06/05/2026
Software Development/Engineering တက်ဖို့ တက်သင့်မတက်သင့် စဥ်းစားနေတဲ့ ကျောင်းသူကျောင်းသားတွေအတွက်မျှဝေပေးတာပါ။
ဒီနေ့ည Coursera မှာ ကမ္ဘာ့လူသုံးအများဆုံး cloud platform AWS က စီစဥ်ထားတဲ့ Junior Software Developer Course ကို စတက်တော့ ဒီ chart လေးကိုတွေ့တာပဲ။
The US ရဲ့ Bureau of Labour Statistics (လုပ်သားအစိုးရဌာန) က ခန့်မှန်းတာက ၂၀၃၂ ခုနှစ် (နောက်ထပ် ၆ နှစ်) ထိ Software Engineer အလုပ်က ၂၅ ရာခိုင်နှုန်းတိုးလာအုံးမယ် ဆိုတာလေးပါ။
အခုခေတ်က AI ခေတ် - AI နဲ့ ဘာပြုတယ် ညာပြုတယ် ဆိုပေမယ့် AI ကို ခိုင်းနိုင်ဖို့ "Domain Knowledge" လို့ခေါ်တဲ့ Software Development မှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊ expert တွေ ကျင့်သုံးတဲ့ အလေ့အကျင့်ကောင်းတွေ (best practices) ကိုသိဖို့လိုပါသေးတယ်။
ဆရာ့အနေနဲ့လည်း လွန်ခဲ့တဲ့ ၁၁ နှစ် - Bachelor of IT တုန်းက တတ်ထားခဲ့တဲ့ အခြေခံတွေရှိပေမယ့် ခုခေတ်နဲ့အမှီ၊ ခေတ်နဲ့အညီဖြစ်အောင်လို့ အတန်း ပြန်တက်၊ ပြန်လေ့ကျင့်ဖို့ ဒီ course ကို တက်လိုက်တယ်။
ဒီနေရာမှာ ကြုံတုန်း ပညာရေးရှုထောင်ကတခုပြောချင်တာက "နှစ်ချို့အတွေ့အကြုံရှိလို့ ဆရာကြီး ဆရာမကြီး" လို့ အမြင်မှားနေတာလေးကို နည်းနည်းပြင်ပေးချင်တာပါ။
ဆိုလိုတာက စာသင်နှစ် နှစ် ၂၀ အထက် ရှိတဲ့ ဆရာကြီး ဆရာမကြီး လို့ကြော်ငြာတွေတွေ့ရင် သူတို့ကို "ခေတ်နဲ့မှီအောင် ဘာလုပ်နေလဲ" လို့ မေးပါ။ ဘာမှမလုပ်နေဘူး ဒီတိုင်းပဲ နှစ်ချို့တာကြီးကို စတယ်ကြီးနဲ့ ထိုင်ရောင်းနေတယ်ဆိုလို့ကတော့ ပြေးသာပြေး 😝
နည်းပညာခေတ်မှာ အသိပညာတွေ၊ အတတ်ပညာတွေက အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ နှစ်ချို့အတွေ့အကြုံတွေရှိတာက ကောင်းတယ်၊ လေးစားထိုက်တယ်ဆိုပေမယ့် 'နှစ်ချို့' နေတယ်ဆိုတဲ့ စကားလုံးမှာ 'ခေတ်မမှီတော့ဘူး၊ ခေတ်နောက်ကျနေပြီ' လို့လည်း အဓိပ္ပာယ်ရတယ်ဆိုတာလေးလည်း မမေ့စေချင်ပါဘူး။
ဒီသဘောတရားကို သိတဲ့၊ ကျင့်တဲ့ နိုင်ငံတကာက ပညာရေးစနစ်တွေ (ဥပမာ GED) တွေက ၁ နှစ် ၁ ခါ၊ ဒါမှမဟုတ် ၃ - ၄ နှစ် ကို ၁ ခါ၊ သင်ခန်းစာ၊ အကြောင်းအရာ အသစ်သစ်တွေ ထပ်ဖြည့်ကြတာပါပဲ။
ပြောရင်းနဲ့ အနှောင့်အသွားမလွတ်သလိုဖြစ်သွားလည်း လွန်တာရှိ ဝန်တာမိ - ပြောစရာရှိတာပြောလိုက်ပါပြီ။ ဆောတီး နော့ ဆောတီး။
လောလောဆယ်တော့ အဓိကမှာချင်တာက Australia က Bachelor ဘွဲ့နဲ့ Master ဘွဲ့ - ၂ ဘွဲ့ ရထားပြီး Australia နိုင်ငံ ပညာရေးအတွေ့အကြုံ၊ မြန်မာနိုင်ငံ ပညာရေးအတွေ့အကြုံ ပေါင်း ၁၂ နှစ်ကျော်ရှိတဲ့ ဆရာဝင်စတန်လည်း ခေတ်နဲ့လျော်ညီအောင်၊ ခေတ်နောက်ကျ မကျန်ခဲ့အောင် အမြဲမပြတ်သင်ယူနေရပါတယ်။
ရှေ့မှာ Creativity, Innovation, Design Thinking course ၃ ခုနဲ့ ဒါနဲ့ဆိုရင် ၄ ခုမြောက်ရှိပါပြီ။ AI ခေတ်မှာ နောက်ကျ မကျန်နေခဲ့ဖို့ ကိုယ့်ဝမ်းစာကိုယ်ဖြည့်ဖို့ ၁ ရက်ကို ၂ နာရီ အနည်းဆုံးအချိန်ပေးဖြစ်တယ်။
#စာလုပ်ပါ #သင်ယူပါ #ခေတ်နောက်မကျပါစေနဲ့
30/04/2026
Nobel laureate တွေကို လူသားအကျိုးရှေ့ရောက်စေမယ့်ရှာဖွေတွေ့ရှိမှု breakthrough discovery တွေရစေဖို့ contributing factors တွေက ဘာတွေလဲလို့မေးတဲ့အခါ interdisciplinary exposure ရယ်၊ supervisor’s training ရယ်၊ “space” to think and research ရယ် ဆိုပြီးပြောကြတယ်။
ဆိုလိုတာက ဘာသာရပ်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံက လူစုံ၊ အမြင်စုံတွေနဲ့ ထိတွေ့ရတဲ့အခါမျိုးက အတွေးအခေါ်တွေကို ရှုထောင့်စုံစေပြီး innovative solutions တွေရစေတယ် - scientific breakthrough တွေဖြစ်စေတယ် လို့ဆိုတယ်။
နောက်ပြီးအတွေးတွေ နယ်ချဲ့စေနိုင်ဖို့ နဲ့ လွတ်လွတ်လပ်လပ်တွေးခေါ်ဆင်ခြင် စဉ်းစားစေနိုင်ဖို့အတွက် နေရာ လည်းလိုအပ်ပြန်တယ်။ သာမန် စာသင်ခန်းတွေလို ဆရာ၊ ဆရာမက နေရာအပြည့်ယူထားတဲ့ သင်ကြားနည်းမျိုးနဲ့က innovative ဖြစ်စေဖို့၊ ပညာသင်ယူသူတွေ အတွက် ဖွံ့ဖြိုးစေဖို့ နေရာပျောက်စေပါတယ်။
Supervisor’s training အနေနဲ့ကလည်း ကိုယ့်ထက်တော်တဲ့သူ၊ ရှေ့ရောက်တဲ့သူကနေ လမ်းခင်းပေးပြီး အတွေးတွေကို ရပ်တန့်မနေစေဘဲ စီးမျှောစေတဲ့အခါ (facilitate လုပ်ပေးတဲ့အခါ) မှာ ရှေ့ကို တရွေ့ရွေ့နဲ့ တိုးတက်မှုတွေဖြစ်စေတဲ့ innovative solutions တွေရစေတယ်၊ innovation တွေဖြစ်စေတယ် တဲ့။
အခု entrepreneurship, creativity and innovation စကားဝိုင်းတွေကို ဦးဆောင်ပြီး facilitate လုပ်ပေးတဲ့အခါမှာ
1️⃣ Society & Ideologies တွေအကြောင်း
2️⃣ AI and technology အကြောင်း
3️⃣ Economics အကြောင်း
4️⃣ Education အကြောင်း
5️⃣ Sales & Marketing အကြောင်း
6️⃣ Career Education အကြောင်း
7️⃣ Personal development အကြောင်း
8️⃣ Spiritual အကြောင်း တွေပါတယ်။
တချိန်မှာ ဒီလူတွေထဲက Nobel laureate တွေမဖြစ်လာဘူးလို့ မပြောနိုင်ဘူးလေနော့။ 😆
ဒီလောက် interdisciplinary ဖြစ်တာတွေမှာ learning moments လေးတွေအများကြီးဖြစ်နေကြတာမြင်တော့ ဆရာတယောက်အနေနဲ့လည်း အားရမိတယ်။
ကိုယ့်အတွက် key takeaway အနေနဲ့ဆိုရင် AEC လို့ခေါ်တဲ့ ASEAN Economic Community အကြောင်း အစဆွဲထုတ်ပြီး သိလိုက်ရတာပဲ။
Entrepreneurship နဲ့ AEC အကြောင်း ဆက်ပြီးလေ့လာဖို့နဲ့ စဉ်းစားစရာတွေလည်းထွက်လာတယ်။
တပတ်ထက်တပတ် progress over perfection နဲ့ တရွေ့ရွေ့ သွားနေတာကိုကရင်း intrinsic motivation ရစေတဲ့အချက်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လုပ်နိုင်သလောက်၊ လုပ်ဖြစ်သလောက် Entrepreneurship, Creativity & Innovation conversation တွေပြောပါအုံးမယ်။
Quality time,
Quality conversation,
Quality people.
Happy happy.
29/04/2026
ဒီ တခေါက် meetup 3 ကို Under Over Brunch ဆိုတဲ့ ဆိုင်လေးမှာတွေ့ဖို့ရွေးထားပါတယ်။
Old City ထဲကပဲ ဆိုတော့ အားလုံး အတွက် အဆင်ပြေမယ်ထင်ပါတယ်။
ဆိုင်လေးက နေရာလည်းကျယ်ပြီးတော့၊ စားစရာရော ကာဖီရော အဆင်ပြေတာကြောင့် brunch စားရင်း ကော်ဖီလေးသောက်ရင်း Entrepreneurship, Creativity & Innovation အကြောင်းလေးတွေဆက်ပြောကြရအောင်ပါ။
ရှေ့အပတ်ကလာခဲ့တဲ့သူတွေလည်း လုပ်လက်စလေးတွေရဲ့ တိုးတက်မှုကို ဆက်ပြီးတိုင်ပင်ရင်း ဘာဆက်လုပ်လို့ရမလဲ ဆိုတာကို ဆက်နိုင်ပါတယ်။
အခုအပတ်မှ လာဖြစ်မယ့်သူတွေလည်း ကိုယ်ဘာလုပ်နေတယ်၊ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာကို ပြီး မေး၊ မြန်း၊ ဆွေး၊ နွေး လို့ရပါတယ်။
တွေ့ကြမယ့်အချိန်က မနက် ၉.၀၀ နာရီကနေ ၁၁.၀၀ နာရီအတွင်းအဆင်ပြေတဲ့အချိန် လာခဲ့လို့ရပါတယ်။ စကားကောင်းနေကြရင် ၁၁.၀၀ လည်းကျော်သွားနိုင်ပါတယ်။ ဆိုင်ကတော့ ၈.၃၀ ကနေစဖွင့်ပါတယ်။
ဆိုင်လိပ်စာ - https://maps.app.goo.gl/QjE2ie7nMSt5iUfZ6
ဒီ စကားဝိုင်းတွေက သာမာန် စာသင်ခန်းတွေလိုမဟုတ်ဘဲ creativity နဲ့ innovation ကို အားပေးတဲ့ ပတ်ဝန်းကျင် တခုမှာ သင်သလိုဖြစ်စေဖို့ စီစဥ်ထားတာပါ။
အတွေ့အကြုံရှိတဲ့ စီးပွားရေးသမားတွေပဲဖြစ်ဖြစ်၊ အခုမှစပြီးတော့ entrepreneurship လမ်းကိုလျှောက်မယ့်သူပဲဖြစ်ဖြစ်၊ လျှောက်လက်စ လမ်းတဝက်မှာပဲဖြစ်ဖြစ် စိတ်ဝင်စားတဲ့သူ ဘယ်သူမဆိုလာလို့ရပါတယ်။ ဖိတ်ပါတယ်။
ဒီတပတ် စကားဝိုင်းကို "creative ideas တွေ ဘယ်ကရှာလဲ၊ ဘယ်လိုရလဲ" ဆိုတဲ့ theme နဲ့ စကားပြောကြမယ်လို့ ရည်ရွယ်ထားပါတယ်။
ပြောချင်တဲ့အကြောင်းအရာ၊ မေးချင်တဲ့အကြောင်းအရာတွေကို comment မှာ ကြိုပြီးလည်းမေးထားလို့ရပါတယ်။
22/04/2026
လာမယ့် တနင်္ဂနွေ 26 April 2026 မှာ တွေ့ကြမယ့် meetup အတွက် Chiang Mai Old City ထဲက Fern Forest Cafe ကိုရွေးထားပါတယ်။
ခြံလေးဝန်းလေးနဲ့ စိမ်းစိမ်းစိုစိုနဲ့ ထိုင်ချင်စရာကော်ဖီဆိုင်လေးပါ။
ဒီတခါတော့ စကားပြောရုံတင်မဟုတ်ဘဲ ကိုယ့်လုပ်လက်စကိုပါ တခါတည်း လုပ်ချင်တဲ့သူတွေအတွက် စာရွက်/စာအုပ် နဲ့ ဘောပင်ယူခဲ့ပေးထားပါမယ်။ ဆိုင်ကမနက် ၈ နာရီဖွင့်တာပါ - ၈.၃၀ ကနေ ၁၀.၃၀ အတွင်း အဆင်ပြေတဲ့အချိန်သာလာခဲ့ပါ။ No stress, no pressure.
စကားပြောရင်း idea တွေ generate လုပ်တာက ကောင်းပေမယ့် အဲဒီ idea တွေကို လေထဲမှာပဲမထားဘဲနဲ့ စာအုပ်ထဲမှာ ချရေးထားတာကပိုပြီးကောင်းပါတယ်။ အကောင်းဆုံးကတော့ တခါတည်း execute လုပ်နိုင်ပြီးတော့ စိတ်ကူးကနေ လက်တွေ့ ထိတွေ့လို့ရမယ့် tangible asset တခုအဖြစ် အကောင်အထည်ဖော်နိုင်ရင်အကောင်းဆုံးပါပဲ။
ဒါမှမဟုတ်လည်း entrepreneurship၊ creativity နဲ့ innovation အကြောင်းတွေ အေးဆေးပဲ စကားပဲပြောကြမယ်ဆိုလည်းရတယ်။ ပေါ့ပေါ့ပါးပါး ကော်ဖီလေးသောက်၊ မုန့်လေးစား၊ quality ရှိတဲ့ conversation လေးတွေပြောပြီး တန်ဖိုးရှိတဲ့ တနင်္ဂနွေမနက်ခင်းတခု အတူတူ မျှဝေကြရအောင်။
ဘယ်သူမဆိုလာလို့ရပါတယ်။
စူးစမ်းလိုစိတ်၊ သင်ယူလိုစိတ် နဲ့ ဖော်ရွှေမှုပဲလိုပါတယ်။
I look forward to seeing you there!
Google map link
https://maps.app.goo.gl/NAkqxQ7aCd3JhW3v7
21/04/2026
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Entrepreneurship Conversation ကို မမျှော်လင့်ဘဲရောက်လာကြတဲ့ မိတ်ဆွေများ။
ဘာရယ်မဟုတ်ဘူး သင်္ကြန်/ဆုမ်ခရမ် ပြီးတော့ နှစ်သစ်မှာ alternative education တခုအနေနဲ့ entrepreneurship coaching ကို round table conversation ပုံစံနဲ့ facilitate လုပ်မယ် လို့ ရုတ်တရက် ဆုံးဖြတ်လိုက်တယ်။
အဓိကရည်ရွယ်ချက်ကတော့ Entrepreneurship, Creativity & Innovation ကို စိတ်ဝင်စားကြတဲ့ သူတွေနဲ့တွေ့ချင်၊ စကားလက်ဆုံကျချင်ပြီးတော့ ပါဝင်သူတွေအားလုံးအတွက် အကျိုးရှိတဲ့အချိန် quality time လေးတွေရပြီးတော့ တွေးစရာ၊ လုပ်စရာ တခုခုရသွားစေချင်တာပါပဲ။
နောက်ပြီးတော့ personal goal တခုဆိုရင်လည်း ချင်းမိုင်လို ကော်ဖီဆိုင်ကောင်းကောင်းလှလှလေးတွေပေါပြီး ထိုင်လို့ကောင်းတဲ့နေရာလေးတွေအများကြီးရှိတာမှာ တပတ်တခါ အနားယူတဲ့အနေနဲ့ ကော်ဖီလေးသောက်ရင်း mentally stimulate လည်းဖြစ်စေမယ့် စကားဝိုင်းတွေပြောချင်တာပါပဲ။ (Moon gemini ဆိုတော့လေ)
တရက်ပဲ ကြိုပြီးတော့ post တင်လိုက်တော့ ရောက်လာကြမယ်လို့တောင်မ မျှော်လင့်ထားမိဘူး။ ဘယ်သူမှမလာကြလည်း ကိုယ့်ဟာကိုယ်စာအုပ်လေးဖတ်၊ reflective journal လေးရေးပြီးတော့ အေးဆေး ချေး (chill) မယ် ဆို တာကနေ စကားတွေအများကြီးပြောဖြစ်၊ နားထောင်ဖြစ်သွားတယ်။ International Education အကြောင်း၊ AI Education အကြောင်း၊ Culture, History, Traditions နဲ့ Heritage အကြောင်းရော အကြောင်းစုံပြောဖြစ်ကြတယ်။
ပထမဆုံး meetup ကတော့ ပြီးသွားပြီ။ ဒုတိယ meetup အနေနဲ့ တွေ့ကြမယ့် ကော်ဖီဆိုင်လည်းရွေးပြီးပါပြီ။ ခဏနေကျရင် တင်ပေးပါမယ်။
Entrepreneurship, Creativity & Innovation ကိုစိတ်ဝင်စားတဲ့သူ ဘယ်သူမဆို စကားလာပြောလို့ ရပါတယ်။ ထိုင်မယ့်ဆိုင်က ကော်ဖီဝယ်သောက်ရုံပါပဲ။
နောက်အပတ်မှာလည်း mentally stimulate ဖြစ်စေမယ့် စကားတွေပြောရင်း အကျိုးရှိတဲ့ weekend တခုအတူတူ ဖန်တီးကြရအောင်ပါ။ 🥳
21/04/2026
Coursera မှာ Entrepreneurship Coaching နဲ့ပက်သက်ပြီးတော့ ပိုထိရောက်အောင်လို့ University of Sydney က သင်ပေးတဲ့ Creative Thinking & Innovation course ကို online learning စလုပ်ဖြစ်တာ ၄ ရက်ရှိပြီ - Learning Analytics နဲ့ပက်သက်ပြီးတော့ သေချာလေးလုပ်ထားတာကို သတိထားမိတယ်။
Udemy မှာ ဒီ feature ကိုမတွေ့ဖူးသေးဘူး။
ဒါလေးပါတော့ ကိုယ် ဘယ် skills တွေ ဘယ် knowledge တွေကို ဘယ်လောက်သိနေပြီဆိုတာကို ခန့်မှန်းခြေသိနိုင်ပြီးတော့ အကြမ်းဖျဥ်းခန့်မှန်းနိုင်မယ်။
ဒီအတွေ့အကြုံကိုအတော်လေးသဘောကျမိတယ်။ ကိုယ်တွေ app မှာလည်း ဒါမျိုးတွေပါနိုင်တဲ့အထိ အသေးစိတ်ကြိုးစားဖို့လိုသေးကြောင်း တွေးမိရင် မှင်လာတို့ထားတာ။
19/04/2026
ခဏနေ ကော်ဖီလာသောက်ကြမယ့်သူတွေနဲ့တွေ့ကြပါမယ်၊ စကားတွေပြောကြပါမယ်။
ဒီနှစ် သင်္ကြန်အပြီးမှာ ပထမဆုံး စဖြစ်မယ့် project ကတော့ Startup & Entrepreneurship စကားဝိုင်း (round table conversations) တွေပြောချင်တာပါပဲ။
ဒီ စိတ်ကူး ကိုလက်တွေ့အကောင်အထည်ဖော်ဖို့ မနက်ဖြန် 19 April 2026 မှာ ပထမဆုံး စကားဝိုင်းစပါမယ်။
အထွေထူးမဟုတ်ပါဘူး၊ ပေါ့ပေါ့ပါးပါး ကော်ဖီသောက်၊ စကားပြော၊ စီးပွားရေး ကြီးပွားရေး နဲ့ပက်သက်ပြီး အမေးအဖြေလုပ်ကြမှာပါပဲ။ စကားဝိုင်းတွေရဲ့ အဓိက အကြောင်းအရာကတော့ Startup, Entrepreneurship, Creativity & Innovation တွေဖြစ်ပါလိမ့်မယ်။
ကိုယ်ပိုင်လုပ်ငန်း Startup တခု စဖို့စဥ်းစားနေတဲ့သူ၊ လက်ရှိလုပ်ငန်းကို တိုးချဲ့ချင်တဲ့သူ၊ တက္ကသိုလ်ပြီးရင် လုပ်ငန်းခွင်ဝင်ရမလား၊ ကိုယ်ပိုင်အလုပ်ပဲလုပ်ရမလား ဆုံးဖြတ်မရသေးတဲ့သူ တွေ ကော်ဖီလာသောက်ကြဖို့ ဖိတ်ပါတယ် (ကိုယ့်ဟာကိုယ်တော့ ဝယ်သောက်ရမှာပါ 😆)
ဒီ စကားဝိုင်းမှာ ပါဝင်ဖို့ လိုအပ်တာက
၁) သိလိုစိတ်၊ စူးစမ်းလိုစိတ် (curiosity) နဲ့
၂) သင်ယူလိုစိတ် (willing to learn)
နှစ်မျိုးပဲလိုပါတယ်။ နောက်ပြီး ထိုင်မယ့် ဆိုင်က ကော်ဖီဝယ်သောက်၊ မုန့်ဝယ်စားဖို့လိုပါတယ် 😇
ဒီ စကားဝိုင်းတွေကို ကျနော်က မေတ္တာနဲ့ Facilitate လုပ်ပေးပြီးတော့ လိုအပ်တဲ့ personalised coaching နဲ့ mentoring လုပ်ပေးမှာပါ။ အခကြေးငွေပေးဖို့မလိုပါဘူး။
ကိုယ့်အကြောင်းကိုယ်အကျဥ်းချုပ်ပြောရရင်တော့ Australia မှာ ကျောင်းတက် အလုပ်လုပ် အတွေ့အကြုံ ၁၀ နှစ်နီးပါးရှိပါတယ်။ လက်ရှိမှာ Digital School တခုကို ဦးဆောင်နေပြီးတော့ Digital Tools တွေလည်း Build လုပ်ပါတယ်။ One on one personalized Coaching နဲ့ Mentoring လုပ်နေတာကလည်း လူငယ် လူကြီး အယောက် ၃၀ ကျော်ရှိပါပြီ။ အသေးစိတ်ကတော့ လူချင်းတွေ့မှ ထပ်ပြီး မိတ်ဆက်ကြရအောင်ပါ။
ပထမဆုံး စကားဝိုင်းကို Chiang Mai မြို့ရဲ့ Ping River ဘေးမှာရှိတဲ့ Hohm Lamoon Cafe မှာလုပ်ဖြစ်ပါမယ်။ (Map URL in the comment) အချိန်က မနက် ၈.၃၀ ကနေ ၁၀.၀၀ ပါ။ ၈.၃၀ မရောက်နိုင်လည်း ရောက်နိုင်တဲ့အချိန် လာလို့ရပါတယ်။ စကားဝိုင်းကတော့ ရောက်တာနဲ့ ပြောလက်စထဲကို ဝင်ပြောလို့ရ၊ ဝင်နားထောင်လို့ရပါတယ်။ ပေါ့ပေါ့ ပါးပါး ကော်ဖီသောက်ရင်း Branch စားရင်း ပါဝင်သူတိုင်းအတွက် အကျိုးရှိနိုင်မယ့် စကားဝိုင်းတခုဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်။ ဒီ page ရဲ့ messenger က မသုံးဖြစ်လို့ပါ။
18/04/2026
ဒီနှစ် သင်္ကြန်အပြီးမှာ ပထမဆုံး စဖြစ်မယ့် project ကတော့ Startup & Entrepreneurship စကားဝိုင်း (round table conversations) တွေပြောချင်တာပါပဲ။
ဒီ စိတ်ကူး ကိုလက်တွေ့အကောင်အထည်ဖော်ဖို့ မနက်ဖြန် 19 April 2026 မှာ ပထမဆုံး စကားဝိုင်းစပါမယ်။
အထွေထူးမဟုတ်ပါဘူး၊ ပေါ့ပေါ့ပါးပါး ကော်ဖီသောက်၊ စကားပြော၊ စီးပွားရေး ကြီးပွားရေး နဲ့ပက်သက်ပြီး အမေးအဖြေလုပ်ကြမှာပါပဲ။ စကားဝိုင်းတွေရဲ့ အဓိက အကြောင်းအရာကတော့ Startup, Entrepreneurship, Creativity & Innovation တွေဖြစ်ပါလိမ့်မယ်။
ကိုယ်ပိုင်လုပ်ငန်း Startup တခု စဖို့စဥ်းစားနေတဲ့သူ၊ လက်ရှိလုပ်ငန်းကို တိုးချဲ့ချင်တဲ့သူ၊ တက္ကသိုလ်ပြီးရင် လုပ်ငန်းခွင်ဝင်ရမလား၊ ကိုယ်ပိုင်အလုပ်ပဲလုပ်ရမလား ဆုံးဖြတ်မရသေးတဲ့သူ တွေ ကော်ဖီလာသောက်ကြဖို့ ဖိတ်ပါတယ် (ကိုယ့်ဟာကိုယ်တော့ ဝယ်သောက်ရမှာပါ 😆)
ဒီ စကားဝိုင်းမှာ ပါဝင်ဖို့ လိုအပ်တာက
၁) သိလိုစိတ်၊ စူးစမ်းလိုစိတ် (curiosity) နဲ့
၂) သင်ယူလိုစိတ် (willing to learn)
နှစ်မျိုးပဲလိုပါတယ်။ နောက်ပြီး ထိုင်မယ့် ဆိုင်က ကော်ဖီဝယ်သောက်၊ မုန့်ဝယ်စားဖို့လိုပါတယ် 😇
ဒီ စကားဝိုင်းတွေကို ကျနော်က မေတ္တာနဲ့ Facilitate လုပ်ပေးပြီးတော့ လိုအပ်တဲ့ personalised coaching နဲ့ mentoring လုပ်ပေးမှာပါ။ အခကြေးငွေပေးဖို့မလိုပါဘူး။
ကိုယ့်အကြောင်းကိုယ်အကျဥ်းချုပ်ပြောရရင်တော့ Australia မှာ ကျောင်းတက် အလုပ်လုပ် အတွေ့အကြုံ ၁၀ နှစ်နီးပါးရှိပါတယ်။ လက်ရှိမှာ Digital School တခုကို ဦးဆောင်နေပြီးတော့ Digital Tools တွေလည်း Build လုပ်ပါတယ်။ One on one personalized Coaching နဲ့ Mentoring လုပ်နေတာကလည်း လူငယ် လူကြီး အယောက် ၃၀ ကျော်ရှိပါပြီ။ အသေးစိတ်ကတော့ လူချင်းတွေ့မှ ထပ်ပြီး မိတ်ဆက်ကြရအောင်ပါ။
ပထမဆုံး စကားဝိုင်းကို Chiang Mai မြို့ရဲ့ Ping River ဘေးမှာရှိတဲ့ Hohm Lamoon Cafe မှာလုပ်ဖြစ်ပါမယ်။ (Map URL in the comment) အချိန်က မနက် ၈.၃၀ ကနေ ၁၀.၀၀ ပါ။ ၈.၃၀ မရောက်နိုင်လည်း ရောက်နိုင်တဲ့အချိန် လာလို့ရပါတယ်။ စကားဝိုင်းကတော့ ရောက်တာနဲ့ ပြောလက်စထဲကို ဝင်ပြောလို့ရ၊ ဝင်နားထောင်လို့ရပါတယ်။ ပေါ့ပေါ့ ပါးပါး ကော်ဖီသောက်ရင်း Branch စားရင်း ပါဝင်သူတိုင်းအတွက် အကျိုးရှိနိုင်မယ့် စကားဝိုင်းတခုဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်။ ဒီ page ရဲ့ messenger က မသုံးဖြစ်လို့ပါ။
02/04/2026
အင်တာနက်ရှိရုံနဲ့ အချိန်မရွေး၊ နေရာမရွေး စာလုပ်လို့ရနိုင်ဖို့
GED: https://kuthobank.org/ged/practice-questions
IELTS: https://kuthobank.org/ielts
SAT: https://kuthobank.org/sat/practice-questions
အပတ်စဥ် resources တွေထပ်ထပ်ပြီး ဖြည့်သွားမှာဖြစ်တာကြောင့် Kutho Bank - Interactive Learning Tools page နဲ့ Innovative Education - InnoEd page ကို like, follow, favourite လုပ်ထားကြဖို့တိုက်တွန်းချင်ပါတယ်။
Winston Phyo
26/03/2026
GED, SAT, IELTS အတန်းတွေမှာ အရင်တုန်းက တချို့ ကျောင်းသူကျောင်းသားတွေ ဆင်ခြေပေးကြတာရှိတယ်။
📌 "စာဖတ်ချင်တယ်၊
ဒါပေမယ့် ဘာဖတ်ရမှန်းမသိလို့ပါ ဆရာ"
ဖောရှောရိုက်ကြတာ သိပေမယ့်
ဒီဆရာက မဆူဘူးဆို မဆူဘူးနော်။
ဆူမယ့်အစား
ဒီလိုမျိုး သင်တော်တဲ့ ဖတ်စရာလေးတွေ
စနစ်တကျ ထုတ်ပြီးတော့ စုထားပေးလိုက်တယ်။
အခုလည်း အတန်းထဲမှာ
"စာဖတ်ချင်ပါတယ်ဆရာ၊ ဒါပေမယ့် ..." ဆိုတာနဲ့
ဒီ link ကို ထုတ်ပေးလိုက်ပြီးသားပဲ။
နောက်တမျိုးဆင်ခြေပေးရင်
နောက်တမျိုးထပ်ဖန်တီးပေးမယ်။ 😏🧋
GED, SAT, IELTS တက်နေပြီးတော့
ဘာဖတ်ရမှန်းမသိတဲ့
ကျောင်းသူကျောင်းသားတွေအတွက်
ဆရာ ကိုယ်တိုင် သေချာလေး စုစည်းထားပေးတဲ့
graded reading materials တွေကို
အောက်မှာပေးထားတဲ့ website link မှာ သွားဖတ်နိုင်ပါပြီ။
https://kuthobank.org/ged/reading-materials
စုစုပေါင်းခေါင်းစဥ် အခု ၂၀ နီးပါးရှိပါတယ်။
Happy Learning ပါ။
Save the post or share the post for future reference!
နောက်လည်း
ဖတ်ချင်တဲ့အချိန် ဖတ်လို့ရအောင်
share ထား save ထားနိုင်ပါတယ်။
Winston Phyo
Innovative Education - InnoEd
Kutho Bank - Interactive Learning Tools