Activity - Circle Time 😍
Topic - About Mosquito 🦟
ခြင်မကိုက်အောင် ဘယ်လိုနေရမလဲ ? 🤔
Dos and Don'ts လေးတွေကို ဒီလိုလေးသင်ယူရင်း ကဗျာလေးလည်းဆိုခဲ့ပါတယ် ဖေဖေ၊မေမေတို့ရေ ❤️
Teacher Su's Pupa Preschool and Learning House
Let's play,learn and grow with Tr Su
Activity - Circle Time
Topic - About Mosquito 🦟
Mosquito Life Cycle အကြောင်း သင်ပြီးတဲ့နောက်... ခြင်ကိုက်မခံရအောင် ဘယ်လိုနေရမလဲဆိုတာကို ကလေးလေးတွေ စိတ်ဝင်စားသွားအောင် "ပုံပြင် ရုပ်ရှင်ပြပွဲလေး" နဲ့ ပြသပေးခဲ့ပါတယ်ရှင် 🦟✨
ပုံပြင်လေးထဲက ဇာတ်ကောင်လေးတွေနဲ့အတူ ခြင်အန္တရာယ် ကာကွယ်နည်းတွေကို မျက်လုံးမခွာဘဲ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် ကြည့်နေကြတဲ့ ကလေးလေးတို့ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် 🥰
Activity - Circle Time 😍
Topic - Floating 🌊
ပြီးခဲ့တဲ့ရက်က ရေသံသရာလည်ပုံ နဲ့ ရေကောင်း/ရေဆိုး အကြောင်းကို စာတွေ့၊ လက်တွေ့ သင်ယူခဲ့ကြပြီးတဲ့နောက်မှာတော့ ရေသံသရာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မိုးရွာသွန်းမှု လွန်ကဲရာကနေ "ရေကြီးရေလျှံမှု" တွေ ဖြစ်လာရင် မိမိကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ တီချယ်တို့နဲ့အတူတူ ဆက်လက်သင်ယူခဲ့ကြပါတယ် 🤗
သားသား၊မီးမီးလေး တို့က ရေကြီးလာရင် အရေးပေါ်ယူဆောင်သွားရမယ့် Emergency Bag ထဲမှာ ဘာတွေပါရမလဲဆိုတာကို ကိုယ်တိုင် လက်တွေ့သင်ယူ လုပ်ဆောင်နေကြတဲ့ video လေးကိုမျှဝေပေးလိုက်ပါတယ်ရှင့် ✨
Art & Craft Time ✨ Caterpillar (junior)🐛
Walking like penguin 🐧
Don't drop the balloon 🎈 Caterpillar (Junior)🐛
What's inside? Caterpillar (junior) 🐛
Oral Motor Activity✨ Caterpillar (junior) 🐛
စကားပြောတဲ့အခါ လျှာ၊ နှုတ်ခမ်းနဲ့ မေးရိုး ကြွက်သားတွေကို တိတိကျကျ ထိန်းချုပ်လှုပ်ရှားနိုင်စေဖို့ Oral Motor Activity က အရမ်းကို အရေးကြီးပါတယ် 😊
Folding Trousers 👖 Self Help Skill Training💪🏼 Caterpillar (junior) 🐛
ကလေးတွေအတွက် အရာရာ အဆင်သင့် လုပ်ပေးထားတာထက် ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်ခွင့်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာ ကြွက်သားဖွံ့ဖြိုးမှု (Physical Development) ရော စိတ်ပိုင်းဆိုင်ရာ ကိုယ်တိုင် အားကိုးစွမ်းဆောင်းနိုင်စွမ်း (Autonomy & Self-Efficacy) ကိုပါ ရင့်ကျက်စေပါတယ် 🤗
ဒါကြောင့် သားသား၊မီးမီးလေးတွေကို သူတို့ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုလေးတွေမှာ ကိုယ်တိုင် ပါဝင် ဦးဆောင်ခွင့်ပေး ပေးပါ ဖေဖေ၊မေမေတို့ရေ 😍
ကစားစရာ ကတ်ပြားလေးတွေ နောက်ကွယ်မှာ ကလေးလေးတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူတွေ အများကြီး ရှိနေပါတယ်ရှင် 🥰
ဒီကစားနည်းလေးကနေ ကလေးလေးတွေဟာ
: ပုံသဏ္ဌာန်နဲ့ အရောင် ခွဲခြားနိုင်စွမ်း (Visual Perception)
: ပြဿနာ ဖြေရှင်းနိုင်စွမ်း (Problem-Solving Skills)
: လက်ချောင်း ကြွက်သားငယ်များ ဖွံ့ဖြိုးမှုနှင့် မျက်စိ-လက် ဟန်ချက်ညီမှု (Fine Motor & Hand-Eye Coordination)
: အာရုံစိုက်နိုင်စွမ်းနဲ့ အခြေခံ သင်္ချာအယူအဆ (Concentration & Early Math Skills)
လေးတွေကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ် ဖေဖေ၊မေမေတို့ရေ 🤗
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No(25), Manpyay 22 Street(west), 3 Manpyay Quarter, Tharkayta
Yangon