𝑺𝒂𝒚𝒂𝒓𝒎𝒂 𝑪𝒉𝒂𝒘

𝑺𝒂𝒚𝒂𝒓𝒎𝒂 𝑪𝒉𝒂𝒘 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝙞𝙨 𝙩𝙝𝙚 𝙖𝙧𝙩 & 𝙩𝙝𝙚 𝙖𝙧𝙩 𝙞𝙨 𝙚𝙫𝙚𝙧𝙮𝙬𝙝𝙚𝙧𝙚...

19/02/2024

Teaching jobs in Thailand 🇹🇭 နောက်ဆုံးပိုင်းရောက်လာပါပြီ။ Part -2 (end)✨
video ကအနည်းငယ်ရှည်တာမို့
Part -1/2 ခွဲထားပါတယ်။ နောက်ဆုံးအနေနဲ့ TR Visa နဲ့ဝင်လာသူတွေ Non-B ဘယ်လိုပြောင်းမလဲ??? Laos ဘက်ထွက်ပြီး Non-B ပြောင်းခဲ့တဲ့ အတွေ့အကြုံ/ TM30 အကြောင်း/ Work permit process / Immigrationနဲ့ပတ်သက်တဲ့ အချက်အလက်တွေအပြင် အခြား နေထိုင်စားသောက်စားရိတ်တွေကိုပါ ပြောပြပေးထားပါတယ်။



19/02/2024

Teaching jobs in Thailand 🇹🇭 နောက်ဆုံးပိုင်းရောက်လာပါပြီ။ Part -1 ✨
video ကအနည်းငယ်ရှည်တာမို့
Part -1/2 ခွဲထားပါတယ်။ နောက်ဆုံးအနေနဲ့ TR Visa နဲ့ဝင်လာသူတွေ Non-B ဘယ်လိုပြောင်းမလဲ??? Laos ဘက်ထွက်ပြီး Non-B ပြောင်းခဲ့တဲ့ အတွေ့အကြုံ/ TM30 အကြောင်း/ Work permit process / Immigrationနဲ့ပတ်သက်တဲ့ အချက်အလက်တွေအပြင် အခြား နေထိုင်စားသောက်စားရိတ်တွေကိုပါ ပြောပြပေးထားပါတယ်။



18/02/2024

ဒါက teaching jobs in Thailand 🇹🇭ဒုတိယပိုင်းပါ။
ဒီအပိုင်းမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ Notary/ MOFA တွေပါ အသေးစိပ်ပြောပြပေးထားပါတယ်။


16/02/2024

Hello....,
အခက်အခဲအချို့ကြောင့် page ကို update မလုပ်ဖြစ်တာကြာခဲ့ပါပြီ။ ခုရက်ပိုင်း ပြည်ပထွက်မဲ့သူတွေလည်း ပိုများလာတာမို့ ... "ထိုင်းနိုင်ငံရဲ့ Teaching jobs" တွေကို စိတ်ဝင်စားတဲ့သူတွေနဲ့ ဘယ်ကစပြင်ဆင်သင့်တယ်ဆိုတာ၊ မသိသေးတဲ့သူတွေအတွက် ချောရဲ့အတွေ့အကြုံလေးတွေကိုအ‌ခြေခံပြီး၊
စတင်ပြင်ဆင်ချိန်ကနေ.... အလုပ်ရပြီးအချိန်ထိ process အားလုံးကို အကြမ်းအားဖြင့်နားလည်သွားအောင် ရှင်းပြပေးမှာပါ။ video က အားလုံး၃ခုရှိပါမယ်။ဒါက ပထမတစ်ခုပါ။
အားလုံးပင်ပန်းနေကြ ၊ လမ်းပျောက်နေကြတဲ့အချိန်မှာ ဒီvideoလေးကနေ လမ်းစတစ်ခုရသွားနိုင်ဖို့ မျှော်လင့်ပါတယ်။


ဗျည်းကဗျာတွေ ဆိုကြမယ် 💬💬💬        မြန်မာစာဆို ပတ်ပြေးချင်နေတဲ့ပေါက်စတွေကို online ကနေ မြန်မာစာသင်ရတာ တကယ် challenge များပ...
18/05/2023

ဗျည်းကဗျာတွေ ဆိုကြမယ် 💬💬💬
မြန်မာစာဆို ပတ်ပြေးချင်နေတဲ့ပေါက်စတွေကို online ကနေ မြန်မာစာသင်ရတာ တကယ် challenge များပါတယ်။
Englishနဲ့ပတ်သက်ပြီး worksheet တွေ activities တွေက အလွယ်တကူရှာလို့ရပေမဲ့ မြန်မာစာဆရာမတွေအတွက် source ကတော့ အတော်ကို နည်းပါတယ်။
ချောရဲ့ online အတန်းအတော်များများက မြန်မာစာအတန်းတွေမို့ ချောကတော့ ခုလို worksheet တွေ ကိုယ်တိုင်ပြင်ပြီးသုံးဖြစ်တယ်။
Online ကပဲသင်သင်....Print outလုပ်ပြီးပဲ သုံးသုံး အဆင်ပြေတာမို့ ဆရာမတို့ရော... မေမေတို့ပါအသုံးပြုလို့ရအောင် မျှဝေလိုက်ပါတယ်။

📌 လွတ်လပ်စွာမျှဝေအသုံးပြုနိုင်ပါတယ်။
📌 File အနေနဲ့လိုချင်ရင် page messenger မှာ ပြောပေးပါနော်။
📌 အခကြေးငွေနဲ့ print ထုတ်ရောင်းချတာတော့ ခွင့်မပြုပါဘူးရှင့်။




ကိုယ်စာသင်ပေးတဲ့ အတန်းတွေအားလုံးစုပြီး လုပ်ဖြစ်ခဲ့တဲ့ အမှတ်တရ‌ပိစိလေးပါ💦💦    အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တဲ...
06/05/2023

ကိုယ်စာသင်ပေးတဲ့ အတန်းတွေအားလုံးစုပြီး လုပ်ဖြစ်ခဲ့တဲ့ အမှတ်တရ‌ပိစိလေးပါ💦💦

အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တဲ့ သားသားမီးမီးတွေနဲ့ online class က သားသားမီးမီးတွေကတော့ စိတ်မကောက်ကြနဲ့နော်😘😘😘
April လထဲမှာက ဝမ်းနည်းစရာသတင်းတွေအများကြီးမို့ ခုမှပဲ အမှတ်တရလေးတွေကို မျှဝေလိုက်ပါတယ်။
မေမေတို့လည်း ပုံလေးတွေ အမှတ်တရသိမ်းလို့ရပါပြီရှင့်။

ကဆုန်လပြည့် လက်ဆောင် 🌕🎉🎉ဗျည်းစာလုံးလေးတွေ သိလာပြီ.... စာရေးစပြီး လေ့ကျင့်တော့မယ်ဆိုတဲ့ သားသားမီးမီးလေးတွေအတွက် ဆရာမကိုယ်...
03/05/2023

ကဆုန်လပြည့် လက်ဆောင် 🌕🎉🎉

ဗျည်းစာလုံးလေးတွေ သိလာပြီ.... စာရေးစပြီး လေ့ကျင့်တော့မယ်ဆိုတဲ့ သားသားမီးမီးလေးတွေအတွက် ဆရာမကိုယ်တိုင်ဖန်တီးထားတဲ့ မြန်မာစာ" tracing book"လေး လက်ဆောင်ပေးမယ်‌နော်။ချော မြန်မာစာသင်တဲ့အခါသုံးတဲ့ စာရွက်လေးတွေပါ။
ပုံမှန်ဆိုင်မှာဝယ်လို့ရတဲ့စာအုပ်‌တွေမှာက စာလုံးရေအများကြီးနဲ့ စာလုံးအရွယ်ကလည်းသေးတာမို့ ပေါက်စတို့ကစာမရေးချင်....😑😑😑
ဒါနဲ့ ကိုယ်လည်းကြံဖန်ရပြန်တာပေါ့။ စာရေးဖို့အမြဲပျင်းတဲ့ ပေါက်စတွေအတွက်ရယ်..... ဗျည်းအမည်လေးတွေ မှန်မှန်ကန်ကန်ဆိုတတ်ဖို့ရယ်ဆိုပြီး ဒီစာရွက်လေးတွေကို လုပ်ဖြစ်ခဲ့တာပါပဲ။
ခုမှ စာရေးစကျင့်မဲ့ ပေါက်စလေးတွေအတွက် အရမ်းကိုအသုံးတည့်ပြီး ကိုယ်စာသင်တဲ့ပေါက်စတွေလည်း ကြိုက်ကြတာမို့ မျှဝေလိုက်ပါတယ်နော်။

📌 လွတ်လပ်စွာမျှဝေအသုံးပြုနိုင်ပါတယ်။
📌 File အနေနဲ့လိုချင်ရင် page messenger မှာ လာရောက်တောင်းယူနိုင်ပါတယ်။
📌 အခကြေးငွေနဲ့ print ထုတ်ရောင်းချတာတော့ ခွင့်မပြုပါဘူးရှင့်။


Hello....I'm back 😁🍀  မေလရဲ့ ပထမဆုံးနေ့လေးမှာ ပြန်လာပါပြီနော်။Summer classက သားသားမီးမီးတွေရဲ့ activity လေးပါ။ preschool...
01/05/2023

Hello....I'm back 😁🍀
မေလရဲ့ ပထမဆုံးနေ့လေးမှာ ပြန်လာပါပြီနော်။Summer classက သားသားမီးမီးတွေရဲ့ activity လေးပါ။ preschooler တွေပဲ ဖြစ်ဖြစ်.... young learner တွေပဲဖြစ်ဖြစ်.... ဖြတ်ရ ညှပ်ရ ကပ်ရမယ်ဆို အားလုံးတက်ကြွပျော်ရွှင်နေပါရော ....



Hello everyone,    ခုရက်ပိုင်း အတန်း‌သစ်လေးတွေစတာရယ်... ချောကိုယ်တိုင်လည်း သင်တန်းလေးတွေ တက်နေလို့ videoလေးတွေ worksheet...
09/03/2023

Hello everyone,
ခုရက်ပိုင်း အတန်း‌သစ်လေးတွေစတာရယ်...
ချောကိုယ်တိုင်လည်း သင်တန်းလေးတွေ တက်နေလို့ videoလေးတွေ worksheetလေးတွေ ‌နေ့တိုင်း မshareပေးနိုင်တာ ခွင့်လွှတ်ပါရှင့်။ နောက်လလောက်ဆို အကြောင်းအရာအသစ်တွေ.... videoအသစ်တွေနဲ့ မြန်မာစာ worksheet အသစ်တွေပါ sharing လုပ်ပေးမှာမို့ ဆက်ပြီးတော့ စောင့်ကြည့်ပေးကြပါဦးနော်။
ဒီလထဲမှာ ပေါက်စလေး‌တို့နဲ့ အတူလုပ်ဖြစ်တဲ့ activitiesတွေနဲ့ worksheet အချို့လည်း sharingလုပ်ပေးမှာပါ။ ဒီနေ့အတွက်........မူလတန်းအရွယ် သားသားမီးမီးလေးတွေကို "Solar System" အကြောင်းရှင်းပြတဲ့အခါမှာ အသုံးပြုနိုင်မဲ့ worksheetလေးတွေ တင်ပေးလိုက်ပါတယ်။

အားလုံးပဲ ‌ပျော်ရွှင်စရာ နွေရာသီ အချိန်လေးကို ပိုင်ဆိုင်နိုင်ပါစေနော်။🌴🌞🌴🌞

မတ်လ ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့မှစ၍  ကျေးဇူးရှင် တောင်သူဦးကြီးများ ဘေးရန်ကင်းကွာပြီး သီးနှံများ ဖြစ်ထွန်းက...
02/03/2023

မတ်လ ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့မှစ၍ ကျေးဇူးရှင် တောင်သူဦးကြီးများ ဘေးရန်ကင်းကွာပြီး သီးနှံများ ဖြစ်ထွန်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🌾🌾🌾
#တောင်သူလယ်သမားနေ့

2023မှာ ကျောင်းစတက်မဲ့ ကလေးတို့အတွက် ဘယ်လိုပညာရေးစနစ်နဲ့......ဘယ်လိုသင်ရိုးတွေကို...... ရွေးချယ်ကြမလဲ?🤔🤔      ဒီတစ်ပတ် ခ...
01/03/2023

2023မှာ ကျောင်းစတက်မဲ့ ကလေးတို့အတွက် ဘယ်လိုပညာရေးစနစ်နဲ့......ဘယ်လိုသင်ရိုးတွေကို...... ရွေးချယ်ကြမလဲ?🤔🤔

ဒီတစ်ပတ် ချော ညွှန်းပေးချင်တဲ့စာအုပ်လေးကတော့ ဆရာမစုကြည်ထွေးရဲ့" Montessori " ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ ကလေးတို့ ကျောင်းသွားရမဲ့အရွယ်ရောက်လာတဲ့အခါ ဖေဖေမေမေတို့ ခေါင်းကိုက်နေကျဖြစ်တဲ့ အကြောင်းအရာတွေကို ဒီစာအုပ်လေးက ကူညီအဖြေရှာပေးနိုင်ပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာ လက်ရှိခေတ်စားနေတဲ့ Montessori ပညာရေးစနစ်အကြောင်းကို နားလည်လွယ်အောင် ရှင်းပြပေးထားတာ‌တွေ့ရပါတယ်။ Montessori curriculum ကိုရှင်းပြရင်း ကလေးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းတွေ၊ အသက်အရွယ်အလိုက် ပြောင်းလဲလာမှု ဖြစ်စဉ်တွေကိုပါ အသေးစိပ်ရေးပြပေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်တွေအကြောင်းကိုလည်း ရှင်းပြထားတာမို့ မေမေဖေဖေတို့အနေနဲ့ ကိုယ့်ရဲ့ကလေးဟာဘယ်လိုပညာရေးစနစ်နဲ့ဆိုသင့်တော်မယ်၊ ဘယ်လိုကျောင်းမှာထားသင့်တယ်...
ဆိုတာကို ပိုပြီးရွေးချယ်ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
Montessori စနစ်ရဲ့အားသာချက်တွေ ၊ "Montessori room" ပြင်ဆင်ပုံတွေကိုလည်း သေချာလေး သိနိုင်မှာမို့ သားသားမီးမီးတို့အတွက် ကိုယ်တိုင်အိမ်မှာလေ့ကျင့်ပေးဖို့လည်း idea ကောင်းတွေ အများကြီးရမှာပါ။ ကဲ......စာသင်နှစ်တွေမစခင် ဒီစာအုပ်လေးဖတ်ပြီး မေမေဖေဖေတို့ရဲ့ ခေါင်းကိုက်ရမဲ့ပြဿနာတွေကို ကြိုပြီး အဖြေရှာလို့ရပါပြီ။





28/02/2023

မြန်မာစာ သင်ပေးဖြစ်တဲ့ ပေါက်စလေးတစ်ယောက်ရဲ့ တိုးတက်လာမှုလေးတွေပါ။ ခုဆို ဒီပေါက်စ‌လေးက ဆရာမကိုပြန်ပြီး ပုံပြင်ပြောပြနေပြီ။🥰🥰

Address

Yangon

Telephone

+959785658785

Website

Alerts

Be the first to know and let us send you an email when 𝑺𝒂𝒚𝒂𝒓𝒎𝒂 𝑪𝒉𝒂𝒘 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to 𝑺𝒂𝒚𝒂𝒓𝒎𝒂 𝑪𝒉𝒂𝒘:

Shortcuts

Share