝကမ္မဆိုတာ သက်ရှိတွေ အသက်ရှင်ဖို့ လုပ်တဲ့ လုပ်ဆောင်လျက်မှန်သမျှကိုဆိုလိုပါတယ်။ living processes or functions ပေါ့။ ဥပမာ Respiration, Nutrition, Excretion တို့ပေါ့။

Physical ကတော့ ရုပ်ပိုင်းဆိုင်ရာလို့ ဘာသာပြန်ကြပါလေရော။ အဓိပ္ပါယ်တစ်ခုထဲကိုပဲ အသေမှတ်ထား ကျက်ထားတော့ လွဲပါလေရော။ Physical ဆိုတဲ့စကားလုံးက bio မှာ သက်ရှိ မဟုတ်တဲ့ အချက်အလက်ကိုဆိုလိုပါတယ်။ ဥပမာ ရာသီဥတု၊ အပူချိန်၊ ရေ၊မြေ စသည်ဖြင့်။ ဒါကြောင့် physical factorလို့ပြောရင် abiotic factor ကိုပြောတာပါ။ non-living factorနဲ့လည်းတူပါတယ်။ သက်ရှိက သက်ရှိမဟုတ်တဲ့ ပတ်ဝန်းကျင်ကိုမှီခိုရတော့ သက်ရှိ ပတ်သက်ရတဲ့ ပတ်ဝန်းကျင်ဟာ physical ပါပဲ။

နားလည်ပြီဆိုရင် Grade 12 bio စာအုပ်ထဲက စာသားကိုဖတ်ပြီး physical factors တွေကိုရှာကြည့်ရအောင်။

Organisms interact continuously with physical factors. Plants take up nutrients from the soil and chemicals from the air and use energy from the sun. ကဲ… physical factorsတွေ ရှာတွေ့ရဲ့လား။


ကိုယ်တိုင်နားလည်မှ၊ ကိုယ်တိုင်လုပ်တတ်မှ
လေ့လာကျက်မှတ်တဲ့ စာတွေ တော်တော်နဲ့ မမေ့မှာ။
နားလည်စရာမလို အလွတ်ကျက်ရင် ရမှာပဲဆိုတာ မှားပါတယ်။ အားလုံး ပညာရပ်တွေကို နားလည်သဘောပေါက်တဲ့ ကလေးတွေဖြစ်ကြပါစေ။

ဆရာမြတ် ( ကျောက်ကုန်းစာသင်ဝိုင်း )

08/11/2024

ကျောက်ကုန်းစာသင်ဝိုင်းတွင်ရရှိနိုင်ပါပြီ။

22/04/2024
22/04/2024

ကျောက်ကုန်းစာသင်ဝိုင်းရဲ့ အောင်မြင်မှုများ နှင့် ထူးချွန်တပည့်များထဲမှအချို့ကို အမှတ်တရ အဖြစ်
ဖော်ပြလိုက်ပါသည်။
တပည့်များကို သတိရတာလည်းပါတာပေါ့

15/10/2023

Address

Yankin
Yangon
11081

Telephone

+9595116232

Website

Alerts

Be the first to know and let us send you an email when Biology For All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Biology For All:

Shortcuts

Share